ThantwetharSeptember 15, 20111min358
ကျွန်တော်တို.ငပလီကမ်းခြေဟာအရှေ.တောင်အာရှမှာအကောင်ဆုံးကမ်းခြေတစ်ခုပါ။ ပင်လယ်ကမ်းခြေအရှည်ဟာ(၁၂)မိုင်ရှည်ပါတယ်၊ပြည်တွင်းဧည်. သည်တည်းခိုနိုင်တဲ.Hotelကတော့(၃-၄)ခုလောက်ရှိပါတယ်။ အဲဒီHotelတွေကတော.Memento,Linthar  oo,Eden  Hotelတွေဘဲဖြစ်ပါတယ်။ဘာဖြစ်လို.ရွေးပြီးပြောရလဲဆိုရင် အဲဒီHotelဈေးနှုန်းကတစ်ရက်ကို(၃၀၀၀ဝိ)နဲ့(၄၀၀၀ဝိ)ဝန်းကျင်ဘဲရှိတယ်၊ ကျန်တဲ.ဈေး များပြီးနိုင်ငံခြားသားတည်းခိုနိုင်တဲ့Hotelကတော့ေ လာလောဆယ်(၉)ခုလောက်ရှိပါတယ်၊ အလယ်အလတ်နဲ.ကောင်းကောင်းနေချင်တယ်ဆိုရင်  Silver   Beach Hotelရှိပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ကနေ(၁၅၀၀၀ဝိ)ထိရှိပါတယ်၊ ရန်ကုန်ကနေငပလီကိုလာမယ်ဆိုရင်လေကြောင်းရောကားလမ်းပါလာလို.ရပါတယ် ။လေကြောင်းလိုင်းတွေကတော့  Air Bagan,Air Mandalay,Asian Wingsတို့.ဖြစ်ပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ဖြစ်ပါတယ်။Myanmar Airwayကတော.တစ်ပတ်မှာ(၂)ကြိမ်ဆွဲပါတယ်၊ဈေးနှုန်းကတော.(၂၂၀၀ဝိ)ဖြစ်ပါတယ်။ကာလိုင်းတွေကတော.အောင်သစာExpressနဲ.ရဲအောင်လံ    Expressတွေဖြစ်ပြီးဈေးနှုန်းကတော.(၁၂၀၀ဝိ)–Airc0n  Busကတော.(၁၆၀၀ဝိ)ဖြစ်ပါတယ်။ Aircon  Busကတော. ရန်ကုန်-တောင်ကုတ်-သံတွဲ-ငပလီလမ်းကြောင်းကလာပြီး ရိုးရိုးကားကတော.ရန်ကုန်-ငါးသိုင်းချောင်း-ဂွ-သံတွဲ-ငပလီလမ်းကလာပါတယ်။ ငပလီကမ်းခြေရဲ.ထူးခြားခြက်ကတော.ပင်လယ်သဲကဖြူတယ်၊ပြီးတော.ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်  စားရတာပဲ၊ရခိုင်BEERလို.ခေါ်တဲ.ဓနိရည်ပင်ကျကလည်းကောင်းမှကောင်းဘဲ၊ ရခိုင်ငရုတ်သီးထောင်းနဲ.ကြက်သောက်ဆမ်းဆိုရင်သံတွဲမြို.        ပေါ်ကကောင်းမှကောင်းနဲ.နှုတ်ခမ်းမွှေး စားသောက်ဆိုင်ဆိုရင်ဈေးလည်းသက်သာအရသာလည်းရှိတယ်။တရုတ်စာဆိုရင်Excellence,Best Friendစားသောက်ဆိုင်တွေမှာဈေးလည်းသက်သာပြီး H0telအတိုင်းကောင်းတယ်။ဒါကြောင်.မို. ငပလီကိုမဖြစ်မနေတစ်ခေါက်လောက်လာလည်ကြည်.ပါလို. ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။