သူတို့ သိလိုက်ပါပြီ။ ဒေါ်ငြိမ်းအေး ဆိုတဲ့ ဆရာမက သူတို့ခြောက်ယောက်ကို တစ်ခုခု လုပ်ခိုင်းတော့မှာဆိုတာကို။ တစ်ယေ.ာက်မျက်နှာတစ်ယောက်ကြည့်ရင်း ဒေါ်ငြိမ်းအေးကိုလည်း ကြည့်မိလိုက်ကြတယ်။ “လာဦး ဟိုမှာတွေ့လား အမှိုက်တွေ ကြည့်စမ်း စည်းကမ်းကိုမရှိကြဘူး…သွား အမှိုက်ခြင်းယူပြီး အမှိုက်လိုက်ကောက်ကြဦး အမှိုက်တွေကိုဖွေးနေတာပဲ..” သူတို့ မလွန်ဆန်ရဲပါဘူး။ သူတို့မှ မဟုတ်ပါဘူး။ တစ်ကျောင်းလုံးမှာရှိတဲ့ကျောင်းသားတွေ ဘယ်သူမှ ဒေါ်ငြိမ်းအေးကို မလွန်ဆန်ရဲပါဘူး။ အသံဩဇာပြည့်ဝတဲ့ ဆရာမ။ စည်းကမ်းကြီးတဲ့ဆရာမကြီးရယ်လို့ ဒေါ်ငြိမ်းအေးက နာမည်ကြီးတယ်။ အမြဲတမ်း ဆယ့်နှစ်ခေါက်ချိုးမျက်နှာကြီးမို့ ကလေးတွေတော်တော်များများကလည်း ကြောက်ကြပါတယ်။ ခပ်တည်တည်နေတတ်တဲ့ ဆရာမကြီးမို့ ကျောင်းက ဆရာမတော်တော်များများကလည်း မကြည်ကြဘူး။ ဒေါ်ငြိမ်းအေးရဲ့ရှေ့မှာတော့ အားလုံးက ရိုသေလေးစားကြပေမယ့် ကွယ်ရာမှာတော့ ကဲ့ရဲ့ပြစ်တင်ကြတယ်။ သူတို့အတန်းတွေထဲမှာတောင် ဆရာတွေ ဗြောင်တင်ပြောကြတာကို ကြားဖူးပါတယ်။ ဆရာမတွေက ကလေးတွေပါပဲလို့ သတ်မှတ်ပြီးပြောနေပေမယ့် သူကတော့ သိတယ်။ […]


ကောင်မလေးက သိချင်ဇောနဲ့မေးတယ်။ အနှိမ်ခံမျက်လုံးများရဲ့အောက်မှာ သူတို့တွေ ကြံ့ကြံ့ခံနေတတ်ပါပြီ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကဆိုရင် အတန်းထဲမှာ ခဲတံပျောက်တာကအစ တင်ကာမကင်းတဲ့ အကြည့်တွေနဲ့ ကြည့်တတ်ကြတယ်။ “မလှရင် စုန်းရိုး၊ မရှိ ခိုးနိုး”ဆိုတဲ့ စကားကို အမေတို့ လူကြီးတွေ ပြောတာ ခဏခဏ ကြားဖူးခဲ့တယ်။ အဲဒီ စကားအတိုင်း မရှိတော့ ခိုးတတ်တယ်လို့ ထင်နေလို့များလား။ အတန်းသားတွေရဲ့ အကြည့်တွေဆိုတာ မိန်းခလေးဆိုရင် မိမိနဲ့ မီကျော်တို့ကို ကွက်ကြည့်ကွက်ကြည့်။ ယောကျာ်းလေးဆိုရင် သူတို့လေးယောက်ကို ကွက်ကြည့်ကွက်ကြည့်. ။ သူတို့ခြောက်ယောက်လုံးမှာ မရှိတာချင်း တူနေတော့ အတူတွဲမိခဲ့ကြတာလည်း မဆန်းဘူး။ အမေနဲ့အဖေကတော့ ကြုံတိုင်းဆုံးမတယ်။ သူမှ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းတွေ အိမ်လာဆော့တိုင်း ပြောပြတယ်။ “သားတို့ သမီးတို့တွေက သူများ သားသမီးတွေလို ပြည့်စုံတာမဟုတ်တော့ […]


