The Angry ManSeptember 27, 20111min28829
အော် သူကြီး….သူကြီး သူကြီးဆိုတာ ကျုပ်ပြောတဲ့သူကြီးက နှစ်လုံးပြူးလဲမရှိ၊ခြောက်လုံးပြူးလဲမပိုင်။တော်တော်ကို သီးခံနိုင်တဲ့လူ။ဘဝပါရမီ အထုံကောင်းသူဘဲပြောရမလား။ဒီလိုမဟုတ်ရင် မသိချင်ရောင်ဆောင်၊အူတူတူ အတတနဲ့။ခပ်ပိန်းပိန်းထူထူလူပါ။သူပြောတော့ လော့အင်ဂျလိစ်ဆိုလား လော့ကျနေတဲ့ အိမ်ထဲကလိပ်ဆိုတာလား မသိပါဘူး။နေတော့နေလေရဲ ့။သူကြီးရေ နင်က ရေမြေခြားနေလေတော့ ဒီကလူတွေရဲ့အကြောင်းဘယ်သိတော့မှာလဲ။ကျုပ်ပြောပြမယ် နင့်ကိုမပြောခဲ့လား။သံတွဲသားတွေ ဘယ်လောက်အောက်တန်းကျသလဲဆိုတာ။ကျော်မကောင်းကြားမကောင်း အရပ်ထဲက အော့နှလုံးနာဖွယ်တွေ ထပ်ပြော၊ပြုသူကိုပြောတာကွာ။မဆိုင်သူမပါဘူး။ ယိုသူမရှက်၊မြင်သူရှက် နေရပါလား။နင်လဲသူကြီး လုပ်နေပီး ထိုင်ကြည့်ဖို့ဘဲတတ်သလား။ ကျုပ်တော့ရှက်သဗျို့။နင်မရှက်လား။ကိုယ်မွေးထားတဲ့သားသမီးလို ကိုယ့်ဝက်ဘ်ဆိုဒ်ကို ချစ်မှာဘဲ မဟုတ်လား။အဲဒေါ့ကွာ နင်လဲ တခုခုလုပ်ပေးပါတော့။ကျုပ်တော့ရှက်တယ်ကွာ။ ကျုပ်တို့မြို့သားတွေ အေးအေးဆေးဆေးနေနေကြတာ။ခုတော့ ပေါက်ကျော်မဖြစ်နေတော့ ကျုပ်တို ့မြို့နေလူတွေ စိတ်ညစ်ရသဗျာ။ နင်တို့ သံတွဲသားတွေ လိမ်မာကြလော့။ငါမပြောချင်တော့ဘူး။ကျုပ်တော့ရှက်သဗျို့။နင်တို့ရှက်မရှိတာတော့ ငါမပြောတတ်တော့ဘူး။


The Angry ManSeptember 4, 20111min17911
ကဲဗျာ နားမလည်ဘူးဆိုတော့လဲ ပြောပြရမှာပေါ့ကွာ။ လွှတ်တော်ရဲ့ဒုတိယ ပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ကို ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်ကမေးပါလေရောဗျို့။ မေးတာက ဒီလိုပါ—ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တောဒေသမှ ၉ဝ ရာခိုင်နှုန်းခန့်ရှိသောဒေသခံများသည် ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကိစ္စများအတွက်ရန်ကုန်မြို့သို့ခရီးသွားလိုလျှင် ဘူးသီးတောင်၊မောင်တောဒေသမှ စစ်တွေသို့ရောက်အောင် တရားမဝင်ပေးရငွေ ကျပ်၃သောင်းခန့်ကုန်ကျပြီး စစ်တွေမှရန်ကုန်မြို့သို့ရောက်အောင် တရားမဝင်ပေးရငွေကျပ် ၄သိန်းကုန်ကျနေပါသဖြင့် ထိုကိစ္စကို