thakhinmyoMay 10, 20111min1398
 သူရိယမျိုး နေ့စဉ်လိုလို မြင်တွေ့နေကျ သူ၏ရုပ်ပုံကို သတင်းစာများတွင် မတွေ့ရတော့သည့်အခါ တမျိုးတော့ လွမ်းစရာ ကောင်းပါသည်။ ဘယ်သောအခါကမျှ ပြည်သူ လူထုအား စိတ်အား တက်ကြွဖွယ်မဖြစ်စေသော သူ၏ ထုံပေပေ မျက်နှာ၊ အမြဲတစေ လေးတိလေးလံဖြင့့် တရွတ်ဆွဲနေသောဟန်ပန်၊ သူ့ရင်ဘတ်ပေါ်မှ တောက်ပနေသော ရင်ထိုးတံဆိပ်များသည် အသစ်ပေါ်လာသော ကိုရီးယား မင်းသားများလောက် ကျွန်တော်တို့အား မှတ်မိစေတော့မည် မဟုတ်ပါ။ သို့သော် သူ ခေတ်ကောင်းစဉ်က ထုတ်ပြခဲ့သည့် ဘီလူးသဘက်နှင့် တူသော အစွယ်များကိုတော့ တခါတရံ မြင်ယောင်မိ ကြပါဦးမည်။ သူ့ကြောင့် သေရာပါစွဲခဲ့သော ဒဏ်ရာများကို မြင်တိုင်း သူ့နာမည်ကို ထုတ်ဖော်၍ ကြိမ်ဆဲကြမည့်သူများ ကျွန်တော်တို့ ဝန်းကျင်တွင် ရှိနေကြပါဦးမည်။ ထို့ထက်ဆိုးသည်က သူ့ကြောင့် ကျွတ်လွတ်ခွင့် မရရှာသော ဝိဉာဉ်များ၏ ဟစ်အော်သံများလည်း […]