သူတို့ အားလုံး အံ့ဩနေချိန်မှာ ကောင်မလေးက သူတို့ကို မြင်သွားတယ်။ “အယ်” ဆိုပြီး မျက်လုံးလေးပြူးပြီးကြည့်နေတယ်။ ပြီးတော့- “နင်တို့ ဒီအခန်းကလား” မိမိက သွက်သွက်လက်လက်နဲ့ဝင်ဖြေတယ်။ “ဟုတ်တယ် ငါတို့အားလုံး ဒီအခန်းက ” “ငါ နင်တို့နဲ့ ခင်လို့ရလား နင်တို့နဲ့ သူငယ်ချင်းဖြစ်ချင်တယ် ရမလား ..ဟင်” ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ပြီး သနပ်ခါးပါးကွက် ဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးကို ဘယ်သူက မခင်ချင်ရှိမလဲ။ “ဟာ..ရတာပေါ့ ငါ့နာမည်က ချာလီ…ရဲခေါင်လို့လည်းခေါ်တယ်” ” ငါ့နာမည်က မိမိ….မိမိဝေဖြိုး” “ငါ့နာမည်က လွင်ဦး” “ငါ့နာမည်က ဖိုးကျော့…ဖြိုးကျော်လို့ခေါ်လည်းရတယ် ” “ငါက မီကျော်…မီမီကျော်” “ငါက ဖိုးလွင်….ဇော်လွင်လို့ခေါ်တယ်” သူတို့တွေ မိတ်ဆက်ပြီးတော့ အပြုံးလှလှလေးနဲ့ကောင်မလေးက နာမည်ကိုပြောပြတယ်။ “ငါ့နာမည်က မြတ်နိုးသီရိတဲ့” လှလိုက်တဲ့ နာမည်လေး။ ကောင်မလေးကြည့်ရတာ […]


          ကျုပ်ရဲ့ နာမည်က ဘစိုး။ ကျုပ်က နာမည်နဲ့လိုက်အောင် အစိုးရတဲ့ သူဖြစ်ချင်ခဲ့တာ။ အထူးသဖြင့် ကျုပ်မိသားစုအပေါ်မှာပေါ့။ကျုပ် မိသားစုမှာ သားသမီး ငါးယောက်နဲ့ မိန်းမနဲ့  အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်။  ကျုပ်မိသားစုကို ကျုပ်က ဝမ်းဝရုံတင်မကဘူး ခါးလှအောင်ပါ ဆင်နိုင်ဖို့ ကျုပ်အမြဲတမ်းကြိုးစားခဲ့တာ။ တစ်ခါတစ်လေ ကံမလိုက်တော့ ကျုပ်ဘဝမှာ စီးပွားပျက်ကပ်နဲ့ ကြုံလိုက်သေးတယ်။ စီးပွားပျက်တာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတုန်း ကျုပ်အပေါင်းအသင်းတွေက အကြံဉာဏ်ပေးတာနဲ့ အအေးဆိုင်လိုလို အရက်ဆိုင်လိုလို ကျုပ်စီးပွားရေးကို အခြေ တည်လိုက်တယ်။တကယ်ပါ။ ကျုပ် သားသမီးတွေနဲ့ ကျုပ်မိသားစု ဝမ်းဝ ခါးလှအောင်ပါ ။ အရက်ရောင်းတဲ့ အလုပ်က ကျုပ်နဲ့ အကျိုးပေးတယ် ထင်ပါရဲ့။ တစ်နှစ်အတွင်းမှာပဲ ကျုပ်စီးပွားရေး ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်။ ကျုပ်ရပ်ကွက်ထဲမှာဆိုရင် ကျုပ်ဆိုင်က နာမည်ကြီး။ […]


