thit minNovember 7, 20111min29429
ကြောင်ကြီး says: ………………Culture လို့ ခြုံငုံ ကင်ပွန်းတပ်နိုင် မလားမသိဘူး၊ ကျယ်ပြန့်လွန်းတော့ လုံးကောက် သတ်မှတ်ရခက်တယ်။ အဲဒီအချက်တွေကို ဖြစ်စေနိုင်တဲ့ လိုအပ်ချက်လို့ ပြောရင်ရမယ်ထင်တယ်။ ……. …………………………………….. ဆရာသစ်အနေနဲ့ အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။ ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊ လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ […]


thit minNovember 7, 20111min17117
စနစ်တကျမစီထားမိတဲ့ အတွေးစတွေက မြိုချတာခံလိုက်ရလို့ ညအမှောင်နဲ့ နံနက်ခင်းဟာ လက်ခြင်းတွဲပြီး ငါ့မျက်စိထဲဝင်လာတယ်……..။ နေ့တနေ့ရဲ့တာဝန်ဟာ ဂေါ့ဒ်ဖားသားယောင်ဆောင်ပြီး ဦးနှောက်ကိုဓားနဲ့ထောက် နှလုံးသားကိုပြန်ပေးဆွဲသွားပြီ…….။ “တရက်”တကျွန်းကျ တရားခံတယောက်ရဲ့ ဆည်းဆာချိန် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဝပ်ကျင်းထဲကကြက်ဥတလုံးလိုပါဘဲ…….။ အစီအစဉ်ကြေညာတဲ့စာရွက်ကို ဆုတ်ဖြဲထားတဲ့ဒီနေ့ဟာလဲ မနေ့တွေကလိုဘဲ ဒိုရေမီဖာနဲ့ညှိလို့မရအောင် ကီးကြောင်နေပြန်တယ်…….။ ဖန်လုံအိမ်နိယာမဟာ ဆေးပေါ့လိပ်တွေဈေးသက်သာလို့ဆိုတဲ့ ညီမျှသလို မညီမျှသလို ညီမျှချင်းကိစ္စတွေကို ဇွတ်အတင်းစေ့စပ်ကြောင်းလမ်းပြုအပြီးမှာ……. အမိန့်ကိုမနာခံတော့တဲ့ ငါ့ခြေထောက်ပေါ်ငါရပ်မိရက်သားဖြစ်နေပေါ့……။ နွမ်းလျှအိမ်ပြန်ဆိုတဲ့စကားလုံးက ဆိုင်ယာနိုက်ဆိုတဲ့အဆိပ်လိုဘဲ အမည်လှသလောက် အသေမြန်မယ်ထင်ပါရဲ့……။ ဘဝအကြောင်းနားမလည်ဘဲနဲ့ နားလည်ချင်ယောင်ဆောင်မိတဲ့ပြစ်မှုနဲ့ မနက်မနက်ဖြန်တွေမှာလဲ တောင်စဉ်ခွန်နှစ်ထပ်မှာ မြင်းမြီးဆွဲပြီး အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..။ သော့ခတ်ထားတဲ့ရက်စွဲတခုမှာ အရိပ်ခိုစရာရှာနိုင်ဘို့နဲ့ ဝင်ရိုးစွန်းကရေခဲတွေလို အေးအေးလူလူမြောချင်ရာမြောနိုင်ဘို့ ဒီနေ့တွေမှာတော့ခရမ်းလွန်ရောင်ချည်တန်းကိုဘဲ ငါးကင်စားဘို့သုံးနေရအုန်းမှာပေါ့…….။ ~~~~~~~~~~~~~~~~~~ အားလုံးကိုလေးစားပါသည် မောင်သစ်မင်း ~~~~~~~~~~~~~~~~~~ ကိုအလင်းဆက်ရေ ရေးကြည့်လိုက်တာပါ၊ဘာရယ်မဟုတ်ဘူး။ဖတ်ကြည့်ပေးပါအုန်းနော်။ ~~~~~~~~~~~~~~~~~~  


