than loneDecember 27, 20111min54314
                             ဥတ္တရ လေ…..နဲ့                             ချယ်ရီပင်အောက်  နောက်တစ်ခေါက်  ပြန်ရောက်ချိန်                             နှုတ်ဆက်ချိန်လေးမှာ                             အချစ်ကို ဦးစားပးခဲ့သူ…မို့                             မောင်မနေတက်ဘူး                             မောင့်အရိုင်းပန်း……                              ရွှေင်္ဟသာ နားခိုက်                            ပျံသာပျံပါ……ရွှေင်္ဟသာ…..ဆိုပေမဲ့                            ရွှေင်္ဟသာ ပျံမှာစိုး                              သန်းခေါင်ယံထက်နက်တဲ့ည                            အချစ်ဆိုတဲ့ အရသာကို                            ခြင်္သေလည်ပြန်……ကြည့်ပေမဲ့                            ကြင်ဖူးစာမမည်လို့လား                            နှလုံးလမ်းကြောင်းမှာ ကျွန်ခံနေတယ်                            မောင်းလပြည့်ဝန်း….ရယ်…….                              မန္တလေးရောက် ရှမ်းတစ်ယောက်…….က                            ရန်ကုန်မှာ သာတဲ့လကို…..မျှော်ကိုပြီး…                            ဆုတောင်းခဲ့ဘူးတယ် မိငယ်….                            တုံ့ပြန်ဖို့ မလိုဘူးလား                            နေ့သစ်မှာ […]


than loneDecember 26, 20111min14511
သူငယ်ချင်း……. မင်းဒီစာကို ဖတ်နေရတဲ့အချိန်မှာ.. မင်းက စင်ကာပူနိုင်ငံမှာ နိုင်ငံသား အဖြစ်ခံယူလိုက်ပြီလို့ ထင်ပါတယ်… ငါဝမ်းသာပါတယ်သူငယ်ချင်း။ မင်းရဲ့ လုံ့လ ဝိရိယ ကြိုးစားအားထုတ်မှု အတတ်ပညာတွေနဲ့ အခုဆိုရင် မင်းမျှော်လင့်ခဲ့တဲ့ အတိုင်း အောင်မြင်သွားပြီလို့ ငါထင်ပါတယ်.. ဂုဏ်ယူပါတယ် သူငယ်ချင်း… အခုဆိုရင် မင်းက မြန်မာနိုင်ငံမှာမွေးတဲ့ စင်ကာပူနိုင်ငံသားကြီးပေါ့….။ သူငယ်ချင်း… အခုလို မိုးဦးကျရာသီဆိုရင် ငါတို့အိမ်ရဲ့ပတ်ဝန်းကျင်လေးက အရမ်းလှတယ်….. ကောက်ပင်သေးသေးလေးတေ၊ွ ယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင် တေ၊ွ နောက်ဘက်က မားမားမတ်မတ်ရှိနေတဲ့ တောင်တန်းကြီးတွေ၊ အစာရှာထွက်လာတဲ့ ငှက်ကလေးတွေ ရဲ့နောက်ခံ ကောင်းကင်ကြီးကတော့ အခုလို မိုးရာသီ အစမှာ ဟိုတစ ဒီတစ တိမ်ဖြူလေးတွေကလွဲရင် ခဲရောင်မှိုုင်းမှိုင်း ဖြစ်နေတယ်.. ငါတို့ အိမ်ရဲ့ဘေးက ချောင်းလေးကတော့ အရင်အတိုင်းဘဲ စီးဆင်းလျက်… ဈေးရောင်းထွက်တဲ့သူနဲ့ […]


than loneDecember 24, 20111min2149
အပြင်မှာ မိုးကတဖွဲဖွဲ .. ဒီနေ့ … “ရွီးးး” …. “ဟေ့ကောင်တွေ ထွက်ကြတော့ ..” မထသဂိတ်မှုး ဝီစီမှုတ်မှပဲ စောစောစီးစီး ကားပေါ်ရောက်ပြီး အိပ်ငိုက်နေတဲ့ ကျွန်တော် လန့်နိုးပြီး အပြင်ကို ကြည့်လိုက်တော့ .. ဂိတ်မှုးအသံကြားမှ လက်ဘက်ရည်ဆိုင်ထဲက ဒရိုင်ဘာနဲ့ စပယ်ယာက ကွမ်းတပျစ်ပျစ်နဲ့ … “မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့ ဗျာ .. လူတောင်မစုံသေးဘူးဗျ” .. ပြောပြောဆိုဆိုနဲ့ ကွမ်းယာဝယ်နေသေးသည်။ ဒီတော့ ဂိတ်မှူးက .. “ဟေ့ .. လူစုံလည်း ၁၅ မိနစ်တစ်စီး လူမစုံလည်း တစ်စီးထွက်ရမှာပဲကွာ ..မင်းတို့ ငွေရှာသလို တစ်ခြားကားသမားတွေလည်း .. အခုလိုအခါကြီးရက်ကြီးတွေမှာ မနက်ပိုင်းလေး ရှာရတာကွ . ကိုယ်ချင်းစာမှပေ့ါ ..” […]


than loneDecember 23, 20111min26613
အဲဒီမနက်က…. တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝေလီဝေလင်းအချိန်.. မိုးဖွဲလေးတွေကလည်း ကားလမ်းမကြီးပေါ်မှာ တဖျောက်ဖျောက်ရွာနေလေရဲ့.. လမ်းမီးတိုင်မရှိပေမဲ့ မကြာခင်မှာ အာရုံဦးအလင်းရောင်ကို မြင်တော့မှာမို့… နို့ပုံးတင်လာတဲ့ စက်ဘီးကို ခပ်မြန်မြန်လေးနင်းလိုက်မိတယ်… လေတိုက်တိုင်း လန်သွားတက်တဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းရင်း… နင်းအလာ… ကျွီ….. !    ဒုန်း….. အား…..   ကတ္တရာလမ်းမကို…. ကားဘီးတာရာ ပွတ်တိုက်သံနှင့်အတူ… ကျွန်တော် ခန္ဒာကိုယ်မြောက်တက်သွားတယ်…. ပြီးတော့ပြန်ကျလာတယ်… ခေါင်းထဲမှာပူကနဲ… သွေးရူးသွေးတန်းနဲ့ ပြန်ထမယ်အလုပ်… အရုပ်ကြိုးပျက် ပြန်လဲကျသွားတယ်.. ပြီးတော့ ကျွန်တော် မျက်လုံးတွေပြာလာပြီး.. အမှောင်.. …. မှောင်သွားလိုက်တာ.. ကျွန်တော် ဘာမှမသိတော့ပါဘူး……   အခန်း(၂) ၂၀၀၃ ခုနှစ် နွေရာသီကာလ… လက်ပံပွင့်တွေ ကြွေကြတတ်တဲ့… အညာနွေ နေ့ခင်းအချိန်မှာ အရှေ့ဘက်ဘုန်းကြီးကျောင်းဆီသို့ ဥိးတည်နေတဲ့ ရွာလမ်းမကြီးရဲ့ […]