ထင်သလိုမဟုတ်သော ဘဝများ ထင်သလိုမဟုတ်သော ဘဝများ(၁) မီးရထား ရပ်ထားတာကြာပြီ။ မနက်ဝေလီဝေလင်းမို့ထင်ရဲ့ ရေရောင်းသူများရဲ့”ရေရမယ်…ရေ”ဆိုတဲ့အသံတွေက ဘူတာရုံလေးထဲမှာ ညံလို့။ ဘေးဘီဝဲယာက သူငယ်ချင်းတွေကတော့ မနိုးသေး။ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ရေအိုးလေးတွေရွက်သူကရွက်၊ ရေပုံးလေးတွေ ထမ်းသူကထမ်းနဲ့ ရေရောင်းသူများ ပျားပန်းခပ်သလို စည်ကားနေတယ်။ ဪ ဝမ်းရေးကြောင့်ပေါ့လေ…။ ကလေးလေးတွေပါသလို။ အရွယ်ရောက်ပြီး လူပျို၊ အပျိုပေါက် အရွယ်တွေ အစ….ဈေးဗန်းကိုယ်စီ…ဈေးတောင်း ကိုယ်စီ ထမ်းလို့ ရွက်လို့..။ သူ့ သူငယ်ချင်းတစ်ယောက်ကနိုးလာတယ်…။ နှစ်ဦးသားတိုင်ပင်ပြီး မျက်နှာသစ်ရအောင် ရေသည်လေးကိုခေါ်လိုက်တယ်…။ တစ်ခွက်ပြီး တစ်ခွက် ခပ်ယူ မျက်နှာသစ်ရင်း ပြီးသွားတော့ သူငယ်ချင်းက ရေသည်လေးကိုမေးလိုက်တယ်..။ “ဘယ်လောက်ပေးရမလဲ….” “စေတနာရှိသလောက်ပါ အစ်ကို” သူငယ်ချင်းက ပိုက်ဆီအိတ်ထဲမှာ အကြွေများရှိမလားလို့ ရှာနေတယ်…။ သူက ငါးရာထုတ်ပေးလိုက်တယ်…။ “ရော့.. ငါးရာ […]


အမေပါလား။ သူတော်တော်လေးလန့်သွားတယ်။ အမေ ဈေးကိုလာတယ်။ အမေ့ရဲ့မျက်လုံးတွေဟာ စူးရဲခက်ထန်နေတယ်။သူ့ကိုကြည့်နေတဲ့ မျက်လုံးများကို ရင်မဆိုင်ရဲဘူး။ မိမိတို့တတွေကတော့ သူ့ကိုကြည့်ပြီး ဆွံအနေကြတယ်။ “လာစမ်း ချာလီ ဈေးကို ဘာလာလုပ်တာလဲ “ “ဟို….လေ ဟို……ကြာပန်းလာရောင်းတာ” “ဘာရယ် ကြာပန်းလာရောင်းတာ ဘာဖြစ်လို့လာရောင်းရတာလဲ ဘာလုပ်ဖို့လဲ” “မုန့်ဝယ်စားဖို့ပါ အန်တီ” မိမိ ကဝင်ဖြေတယ်။မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးများနဲ့အမေက သူ့ကိုစိုက်ကြည့်တယ်။ ပြီးတော့- “ဟဲ့ အငတ်ကောင်….အဲလောက်တောင် ငတ်ရလား မိဘက မကျွေးမမွေးတာမဟုတ်ဘူး နင်ဆိုတဲ့ကောင်ဟာလေ ငတ်ကိုငတ်တယ်…….လာ အိမ်ကြမှ ငါ့အကြောင်းသိမယ်” လက်ကို ဆတ်ခနဲဆောင့်ဆွဲတာကိုခံလိုက်ရတယ်။ မိမိတို့က ဈေးပေါက်ဝမှာကျန်ခဲ့တယ်။ သူကတော့ နောက်လှည့်ကြည့်လှည့်ကြည့်နဲ့ အမေဆွဲခေါ်ရာနောက်ကို ပါလာခဲ့တယ်။ အဲဒီနေ့က အိမ်ရောက်တော့ အမေက သူ့တင်ပါးမှာ အလျှိုးရာတွေထင်အောင် တုတ်တစ်ချောင်းနဲ့ဆော်တယ်။ သူလည်း အီဆိမ့်သွားအောင် ကျော့ကော့ခံနေရတယ်..။ […]