thit minNovember 6, 20113min23218
ကဲ……….. ဒီအထိ လာဖတ်တယ်ဆိုတော့ ဟာသလေးတပုဒ်ချီးမြှင့်ပါ့မယ်။ လက်ရှိ ကိုစူပါပါဝါကြီး ခံလိုက်ရတဲ့အကြောင်းပါ။ အိုဘားမား သမ္မတကြီးနဲ့ တွေ့ဆုံဖို့ နိုင်ငံကြီးတနိုင်ငံကဝန်ကြီးချုပ်တယောက်အလည်လာပါတယ်။ (တကယ်ဖြစ်ရပ်မှန်ဖြစ်ပြီးဘယ်နိုင်ငံကဘယ်သူဆိုတာသိပေမဲ့လူသားဂုဏ်သိတ်ခါအရ မပြောတော့ပါဘူးလူကြီးမင်းတို့ရေ) တွေ့တွေ့ခြင်း English လိုမကောင်းတဲ့ဒီဘက်ကဝန်ကြီးချုပ်ကအိုဘားမားကို (How are you? )လို့ပြောရမဲ့ အစားပေါ့နော် ( Who are you? ) လို့နှုတ်ဆက်လိုက်ပါသတဲ့၊ အိုဘားမားလဲ ကြောင်သွားတာပေါ့။(မှတ်ချက်။    ။ကိုကြောင်ခရီးသွားခြင်းကိုမဆိုလိုပါ) ဘာပြောရမှန်းမသိဖြစ်ပြီးမှ ဪ ဒါ  joke  လုပ်တာဘဲလို့ယူဆပြီးတော့……… (I am husband of Michelle)လို့ပြန်ဖြေလိုက်ပါသတဲ့။ အဲဒီမှာ ဒီဘက်ဝန်ကြီးပြန်ပြောလိုက်တာက………… (Me too) ပါတဲ့ ခင်ဗျား။ ( Michelle Obama)အိုဘားမားကတော် First Lady ကြီးလဲ ယောက်ျား နောက်တယောက်ရသွားရှာပါတယ်။ (ဟဲ […]


thit minNovember 6, 20115min19825
ဘာလဲတော့မသိဘူး။ တအိမ်လုံးခရီးထွက်သွားလို့ဝမ်းကွဲဒေါ်လေးတယောက်ရယ်။ တောကလာနေတဲ့အဒေါ်ကြီးတယောက်ရယ်ဘဲအိမ်မှာရှိတော့တယ်။ ဖွားဖွားကပြောတယ်၊မသွားခင်မနေ့ကပေါ့နော်။သားလေးရေမင်းမေမေနေမကောင်းလို့ သူတာဝန်ကျနေတဲ့မြို့ကိုဖွားဖွားလိုက်သွားမလို့တဲ့။ ခုမနက်ကြည့်လိုက်တော့လူ၁ဝယောက်လောက်နေတဲ့အိမ်မှာအကုန်နီးပါးထွက်သွားတာ။ ဘာမှန်းကိုမသိဘူး။ တော်ပြီ ကျောင်းသွားတော့မယ်။ ဒေါ်လေးဝယ်ပေးထားတဲ့မုန့်ဟင်းခါးကိုစားပြီး၊ယူနေကျ ရေကျက်အေး ရေဘူးလေးကိုယူတယ်။ လွယ်အိပ်လွယ်ပြီး ဒေါ်လေးရေသားသွားပြီလို့ နှုတ်ဆက် ထွက်လာပြီ။ ကျောင်းကအိမ်နဲ့ ၁၅ မိနစ်လောက် လျှောက်ရတဲ့နေရာမို့လမ်းလျှောက်သွားတယ်။ ကျောင်းနားရောက်ပြီဆိုတော့ဝယ်နေကျကျောင်းနားကစတိုးဆိုင်လေးကိုဝင်ပြီး၊မုန့်စားဆင်းချိန်စားဖို့မုန့် ဝယ်တယ်။ အဲဒီမုန့်ဆိုင်ပိုင်ရှင်အဒေါ်ကြီးက အိမ်ကလူတွေနဲ့ခင်တယ်။ရင်းနှီးတယ်။ မုန့်ဝယ်ပြီးထွက်မလို့လုပ်တုန်းဘေးကသူ့နဲ့ရွယ်တူမိန်းမတယောက်နဲ့အတင်းပြောနေတဲ့အဲဒီဒေါ်ကြီးကလှမ်းပြီး “ဟဲ့  သားလေးနင်လိုက်မသွားဘူးလား၊ နင့်အမေဆုံးတာ” လို့လှမ်းပြောလိုက်တယ်။ ရုတ်တရက်ကြောင်သွားပြီးမှ နောက်မှ ပြန်ပြောလိုက်တယ်။ “ဘယ် ကလာ၊မေမေနေမကောင်းလို့၊ ဖွားဖွားတို့လိုက်သွားတာပါ၊ဘာလို့သေရမှာလဲ၊မသေပါဘူး”လို့ အလန့်တကြားပြောလိုက်တော့…………….. “ဟာ အေးအေး ဟုတ်တယ် မသေဘူး၊ဟုတ်တယ်..