ဘယ့်နှယ့်ရှိရတာလည်းလို့ သူတို့ လန့်သွားရသည်။ မသိလျှင် ဓါးပြတိုက်နေသလိုထင်နေရသည့်ပုံစံပေါက်အောင် ကိုယ်တော်က လုပ်ချလိုက်ပြီ။အိမ်၏ ဧည့်ခန်းထည့်ကိုရောက်တော့ ဦးဇင်းငယ်လေးက အခန့်သားထိုင်လျှက် မိန့်မိန့်ကြီးနှင့် အစ်မဖြစ်သူကို မိန့်နေရှာလေသည်။ အစ်မဖြစ်သူကလည်း အခြား ဦးဇင်းများလည်းပါသဖြင့် ဘာမျှမပြောပဲနေသလား၊ ကြည်ကြည်သာသာရှိချေသည်။ ဒကာမအစ်မကြီးထွက်သွားတော့မှ ကျန်ဦးဇင်းများက ဦးဇင်းငယ်လေးကို ကြိတ်ဆူရသည်။ “ကိုယ်တော် အဲဒီလိုမလုပ်နဲ့လေ ဦးဇင်းတို့ မျက်နှာပူတယ် ကပ်စရာရှိတာ ကြည့်ကပ်လိမ့်မပေါ့ ဦးဇင်းဟာက တမင်သက်သက် မြိုဆို့ဖို့လာသလိုဖြစ်မနေဘူးလား” ဦးဇင်းငယ်လေးကတော့ တုတ်တုတ်မျှ ခွန်းတုန့်မပြန်။ ခုမှ တေမိကိုယ်တော်လုပ်နေသည်။ တစ်အောက့်လောက်ကြာတော့ ဒကာမ ပြန်လာသည်။ လက်ထဲမှာတော့ အချိုရည်ဗန်းနှင့် ကွမ်းယာခပ်ကြီးကြီးထုပ်တစ်ထုပ်၊ Red Rubyဆေးလိပ်ဗူး တစ်ဗူး အရံသင့်ပါလာသည်။ ” ဦးဇင်းတို့ ဘုန်းပေးကြပါဦး အချိုရည်ကပ်ပါတယ် ဘုရား ဒါက ကွမ်းပါ ဘုရား ဒါက […]


သူခေါက်ချလိုက်တော့ ခေါင်းကလေးကိုကိုင်ပြီးတော့ မျက်လုံးကိုစွေစောင်းပြီး ဘုကြည့်ကြည့်သည်။ ထိုသို့မှမခေါက်လျှင်ဖြင့် ဒီကိုယ်တော်က ပါးစပ်က အမြုပ်တစ်စီစီထွက်အောင်ပြောမည့်ပုံပေါ်နေ၏။ သူတို့တွေနားနေတော့ ထိုခဏတွင်ပင် ဆွမ်းစားခေါင်းလောင်းခေါက်သံကိုကြားလိုက်ရသည်။ သို့နှင့် အလျှိုလျှို ကျောင်းကြီးပေါ်ကနေ ဆင်းပြီး ဆွမ်းစားဆောင်သို့ကြွကြလေသည်။ ဆွမ်းစားပြီးခဏတွင် ဦးဇင်းကြီးတစ်ပါးက သူတို့ ဦးဇင်းသစ်များကို မိန့်လာသည်။ “ဦးဇင်းတို့ ညဘက်ကျရင် ဒေသနာရော ကြားကြရဲ့လား” ဒေသနာ။ ဒေသနာ ဆိုသည့် စကားလုံးတောင် ခုမှကြားဖူးသည်။ “မကြားကြပါဘူး ဘုရား ဒါနဲ့ အာပတ်ဖြေတာကိုပြောတာလား ဘုရား” ” ဟုတ်တယ် ကိုယ်တော်တို့ရဲ့ ရော့ ရော့ ဒီစာရွက်ကလေးတွေယူထားကြ ပြီး ရင် အပေါ်လေးကြောင်းကိုပဲ အလွတ်ရအောင်ကျက်ထားကြ ကြလား ညနေကျမှာ သေသေချာချာပြောပြမယ်”ဟုဆိုကာ စာရွက် တစ်ရွက်စီကို သူတို့လက်ထဲသို့ ထည့်သွားလေသည်။ စာရွက်ကိုဖတ်ကြည့်လိုက်တော့ ဤသို့တွေ့ရသည်။ “ဒေသနာကြားရန်” […]