ကြာကန်ထဲမှာ ကြာပန်းတွေခူးပြီး သူတို့ကလေးတွေ အုပ်စုလိုက် လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး(တောင်ဈေး)ကို ချီတက်ခဲ့ကြတယ်။ ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ အိမ်ကနေ ဆော့ကစားမယ်လို့ပြောပြီး သူလစ်ထွက်ခဲ့တာပေါ့။သူတို့ကလေးတွေ ခြောက်ယောက်လောက်စုပြီးတော့ ရပ်ကွက်ထဲက ကြာကန်ကြီးထဲမှာ ကြာပန်းတွေကိုခူးကြတာ။ ပျော်စရာလည်းကောင်းတယ်။ တကယ်တော့ ကျောင်းပိတ်ရက်ဆို အိမ်က မုန့်ဖိုးမပေးတတ်တော့ ကလေးပီပီ မုန့်ဖိုးရှာတာပါ။ သူတို့ကြာပန်းခူးနေတုန်း လမ်းသွားလမ်းလာ လူကြီးတစ်ယောက်က အော်သွားသေးတယ်။ “ကလေးတွေ ရေနစ်မယ်နော် ပြန်တက်လာကြ”တဲ့။ အဲဒီလူကြီးကလည်း တကယ်တော့ သူတို့ခြောက်ယောက်လုံးကို မုန့်ဖိုးပေးနိုင်တာမှမဟုတ်ပဲ။ ဒီတော့ လူကြီးစကားကို နားမထောင်ပဲ ခူးလိုက်တာ တော်တော်များများရတယ်။ ဒါနဲ့ပဲ  သူတို့နေ့တဲ့ ဒေါနိုးကူးရပ်ကွက်ကလေးကနေ ဈေးကို ချီတက်လာကြတယ်။ ဈေးသွားတဲ့လမ်းတလျှောက်လုံး ပြေးရင်းလွှားရင်းဆော့ကစားရင်းနဲ့ ဈေးကိုရောက်မှန်းမသိရောက်လာခဲ့ပါရော။ ဈေးကြီးက စည်ကားနေတယ်။ သူတို့သဘောကျတာက ရောင်စုံ အရုပ်ဆိုင်။ အရုပ်ဆိုင်ကလေးကိုငေးကြည့်ပြီး မခွာနိုင်ဖြစ်နေတယ်။ဒါပေမယ့် အလှမ်းဝေးပါတယ်။ သူတို့မှာ […]


“ကွက်ကျားမိုး” အိပ်စက်နေရင်း ရုတ်တရက် လန့်နိုးလိုက်တာက မိုး… ရင်တုန်ပန်းတုန်နဲ့….. အံဩမိတယ်….။ နှင်းစက်ပျောက်ရင် နေခြည်မြင်ရစမြဲဆို ဟော…ခုကြည့် ကျီစားတာလား ကစားတာလား အာရုံတို့ကမသိ…. လေပြင်းနဲ့လာတဲ့…မိုး ရွာမယ်ဆိုလည်း ကြိုပြောရောပေါ့… ငါ့ချစ်သူကိုတောင် ငါမခေါ်ထားခဲ့ရဘူး…။ ဆောင်းနှင်းရဲ့နောက် နှစ်တစ်နှစ်ပျောက်ခဲ့….သူလည်းငိုတတ်တယ်ထင်ရဲ့ မိုးနှင့်အတူငို… ငါနဲ့အပြိုင်စိုလို့ ငါ့ရင်ဘတ်ထဲ ကွက်ကျားမိုး နှင်းနှင့်အတူ ရွာခဲ့ ထီးကလေးကတော့ ဆောင်းမယ့်သူ သခင်မဲ့လို့ သူလည်း ငိုမဲ့မဲ့…..