DaveJanuary 2, 20102min930
တရွေ့ရွေ့ ခရီးနှင်နေသော အချိန်သည် တစ် နှစ်မှတစ်နှစ်သို့ ပြောင်းလဲကာ နှစ်ဟောင်းတို့ကို နှစ်သစ်သို့ ပြောင်းစေခဲ့ပြီဖြစ်သည်။ ယခုအခါ ၂၀၀၉ခုနှစ် ကုန်ဆုံးပြီး ၂၀၁ဝနှစ်သစ်သို့ ရောက် ရှိလာခဲ့ပြီ။ တစ်နှစ်အတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီး သီးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်များ၊ ထူးခြားဖြစ်စဉ် များ ကြုံတွေ့ရတတ်စမြဲဖြစ်ရာ ၂၀၀၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ဖြစ်ရပ်များကို လက်လှမ်းမီသ မျှ ပြန်လည်စုစည်း ဖော်ပြလိုပါသည်။ ဘာလူစကိုနီအတွက် အိပ်မက်ဆိုးနှစ် အီတလီနိုင်ငံတွင် ၂၀၀၉ခုနှစ် မကုန်ဆုံးမီ ဝန် ကြီးချုပ်ဖြစ်သူ ဘာလူစကိုနီသည် လူအများအကြား တွင် ကိုယ်ထိလက်ရောက် ထိုးကြိတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၎င်းင်းသည် အီတလီနိုင်ငံရေး ဇာတ်ခုံပေါ် တွင် ဇာတ်လိုက်ကျော်တစ်ဦးအဖြစ် နှစ်ပေါင်းများ စွာ ရပ်တည်ခဲ့သော်လည်း ထိုဖြစ်ရပ်ကြုံတွေ့ပြီး နောက် အမျိုးမျိုးပြောဆိုဝေဖန်စရာ ဖြစ်ခဲ့ရသည်။ […]


DaveJanuary 2, 20101min1491
ဒီဇင်ဘာ၃၁ရက်နေ့ညမှာ တစ်ကမ ္ဘာလုံးက လူပေါင်းသန်းနဲ့ချီပြီးတော့ ၂၀၁ဝနှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၀ဝပြည့်နှစ်ကို တစ်ကမ္ဘာလုံးနဲ့အပြိုင်ကြိုဆိုခဲ့ကြရာကအစဉ်အလာသစ်တစ်ရပ် ပေါ်ထွန်းခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန ္တလေးမြို့ ကြီးနှစ်မြို့ မှာ မြို့ သူမြို့ သားတွေ ထောင်သောင်းချီ စုဝေးပြီးတော့ ပျော်ကြပါးကြ၊သောက်ကြ၊စားကြနဲ့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာမယ့် ညသန်းခေါင်ယံအချိန်ကို စောင့်မျှော်ကြပါတယ်။အခုနှစ်မှာ မန ္တလေးသူ၊မန ္တလေးသားတွေဟာ အရင်နှစ် တွေတုံးကလိုပဲ ၇၃လမ်းနဲ့ ၆၆လမ်းကြား ၂၆လမ်းမကြီးတလျောက်မှာ ဆိုင်ကယ်၊ကားတွေနဲ့တစ်မျိုး၊ ခြေကျင်တစ်ဖုံ လူငယ်၊လူကြီး၊ကလေး၊ယောက်ျား၊မိန်းမ လူပေါင်းစုံ တစ်စီတစ်တန်းကြီး စုဝေးပြီး မီးရှူး မီးပန်းဖောက်သူဖောက်၊သီချင်းဆိုသူဆို၊ကသူက ဖြတ်သန်းကြပါတယ်။ ဒီလို နှစ်သစ်ကူးအစဉ်အလာသစ်ဟာ ၁ဝကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ။ဆယ်စုနှစ်တစ်ခုတည်တံ့ခဲ့တဲ့ ဒီအစဉ်အလာကို ရှေးရိုးစွဲဝါဒီတွေကတော့ အနောက်တိုင်းယဉ်ကျေးမှု၊သရုပ်ပျက်ယဉ်ကျေးမှုလို့ ဆိုကြပါတယ်။နှစ်သစ်တစ်နှစ်ကို ရောက်လာတော့မှာမို့ ပျော်ကြတာ၊ကြိုဆိုကြတာတော့ အပြစ်ဆိုလို့ ရမယ် မထင်ပါဘူး။ပျော်ကြရွှင်ကြရင်းအများတကာရဲ့ ငြိမ်းချမ်းရေး၊လုံခြုံရေးကို […]


