palesweAugust 7, 20101min810
အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သန်း ၅၀၀ဝ နှင့်အထက်ဆိုပါ က အခွန် ၁၂ ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀ဝ အောက်ဆိုပါက အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် လျော့ချပေးထားမှုအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း နေပြည် တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။ ”ဟုတ်ပါတယ်။ အိမ်ခြံမြေရောင်းဝယ်ခွန် လျော့ချပေးထားတဲ့ နှုန်းနဲ့ပေးဆောင်ရမယ့် သက်တမ်းကို ထပ်တိုးမှာပါ။ တစ်နှစ်သက်တမ်း ထပ်တိုးသွားဖို့ ရှိပါတယ်”ဟု နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါ လျော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁ဝ ပြည့်နှစ် […]


palesweAugust 3, 20101min470
ဘာဘေဒိုးနိုင်ငံတွင် နောက်လ ပြုလုပ်မည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ဝှေ့ကျော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဘာဘေးဒိုး ကျွန်းနိုင်ငံမြို့တော် ဘရစ်ဂျ်တောင်းတွင် စက်တင်ဘာ ၆ ရက်မှ ၁၉  ရက်အထိ AIBA က ပြုလုပ်ကျင်းပမည့် ၆ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ ချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့ ဝင်ပြိုင်မည်ဟု သိရသည်။ မကြူကြူသင်း က ၄၈ ကီလိုတန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မနှင်းမို့မို့နိုင်က ၅၁ ကီလိုတန်း ဝင်ပြိုင်မည်ဖြစ်ကာ နည်းပြအဖြစ် ဦးတင်မောင်ဖေက တာဝန်ယူထားသည်။ သို့သော်လည်း ပြိုင်ပွဲ အတွေ့အကြုံကိုရရေး အဓိကထား၍ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် […]