“ဟာ ဟေ့ကောင်တွေ”ဗုဒ္ဒေါ။ ခေါ်လိုက်ပုံကိုကြည့်။နောက်မှ “အယ် ဘွာတေး ငါကလူပဲထင်လို့” ။အဲဒီ Rapperဆိုသည့်ကောင်လုပ်လိုက်လျှင် အလွဲချည်း။ သူက “တကာလေး ဘာလုပ်တာလဲ”ဆိုတော့ လက်ထဲက ကျွတ်ကျွတ်အိတ်ကို ကိုင်ပြီး မြောက်ပြ၏။ အားလုံးသော ဦးဇင်းတွေက ဘာမှန်းမိသိတော့ ရုံလက်စ သင်္ကန်းတွေကို အသာထားပြီး လှမ်းကြည့်လိုက်ကြသည်။ “ဘာလဲ တကာလေးရဲ့” ” ဂျင်းသုတ်” ိထိုသို့ပြောတော့ သူတို့ထဲတွင် အငယ်ဆုံးဖြစ်သော ဦးဇင်းတစ်ပါးက ဝေး ဟုထအော်သည်။ သူက အခြားဦးဇင်းတွေ သိမှာစိုး၍ ကတုံးကို ဂေါက်ခနဲ ခေါက်ချလိုက်၏။ “ကိုယ်တော် သိက္ခာလေး ဘာလေးဆည်ဦးမှပေါ့ လူမဟုတ်တော့ဘူး သင်္ကန်းကြီးနဲ့” ထိုအခါ ခေါင်းကလေးကို ပွတ်ပြီး မျက်စိကတော့ ဂျင်းသုတ်ထုပ်နားကကို မခွာတော့။ ဒီ တကာလေးကတော့ ငရဲတွေကြီးဦးတော့မှာပဲဟု တွေးမိသော်လည်း သူ့ဗိုက်ကလည်း […]


မနေ့က သူတို့ သူငယ်ချင်းတွေ လူဝတ်ကြောင်ကနေ ကိုရင်ကြီး စီးလိုက်ကြသည်။ ကတုံးကလေးတွေနှင့် သင်္ကန်းရုံထားလိုက်တော့  ရုပ်ကလေးတွေက ကြည်လင်နေသည်။ ဒီကနေ့တော့ သိမ်ဝင်ရမည်။ ဒါမှလည်း ပဉ္ဖင်းဖြစ်မည်။ သိမ်ထွက်သည့်အခါ မိမိတို့နေအိမ်ကိုယ်ဆီမှာ သိမ်ထွက်လာလောင်းကြမည်ဟု သိရတော့ အားလုံးကကိုယ်ဆီ ပျော်နေကြသည်။ သူတို့ သူငယ်ချင်း ခြောက်ယောက် တစ်ပြိုင်တည်း သင်္ကန်းစီးချင်တယ်ဟုပြောတော့ မိဘတွေက ကြည်ကြည်ဖြုူဖြူုပင် လိုက်လျောကြပါသည်။ “ကောင်းတာပေါ့ ကောင်းတာလုပ်တာပဲ ခွင့်ပြုရမှာပေါ့”ဆိုပြီး မိဘတွေကိုယ်ဆီက ပြေးဟယ် လွှားဟယ်နှင့် စီစဉ်လိုက်ကြတာများ နှစ်ရက်တာမကြာလိုက်။ ဒီနေ့တော့ မကြာလိုက်သော အချိန်ကလေးမှာ ပဉ္ဖင်းတွေဖြစ်ပြီ၊။ ဒါတောင် သူတို့ သူငယ်ချင်းတွေ အပြောအဆိုက လူသံမပျောက်သေး။ စကားပြောလျှင် တစ်ယောက်နှင့်တစ်ယောက် ဟေ့ကောင်ဖြစ်လိုက် မင်းဖြစ်လိုက် ငါဖြစ်လိုက်နှင့် ပြောလိုက်ကြ။ ရယ်လိုက်ကြ။ တစ်ယောက်နှင့်တစ်ယောက် အခေါ်အပြောကလည်း အရေးပါနေသည်။ […]