DaveDecember 31, 20091min1936
သရုပ်ဆောင်ပညာဆိုတာ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာဖြစ်ပါတယ်။ နာမည်ကျော်ကြားတဲ့သရုပ်ဆောင်တွေဟာ သရုပ်ဆောင် ပညာကျွမ်းကျင်ပိုင်နိုင်လို့သာ ပရိသတ်အကြားမှာ ရေပန်းစားလာကြတာပါ။ အဲဒီသရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး ဝါရင့်အနုပညာ ရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မေသန်းနုရဲ့ ယူဆချက်တွေက တော့ – “သရုပ်ဆောင်တဲ့အခါမှာ အဓိကကတော့ ဒရမ်မာပေါ့နော်။ ဒရမ်မာကားကပိုပြီး အနု စိတ်တာပေါ့နော်။ ရင်ထဲမှာ ရှိ တာကို မျက်နှာမှာပြရတာဆို တော့လေ။ ဒရမ်မာကပိုပြီး ဖီလင် ထည့်ရတာပေါ့။ မဆင့်အတွက် ကတော့ ဒရမ်မာက ပိုခက်ပါ တယ်။ ဒရမ်မာရဲ့သဘောက စိတ်ထဲက အရာတွေကို စကားမပြောလည်းဘဲ မျက်နှာမှာပေါ်အောင် ဖော်ကျူးရတာ မျက်နှာပေါ်က အမူအရာပေါ်မှ ပရိ သတ်နားလည်မှာလေ။ ဟာသကျတော့ မဆင့်တို့က လက်ဟန်၊ခြေဟန်နဲ့ မဲ့ရွဲ့ပြလိုက်တာနဲ့ ပရိသတ်က သဘောပေါက်တယ်။ ပိုပိုသာသာလေးလုပ်ပြရတာ […]


DaveDecember 31, 20091min1382
ဂိမ်းကစားခြင်းအမျိုးမျိုးသည် လူတို့ကို စဉ်းစားတတ်သည့်ဉာဏ် ရည်သွက်လက်စေသဖြင့် အားပေးသင့်သော အလေ့အကျင့်တစ်ခု ဖြစ်သည်ဟု စိတ်ပညာရှင်များက တိုက်တွန်းခဲ့ကြသည်။ လျှပ်စစ်ပစ္စည်း များနှင့် တွဲဖက်၍ ကစားရသော ဂိမ်းများပေါ်ထွက်လာသောအခါ လူတို့သည် တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ နက်ဝက်ဂိမ်းများကို အားလပ် ချိန်များတွင် ကစားလာခဲ့ကြသည်။ ဂိမ်းကစားသောအလေ့အကျင့် သည် စိတ်ကိုစွဲလမ်းစေတတ်သဖြင့် ဂိမ်းအမျိုးမျိုးပေါ်ထွက်လာသည့် အလျောက် ဂိမ်းကစားသူအရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလာခဲ့သည်။ လူကြီးများသာ ဂိမ်းကစားခဲ့ရာမှ ကလေးများလည်း ပါဝင်လာခဲ့သည်။ ဂိမ်းရေးဆွဲသူများက ကလေးများနှင့် ကိုက်ညီသော ဂိမ်းများကို ရေးဆွဲဖန်တီးပြီး နည်းပညာဈေးကွက်တွင် ထုတ်လုပ် ရောင်းချကြသည်။ ကွန်ပျူတာဂိမ်းကစားခြင်းသည် နည်းပညာထွန်းကားသည့်ယနေ့ ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပုံစံတစ်ခုအဖြစ် စွဲမြဲလျက်ရှိ သည်ကို တွေ့ရသည်။ ကလေးများဂိမ်းကစားလျှင် ၎င်းင်းတို့၏အမူ အကျင့်နှင့် စိတ်နေစိတ်ထား မည်သို့မည်ပုံ ပြောင်းလဲသွားသည်ကို […]