မှားပြောမိတာဟေ့လို့” အဲဒီဒေါ်ကြီးကပြန်ပြောတယ်။ ဘာမှမတုန့်ပြန်တော့ဘဲ ထွက်လာလိုက်ပြီ။ လမ်းပေါ်ရောက်တော့ ခြေထောက်ကဆက်သွားလို့မရတော့ဘူး။ ငါ့အမေတကယ် သေသွားတာဆိုရင်? ဆိုတဲ့ မေးခွန်းက ရင်မှာရော၊ စိတ်မှာရော ပဲ့တင်ထပ်လာတယ်။ အဲဒီဟာကိုတွေးပြီး လူကလှုပ်လို့မရတော့ဘူး။ မထင်မှတ်တဲ့ […]


thit minNovember 3, 20111min38737
ကိုရင်မောင်ပို့စ်ကိုဖတ်ပြီးကျနော် ကိုကြောင် ပြောတာကိုထောက်ခံဆွေးနွေးလိုပါတယ်။ စူပါပါဝါဖြစ်ဖို့ဆိုတာ….. စီးပွါးရေးတောင့်တင်းရုံတခုနဲ့ မဖြစ်နိုင်ပါဘူး။တခြား factor (ဖက်တာ)တွေအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတော့ (၁)စီးပွါးရေး (၂)စစ်ရေး (၃)နိုင်ငံရေး (၄)ယဉ်ကျေးမှုဆိုင်ရာ(ပါဝါအေပျော့-Soft Power) (၅)ပထဝီအနေအထား။ တွေပါဘဲ။ ကျန်တာတွေခနထားပါ။ စီးပွါးရေးဆိုတာကိုဘဲကြည့်ရအောင်ပါ။ စီးပွါးရေးမှာGrowth  နဲ့ Development ဆိုတာရှိပါတယ်။ စီးပွါးရေတိုးတက်မှုနဲ့(ဘက်စုံ)ဖွံ့ဖြိုးတိုးတက်မှုပါ။ တရုတ်ကGrowth အနေအထားမှာပါ။လောလောဆယ်နော်။ Growthကိုတာရှည်ထိန်းနိုင်မှ Development အဆင့်ကိုရောက်ပါတယ်။ အဲဒီအဆင့်ကိုရောက်ဘို့Ethics(အကျင့်တရား)လိုပါတယ်။ လောလောဆယ်တရုတ်ထုတ်တွေမှာJapan, USA Background တွေမခံထားတဲ့ ထုတ်ကုန်တွေမှာEthic သိပ်မရှိပါဘူး။(Skecher ကြိုက်တဲ့သစ်မင်းတောင်ဒီမှာတရုတ်  Skecher တွေချည်းဖြစ်နေလို့မစီးတော့ပါဘူး၊ မြန်မာမှာတုန်းကUS မိဒ်ဝယ်လို့ရခဲ့တာနော်၊ USA Background ခံထားပေမဲ့ Customer’choice/ Preference ဆိုတဲ့ သဘောတွေရှိတာကိုပြောတာပါ) နောက်တခုကကိုယ်ပိုင်နည်းပညာ” Innovation ” လိုပါတယ်။ တဦးတည်းပိုင်”Niche Market” ကိုထောင်နိုင်ရပါတယ်။Japan ဟာToyota,Nissan,Honda နဲ့ သူ့ရဲ့ကား […]


thit minNovember 3, 20111min19816
