“ဒီနေ့ဘယ်လောက်ရခဲ့သလဲ သမီး” “ခြောက်ထောင်ရခဲ့တယ် အဖေ…။ ဒီလောက်နဲ့တော့ မရသေးဘူးအဖေ။ ဒီတစ်ပတ်တော့ပိုရအောင် ပိုကောက်မှရမယ် အဖေရဲ့” ပိုရအောင် ပိုကောက်ရမယ်တဲ့။ ဒီခြောက်ထောင်ရအောင် ဘယ်လောက် အချိန်တွေပေးရတယ် ဆိုတာ မသိကြဘူး။ မနက်စောစောလေးကတင်ပဲ တဲထောင့်မှာထောင်ထားတဲ့ လေးပုံးဝင်ဆာလာအိတ် သုံးအိတ်ကိုထုတ်ပေးလိုက်တဲ့ မပွေးကိုပဲ သူကတော့ အပြစ်တွေတင်နေမိတော့တယ်။ “ငါ့သမီးက အဲဒီခြောက်ထောင်ရအောင် ဖေဖေတို့ဘယ်လိုလုပ်နေခဲ့ရသလဲဆိုတာ မသိဘူးမို့လား။ အဲဒီပိုက်ဆံတွေကိုလွယ်လွယ်ရလို့ ငါ့သမီးတို့ကို လွယ်လွယ်ပေးနေတယ်လို့တော့ မထင်လိုက်နဲ့။ မကြည့်ရက်လို့ပေးနေတယ်ဆိုတာ သဘောပေါက်ရတယ်။ “ “ကိုစိန်” “အသာနေ မပွေး..။ ဒီနေ့တော့ပြောမှရတော့မှာမို့ ငါပြောတော့မယ်။ ငါ့လာမတားနဲ့” မပွေးက စိတ်ပျက်လက်ပျက်အမူအရာနဲ့ မျက်စောင်းတွေပိတ်ထိုးနေတယ်။ ထိုးလည်းမတတ်နိုင်ဘူး။ တဆိတ်ရှိ ဒီအမေ ဒီအဖေကိုတ ၊ ပြီးတော့လည်း အပြစ်တင်ချင်တဲ့ သားသမီးတွေကို သူကြည့်မရတော့တာတော့ သူ့အလွန်မဟုတ်ဘူးလို့ သူထင်တယ်။ စားစရာရှိစားမယ်။ […]


မျက်ဝန်းတွေထဲမှာအရိပ်တွေရှိနေတယ်။ နှလုံးသားမှာတော့ပျောက်ဆုံးနေခဲ့တဲ့ အရိပ်က လမ်းခုလပ်တစ်ဝက်မှာ ကျောခိုင်းသွားလေရဲ့….။ (၁) မျက်လုံးချင်းဆုံလိုက်တယ်။ဖျတ်ခနဲပဲ။ ပြီးတော့ အကြည့်တွေလွှဲသွားတယ်။ လျှင်လွန်းတဲ့ ကိုယ့်အကြည့်တွေက သူမရဲ့မျက်ဝန်းထောင့်ကလေးကိုလစ်ခနဲမြင်ဖြစ်အောင် မြင်လိုက်မိသေးရဲ့။ သူမမှာ မျက်မှန်  လေးတောင် မပါလာတော့ပါလား။ နာကျည်း မုန်းတီးမှုတွေကြောင့်ဖယ်ရှားပစ်လိုက်တဲ့ မျက်မှန်လေးမှာ သမိုင်းတွေရှိတယ်ဆိုတာ သူမ မေ့သွားပြီလား။ ကိုယ်အဲဒီနေရာလေးကနေ သူမရဲ့ကျောပြင်ကို လိုက်ကြည့်နေမိတယ်။ မျှော်လင့်ချက်တစ်စုံတစ်ရာကလည်းကိုယ့်မှာရှိနေတယ်လေ။ သူမများ လှည့်ကြည့်လာဦးမလားလို့။ ခြေလှမ်းလေးတွေက ခပ်သွက်သွက်ကလေးလှမ်းမြဲ။လှည့်ကြည့်လိုက်ပါတော့လား။ လှည့်ကြည့်လိုက်ပါတော့လား။ ချက်ချင်းကိုယ်မေ့နေတဲ့သူမရဲ့အကျင့်ကို ခုမှသတိရတယ်။ သူမက ကျောခိုင်းပြီးရင် ဘယ်တော့မှ လှည့်မကြည့်တတ်တာ ခုထက်ထိအောင်ပါပဲလား။သူမလှည့်ကြည့်လာရင်ရော ကိုယ် သူမကို လိုက်ကြည့်နေတယ်ဆိုတာ အသိခံလို့ဖြစ်ပါ့မလား။ ဟင်သူမ ကိုယ်လေး ကိုယ့်ဘက်လှည့်လာတော့မယ်။ ဒါနဲ့ကိုယ့်ရဲ့ဦးတည်ရာလမ်းဘက်ကို ဆတ်ခနဲလှည့်လိုက်တယ်။ ဟူး…… သက်ပြင်းရှည်ကိုချလိုက်ပြီး ပြီးခဲ့တဲ့ အတိတ်ကို ပြန်တွေးရင်း လမ်းလျှောက်လာခဲ့တယ်။ (၂) […]


ယပ်တောင်လေး တဖျပ်ဖျပ်ခတ်လိုက်ဟောဒီလမ်းမကြီးကို မျှော်ကြည့်လိုက်နှင့် မစိန်ရီ နေမထိထိုင်မသာဖြစ်နေတာ သိသာလှသည်။ ဒါမျိုးဆိုရင် မစိန်ရီ စားဖို့သောက်ဖို့ပူနေရပြီဆုိုတာ သိသာ၏။ ခါတိုင်းလို တိမ်ပြာမို့မို့လွင်သီချင်းကိုလေသံတိုးတိုးလေးတောင် မညည်းနိုင်မှတော့ မစိန်ရီ ဘယ်လောက် ယောက်ယပ်ခတ်နေမလဲ ဆိုတာကိုတွေးသာကြည်တော့ပေါ့။ မနေ့ညက မိုးကြီးထားတော့ အနည်းဆုံး ဒီနေ့ ကိုကျော့မောင် ထမင်းစားကျောက်ကလေးပဲရလာပါဦး အူတော့ စိုကိုစိုလာမည်။ ဒါ့အပြင် ကိုကျော့မောင်ရဲ့ ကြံရည်ဖန်ရည်နဲ့ဆိုသောင်းဂဏာန်း ပိုပိုလောက်တော့ ပါလာနိုင်သည်။ ဒီလိုဆိုရင် ဒီနေ့ညအဖို့ မစိန်ရီ စိတ်ကူးထဲမှာလသာလို့ရပြီ။ အဲဒီလ သာမလား မသာမလားဆိုတာတော့မစိန်ရီက ခုမှ အိမ်ရှေ့ထွက်လမ်းမပေါ် မျှော်ရတာကိုကပဲ မောမောလှပေါ့။ သူတကာတွေ ဟေးခနဲဝေးခနဲ ကျောက်ထမ်းပြီး ရွာထဲဝင်လာရင် ကိုကျော့မောင်များပါလာလေးမလားလို့ မျှော်ကြည့်ရတာလည်းမောပါသည်။အနည်းဆုံးနောက်နားကျကျကနေပဲဖြစ်ဖြစ် ရှေ့ကနေပဲ ဖြစ်ဖြစ် စိန်တူတွေစုပြီး ထမ်းလာသည့်လူတွေထဲတွင် ကိုကျော့မောင်ကိုရှာရတာလည်း မျက်စိတွေမူးရသည်။ ကျောက်မရလို့ သူများတကာရသည့်ကျောက်ကိုလိုက်ထမ်းပေးဦး […]


ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သဲကွဲစွာမမြင်ရပါဘဲခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန်သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီးခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ်မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ၆လုံးလောက်နှင့် အာလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။ ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကားမောင်လွင်နှင့် မင်းမောင်။ သာလှနှင့်ကိုလှမောင်သွားလျှင် ငရဲအထိ ပျော်ပျော်ကြီးလိုက်မည်ဟုတွေးထားသူတွေ။ခုလည်း ခရီးတစ်ဝက်လောက်ကစ၍ မမြင်မကန်းနှင့် စွပ်ရွတ်လာခဲ့သည့် ခရီးသည်မည်သည့်နေရာသို့ဦးတည်နေမှန်းမသိသော်လည်း […]


အမေကပြောသော စကားကြောင့် ကျွန်တော် ရယ်နေလိုက်မိသည်။ ဆေးလက်စ ဖန်ခွက်ကလေးကိုကြည့်ပြီး မကြာခင် မှန်ဗွီဒိုထဲ ထည့်သိမ်းဖြစ်တော့မည်ဆိုတော့ ဝမ်းနည်းသလိုလို။ သို့သော် အသစ်အသစ်တွေကို တောင့်တနေတတ်သော ကျွန်တော်က လက်ထဲကဖန်ခွက်ကလေးကိုလည်း မကြာခင် ချန်ထားရစ်တော့မည်မှာလည်း သေချာသည်။ ယခုဆေးလက်စ ဖန်ခွက်ကလေးသည် တစ်ပတ်သာ သူနေခွင့်ရှိသည့်အချိန်ကလေးအတွင်း ကျွန်တော်ကို စိတ်ကြည်နူးမှုပေးခဲ့သည်။ ကျွန်တော်ပြုသမျှ သူ့အလှနှင့် သူအန်ဝင်ခွင်ကျ အသုံးတော်ခံပေးခဲ့သည်။ ခု တစ်ပတ်ပြည့်သွားသည့်အချိန်တွင် ထိုဖန်ခွက်ကလေး ဘယ်လောက်လှလှ မူလနေရာဖြစ်သည့် အမေ့၏ မှန်ဗွီဒိုထဲတွင် ပြန်လည်ထည့်သွင်းခံရမည်ဖြစ်သည်။ ထိုသို့ ကျွန်တော်ပြုမူတိုင်း အမေပြောသည်မှာ “ဖန်ခွက်တွေကို တစ်ခွက်ဆိုလည်းတစ်ခွက်ပဲ သုံးပါလား။ ခုကြည့်ဦး ဖန်ခွက်တစ်ခွက်ကို တစ်ပတ်သုံး ပြီး ဆေးကြောပြန်သိမ်းနဲ့ အလုပ်ရှုပ်တယ်။ သားအခန်းထဲမှာလည်း ဖန်ခွက်တွေကိုတစ်ခွက်မက ရှိနေတာကို ဒီက ခွက်တွေကိုလည်း မျက်စောင်းလာလာထိုးနေတယ်” ဟု။ […]


လက်ထဲက စာရွက်ကလေးက ဘာလုပ်ဖို့လဲ။ မတော်လည်းဖြစ်တယ်လို့ ပြစ်ပြစ်ခါခါ စွန့်ပစ်ထားခဲ့ပြီးမှ ခုကျတော့ ဖိတ်ကြားလွှာ စာရွက်ကလေး လာကမ်းတယ်ပေါ့။ တောင်ပေါ်မှာ မိုးညို့တိုင်း ငွေတောင်ဆည်မှာ ရေမပြည့်ဘူးဆိုတာတော့ သိသင့်ဖို့ကောင်းတယ်။ မိုးကောင်းတုန်းရွာ မိုးခေါင်မှ မှားပါပြီလို့ တ..