DaveDecember 30, 20091min20911
နိုင်ငံတကာတရားစီရင်ရေးနယ်ပယ်တွင် အပြစ်ရှိသည်ဟု သတ်မှတ်ခံရသူများကို သက်ဆိုင်ရာပုဒ်မများတပ်ကာ ထိုက်သင့်သည်ဟု သတ်မှတ်သောပြစ်ဒဏ်များချမှတ်ကာ စီရင်အပြစ် ပေးကြသည်။ပြစ်မှုကျူးလွန်သူများအနေဖြင့်နောက်နောင်တွင်အလားတူပြစ်မှုမျိုးထပ်မံကျူးလွန်ခြင်း မပြုကြစေရန် ထိုသို့အပြစ်ပေးကြခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နောက်ခံ ယဉ်ကျေးမှု အခြေအနေမတူညီခြင်းအပေါ်တွင် မူတည်၍ အပြစ်ဒဏ်ပေးပုံခြင်းကွာခြားတတ်ကြသည်။လူ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလာသည့် ၂ဝရာစုအတွင်း လူ၏အသိဉာဏ်သည်လည်း အတိုင်းထက်အလွန် ဖွံ့ဖြိုး လာသည်နှင့်အမျှ ပြစ်ဒဏ်စီရင်ရာတွင် လူသားတစ်ဦးတစ်ယောက်တိုင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုး ထားလာပြီး ကျူးလွန်သူများကို အမှားပြုလုပ်တတ်သောလူသား၏သဘာဝကို ထောက်ထားကာ ယခင်က ရှိခဲ့သောတရာဥပဒေစံသတ်မှတ်ချက်များကို ကမ ္ဘာ့နိုင်ငံအများစုတွင် ပြုပြင်ပြောင်းလဲလာကြသည်။နောက် ပိုင်းတွင် သေဒဏ်ဟူ၍ပင် မထားရှိသင့်ကြောင်း နားလည်သဘောပေါက်လာကြသည်။ သို့ရာတွင် နိုင်ငံအချို့တွင် သေဒဏ်ရှိနေသေးသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ယနေ့ကြားသိရသော သတင်းတစ်ပုဒ်တွင် တရုတ်နိုင်ငံ၌ ဗြိတိန်နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးဥပဒေအရ သေဒဏ်အပြစ်ပေး လိုက်သည်ဟု ဖော်ပြထားပါသည်။ အသက်၅၃နှစ်အရွယ် အက်ခ်မားလ်ရှိတ်ဆိုသူကို ဘိန်းဖြူ ၅ဝဂရမ် လက်ဝယ်သယ်ဆောင်လာမှုဖြင့် တရုတ် […]


DaveDecember 29, 20091min2326
ပြန့်နှံ့ရောက်ရှိမှု ဆဲလ်ဖုန်းပြောခြင်းသည် ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေးနယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀ဝပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁ဝရှိရာမှ ၂၀၀ရခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇ဝကျော်သည်အထိ ရောက်ရှိခဲ့ သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။


DaveDecember 23, 20091min951
ကိုကိုချစ်တို့လို ချာချာသီချင်းလေးတွေ၊ ဘလူးစ်လေး တွေနဲ့ အောင်မြင်ခဲ့တဲ့ တေးသံရှင် ကော်နီရဲ့ နောက်ဆုံးထွက် ကာလာဖူးလ် Colourful သီချင်းစီဒီကို မြန်မာဂီတပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ကော်နီဟာ ဝါရင့်အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ မျိုးဆက်သစ်အနုပညာ ရှင်လေးတွေကိုလည်း လက်ကမ်းကြိုဆိုချင်တဲ့ ဆန္ဒရှိတာကို သိရတာကြောင့် ဒီနေ့ ခေတ် ဂီတရေစီးကြောင်းပေါ်က မျိုးဆက်သစ်တွေရဲ့ အပေါ်အမြင်ကို မေးကြည့်တဲ့အခါ.. ခုခေတ်ကလေးတွေက လည်း တော်ကြပါတယ်။ အခု ခေတ်က ဖြစ်တာရော ပျက်တာရောမြန်တယ်။ မျက်စေ့ရှေ့မှာ တင် ကိုယ်တော်နာမည်မသိ လိုက်ရသေးဘူး။ နောက်က ပျောက်သွားတယ်။ အဲဒီလို မျိုး ထက်စာရင် ရေရှည်တည်တံ အောင် ဖြစ်စေချင်တာပေါ့။ ဒါ ပေမယ့် ကံနဲ့လည်းဆိုင်ပါတယ်။ တချို့တော်တဲ့ကလေးတွေ လည်း အရမ်းတော်ပေမယ့် မတိုးတက်တာ အများကြီးပါပဲ။ Melody World […]