ကြပ်လှသော ဘတ်စကားပေါ်မှအတင်းတိုးဆင်းလိုက်သည်။ ချွေးနံ့များနှင့်လုံးထွေးစွာစီးလာခဲ့ရသော ကားပေါ်အမြန်လွတ်မြောက်ချင်ဇောနှင့် ဇွတ်တိုးဆင်းလိုက်ရ၍အောက်သို့ရောက်သော် စီးလာသော ဖိနပ်ကပြတ်ပြီ။ ကုန်းပြီးစီးလို့ရအောင်အကြံအဖန်လုပ်ရသည်။ ပြုပြင်စီးရအုန်းမည်လောလောဆယ်။ ခက်ပြီ။ ဗိုက်ကလဲဆာပြီ။ အိပ်ထဲတွင်လည်း ဒီညစာ စားဖို့လောက်သာရှိသည်။ စားလိုက်လျှင် မနက် ကို အလုပ်အင်တာဗျူး သွားစရာ ခရီးစရိတ်ကမရှိဖြစ်မည်။ စတိုင်ကျကျ ဝတ်စရာ အင်းကျီလေးတထည်လဲ လိုသေးသည်။ ဘယ်သူ့ကိုမှအကူအညီတောင်းလို့ မရတော့။ အသိတွေကလဲ ဘွဲ့ရအလုပ်လက်မဲ့ သူ့ကို ချေးငှါးတတ်လွန်းလို့တွေ့တာနဲ့ ဝေးဝေးကပြေးသည် မဟုတ်လား။ စဉ်းစားရင်စဉ်းစားသလောက် စိတ်ညစ်စရာတွေ ကတထွေးကြီးပါလား။ မစဉ်းစားတော့ လောလောဆယ်ဗိုက်ဆာတာ စားမှဖြစ်မည်။ လမ်းဘေး ထမင်းကြော်ဆိုင်တဆိုင်သို့ ဝင်လိုက်ပြီး အသက်သာဆုံး ထမင်းကြော်တပွဲမှာလိုက်သည်။ စားသည်။ တနေကုန် ရှောက်၍အလုပ်ရှာခဲ့ရသောကြောင့် ဗိုက်ကတပွဲနဲ့မဝ။ မတတ်နိုင်၊ ပိုက်ဆံကကုန်ပြီ။ ဗိုက်မဝတဝနဲ့ ဆိုင်ကထပြီး အိမ်ကိုလမ်းလျှောက်ပြန်လာသည်။ အိမ်ဆိုလို့ ခုမှစဉ်းစားမိသည်။ အိမ်လခမပေးနိုင်တာ […]


thit minNovember 2, 20111min15313
#စဉ်းစားအကြံ ကဗျာသဏ္ဌာန် စာသဏ္ဌာန်စီ ရင်ကိုမှန်သည်၊ဖြည်းဖြည်းနှင့်~~~၊ #ပေါက်ခဲ့အတွေး ကဗျာကိုမွေး၊စာကိုမွေးသည် ဝါသနာထွေးသည်၊နွေးနွေးနှင့်~~~၊ #ကြားသည့်စကား ကဗျာများဖြစ်၊စာများဖြစ်တည် ရောင်ညစ်မထေး၊ဖွေးဖွေးနှင့်~~~၊ #လျှောက်ခဲ့သည်လမ်း ကဗျာပန်းပွင့်၊စာပန်းပွင့်ပြီ ကမ်းဆင့်ရနံ့ မွှေးမွှေးနှင့်~~~၊   #ကဗျာကိုချစ်၊စာကိုချစ်စိတ် နမိတ်ပုံထပ် ထင်ဟပ်ပြသော ဒီသဘောကို မိုးနဲ့ပင်လယ် ဆက်စပ်နွယ်သို့ ဖွဲ့ဆို ခြယ်မှုန်း ကျွန်သီကုံးချင်…….. #နှလုံးသားတိမ်ပြို မိုးရေငိုတို့ ဦးနှောက်တောင်တန်း စီးဖြတ်သန်းလို့ ချောင်းနှယ်မြစ်နှယ် ဆင့်ဆင့်သွယ်သို့ သွေးကြောတလျှောက် ဆက်လက်ယှက်နွယ် စီးဆင်းသွယ်အုန်း သည်လမ်းဆုံးဝယ် စွမ်းပြတင့်တယ်… ကဗျာပင်လယ်၊စာပင်လယ်……….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ခင်မင်လးစားစွာဖြင့်   မောင်သစ်မင်း(^^)


thit minNovember 2, 20111min26524