ရယ်တော့ရယ်ရ၏။ဘာကြောင့်မှန်းမသိ။ သူ့ကို ကိုယ်က နားမလည်။ သူက ကိုယ့်ကိုနားမလည်။ ခက်တော့ခက်ချေပြီ။ဘာလုပ်ရမှန်းမသိသော သူနဲ့ကိုယ် ဘာတွေလွဲနေပါလိမ့်။ ဆူညံပေါက်ကွဲနေသော ပတ်ဝန်းကျင်မှာ သူက ဘာတွေပြောမှန်း ကိုယ်မသိသလို ကိုယ်ကလည်း အတွေးတွေလွင့်မြော်ချင်တိုင်းလွင့်မြောလို့စိတ်တွေက ဦးတည်ရာမဲ့နေပြန်ရော။ သူသည်လူတွေ ဘာတွေပြောနေသည်။ဘာတွေလုပ်နေကြသည်ကိုသာ စိတ်ဝင်စားစွာနှင့် လေ့လာမိနေသည်။ တကယ်တော့ လူတွေက ကိုယ့်အကြောင်းနှင့်ကိုယ် အလုပ်ရှုပ်နေသည်သာ။ သူကသာ နေမထိထိုင်မသာ အားနေသော အချိန်တွေကြောင့် တွေးမိတွေးရာတွေးနေမိတာဖြစ်သည်။ စားဝတ်နေရေးကြောင့် တိုးတက်လို တိုးတက်ညား ရန်ကုန်မြို့ကြီးကို ခြေဆန့်ခဲ့မိသည်။ သူက ရန်ကုန်ကိုလာပြီး တိုးတက်ရေးရှာသည်။ ရန်ကုန်က လူတွေက နယ်တွေကို ဆင်းပြီး စားဝတ်နေရေး ပြဿနာကိုဖြေရှင်းကြသည်။ အံ့ဩဖို့ကောင်းလေစွ။ ရန်ကုန်ဆိုတာ တိုးတက်စည်ကားသည့်နေရာ။ သို့ပါသော်လည်း ရန်ကုန်ကနေ နယ်မြို့တွေကိုဆင်းပြီး အလုပ်ရှာနေကြသည် လူတွေကိုကြည့်မိတော့ ရန်ကုန်က အလုပ်ရှားသလား။ အလုပ်ပေါသလားလို့မေးကြည့်ပြန်တော့ […]


    လူအများ မျက်စိရှုပ်လောက်အောင် သွားလာလှုပ်ရှားနေကြသည်။ အေးအေးဆေးဆေး သွားလာသူများရှိသလို၊ အရေးတကြီးသွားလာနေကြသူများလည်း အများအပြား။ လူတိုင်းကိုယ်ဆီ အလုပ်ရှုပ်နေကြသည်ဆိုသော်လည်း သူ့ခမျာမှာတော့ လမ်းဘေး ပလက်ဖောင်းပေါ်တွင် မိုးတိုးမတ်တပ်ရပ်လျှက် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို ခေါင်းများ မူးလောက်အောင် ရပ်ကြည့်နေမိ၏။   သူ ထိုနေရာမှ ခြေတစ်လှမ်းမျှမရွေ့ချင်။ ဘတ်စ်ကားပေါ်ကနေ ဆင်းကတည်းက သူထိုနေရာတွင် ရပ်နေမိသည်မှာ နာရီဝက် ကျော်ကျော်လောက်တော့ ရှိရော့မည်။ သူ ကြောက်နေသည်။   အမှန်မှာ ဘာမှ မဖြစ်လောက်သော အကြောက်တရား ဟုပြောလျှင်ရသည်။ အဘယ့်ကြောင့် ကြောက်နေရသနည်း။ သူကြောက်နေသည်မှာ ကားစီးရမှာကိုဖြစ်သည်။   ရန်ကုန်လို မြို့ကြီးမှာ ဘတ်စ်ကားမှမစီးလျှင်လည်း  ကိုယ့်ကိုကိုယ် မွဲဆေးဖော်နေသည့်နှယ်ရှိမည်။ ဘတ်စ်ကားပေါ်တွင် ညှပ်ကျပ်စွာဖြင့် အသက်ရှူရ ကျပ်လောက်အောင် ပိတ်မိခဲ့သဖြင့် သူကားစီးရမည်ကို […]


