ThanlwinooFebruary 2, 20121min33929
မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရပုံစံပြောင်းလဲခဲ့ရာ သမ္မတကြီးဦးသိန်းစိန်မှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် အနာဂတ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေးကြေငြာခဲ့ပါတယ်..။ သမ္မတကြီးရဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ အခန်းကဏ္ဍဟာ အရေးပါပါတယ်..။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်လို့ ဆိုစကားရှိပါတယ်..။ ဝန်ထမ်းများ စားဝတ်နေရေးပြေလည်ပြီး ကျန်းမာချမ်းသာမှ တိုင်းပြည်တာဝန်များကို အားကျိုးမာန်တက် ထမ်းရွက်နိုင်မှာ ဖြစ်ပါတယ်..။ စားဝတ်နေရေးမပြည့်စုံတဲ့ ဝန်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူစနစ်ကို ငြင်းဆန်နိုင်ဘို့ မလွယ်ကူပါ..။ (ရာထူးကြီးအာဏာပိုင်ဗျူရိုကရက်များနဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး လက်ဝါးကြီးအုပ် ဝေစားမျှစားလုပ်တာကတော့ စားဝတ်နေရေး မပြည့်စုံလို့ မဟုတ်နိုင်ပါ..။) နောက်ပြီး ကိုယ့်မိသားစုကို လူတန်းစေ့မထားနိုင်တဲ့ လစာနှုန်းထားနဲ့ တော်တဲ့၊ ကောင်းတဲ့ […]


ThanlwinooDecember 1, 20112min1278
Yahoo News မှာ ဖော်ပြထားတာပါ..။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton (၃၀-၁၁-၂၀၁၁) ရက်နေ့ညနေက မြန်မာနိုင်ငံ၊ နေပြည်တော်သို့ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့တဲ့ပုံတွေပါ..။ မြန်မာ့နိုင်ငံရေးအခြေအနေ ပြောင်းလဲမယ်ဆိုတဲ့အချိန်မှာ ရောက်ရှိလာတဲ့ Ms. Clinton ရဲ့ ခရီးစဉ်ဟာ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေအရ စိတ်ဝင်စားစရာကောင်းပြီး ဘယ်လိုရလဒ်တွေ ပေါ်ထွက်လာမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိနေကြပါတယ်..။ Ms. Clinton အနေနဲ့ (၂-၁၂-၂၀၁၁)နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်..။ http://news.yahoo.com/photos/hillary-clinton-visits-myanmar-1322714358-slideshow/u-secretary-state-hillary-rodham-clinton-waves-alongside-photo-154623180.html    


ThanlwinooJuly 6, 20111min1308
ပြီးခဲ့တဲ့ ၂၀၁၁-ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက ဒဂုံမြို့သစ်မြို့နယ်များနဲ့ မြောက်ဥကလာပမြို့နယ်များမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းလဲခန့်ထားလိုက်ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ကြံ့ဖွံ့နှင့်နီးစပ်သူများ၊ အမာခံများဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများနဲ့ အနီးကပ်ဆုံး ဆက်ဆံဆောင်ရွက်ကြမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေနဲ့ အရည်အချင်းပြည့်ဝမှု၊ အကျင့်စာရိတနဲ့ စိတ်သဘောထား ကောင်းမွန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ဖြုတ်လိုက်သော အုပ်ချုပ်ရေးမှူးဟောင်းများရော၊ အုပ်ချုပ်ရေးမှူးသစ်များရော အချိန်လုံလောက်စွာ ကြိုတင်သိရှိထားခြင်း မရှိဘဲ အလျင်စလိုပြောင်းလဲလိုက်တာကြောင့် အုပ်ချုပ်ရေးလွှဲပြောင်းမှု၊ အသစ်ဆောင်ရွက်မှုများမှာ အားနည်းချို့ယွင်းချက်များ ရှိနိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ လုပ်ငန်းများဆောင်ရွက်ရာမှာ ပွင့်လင်းမြင့်သာမှု Transparency ရှိရန် လိုအပ်ပါတယ်။ သို့မှသာ အများပြည်သူများ၏ ယုံကြည်မှုရရှိနိုင်ပြီး သမတဦးသိန်းစိန် မကြာခဏပြောကြားနေသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ် Good Governance ကို လက်တွေ့ဆောင်ရွက်နိုင်ပါလိမ့်မည်…။ (ပထမဦးဆုံးအကြိမ် Post တင်ခြင်းဖြစ်သည့်အတွက် သည်းခံပါရန် တောင်းပန်ပါသည်..)