ပပျောက်အောင် နိုင်ငံတော်အစိုးရအနေဖြင့်မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းမေးခွန်းကို ပြန်ဖြေတာကိုကြည့်ပါတော့ဗျ။ ဖြေသူက ပြည်ထောင်စုဝန်ကြီးဦးခင်ရီပါ လာဘ်ပေးလာဘ်ယူပြုလုပ်ပါကတိုင်ကြားနိုင်ကြောင်းကို (၁)လက်ကမ်းစာစောင်များသန်းနှင့်ချီ၍ဖြန့်ဝေအသိပေးခြင်း (၂)လူသိရှင်ကြားကွင်းဆင်းအသိပေးဟောပြောခြင်း (၃)မြဝတီ၊မြန်မာ့အသံတို့ တွင်တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီး တိုင်ကြားနိုင်သည့် တယ်လီဖုန်း၊ဖက်စ်များကိုတရားဝင်အသိပေးခြင်း (၄)ဂျာနယ်မဂ္ဂဇင်းများတွင်ဖော်ပြခြင်း (၅)ဌာနပိုင် website လွှင့်တင်ခြင်း ခုပြောသွားတဲ့အချက် ငါးချက်လုံးအားလုံးကောင်းတယ်ကွ။ ဒါပေမယ့်ခက်တာက နိုင်ငံတော်ရဲ့လွှတ်တော်အဆင့်မှာတောင် website လိပ်စာပေးမသွားဘူးကွာ။ စဉ်းစားကြည့်စမ်းပါကွာ။ အဲဒါကြောင့် တိုင်မယ့်လိပ်စာရပီ၊ပို့မယ့် ဖက်စ်နံပတ်ရပီ ဝမ်းသာတော့လို့ရွဲ့ပြောတာကို ငနာတကောင်က လိပ်စာမပါဘူးလာပြောနေတယ်။ […]


The Angry ManSeptember 3, 20111min15511
ဒီကိစ္စက ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာတင်ပြဆွေးနွေးဖြေကြားကြတာဗျ။ငါတို့ရခိုင်ပြည်နယ်မှာ တင်မဟုတ်ဘူးတနိုင်ငံလုံးသွေးနှောပြည်သူတွေအတွက်ရသင့်ရထိုက်တဲ့အသိအမှတ်ပြုနိုင်ငံသားကဒ်ရဖို့ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေနဲ့အညီလုပ်နေပီဆိုပါလား။တဖက်နိုင်ငံက ဘဂါင်္လီတွေနဲ့ရောထွေးမှုတွေရှိနေတဲ့အတွက်အချိန်ယူစိစစ်နေပါတယ်တယ်တဲ့။အဲဒီမှာသွားတွေ့ရတာကဖြေသူကလဲဖြေတယ်၊မေးသူကလဲမေးတယ်ပေါ့ဗျာ။လွှတ်တော်ရဲ့ထုံးစံတော့ဘယ်ဖျက်လို့ရမလဲ။ ပြောချင်တာက အရင်ကဟိုဒီခရီးသွားမယ်ဆိုရင် ပုံစံ(၄)ယူရတယ်ပေါ့ဗျာ။ခုကနည်းဥပဒေနဲ့ညီတဲ့ နိုင်ငံသားကဒ်ပိုင်ဆိုင်သူများသွားလာခွင့်ပြုပါတယ်တဲ့။အကယ်၍လာဘ်စားမှုတွေရှိခဲ့ရင်အချိန်နေရာအပါအဝင်တိကျမှန်ကန်သည့်အထောက်အထားများဖြင့်တိုင်ကြားရမည်ဆိုပါလားဗျို့။ဘယ်ကိုတိုင်ရမလဲ။စဉ်းစားနေတယ်ဗျာ။ မပြီးသေးဘူးဗျ သူကဆက်သေးတယ်။လာဘ်ပေးလာဘ်ယူပြုလုပ်ပါကတိုင်ကြားနိုင်ကြောင်းကို (၁)လက်ကမ်းစာစောင်များသန်းနှင့်ချီ၍ဖြန့်ဝေအသိပေးခြင်း(မမြင်းဖူးသေးပါ) (၂)လူသိရှင်ကြားကွင်းဆင်းအသိပေးဟောပြောခြင်း(ဘယ်နားမှာပါလိမ့်) (၃)မြဝတီ၊မြန်မာ့အသံတို ့တွင်တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီးတိုင်ကြားနိုင်သည့်တယ်လီဖုန်း၊ဖက်စ်များကိုတရားဝင်အသိပေးခြင်း(လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါ၊ဆက်သွယ်မှုဧရိယာပြင်ပ) (၄)ဂျာနယ်မဂ္ဂဇင်းများတွင်ဖော်ပြခြင်း(ခုထိတော့မပါသေးဘူး) (၅)ဌာနပိုင် website လွှင့်တင်ခြင်းဆိုပါလား။(ဝဘ်လိပ်စာမတွေ ့ပါ၊မဖော်ပြပါ) ကဲဗျာ ခများတို့စဉ်းစားကြည့်ကြပါ။နိုင်ငံတော်ရဲ ့လွှတ်တော်လိုနေရာမျိုးမှာ ဝဘ်ဆိုဒ်လိပ်စာတော့ပြောသင့်တယ်မဟုတ်လား။လိမ်တယ်ညာတယ်၊ယုံအောင်ပြောတတ်ပါပေတယ်ဗျို့ ဟားဟား::::::::::: ကဲခုပြောချင်တာက မန်းကဇက်မှာတွေ့နေရတဲ့သံတွဲသားအဖွဲ့တွေကိုသင်ပေးချင်လို့ဘဲဗျို့။ခုဘဲဝဘ်ဆိုဒ်လိပ်စာပေးလိုက်ပီလေ။တိုင်ကြပေရော့။သူဖတ်တာမဖတ်တာငါတော့မသိဘူး။ဖုန်းကိုင်တာမကိုင်တာ ငါသင်ပေးမယ့်ထဲမပါဘူး၊ဖက်စ်မအားတာငါမသိဘူး။ဟား::: ငါတို့မြို့ကရော၊ပြည်နယ်တခုလုံးက ဝန်ကြီးတွေ တင်ပြဆွေးနွေးတောင်းဆို၊ခများတို့တောင်းသမျှမလိုက်လျောရင်ရှိတဲ့ ဟာနဲ့တာကောက်ထုကွာ။ကြာတယ်။ တော်သေးပီ။ဆက်ရန်ရှိသေးသည်။ အမြင်မတော် မဟုတ်မမှန်တာ အကုန်ဒဲ့ဆော်ကုန်အောင်ပြောမည်။ကုန်စင်အောင်ဖော်ထုတ်မည်။ငါတို့ဆီမှာဘယ်သူတင်တင် မန်းကဇက်မှာအပိတ်ခံရအောင်ကိုအားမနာပဆော်ကြတာကိုတော့ ဘဝင်မကျဘူးကွ။နှလုံးအေးမယ့်ဆေးတော့ဖော်နေပီဗျို့။ဆေးအောင်မယ်မအောင်ဘူးတော့အာမ,မခံဘူးဗျို့။ လူမုန်းစစ်မုန်း(သံတွဲသားတွေ မတတ်တာကိုသင်ပေးမယ့်လူပါဗျ ဟား ဟား)


The Angry ManSeptember 2, 20111min31225
ပြောရမယ် ဆိုရင်လဲကြားလို့မှကောင်းပေါ့မလားဗျာ။ရပ်ကွက်ထဲမှာ ကိုယ်ကဘဲမနေတတ်လို့လား၊အမြင်ဘဲကျဉ်းနေလို့လား ကိုယ့်ဖာသာပြန်ပြန်မေးမိတယ်။ပြောစရာရှိနေတော့လဲပြောရမှာပေါ့။မပြောရင်လဲမနေတတ်လေတော့ ငါတို့မြို့ကဆရာတွေကိုအားကျသဗျ။ရင်ဖွင့်စရာမန်းကဇက်ရှိလေတော့မြို့ထဲရွာထဲမရောက်မပေါက်သူနည်းသကိုး။အဲဘယ်ရမလဲခေသူမဟုတ်လေတော့ ရက်နှစ်ဆယ်အတွင်းမတတ်,တတ်အောင်လုပ်ရအောင်ဝင်လာရပေတော့တာပေါ့။ဟဲဟဲပြောစရာလေးရှိပါတယ်ဆိုမှ. ပြောမယ်ပြောမယ်။ ဒီလိုဗျို့. ဒီလို. ငါတို့ သံတွဲကတော့မိတ်ဆက်စရာမလို အားလုံးသိပြီးကြရောပေါ့။ခုလဲဒီပုပ်ထဲက ဘဲ။ပုပ်နေတာတော့ကြာပီ။ပုပ်နေတာကိုအကောင်းမှတ်လို့များလားတော့မသိဘူး။ဘယ်သူကမှအရေးတယူမလုပ်။ဒီတိုင်းလေး ငွေယူပြီးမှိန်းနေရော့သလား။ အရင်ကလဲပျက်၊ခုသမ္မတအစိုးရလက်ထက်လဲဆက်ပျက်နေကြဦးမှာလား။ေ မးစရာရှိလေတော့မေးရပေအုံးမှပေါ့။ ငါတို့ရပ်ကွက်မှာ ဘုရင့်နောင်လမ်းမကြီးပေါ်၊မာဃလမ်းနဲ့လမ်းဆုံမနီးမဝေး၊မှာပြည့်တန်ဆာအိမ်တလုံးရှိနေတာကြာပီဗျ။အရပ်ခေါ်–ာခေါင်းအိမ်ပေါ့ဗျာ။သီးခံကြပါဗျို့ ရိုင်းပျသွားရင်။ငါလဲဒီရပ်ကွက်မှာနေလာတာ နှစ်သုံးဆယ်ကျော်ပီ။ဒါမျိုးအိမ်ကွာမြို့လယ်ခေါင်ကွာ ရှိစရာလား။ပြည့်တန်ဆာ ဆိုတာမရှိသင့်ဘူးမပြောလိုပါဘူး။ခုက,ကွာမြို့လယ်မှာဗျ။ အားလုံးသိကြတဲ့အတိုင်း. ယောကျာ်းသားများအရက်လေးတမြမြဝင်လာရင် ဒီအိမ်ရှေ့တဝဲဝဲဗျာ။မြင်မကောင်းကြားမကောင်း ရှုပ်ယှပ်ခတ်နေတာ။ရပ်ကွက်ထဲကသားပျိုသမီးပျိုတွေ နေဝင်လာရင်မသွားရဲမလာရဲတော့ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလဲ ဘာမှကိုဝင်ရောက်ပြောဆိုခြင်းမရှိဘူး။သူ့ရပ်ကွက်အပိုင်မှာဗျာ နည်းနည်းတော့ လူနေမှုဝန်းကျင်လေးအတွက်စဉ်းစားပေးသင့်ပါတယ်။ အရင် အစိုးရလက်ထက်မှာတော့ လောင်းကစားဒိုင်တွေရော၊ပြည့်တန်ဆာတွေပါ လိုင်းကြေးပေးအလုပ်လုပ်ကြရတာ။ခုတော့ လောင်းကစားတွေငြိမ်ချက်သားကောင်းနေပေမယ့်။ ဒီပြည့်တန်ဆာအိမ်က ဗျာခုထိအေးဆေးဘဲ။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုး၊ နယ်ထိန်းများ၊ တာဝန်ရှိပြည်သူ့ရဲဝန်ထမ်းဆိုသူများမည်သည့် အတွက်ကြောင့်ငြိမ်ကြည့်နေကြပါသလဲ။ကောင်းနိုးရာေ နရာတခုသို ့ပြောင်းရွှေ့ပေးဖို့မရှိဘူးလားမေးချင်တယ်ဗျာ။ သက်ဆိုင်ရာလူကြီးမင်းများကိုလည်း မျက်စိကန်းနားပင်းနေကြလေသလားမေးချင်တယ်ဗျ။ အဂတိလိုက်စားမှုပပျောက်ရေး၊လာဘ်ပေးလာဘ်ယူတို့ရန်သူအော်နေမယ့်တက်စား အများပြည်သူလုံခြုံရေး၊ပြည်သူ အများက ယုံကြည်ရသောပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်လိုပါကဆီလျော်သလိုစီမံပေးစေချင်တယ်ဗျာ။ အရင်ကလဲ လိုင်းကြေးယူ၊ခုလဲလိုင်းကြေးယူ ဖမ်းမယ်ဆီးမယ်ဟေ့ဆိုရင် ရှောင်ခိုင်းထား။အဲလိုလုပ်ဖို ့မသင့်တော့ပါဘူး။တလောကငြိမ်သွားပီထင်တာဗျာ […]