မိုးတွေရွာနေတယ်။ လွိုင်ကော်ကိုရောက်တဲ့မနက်တော့ မိုးက အုံ့အုံ့မှိုင်းမှိုင်း။ ခုတော့ မိုးက စွေရွာနေလိုက်တာများ အမြင်ကတ်ချင်စရာ။ တကယ်တော့ မိုးကလည်းမိုးပါပဲလေ။ အချိန်တန်ရင်တော့ရွာမှာပဲပေါ့။ အစိုးမရတဲ့အထဲမှာ မိုးလည်းပါတယ်လေ။ သူ့စိတ်ကိုတော့ သူက ပိုင်တယ်ထင်နေတာ။ တကယ်တော့ စိတ်သွားတိုင်းကိုယ်မှမပါတာ။ ခုလည်းကြည့်လေ။ အလုပ်ကနေ ခွင့်လေးတစ်လလောက်ရပါတယ်။ လုပ်စရာတွေက အများကြီး။ သင်တန်းလေးကလည်း ပြေးတတ်လိုက်ချင်သေးတယ်။ ပိုက်ဆံကလည်းတောက်တောက်လဲကုန်ဦးမယ်ဆိုတော့ကာ စိတ်ကလုပ်ချင်တစ်ခြား လုပ်လိုက်တာကတစ်ခြား။ ဝမ်းစာဆိုတာကလည်း ဖြည့်ထားမှဆိုတဲ့အတိုင်း ကိုယ့်အလုပ်လေးမှာ ကွန်ပျူတာလေး မတောက်တခေါက်တတ်ထားတာလေးနဲ့အဆင်မပြေတော့ နောက်ထပ် ထပ်ဖြည့်ရန်အလို့ငှာ သူစဉ်းစားမိတာပေါ့။ အလုပ်ကလည်း ခုလို မိုးရာသီမှ ခွင့်ကရတာကလား။ ကျန်တဲ့လတွေများဆိုရင် ခွင့်မပြောနဲ့ နေမကောင်းတောင် လုပ်နေရတာ။ ဖားကန့်ဆိုတာမျိုးက ပွင့်လင်းရာသီမှာ ဘယ်လိုမှ ခွင့်မပေး။ ကုမ္ပဏီကလည်း ရာသီချိန်လိုမျိုးခွင့်လာယူလို့ကတော့ ခံစားခွင့်တွေ လျှော့တွက်ပြီတာမှတ်။ ဒီလိုဆိုတော့ သူတို့ကလည်း ရာသီချိန်ဆိုရင် […]


ခရီးသွားရင်း မြစ်ကြီးနားကနေ မန္တလေးကိုရောက်ပြီ။ ဒါပေမယ့်လို့ အမောမပြေပေါင်။ ဘာကြောင့်လဲပြောပြရမယ်လား။ ပြောပြမယ်လေ ဒီလို။ ဝန်ဆောင်မှုအတွက် အဖိုးအခ အပြည့်ယူပြီး ဝန်ဆောင်မှုကိုတော့ အပြည့်အဝမရနိုင်တာကိုပြောပြချင်တာ။ ခုလို မိုးရာသီမျိုုးမှာ ခရီးသွားရတာကိုတော့ သက်သာချောင်ချိလိုက်မယ်လို့တော့မထင်လိုက်ပါနဲ့။ ရာသီဥတုတွေကလည်း ဖောက်လွဲဖောက်ပြန်ဆိုတော့ကာ ပူလိုက်သမ စပ်စပ်ကိုလောင်တယ်ဆိုတာမျိုး။ မိုးလေး တစ်ပေါက်နှစ်ပေါက်လောက်ကျလိုက်.။ နေက ရဲခနဲပူလာလိုက်။  သူလည်း  ကိုယ့်မြို့ကို ပြန်ဖို့အရေး ကားကောင်းကောင်းလေးတော့ စီးမယ်လို့ စိတ်ကူးမိတယ်။ ဘယ်ရမလဲ စီးမယ့်စီးရင်တော့ Air Conကားပဲစီးမယ်ပေါ့။ ကားလက်မှတ်ခကလည်း ကြည့်လိုက် 10000 မျိုးလောက်ပေးရတော့ ဝန်ဆောင်မှုကလည်း နိမ့်လောက်မယ်မထင်ဘူးလေ။ ကားနံပါတ်ကလည်း ၉ခ/ ——-ဆိုတော့ကာ ငြိမ့်ပြီပေါ့။ ကားစီးရမယ့်အရေး တွေးလို့ ပျော်နေတာ။ သက်တောင့်သက်သာဆိုတာ လူတိုင်း ခံစားချင်ကြတာကိုး။ ရာသီဥတုကိုကြောက်ပြီး ကားကောင်းကောင်းလေး စီးချင်တဲ့သူ ဒုက္ခကတော့ […]


“မင်းဘာမှမဝယ်ဘူးလား” “နိုး ပိုက်ဆံကုန်မယ် သိပ်ပြီးပါတာလဲမဟုတ်ဘူး” သူ မေးတော့ အဲဒီ သကောင့်သားနှစ်ကောင်က ဒီလိုဖြေခဲ့တယ်။ ခုတော့ကြည့်စမ်း ကချင်ရိုးရာလုံချည်ဆိုင်ကြီးမှာ အလကားပေနေတယ်လို့ထင်ရအောင် ဝယ်လို့ခြမ်းလို့။ “ဘယ်လောက်ဖိုးရှိသွားပြီလ”ဲလို့မေးကြည့်တော့ တစ်ယောက်က “49000”တဲ့ တစ်ယောက်က”60000″တဲ့။ ကဲ။ ဝယ်ရင်းခြမ်းရင်ပိုက်ဆံတွေ ကုန်သွားလိုက်တာ။ ဒီပိုက်ဆံရဖို့ကိုပဲ တစ်နယ်တစ်ကျေးကနေ ဖားကန့်ကိုပင်ပင်ပန်းပန်းလာရှာရတယ်။ ရုန်းရတယ်။ ကန်ရတယ်။ ပိုက်ဆံအလုံးလိုက်အရင်းလိုက်ရတော့လည်းပျော်တာပါပဲ။ ဝင်ခါစကတော့ လစာက နည်းနည်း။ ခုတော့လည်းတစ်ရစ်ပြီးတစ်ရစ် တက်လာလိုက်တာ စိတ်ချမ်းသာစရာ အချိန်ကလေးပေါ့။ အခက်အခဲတွေ။ အတိုက်အခိုက်တွေကြားက သူတို့တွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ဘောနက်ကလေးပေးတော့လည်း မြိုးမြိုး မြတ်မြတ်ဆိုတော့ ပင်ပန်းတာတွေလည်းပျောက်။ စိတ်ညစ်စရာတွေလည်း ခဏတော့ ပျောက်သွားတာကလား။ အစကတော့ ဒီလောက်စိတ်ညစ်စရာကောင်းတာ ပြန်ရင်တော့ ပြန်မလာတော့ဘူးလို့ သူ့သူငယ်ချင်းတွေကပြောကြတယ်။ ခုတော့လည်း ရန်ကုန် လို မန္တလေးလို မြို့တွေမှာ လုပ်ရင်တောင် […]


သူ ဖားကန့်ကထွက်တော့ မနက် 11နာရီ။ ကောင်းကင်ပြင်မှာကမိုးလေးကအုံ့လျှက်။ ခရီးတစ်ခါထွက်ဖို့အရေးပြင်ဆင်လိုက်ရတာက တစ်ပတ်လောက်ရှိတယ်။ ကားလက်မှတ်ဖြတ်ဖို့ကြိုမချိတ်မိတာကသူ့အမှား ။ ခုလို စောစောထွက်နိုင်တာပဲ ကောင်းသလိုလိုရှိတယ်။ ကားလက်မှတ်ဖြတ်ရာမှာလည်းအနှောင့်အယှက်ရှိတယ်။မြစ်ကြီးနားကို သူကသွားမှာဆိုတော့ ဖိုးဝှီးကားခက 15000တဲ့။ဘုရား ဘုရားပေါ့။တကယ်တမ်းက 7000-8000 ဝန်းကျင်ရှိတာပါ။ခုတော့ ရာသီဥတုက ဖောက်၊လမ်းတွေကပျက်ဆိုတော့ကားဆရာတွေလည်း ဒီအချိန်မှ မြိုးမြိုးမြတ်မြတ်ကလေး စားရတယ်ထက်ပါ့။ ကလိမ်ကကျစ်ဆိုတာကို ဒီနေရာမှာတွေ့တာပဲ။ သူဖြတ်ထားတာက ဖိုးဝှီး ကားရောက်လာတော့ ဒိုင်နာ။ ကဲ့ကြည့် ကားဆရာတို့များ။ ကားလက်မှတ်ခကိုပြန်တောင်းမယ်ဆိုတော့ ဟိုလိုလို ဒီလိုလို။ နောက်ဆုံးတော့လည်းဒိုင်နာနဲ့ပဲ ညားခဲ့ရတယ်။ ဒိုင်နာကားဆရာက မေးတယ်။ “ညီလေး ကားခ ဘယ်လောက်နဲ့ဖြတ်လာလဲ”တဲ့။ သူက 15000 ဆိုတော့။ ကားဆရာက ဘာမှတော့မပြောဘူး။တကယ်သိလိုက်ရတာက ကားဆရာရတာ 10000ထဲ။ ဒီနားနဲ့ဒီနားကို 5000 ကြီးများတောင်ကပ်စားလိုက်တာ မျက်မြင်ကိုယ်တွေ့။ သူလည်းဘာမှလုပ်လို့မရပါဘူး။ ဒါက […]


မနက်စောစော စီးစီးအချိန်တွင် လောကကြီးတစ်ခုလုံးကို ဝေဖန်နေရသူတစ်ယောက်ရှိ၏။ ထိုလူ၏ မြင်ကွင်းထဲသို့ရောက်ရှိသွားလျှင်ဖြင့် ပထမဦးဆုံး အဆိုးမြင်ဝါဒတစ်ခုုကို ထိုလူက ပေးလိမ့်မည်။ လူတိုင်းအပေါ်၌ တစ်ဖက်စောင်းနင်းနိုင်စွာ အကောင်းမြင်စိတ် လုံးဝမမွေးဘဲ စောစော စီးစီး ပြောဆိုနေလိုက်သည်မှာ နားမသက်သာစရာ။ စာရေးသူတို့၏ လုပ်ငန်းခွင်နယ်ပယ်တွင် လူတိုင်းသည် ကိုယ့်တာဝန် ကိုယ်တော့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်ချည်း။(ခိုကပ်တတ်သော စုန်းပြူးတစ်ယောက်စ နှစ်ယောက်စမှလွဲ၍)။ ကိုယ်လုပ်လိုက်သော အလုပ်အပေါ် မိမိဘက်က အကောင်းဆုံးဆိုသော တာဝန်ကျေပွန်မှုကိုပေးလိုကြသည်။ ပေးလည်းပေးကြသည်။ သို့ပေမယ့် တစ်နေကုန် အလုပ်ချိန်တစ်ချိန်လုံးတော့ မဆိုလို။ တစ်ခါတစ်ရံ အလုပ်ချိန်တွင် တာဝန်လစ်ဟင်းမှုများလည်းရှိတ်ကြသည်။ သို့သော် ထိုလစ်ဟင်းမှုများသည် မိမိတို့အကောင်းဆုံးပေးဆပ်လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်လိုက်သော် အသေးအမွှားလေးပင်။ လူတိုင်းအပေါ်တွင် အမြင်ကပ်ပုဒ်မ လက်ကိုင်ထားကာ အပြစ်ရှာဝေဖန်တတ်သော ထိုလူသည် ဝန်ထမ်းများ၏ တစ်နေ့တာ အကောင်းဆုံးလုပ်ချိန်များကို မမြင်။ လစ်ဟင်းမှု […]