။ “ပန်တော်ဦး”   အနေဝေး ၊ ဆွေးတစိမ့်စိမ့်ရင်ခွင် ပြည်တော်ခွင်မပြန်ရလည်း ၊တွေးကုဋေနှင့်ချစ်လျှက်ပင ်……. ပန်းတစ်ပွင့်ဖူးရွယ်တုန်း ၊ရင်ထဲဝယ်ဆွပ်ချူချင်ပေမယ် ့ … ရနံ့ဝေလှသတင်းရယ်နှင့်၊ကျေ ာ်စောကာအမြင်သင့်ဖို့ မျိုသိပ်ကာချစ်ဖို့ပြင်… စုန်ဆန်ချီဝဲကန်တော့နှင့်၊ ညွှန့်ချိုးကာကောက်ပန်ကြမြှ ဖင့်… ကျိုးစိမ့်မယ့်ရင်ခွင်မြင် လှည့်စမ်းစေချင်….။ အိုကွယ်…. ဖြစ်ပါဘူး… ရည်စူးကာနှစ်ချီလပြောင်း၊က ုန်ဆုံးကာရာသီလီလီပြောင်းခ […]


မနေ့ညက လူတစ်ယောက် ဝင်လာပြီးပြောတယ်။ သူပြောတာတွေကို နားထောင်ပြီးတော့ မသောက်ပဲ မူးရပြန်ရော။ သူနဲ့လည်း ကျနော်က ဝေဖန်ဆွေးနွေးမှုတွေကို ကြာရှည်မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က ညံ့တာကိုး။ သူကပြောတယ်။ တစ်ချို့ဆိုရိုးစကားပဲဖြစ်ဖြစ်၊ ပုံပြင်ပဲဖြစ်ဖြစ် အဆင်အလာအတိုင်းလက်မခံပါနဲ့တဲ့။ ဒီလိုဆိုတော့ ကျနော်ကလည်း ပြန်ပြောတယ် ရှေးထုံးလည်းမပယ်သလို ဈေးသုံးလည်း မလွယ်ပါဘူးလို့။ အဲဒီလ ိုပြောတော့ သူကပြောတယ် ကိုယ်တိုင် သုံးသပ်ပြီး သေချာပြီဆိုမှ တစ်ချို့ကို ယုံတဲ့။ တစ်ချို့ပုံပြင်တွေဆိုရင် ပေးချင်တဲ့ message ကို ပေါ်လွင်အောင်ပေးတတ်ပေမယ့် တစ်ဖက်လှည့်နဲ့ပြန်တွေးကြည့်ရင် အဲဒီ message ကမလှတော့ဘူးလို့ သူကပြောတယ်။ ဘာနဲ့ ဥပမာပြသလဲဆိုရင် ယုန်နဲ့လိပ် ဥပမာကို ထုတ်ပြီးပြောပြတယ်။ ခုကလေးတွေကိုမေးကြည့်တဲ့။ ယုန်နဲ့လ ိပ်အပြေးပြိုင်တာ ဘယ်သူနိုင်သလဲဆိုရင် ကလေးတွေက လွယ်လွယ်ကူကူနဲ့ လိပ်နိုင်တာပေါ့လို့ဖြေလိမ့်မယ်တဲ့။ ဘာကြောင့်လဲဆိုရင် […]


သူသည် ရေးလက်စများကို ပြစ်ထားရင်း အိပ်ငိုက်နေမိသည်။ သလောက ကြုံးဝါးထားသော စကားလုံးများသည် လေဟာနယ်ထဲတွင် လွင့်မြောပျောက်ကွယ်လျှက်ရှိသည်။ စာရေးဆရာဖြစ်ရေး ဦးတည်ချက်ဖြစ် ဘာစာပဲလာလာ ဘာလာလာ သူကတော့ တွေ့သမျှကြုံးဖတ်လေ့ရှိခဲ့သည်။ ခုများ ထို စာအုပ်များကို လုံးဝ ကောက်မကိုင်နိုင်သည့်အပြင် ယားလို့မှ မကုတ်အားတဲ့အဖြစ်သို့ရောက်နေ၏။ မန်းလေးဂေဇက်မှ ရေးသူများ၏ စာများကိုဖတ်ပြီး သကာလ အားများပြန်တက်လာကာ ရေးဦးမှဟု တွေးမိသည်နှင့်တပြိုင်နက် သူဦးနှောက်က ကဘောက်သိ ကဘောက်ချာ စတင်တွေးတော အလုပ်လုပ်တော့သည်။ ကုန်ကြမ်းဟူသည် စာရေးသူအတွက် မရှားလင့်ကစား ရေးတတ် တွေးတတ်ရန်မှာ ပါရမီပါမှလည်းဖြစ်မည်ဖြစ်ရာ သူကတော့ ဇွဲကိုအခြေပြု၍ လုံ့လကိုစိုက်ထုတ်ကာ ပါရမီကို အားစိုက်ထုတ်သူဖြစ်နေလေသည်။ သူတကာရေးသောစာများဆီမှ ယူသင့်သော ပညာများကိုယူကာ( အတုခိုးသည်ဆိုချင်ဆို သင်ဆရာ မြင်ဆရာဟု သတ်မှတ်ကာ) သူ၏အတွေးများကို ရှင်သန်ထမြောက်စေခဲ့သည်။ သူ […]


မွေးနေ့ဆိုတာကို မေ့နေတာဗျ။နေပါဦး ဘယ်နေ့ပါလိမ့်။ဟုတ်ပြီဗျာ။ ဇွန်လ ဗျ ။ရက်ကတော့မေ့နေတယ်။ ဪ ခင်ဗျားနှယ်ခုမှလာမေးရလား ။ စောစောမေးရင် မွေးနေ့လက်ဆောင်လေးပေးလို့ရဦးမယ်။ စိတ်ဆိုးနေဦးမယ်။ဟုတ်လား။မဆိုးလောက်ပါဘူး။ အဲ ဆိုးချင်လည်းဆိုးနေနိုင်တာပေါ့။ သူကလည်း တကယ့်အရေးကြီးတဲ့ ချစ်သူရဲ့မွေးနေ့ကိုမှ မေ့နေမိတာကို။သေချာသွားအောင်။ ဖုန်းဆက်မေးကြည့်ဦးမှပါဗျာ။ ဘယ်လို။စိတ်ဆိုးဖူးလား။ဟုတ်လား။ဆိုးဖူးတာပေါ့။နေဦး။ ဘယ်ထသွားမလို့လဲပြောပြဦးမယ်။ တစ်ခါဆိုတစ်ခါဗျာ။ ရယ်လည်းရယ်ချင်မိတယ်။ ဪစကားမစပ်မေးရဦးမယ်။ ရယ်ချင်လို့ရယ်တာ….ရယ်စရာတွေ့လို့ရယ်တာ အပြစ်ရှိလား။ ခင်ဗျားဖြေနော်။ ဘာ အပြစ်မရှိဘူးဟုတ်လား။ မှတ်တယ်။ သူလည်း ထင်နေတာ။ ပြောပြမှာပေါ့။ တစ်ခါက ဒီလိုဗျ…။ တစ်ခါက ကောင်မလေးကို ချစ်သူ့လက်ဆောင် ဆိုတဲ့ အအေးဆိုင်ကလေးကိုချိန်းလိုက်တယ်။ အဲဒီနေ့က အဖြေပေးမယ်ဆိုလို့ တစ်နေရာကိုချိန်းလိုက်တာ။ လာတယ်ကောင်မလေးက။အဲ တစ်ယောက်တည်းပေါ့ဗျ.။ ဆိုင်ထဲရောက်တော့ အအေးတစ်ပုလင်းကိုမှာပြီး ကောင်မလေးအတွက်တော့ ဖွာလူဒါသီးဖျော်ရည်မှာပေးလိုက်တယ်။ အဲဒါကောင်းကောင်းလေးမှာပေးတာလေ။ သူတောင် ပုလင်းပဲသောက်တာ။ ကောင်မလေးက ရှက်နေတာဗျ။ ခေါင်းလေးကို […]