DaveDecember 22, 20091min570
တတိယအနေနဲ့ပြောရရင် တရားမျှတတဲ့ငြိမ်းချမ်းရေးမှာ မြို့ပြနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ပါဝင်နေကြ ပါတယ်။စီးပွားရေး၊လုံခြုံမှုနဲ့ အခွင့်အလန်းလည်းပါဝင်ပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေး အတွက်ဆိုတာ  ကြောက်ရွံ့ခြင်းက ကင်းလွတ်ရုံသက်သက်မဟုတ်ပါဘူး။ချို့တဲ့မှုကလည်း ကင်းလွတ်ဖို့လိုပါတယ်။ အကြွင်းမဲ့မှန်ကန်တာကတော့ ဖွံ့ဖြိုးမှုဟာ လုံခြုံမှုမရှိဘဲ အခြေတည်အမြစ်တွယ်ခဲပါတယ်။အလားတူပဲ လုံခြုံရေးဆိုတာ လူသားတွေမှာ လုံလောက်တဲ့အစားအစာ၊သန့်ရှင်းတဲ့ရေ၊သူတို့ရှင်သန်ဖို့လိုအပ်တဲ့ဆေးဝါး မရှိဘဲ ဖြစ်တည်နိုင်ခြင်းမရှိပါဘူး။ကလေးသူငယ်တွေ တူတူတန်တန်ပညာသင်ယူခွင့်မရှိတဲ့နေရာ၊ မိသားစုအတွက်ထောက်ပံ့နိုင်တဲ့အလုပ်မရှိတဲ့နေရာတွေမှာလည်း ဖြစ်တည်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မရှိခြင်းဟာလည်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆွဲထုတ်ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။


DaveDecember 21, 20091min780
လတ်တလောပြစရာနမူနာကတော့ နျူကလီးယားလက်နက်တွေပြန့်ပွားမှုကို တားဆီးဖို့နဲ့ နျူကလီးယားလက်နက်မဲ့ကမ ္ဘာကြီးဖြစ်လာစေဖို့ ကြိုးပမ်းမှုပါပဲ။လွန်ခဲ့တဲ့ရာစုအလယ်မှာ နိုင်ငံတွေဟာ စာချုပ်တစ်ရပ်ချုပ် ဆိုဖို့ သဘောတူညီခဲ့ပြီး ဘယ်သူတွေအတွက်စာချုပ်ချုပ်ခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။အားလုံးဟာ ငြိမ်းချမ်းသောနျူကလီးယားအင်အားကိုတပ်ဆင်ထားမယ်။နျူကလီးယားလက်နက်မရှိသူတွေကရှိအောင် မလုပ်ကြတော့ဘူး။နျူကလီးယားလက်နက်တွေ ပို်င်ဆိုင်တဲ့နို်င်ငံတွေက လက်နက်ဖျက်သိမ်းရေးအတွက်ရှေ့  ရှုဆောင်ရွက်ကြမယ် စသည်ဖြင့်ပေါ့။ဒီစာချုပ်ကို ကျွန်တော်စွဲကိုင်ထားရမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုပြုချက်ပါပဲ။ပြီးတော့ အမေရိကန်နဲ့ရုရှားနျူကလီးယားလက်နက်တွေကို လျှော့ချပစ်ဖို့ ရုရှားသမ္မတ ဒီမီထရီမက်ဒ်ဗေဒက်နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အီရန်၊မြောက်ကိုရီးယား အစရှိတဲ့နိုင်ငံတွေဟာ ဒီစနစ်ကိုရမ်းရမ်းကားကား မလုပ်မိစေဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြု ထားကြသူတွေက အဲဒီဥပဒေတွေကို ထိပါးတဲ့သူတွေရှိလာတဲ့အခါ မျက်ကွယ်ပြုထားလို့ မရပါဘူး။မိမိတို့လုံခြုံရေးအတွက်အလေးထားသူတွေအနေနဲ့ အရှေ့ အလယ်ပိုင်နဲ့အရှေ့ အာရှက လက်နက်ယှဉ်ပြိုင်မှု       အန ္တရာယ်ကို လစ်လျူရှုလို့ မရပါဘူး။ငြိမ်းချမ်းရေးရှာဖွေသူတွေဟာ နျူကလီးယားစစ်ဖြစ်စေဖို့ လက်နက်တပ်ဆင်လာတဲ့အခါမှာ အသာတကြည်ရပ်ကြည့်နေလို့ မရပါဘူး။ ကိုယ့်ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်ခြင်းအားဖြင့် […]