နေကြတာတော့ တဆိတ်လွန်လွန်းနေသလို ရာသီမမှန်တော့မှ နတ်တင်နေကြတာများ မျက်စိ ဆံပင်မွှေးစူးရပါရဲ့။ ပြီးတော့ “လာခဲ့ပါ မမရယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာ။ ဟိုတုန်းက ကိစ္စတွေကိုလည်း သင်ပုန်းချေပေးလိုက်ပါတော့နော်” တဲ့။ တရားကျစရာ ကောင်းလိုက်ပုံများ။ စိတ်ထဲမှာ အတေးအမှတ်ရယ်လို့ မဟုတ်ပေမယ့် တွေးမိတိုင်း တဆစ်ဆစ် နာကျင်ခဲ့ရတာတော့ သေချာတယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာတဲ့။ အားငယ်တယ်ဆိုတဲ့ စကားကို ရင်နဲ့မမျှအောင် သိုသိပ်မြိုသိပ်ပြီး မျက်နှာကို မော့ထားခဲ့ရတဲ့ အချိန်ကာလတွေကိုတော့ ဒင်းတို့ ဘယ်လွမ်းတော့ပါ့မလဲ။ […]


မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလျှင် လက်ဆယ်ဖြာဦးထိပ်ပန်ဆင်ပြီး ကျွန်မ တိုင်တည်ပြောဆိုရဲပါ၏။ အကျိုးလိုသဖြင့်ညောင်ရေလောင်းခဲ့သည်ဟု ထင်မြင်ခြင်းသည် ကျွန်မကိုယ်တိုင်ထိခိုက်ခံခဲ့ခြင်းမှ လွဲ၍ သူတစ်ထူးအား ထိခိုက်စေခဲ့ခြင်းငှာ အလျဉ်းမရှိခဲ့ပါ။ ကျွန်မ၏ ရင်မှဖြစ်သော သားရတနာအတွက် ရည်ရွယ်၍  ကာယကံမြောက်၊ မနောကံမြောက် ပြုလုပ်ခဲ့ခြင်းသည် အနှိုင်းမဲ့ဖြစ်သော မိခင်တစ်ယောက်၏ မေတ္တာတရားကြောင့်သည်ကား အတည်ဖြစ်သည်။ ~~~~~~             အချိန်အားဖြင့် သုံးနှစ်ရှိခဲ့ပြီ။ သည်တိုက်ကြီးရှေ့ကနေဖြတ်သွားရတိုင်း လှည့်၍ပင်မကြည့်ဖြစ်ခဲ့ချေ။ မျက်စိသည် ရှေ့တူရှုကိုကြည့်၍ ကျွန်မလမ်း ကျွန်မဖြောင့်အောင်သွားခဲ့သည်။ လမ်းသည် အကွေ့အကောက်နှင့် ရှိတတ်ကြသည်မှန်သော်လည်း ဖြောင့်စင်းသည့်လမ်းကိုသာ ကျွန်မကြိုက်သည်။ သို့သော် လမ်းချိုးလမ်းကွေးလေးထဲသို့ ကျွန်မ ပြန်လျှောက်ရလိမ့်မည်ဟု အကြောင်းဖန်လာသည်။ ထိုအကြောင်းဖန်လာသူကိုပင် ကျွန်မ ဒေါသနှင့် နေ့စဉ် ဖရုဿာဝါစာတွေ ရွတ်ဖတ်သရဇယ်နေခဲ့သေးသည်။ ကမာ္ဘ့ရန်ဟု စာဖွဲ့လျှင်ရလောက်သည် ကျွန်မတို့နှစ်ဦး၏ […]


လွမ်းလိုက်တာ ဂေဇက်ရေ မရောက်တာလည်းကြာပြီဖြစ်သလို ကျွန်တော်လည်း လှည့်လာဖို့ရွာကလေးကို အချိန်မပေးနိုင်နေဘူး။ ကျွန်တော်က ဘာနဲ့တူသလဲဆိုရင် ရွာကနေမြို့တက်ပြီး အလုပ်လုပ်နေတဲ့ လူ။ မြို့ပြမှာ ကိုယ့်ဘဝကိုကိုယ်ရပ်တည်နိုင်အောင်လုပ်နေရင်း တစ်ခါတစ်ခါ ရွာကလေးကို မေ့နေသလိုဖြစ်နေခဲ့တာကြာပြီ။ တစ်ခါတစ်ရံမှာရွာကိုအလည်ပြန်ချင်စိတ်တွေက တဖွားဖွား။ ဒါပေမယ့်လည်းပေါ့ ကိုယ်ရွာကိုပြန်တဲ့အချိန်ဟာ ခဏလေးတော့ ဘယ်ဖြစ်စေချင်မလဲလေ။ ရွာထဲက ကျွန်တော့်ကိုမမြင်တာကြာပြီဖြစ်တဲ့ ဆွေတော်မျိုးတော် ပေါက်ဖော်တွေကိုလည်း တရင်းတနှီးပျော်ဟယ်နောက်ဟယ်လုပ်ချင်သေးတယ်။ ပြီးတော့ ရွာရဲ့ သာရေး၊ နာရေး ဘာညာသာရကာ နေကြာကွာစေ့တွေအကြောင်းလည်း သေသေချာချာနားထောင်ချင်သေးတာလေ။ မှတ်မှတ်ရရ ရွာကနေ ကျွန်တော်ထွက်လာခဲ့မိတာ ဇန်နဝါရီလ ကျွန်တော့်မေမေ ကားအက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်းပဲ။ အဲဒီတုန်းက ကျွန်တော်ရှိရာ မန်းလေးဆေးရုံးကြီးကို အပြေးလာတဲ့ ကိုပေါက်(မန္တလေး)၊ ဦးမာဃ နဲ့ ဗုံဗုံတို့ကို အရမ်းကျေးဇူးတင်တာပဲ။ တစ်မြို့တစ်ရွာမှာ ရွာသူထဲက ကိုယ့်ကိုလာကြည့်တဲ့ အဆွေတော်တွေကို ဘယ်လိုကျေးဇူးတင်မိမှန်းမသိဘူး။ နောက်တော့ […]


            လက်ကိုင်ဖုန်းကို မမှိတ်မသုန်ကြည့်နေရင်းက ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။ ဒါသည် မှန်ကန်သော လုပ်ရပ်ဖြစ်သလား မဖြစ်သလားတော့ ကိုရဲ ရေရေရာရာ မသိသေး။ ဖုန်းကလေးထဲမှာ Message တစ်စောင်ကို ကျွမ်းကျင်စွာ ခပ်မြန်မြန်ရိုက်လိုက်ရင် Send ကိုနှိပ်လိုက်သည်။ ဒါဆိုရင် ဒီ Message လေး ဟိုဘက်ကိုရောက်လောက်ပြီလား။ အကယ်၍ရောက်ခဲ့ပြီဆိုရင် ဖွင့်ဖတ်ပြီး တစ်ဘက်က ဘယ်လို ဆုံးဖြတ်ချက်ချမှာလဲ။ ဒါ ကိုရဲ ဆက်တွေးရမည့် အပိုင်းထက် ကျော်လွန်တွေးနေမိခဲ့ပြီ။ တစ်ခုပဲ ကိုရဲ ကိုယ့်ကိုကိုယ် လိပ်ပြာလုံရဲ့လား။ မလုံမလဲစိတ်တွေနှင့် ပင်ပန်းနေခဲ့တာကြာခဲ့ပြီဖြစ်သည်။ မနက်ဖြန်သည် နေ့သစ်တစ်နေ့ကို မွေးဖွားမည်ဆိုလျှင် ကိုရဲကိုယ်တိုင်လည်း လူ့လောကတွင် အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာသော လူသားတစ်ယောက်ဖြစ်ချင်လှပါသည်။ အဖြူထည်သက်သက်သာရှိသော ကိုရဲ၏ ဘဝသစ်တစ်ခုကို အဆိုးဆုံးဖြစ်နိုင်မည် စိတ်တွေအပါအဝင် အတ္တတရားကို ဖယ်ထုတ်ရင်း တစ်သက်လုံး […]