ဖျတ်ဖျတ်လူးနေသော သူ့ကို ဟိုကောင်ကကြည့်ရင်း မျက်စိနောက်နေလောက်ပြီ။ဒီနေ့တော့ သူက မဒီကညာကိုတွေ့ဖို့အရေး ပြင်ဆင်နေရတာနဲ့တင်ကို အလုပ်က ခပ်ရှုပ်ရှုပ်။ မဒီကညာကလည်း ဒီတစ်ခေါက်အပြန် လာတွေ့ပါ ။ အဆင်ပြေရင် တင်တောင်းလိုက်ပါလို့ပြောထားတော့ သူကလဲ ဘာအရေးလဲ။ မင်္ဂလာဆောင်တယ်ဆိုတာ ယောကျာ်းတွေအတွက်တော့ ရင်ခုန်လှုပ်ရှားဖွယ် ပွဲကလေးတစ်ပွဲလေ။ သူ့မှာတော့ ဟိုးမိုင်တစ်ထောင်လောက်ဝေးတဲ့နေရာကနေ အပြေးအလွှား အရောက်လာခဲ့ရတာ။ သူ့ဘက်က ဘိုင်သေ သေချာနေပြီလို့ဆိုလို့ရပေမယ့် မိန်းမဆိုတာကလဲ တော်တော်ကြာ တစ်မျိုး ၊ခုတစ်မျိုးဖြစ်တတ်သေးတာကလား။ သူကတော့ အစစအရာရာပြင်ဆင်ထားတယ်။ လက်ဆောင်ပစ္စည်းသေးသေးမွှားမွှားမှစလို့ ကြီးကြီးမားမားထိ။ ဟိုနေကတောင် Asia Lightထဲကိုရောက်တော့ မျက်စိကို ဟိုဟိုဒီဒီကစားရင်း တွေ့လို့ဝယ်လာဖြစ်သေးတယ်။ လက်ထဲက ပါလာတဲ့ သေးသေးမွှားမွှား ကညတတ ပစ္စည်းကလေးက ဘာပါလိမ့်လို့မေးလိမ့်မယ်။ နာရီဗျ…။ နာရီ…။ အဲဒီနာရီဝယ်တဲ့နေ့ကိုပြောပြရဦးမယ်။ ယောင်တောင်မောင်တောင်နဲ့ ညဘက်ကြီးရောက်သွားတာ။ သူကလည်းအစကတော့ ဘောလ်ပန်လှလှလေးကလေးကိုပေးမလို့ပါ။ […]


ရုတ်တရက် တိုးလျှသွားသော အသံများကြောင့် ဦးဇင်းသစ်များ၏  အသံများကိုမကြားတော့ ရှေ့က ကျောင်းနေ သံဃာတော်များ၏ အသံများသာ ခပ်မှန်မှန်လေးထွက်နေသည်။ သူတို့ အသံများက တိုးရင်း တိုးရင်းဖြင့် နောက်ဆုံးတွင် လိုက်ပြီး ဝါးပင် မဝါးနိုင်တော့။ နာရီဝက်ခန့်ကြာသော အခါ ဘုရားဝတ်တက်ခြင်း အမှုပြီးလေသည်။ တစ်ပါးနှင့်တစ်ပါး တစ်ပါးမျက်နှာ တစ်ပါးကြည့်ရင်းဖြစ် ပြုံးရုံသာ  ပြုံးနိုင်တော့သည်။ ဘုရားဝတ်တက်ပြီးသောအခါ ယောင်ချာချာနိုင်စွာဖြင့် စာအုပ်ကလေးဖတ်လိုက် စကားလေးပြောလိုက်ရှိစဉ် ဒကာ Rapperပေါက်ချလာသည်။ သူ့လက်ထဲ၌ အချိုရည်သံဗူးများကို ကျွတ်ကျွတ်အိတ့်ဖြင့် ထည့်လာသည်။ နောက် သူ့နောက်တွင်လည်း ကောင်မလေးနှစ်ယောက်ပါလာသေးသည်။ “ဦးဇင်းတို့အိပ်နေကျပြီလားလို့ ဒီမှာ အချိုရည်ပါလာတယ် နောက်ကောင်မလေးနှစ်ယောက်လည်းပါလာတယ်” “လုပ်တော့မယ် Rapper ငရဲတွေကြီးကုန်မယ်နော် အချိုရည်ပဲလား ဟိုအချိုရည်မပါဘူးလား” “ဘယ်အချိုရည်လဲ ဘုရား တပည့်တော်တော့ ကောင်းမယ်ထင်တာလေး အိမ်ဆိုင်က ခိုးလာတာပါဘုရား” […]