DaveDecember 17, 20091min922
ဒါကြောင့် ကျွန်တော်တို့ရဲ့စိန်ခေါ်မှုအစိတ်အပိုင်းဟာ စေ့စပ်မရနိုင်ဘူးလို့ထင်ရတဲ့ အရှိတရားနှစ်ရပ်ကို စေ့စပ်ပေးရေးဖြစ်ပါတယ်။စစ်ဟာ တစ်ခါတစ်ရံမှာ လိုအပ်တယ်ဆိုတဲ့သဘောတရားနဲ့ စစ်ဆိုတာ လူသား      ခံစားချက်တွေကို ဖော်ထုတ်ပြသတဲ့ အဆင့်သတ်မှတ်ချက် တစ်နေရာမှာရှိတယ်ဆိုတဲ့သဘောတရားပါပဲ။ချက်ကျလက်ကျပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အားထုတ်မှုကို ဟိုးလွန်လေပြီးသော တစ်ချိန်တုန်းက  သမ္မတကင်နေဒီဆော်ဩခဲ့တဲ့ဆီ ဦးတည်ရပါလိမ့်မယ်။“ပိုမိုလက်တွေ့ကျတဲ့၊ပိုမိုပြီးရနိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အာရုံစိုက်ကြပါစို့။အဲဒီငြိမ်းချမ်းရေးဟာ လူ့သဘာဝအလျောက်   ရုတ်တရက်တော်လှန်ပြောင်းလဲပစ်ခြင်းအပေါ်မှာ အခြေပြုခြင်းမရှိဘဲ လူ့အဖွဲ့အစည်းတွေထဲက ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုအပေါ်မှာ အခြေပြုမှာဖြစ်ပါတယ် “လို့ သူပြောခဲ့ပါတယ်။


DaveDecember 16, 20094min850
Countless freebies can be downloaded over the Internet anytime, depending upon a user’s experience and skillfulness in browsing the web. Most people are interested in free e-books for providing themselves with different types of knowledge. Despite those e-books are shared free of charge among readers around the world, some of them are even qualified for […]


DaveDecember 16, 20091min861
တိုင်းရင်းသားလူမျိူးစုပေါင်းများစွာပေါင်းစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင်  လူဦးရေစုစုပေါင်း ၄ရသန်းရှိသည့်အနက် ကရင်တိုင်းရင်းသားများသည် ရရာခိုင်နှုန်းရှိကြသည်။ကရင်တိုင်းရင်းသားများသည် နှစ်စဉ် ပြာသို လဆန်း၁ရက်နေ့ရောက်တိုင်း နှစ်သစ်ကူးနေ့အခမ်းအနားကို ဒေသအလိုက် ဆင်ယင်ကျင်းပကြရာ မိသားစုဝင်များ၊ဆွေမျိုးသားချင်းများ ပျော်ရွှင်စွာ ဆုံစည်းကြသည့်အပြင် မိတ်ဆွေသူငယ်ချင်းများလည်း သိုက်သိုက်ဝန်းဝန်းနှင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။၎င်းတို့အနက် အချို့ မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး အချို့ မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ကရင်နှစ်သစ်ကူးနေ့တွင် ဘာသာတရားမတူညီသော်လည်း လူ မျိုးစုဝင်အုပ်စုတူညီသော ကရင်တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး ခွဲခြားဆက်ဆံခြင်းမရှိဘဲ တစ်သားတည်း ပျော်ရွှင်ချမ်းမြေ့  စွာဖြင့် နှစ်သစ်ကူးအခါသမယကို ကျော်လွန်ဖြတ်သန်းကြသည်။ ကရင်ပြည်နယ်တွင်သာမက အခြားဒေသရပ်ရွာများတွင် ပြန့်နှံ့ရောက်ရှိနေကြသော ကရင်တိုင်းရင်းသားများသည် ကရင်နှစ်သစ်ကူးနေ့ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင်းပကြရာ  ရန်ကုန်မြို့ ရှိအင်းစိန်၊ သမိုင်း၊ခဝဲခြံနှင့်              မန ္တလေးမြို့ ရှိ မဟာမြတ်မုနိဘုရာကြီး၊မဟာဇေယျာဘုံရပ်ကွက်၊ကရင်နှစ်ခြင်းခရစ်ယန်ဝင်း စသည့် ကရင်ပြည်နယ်ပြင်ပတွင်လည်း အလားတူနှစ်သစ်ကူးအခမ်းအနား၊ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက်ကျင်းပခဲ့ ကြသည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ […]