teekaunglayAugust 26, 20101min935
ရွေတိဂုံစေတီတော်ကြီးသို့ နှစ် ပေါင်း ၁၀ဝ ကာလအတွင်းအလှူရှင် များမှ သာသနာ့ရန်ပုံငွေထိန်းသိမ်းရေး စာချုပ် ချုပ်ဆိုပြီး လှူဒါန်းထားသော မြေပါဝင်သည့် အဆောက်အအုံဆယ့် နှစ်ခုအနက် သုံးလုံးအား ယခုနှစ်တွင် ဈေးပြိုင်စနစ်နှင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ယခုနှစ်တွင် ရောင်းချခဲ့သော မြေနှင့် အဆောက်အဦများမှာ ရန်ကုန် တိုင်းလမ်းမတော်မြို့နယ် ဘုန်းကြီး လမ်းမှ အမှတ် ၁၀၅ နှင့် ၁၀၈ ရှိ မြေနှင့်အဆောက်အအုံကို ကျပ်သိန်း ၂၂၀ဝ နှင့်လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ အာတီးယားလမ်းအမှတ် ၄ဝ ရှိ မြေနှင့် အဆောက်အအုံအား ကျပ် သိန်း ၆၀၀ဝ ဖြင့်လည်းကောင်း၊ ပုဇွန် တောင်မြို့နယ်၊ အောက်ပုဇွန်တောင် လမ်းအမှတ် ၅၁၉၊ ၅၂၁ ရှိ မြေနှင့် အဆောက်အဦအား […]


teekaunglayAugust 6, 20101min973
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။ တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ […]


teekaunglayJuly 28, 20101min640
ဟို…….. အဝေး တစ်နေရာ က တိုက်ခတ်လျက်ရှိသော လေပြင်းများသည် ကျွန်တော်နေထိုင်ရာ အခန်း၏ ပြတင်းပေါက်မှန်များကို လာရောက် ထိခတ်လျက်ရှိနေသည်။ ထိုသို့သော အချိန်များ ကြုံရတိုင်း ကျွန်တော် ထိတ်လန့်မိပါသည်။ ကြောက်ရွံနေသာ စိတ်ခံစားများမှုများသည် လွန်ခဲ့သော နှစ်များက အဖြစ်အပျက်များကို ပြန်လည်ရောက်ရှိစေခဲ့ပါသည်။…………………………………… ထိုနေ့ညနေတွင် အများသူငါ ပြောသောစကားများ၌ မုန်တိုင်းဆိုသော စကားလုံးသည် ရေပန်းစားလျက်ရှိနေသည်။ မုန်တိုင်းလာမည် ဟူသော စကားသံသည် လူတိုင်းအတွက်တော့ အရေးတယူလုပ်စရာ မလိုသော ရယ်စရာ စကားလုံးတခုသာ ဖြစ်ခဲ့သည်။……………….. သို့သော် ထိုနေ့ည ၁ဝ နာရီ ခန့်မှ စ၍ ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိသော လေများသည် ကျွန်တော်တို့ အိမ်နား ဝန်းကျင် အုန်းပင်များကို ခါရမ်းလှုပ်ရှားစေခဲ့သည်။ ကျွန်တော် တစ်သက်တွင် ထိုများလောက် ပြင်းထန်သော […]


teekaunglayJuly 12, 20101min1003
မြန်မာနိုင်ငံမှာ တက္ကသိုလ်ကောလိပ်ပေါင်း ၁၅၉ ခု လက်ရှိ ရှိပြီး အာဆီယံ ဒေသတွင်းတွင် အများဆုံးဖြစ်ရပ်တည်လျက်ရှိကြောင်းသိရပါသည်။ သို့ရာတွင် ထို တက္ကသိုလ် ၁၅၉ ခု သည် ကမာ္ဘ့အကောင်းဆုံး တက္ကသိုလ်များ စာရင်း ၁၀ဝ တွင် မပါဝင်ကြောင်းသိရှိရပါသည်။ သို့ဖြစ်၍ အာရှအကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင် ဆက်လက်ရှာဖွေရာ အာရှ အကောင်းဆုံးစာရင်းတွင် လည်း မပါဝင်ကြောင်း ထပ်မံ သိရှိလိုက်ရပါသည်။ ထိုကြောင့် နောက်ဆုံးအနေဖြင့် ဒေသတွင်း အာဆီယံ နိုင်ငံများ အကောင်းဆုံး တက္ကသိုလ် ကောလိပ်များ စာရင်းတွင် ထပ်မံရှာဖွေရာ ဝမ်းနည်းစွာဖြင့် တစ်ကျောင်းတစ်လေ မှ လုံးဝ (လုံးဝ) မပါဝင်ကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ ၁၅၉ ခုသော မြန်မာ့ တက္ကသိုလ်များသည် ဒေသတွင်း အကောင်းဆုံးတက္ကသိုလ် […]