            ခြေထောက်တွေ နာကျင်လာသဖြင့် သူမ ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ကလူတွေ သွားနှင့်ကြပါစေ။ သူမ သည်လမ်းကလေးအတိုင်း ဆက်လျှောက်လျှင် ရွာကိုတွေ့နိုင်သည်ပဲ။ လမ်းက ကျောက်တုံး ကျောက်ခဲများနှင့် ကြမ်းတမ်း ခက်ထန်နေသည်။ သူမ၏ ခြေဖဝါးနုနုကလေးများ သွေးချည်ဥကုန်ပြီလား။ ဘာမဆိုင် ညာမဆိုင် မျက်ရည်တစ်ပေါက် က ကြသွားသေး၏။ ခုမှတော့ ကျသွားသည့် မျက်ရည်ကို ထိုင်ကြည့်နေရုံသာရှိသည်။ အသင့်ပါလာသော ကျောပိုးအိတ်ငယ် အတွင်းမှ ရေဗူးကိုဖွင့်သောက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ “အို လှလိုက်တဲ့ ပန်းပွင့်တွေပါလား“ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေသော နီစွေးစွေး ပန်းပွင့်ကလေးတွေ။ မော်ကြွားစွာလှပနေသည့် ပန်းကလေးတွေ။ သူမသည်လည်း ပန်းပွင့်ကလေးတစ်ပွင့်ဆိုလျှင် ထိုကဲ့သို့ တင့်တင့်တယ်တယ်ဖြင့် မော်ကြွားစွာ ပွင့်လိုက်ချင်သည်။ သို့သော် သူမက ခုလက်ရှိမှာ ကိုယ့်စိတ်ကိုယ်မပိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်လေ။ […]


            မမျှော်လင့်သော နေ့တစ်နေ့ဖြစ်သော်လည်း မျှော်လင့်ခဲ့ဖူးသော ကိစ္စတစ်ခုသည် ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေပြီ။ သို့အတွက်ကြောင့် ဤ မနက်ခင်းသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းစွာရောက်ရှိလာသော နံနက်ခင်းဟု ကျွန်တော် သတ်မှတ်လိုက်သည်။ ထင်မှတ်မထားသော နေ့ပေါင်းများစွာသည် ယခုလိုပဲ ကျွန်တော့် ဘဝတစ်ခုလုံးကို ရုတ်ချည်း ပြောင်းလဲစေခဲ့တတ်သောကြောင့် ဤနေ့သည်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာကို ပေးနိုင်မှာလား။ ဘာပဲဖြစ်ဖြစ် ဤမနက်ခင်းတွင် လောလောလတ်လတ် ဝင်သွားခဲ့သော Incoming Call တစ်ခုကတော့ ကျွန်တော့်ကို ရင်ခုန်စေခဲ့မိပြီ။ ထို့ကြောင့် ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်း ခညောင်းစွာ ရောက်ရှိလာသော နေ့တစ်နေ့ဖြစ်နေတော့သည်။ (၁) အတော်အသင့်ကျယ်ဝန်းသော အခန်းထဲတွင် လေးထောင့်စားပွဲတစ်လုံးရှိ၏။ ထိုစားပွဲတွင် လူ သုံးယောက် ထိုင်နေသည်။ တိတ်ဆိတ်စွာ ကျွန်တော် လျှောက်လာသော ခြေလှမ်းတွေ ရပ်တန့်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်၏ […]


            ကျွန်မမှာ ခွင့် ဆိုတဲ့ ပိုင်ဆိုင်ချင်တဲ့ စကားလုံးကလေးတစ်လုံးရှိတယ်။ ကျွန်မရဲ့ဘဝမှာ အလိုချင်ဆုံး၊ ရယူပိုင်ဆိုင်ချင်ဆုံး စကားလုံးလေးတစ်ခု။ မြန်မာအဘိဓာန်ထဲမှာ ခွင့်ကို အခွင့်အလမ်း၊ အခွင့်အရေး လို့ဖွင့်ဆိုထားတယ်။ ဒါဆိုရင် ကျွန်မ လိုချင်တဲ့ ခွင့်က ဘာလဲ..။ အဲဒီ ကျွန်မသိချင်တဲ့ ခွင့် ဆိုတဲ့ ဝေါဟာရကြားမှာ လွတ်မြောက်ခွင့်ကို ကျွန်မလိုချင်ခဲ့တာလား။ ဒါမှမဟုတ် ကျွန်မရဲ့ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာကို တပ်မက်မောခဲ့တာလားဆိုတာ…..။ သေချာတာကတော့ ကျွန်မမှာ ခွင့်ဆိုတဲ့ စကားလေးတစ်လုံးကို အသုံးပြုခွင့်ကလေးတောင်မရှိသေးဘူးဆိုတာပဲ..။ ××××××××××××××× (၁) သူ ကွန်ပျူတာ စားပွဲကနေ မထသေးဘူး။ ညနေစောင်းကတည်း ကွန်ပျူတာရှေ့မှာ မော်နီတာနဲ့ မျက်နှာကို အပ်ပြီး ကီးဘုတ်ပေါ် တဂျောင်းဂျောင်းရိုက်နေတဲ့ လက်တွေ ဘာကြောင့် ခုထက်ထိ မနားသေးရတာလဲ။ တကယ်ဆို ရုံးကနေ […]


ငိုသံတွေကြားနေရတယ်။ တဝုန်းဝုန်း တအုန်းအုန်းနဲ့ တစ်စုံတစ်ခုကိုရိုက်ခတ်သံတွေက နားစည်တွေ ကွဲထွက်မတတ်။ မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားတဲ့ လေတွေက နူးညံ့မှုရှိမနေဘူး။ ပြင်းရှရှနိုင်နေတယ်။ ဒီနေရာမျိုးမှာ တစ်ယောက်တည်းရှိနေတာက အန္တရယ်များတယ်ဆိုတာ သိသိရက်နဲ့ သူမဘာကြောင့် ထွက်လာမိခဲ့ပါသလဲ။ အဖြေ။ အဖြေက ရှိမနေခဲ့ဘူး။ လွမ်းဆွတ်သတိရခြင်းတွေနဲ့ ဒီညမှာ သူမ နိုးထလာခဲ့တာမဟုတ်ဘူး။ ကြောင်တောင်တောင်မျက်လုံးတွေက ဦးတည်ရာမဲ့စွာနဲ့ ဒီနေရာလေးကို ခေါ်ဆောင်လာခဲ့တာပေါ့။ လေတဖြူးဖြူးကြားမှာ သူမဆံနွယ်တွေက လွှင့်လွှင့်။ ခုချိန်မှာ သူမသာ ဆံနွယ်ကလေးဖြစ်လိုက်ရင်..။ ထားပါလေ မဖြစ်နိုင်တာတွေကို အရူးထပြီး တွေးမနေစမ်းနဲ့လို့ သူမကိုယ် သူမ သတိပေးလိုက်တယ်။ ညကတော့ မှောင်မိုက်လို့ကောင်းနေတုန်းရယ်..။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ (၁)             နားထဲမှာ ဆူညံသံတွေ ဝင်လာပြန်တယ်။ သူမ အိပ်မှုန်စုံမွှားနဲ့ ထလိုက်တော့ နေရောင်ခြည်က သူမ မျက်နှာကိုစူးခနဲ […]