“ပန်းတိုင်” လူမိုက်တို့သည် ဘဝကို ပန်းတိုင်မရှိဘဲ နေထိုင်ရှင်သန်ကြ၏။ ဦးတည်ရာမဲ့ လွင့်မျောကြကုန်၍ သူတို့သည် ကိုယ့်ကိုယ်ကိုယ် တာထွက်နေရာတွင်ပင် ရှိနေသေးကြောင်း မကြာခဏ တွေ့ရှိကြရ၏။ လူတော်တို့မှာမူ လက်လှမ်းမီလောက်သောပန်းတိုင်များကို မကြာခဏ ချမှတ်တတ်ကြ၏။ ထိုဝန်ထုပ် ဝန်ပိုးများကို ပခုံးပေါ်တွင်ထမ်းလျှက် သူတို့လက်ရှိရပ်တည်နေသည့်နေရာအား မကျေနပ်ခြင်းဖြင့် ရှုမြင်လေ့ရှိ၏။ ပညာရှိတို့မှာကား ဘဝတွင် အဆုံးစွန်သော ပန်းတိုင်ကို သိရှိကြ၏။ အောင်မြင်ရေးလှေကားပေါ်ရှိ ပန်းတိုင်ငယ်များကို ရင်ဆိုင်ယှဉ်ပြိုင်ရယူပြီး သူတို့၏ဘဝခရီးတစ်လျှောက် မျှော်လင့်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းတို့ကို ပေါက်မြောက်ရရှိကြ၏။ “Destination” The foolish live their lives without a destination, Floating along aimlessly,Often finding themseleves at the starting conditions. The clever […]


  (၁) ခုတလော တစ်ယောက်နှင့်တစ်ယောက် အော်ဟစ် ဆူညံနေရသဖြင့် စိတ်ဝမ်းကွဲ စပြုနေပြီဟု တွေးမိသည်။ အေးတိအေးစက်နိုင်လာခြင်း၊ ငြူစူခြင်းများကို မြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မပြောတတ်ပေ။ ကျွန်တော်သည်သာလျှင် ပါးစပ်ဖွာ၍ တွေ့သမျှ၊ မြင်သမျှ ပြောဆိုတတ်သောကြောင့်များလား။  အနေဝေးကွာလာခြင်းဟု ခံစားရမှုများ တစ်နေ့ထက် တစ်နေ့များပြားလာသည်။ သည်းခံမှုတရားပျက်၍ ကမူးရှူးတိုး ပြန်မပြောသည့်တိုင် စကားတစ်ခွန်း၏ အတိမ်အနက်ကို ကျွန်တော် သေသေချာချာ အဓိပ္ပါယ်ဖွင့်နေရသည်။ ထွက်ရှိလာသော အဖြေသည် ကျွန်တော်၏ စိတ်ကို ကျေနပ် နှစ်သိမ့်မှုမပေးနိုင်ချေ။ ကျွန်တော့်တွင် လက်ရှိ ပူးပူးကပ်ကပ် တတွဲတွဲနှင့်ရှိသော သူငယ်ချင်း လေးယောက်ရှိ၏။ နေ့တစ်နေ့၏ တစ်နေ့တာတွင် အိပ်ချိန်မှအပ ကျန်အချိန်များတွင် အမြဲလိုလိုတွေ့ဖြစ်ကြသည်။ ထမင်းလက်ဆုံစားကြသည်။ ကျွန်တော် တို့၏ တာဝန်ချိန်များတွင် မတွေ့ဖြစ်ကြသည်ကလွဲလျှင် ကျန်အချိန်များတွင် အမြဲတတွဲတွဲဖြစ်လို့နေသည်။ […]