သားငယ္January 4, 20123min662
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ သစ္စာလေးပါးကို ပြတော်မှုတတ်သော လူတို ့၏ကိုးကွယ်ရာ ဖြစ်တော်မှုသော မြတ်စွာဘုရားသည် သဟမ္ပတိ အမည်ရှိသော မဟာဗြဟ္မာမင်း ကတောင်းပန်အပ်သည် ဖြစ်၍ ဘုရား,ပစ္စေကဗုဒ္ဓါ, အရိယာတို ့ ကောင်းကင်မှ သက်ဆင်းရာ ကောင်းကင်သို ့တတ်ရောက်ရာဖြစ်၍ ” က္ကသိပတန”အမည်ရှိသော သားမျိုးစုံ တို ့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော`၌ ငါးယောက်အစု ရှိခြင်းကြောင့်ပဉ္စဝဂီ္ဂ အမည်ရှိသော  ကောဏ္ဍည, ဝပ္ပ, ဘဒိ္ဒယ, မဟာနာမ်, အဿဇိ ရဟန်းတို ့အား နိဗ္ဗာန်သို ့ရောက်စေတတ်သော မြတ်သော တရားဖြစ်သော အကြင်စမ္မစကြာဒေဿနာတော်ကို ဟောတော်မှုပြီ။             ခပ်သိမ်းကုန်သော သမ္မုတိနတ်, ဥပပတ္တိနတ်, ဝိသုဒိ္ဓနတ် တို ့သည် နှစ်သက်အပ်သော […]


သားငယ္January 3, 20121min1575
ရှေ ့ကလူကလဲ..ကောင်းကောင်းမသွားဘူး..နောက်ကလူတွေကလဲ.ကောင်းကောင်း မလိုက်ဘူး ဒီလိုလူတွေများနေသောမြန်မာပြည်မှာ  စည်းကမ်းပိုင်း စနစ်ပိုင်းကို အထူး ပြုပြင်သင့်ဟုထင်မိ ဒါပေမယ့် စဉ်းစားစရာတွေကလဲ များ ပါတယ်။တစ်ချို ့ကိစ္စတွေမှာ လုပ်ပေးနိုင်ပြီး လုပ်မပေးသေးတာလေးတွေ က ဘာလို ့လဲ..ဆိုတာ…တကယ်လုပ်မယ်ဆိုရင် အခုအချိန်မှာ လက်တွေ ့ လုပ်လို ့ရတဲ ့ကိစ္စတော်တော်များများ ပြီးစီးအောင်လုပ်ပေးဖို  ့လိုမယ်လို ့ထင်ပါတယ်ဗျာ။ အရင်က ခေါက်ရိုးကျိုးနေတဲ ့လူအင်အားကများနေ အင်အားကကြီးနေလို ့အခုမှာ တကယ်ပြုပြင် ပြောင်းလဲ မယ့်လူတွေ ကမတွန်းလှန်နိုင်သေးလို  ့ တဖြည်းဖြည်းချင်းသွားနေရတာလား.. ပြုပြင်မယ်ဆိုရင်လည်း အားလုံးလိုလိုက ပြင်ရမှာတွေချည်းပါဘဲ တော်တော်ဆိုးဆိုးဝါးဝါး ပြီးပြီးရော လုပ်ခဲ ့ ကြတာတွေ ချည်းဘဲဆိုတော့ ကာ စတိလောက်မြေလှန် သလို လုပ်နေလို ့တော ့ပြောင်းလဲလာမှာ မဟုတ်ဘဲ တကယ်ကို […]


သားငယ္January 2, 20121min613
နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများနဲ့ စင်္ကာပူ နိုင်ငံမှ အထူးကု ဆရာဝန်ကြီးတွေ ပူးပေါင်းကာ လာမယ့် ၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ရ ရက်နေ့နဲ့  ၈ ရက်နေ့များ မှာ နှာခေါင်းရောဂါ ဝေဒနာရှင်များ အား ခွဲစိတ်မှု အခမဲ့ အစီအစဉ်နဲ့ ခွဲစိတ် ပေးသွားဖို့ ရှိတယ်လို့ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အထူး ကု ဆေးရုံ သစ်ကြီးမှ အထူးကု ဆရာဝန်ကြီး တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ ခွဲစိတ်မှု ရယူလိုတဲ့ နှာခေါင်းရောဂါ ဝေဒနာရှင်များ အနေနဲ့ နား ၊ နှာခေါင်း […]


သားငယ္January 2, 20121min986
အောက်ခြေကလူတွေအတွက် သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုး လှည့်ပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ အပြောင်းအလဲဆိုတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။ ဒီလို သိက္ခာကျစရာတွေနဲ့ သံသယဖြစ်စရာတွေ ပပျောက်သွားအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လိုတယ်။ အောက်ခြေက လူတွေရဲ့ဘဝတွေပါ ပြောင်းလဲမှ ပြည်သူတွေက ယုံကြည်လာမှာပါ။ အဲဒီလိုဖြစ်ဖို့ အောက်ခြေဌာနဆိုင်ရာတွေက စပြီးပြုပြင်ဖို့ လိုပါတယ်။ အရေးယူ သင့်တာတွေကို ထိထိရောက်ရောက် လူသိရှင်ကြားအရေးယူဖို့ လိုပါတယ်။ သတင်းစာတွေ ဂျာနယ်တွေဖတ်ပြီး သိရသမျှကတော့ ဝမ်းသာစရာ၊ အားတက်စရာတွေချည်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတွေကလည်း ကြားမြဲကြားနေရသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စတွေလို ကိစ္စကြီးတွေက ပေါ်လစီရေးရာမို့ ချက်ချင်းအဖြေမထွက်နိုင်သေးတာကို နားလည်လို့ရတယ်။ ပေါ်လစီကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်တဲ့ ကိစ္စရပ်တွေမှာ […]


သားငယ္December 23, 20111min1043
လူတစ်ယောက် အိမ်အပေါ်ထပ် ပြူတင်းပေါက်ကနေ ဖိနပ်တိုက်နေတယ် ပြူတင်းပေါက်အပြင်ဘက် ဖိနပ်ကိုထုတ်ပြီး တိုက်နေတာပါ… အမှုံအမွှားတွေ ငါ့အိမ်ထဲမကျနဲ့ လမ်းပေါ်ကျဆိုတဲ့သဘော အောက်မှာက လူတွေ ဖြတ်သွားမဲ့လမ်း… ဒါလေးမြင်ပြီးတဲ့နောက်… သတိရမိလိုက်တာ နောက်တစ်ခုကတော့… လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးမလှမ်းနဲ့ဆိုတာကို သတိရမိတယ်… ဒီမိုကရေစီဆိုတာ ဒါမျိုးမဟုတ်ဖူးထင်တာပဲ…


သားငယ္December 22, 20111min833
တရုတ်နိုင်ငံရဲ့  CCTV  ရုပ်သံလိုင်း ကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ CCTV ရုပ်သံလိုင်းများထဲမှ CCTV-4(Chinese),CCTV-News(English)CCTV-9 (Documentry) ဆိုပြီး  လိုင်းခွဲသုံးခု ဖြစ်ပါတယ်။ SKY NET လိုင်းက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။