တီတီနှင့် ထူးခြားသော အသံတခုကို အာကာသထိန်းချုပ်ရေးစခန်းတွင် ဆူညံစွာမည်ဟီးလာသည်။ နှစ်ပေါင်းထောင်ကျော်မှတ်တမ်းတွေအနက် ပထမဆုံးသော တခြားဂြိုလ်တခုမှ ရေဒီယို ဆက်သွယ်မှုတခု။ ဘာသာစကားပါရဂူများ မှ လိုအပ်သော ထိန်းညှိမှုများပြီးသောအခါ တီတီအသံသည် လူသားတို့ နားလည်သောဘာသာစကားအဖြစ်အသွင်ပြောင်းလေပြီဖြစ်သည်။ ” ဟလို ဟလို ကြားရလား ကျနော် ကွန်ဆိုဂြိုလ်ကပါ။မောနင်းပါ ” ဟု ပီပီသသကြီးကြားရသည်။ သို့နှင့်အပြန်အလှန်ပြောဆိုနိုင်သော အနေအထားနှင့် စကားတွေပြောလို့ရသွားတော့သည်။ ကွန်ဆိုဂြိုလ်မှ မေးသည်များကို ကမာ္ဘမှ အာကာသထိန်းချုပ်ရေးတာဝန်ခံများ၊ တတ်သိပညာရှင်များ၊ မှကြီးကြပ်မှုဖြင့်ဖြေကြားကြသည်။ အလင်းနှစ် သောင်းချီ၍ဝေးသောကွန်ဆိုဂြိုလ်မှမေးသည်များဖြေ အပြီးမှာ ကမာ္ဘမှမေး ရန်အလှဲ့ရောက်ပြီ။ ကမာ္ဘမှမေးသည်။ ခင်ဗျားတို့ဆီမှာ အကြမ်းဖက်မှုတွေရှိလား? ~~~မရှိဘူးဗျ။ (ပြန်ဖြေသည်) ဒါဆိုအာဏာရှင်တွေကတင်းတင်းကြပ်ကြပ်အုပ်ချုပ်ထားလို့လား? ~~~မဟုတ်ပါဘူး အာဏာရှင်စနစ်ဆိုတာရော၊တင်းကြပ်မှုဆိုတာရော? ~~~ဘာမှမရှိပါဘူး။ လူလူချင်းချင်းနှိပ်စက်တာတွေရောရှိလားခင်ဗျ? ~~~မရှိဘူး…. လုံးဝဘဲ။ ဒါဆို လုံခြုံရေးဆိုတာရော၊အိမ်ဖောက်ထွင်းမှု၊လူယက်မှု၊လူသတ်မှု၊မူဒိန်းမှုဆိုတာတွေရော? ~~~နိုးပါ […]


thit minNovember 1, 20111min18031
(စိတ်ပူပေးသောကိုဘလက်ချောအတွက်) ဗီလိန်ကိုရေးလို့ကိုဘလက်ချောကကျနော်ကိုစိတ်ပူပါသည်၊ကျနော်ဘာမှမဖြစ်ပါခင်ဗျား။ကျနော်သည် စာရေးသောအခါတွင်စိတ်ကိုနှစ်၍ရေးတတ်ပါသည်။ကျနော့စာကိုကျနော့လက်တွေ့ ဘဝနှင့်ထင်ဟပ်၍စိတ်ပူပေးသူခုချိန်ထိနှစ်ဦးရှိသွားပါပြီ။ကိုဝင်းတော်လခါ ခေါ် ကိုမောင်ပေ နှင့် ယခုကိုဘလက်ချောပါ။ လွန်စွာကျေးဇူးတင်ရပါကြောင်းဤနေရာတွင်မှတ်တမ်းတင်အပ်ပါသည်။ ကိုဘလက်တောင်းဆိုသောအဆောင်နောက်ဆုံးနေ့ကို လက်ဆောင်ပေး၊ရေးသားပါမည်။ခံစားကြည့်တော်မူကြပါခင်ဗျား။ ~~~~~~~~~~~(^^;)~~~~~~~~~~~~~ စာမေးပွဲကားပြီးလေပြီ၊ယခင်ကဆူဆူညံညံရှိခဲ့သောအဆောင်တခုလုံးလည်ရပ်ဝေးနေသူတချို့ သာကျန်တော့သဖြင့်တိတ်ဆိတ်လှပြီ။ မိမိအခန်းတွင်းတွင်လည်းတော်တော်များများရှင်းလင်းပြီးပြီဖြစ်၍ ယခင်လိုပြည့်ကြပ်မနေတော့။ ရုတ်တရက်ဖြတ်ကနဲကြည့်လိုက်မိသည်။ ရေအိုးလေး။အခန်းထောင့်ကရေအိုးလေးကငိုမဲ့မဲ့မျက်နှာလေးနှင့်ကြည့်နေသလိုပါလား။ မင်းနဲ့ငါအကြာကြီးတူတူနေခဲ့တာမှန်ပါတယ်။ဘယ်မှာဝယ်ဝယ်ရတဲ့မင်းကိုငါယူမသွားတာလို့၊တန်ဖိုးမထားတာလို့ မင်းပြောလိုက်သလား။ မျိုးမတူဇာတ်ခြားလူသားနဲ့သောက်ရေအိုးအမျိုးမှမတော်၊မခေါ်ချင်လို့ထားခဲ့တာလို့မင်းတွေးနေလားကွာ။ မဟုတ်ဘူးကွ။ ငါကိုမင်းကျေးဇူးပြုခဲ့သလို၊ဒီမှာရှိတဲ့နောက်လာမဲ့ငါ့ညီငယ်တွေအတွက်အောက်ဆုံးထပ်မှာငါလှူခဲ့မှာ။ မင်းကိုသန့်သန့်ရှင်းရှင်းရေချိုးပြီးတဲ့အခါပေါ့ကွာ။နော်လို့စိတ်ထဲကပြောလိုက်ရသော်လည်းစိတ်မကောင်း။ မျက်စိကိုအကြည့်လွှဲလိုက်တော့။သူလိုဘဲကိုယ့်ကိုကြည့်နေရှာတဲ့တပျက်စီးလေး။ သူကတော့ သခင်ရေ ကျနော်ကိုတော့လွှင့်ပစ်မှာပေါ့နော်လို့သနားစဘွယ်မျက်နှာငယ်လေးနဲ့ပြောနေသယောင်ယောင်။ အဖြေမပေးလိုတော့သဖြင့်အဆောင်အပြင်သို့ကြည့်လိုက်သည်။ ကံ့ကော်ပင်တန်း။ ဟုတ်သည်။မိမိတို့အဆောင်ရှေ့တွင်ကံ့ကော်ပင်တန်းတခုရှိသည်။ပွင့်ချိန်တွင်လွန်စွာမွှေးလှသောကံ့ကော်ပင် တို့၏အရွက်စိမ်းစိမ်းများသည်လဲခုတော့ကြေကွဲနေသယောင် အကြည့်ကိုမြင်နေရသလို။ ဟား……………. ဟု တချက်ညီးလိုက်ရင်း သူငယ်ချင်းများရေးခဲ့ပေးသော အော်တိုစာအုပ်လေးကိုဖတ်မိသည်။ မရှိအတူရှိအတူနှင့်နေလာခဲ့ရသောချစ်သူငယ်ချင်းများ။ ငါးပိကြော်ပုလင်းငှါးသည်ဟုပြောကာယူသွားပြီးဘယ်တော့မှပြန်မတွေ့ရအောင်အစွမ်းထက်သော “ပျောက်စေဆရာသူငယ်ချင်း”။ ရေချိုးရာနေရာရေကန်သို့ဘာတခုမှမပါဘဲလာပြီး သူများဆပ်ပြာ၊ရေလဲပုဆိုး၊မျက်နှာသုပ်ပုဝါတို့ကိုယူသုံးပြီး ရေချိုးသွားတတ်သော”လှေထိုးသားသူငယ်ချင်း” လေးထပ်မှရှူးရှူးပေါက်ချခြင်းကို ဝါးချမ်းမှာ ဝိုင်ယာကြိုးကိုချည်၊တစကို ပလပ်ပေါက်မှာထိုး ၊ကျလာသော “ရှူးရှူးအတန်း”ကိုယင်းဓာတ်ရှိနေသောဝိုင်ယာနှင့် ဝါးချမ်းပြားသုံးပြီး လိုက်တို့ ကာ အကျင့်မကောင်းသောကော်ရစ်ဒါမှရှူးရှူးသမားကိုဆုံးမတတ်သော”အသုံးချလျှပ်စစ်သုတေသနသူငယ်ချင်း” အားလုံးနေရပ်ပြန်နှုတ်ဆက်ထွက်ခွါသွားကြပြီ။ […]


thit minNovember 1, 20111min19916
ကျနော်ပုံပြောပြပါရစေဗျာ။ အဲ တခုတော့ရှိတယ်ဗျ (တယောက်တဝက်စားမယ်လို့လာမနောက်နဲ့နော် ဒီမှာအတည်ပြောမလို့)။ မျက်လှဲ့မပြခင်ဆေးရောင်းသလို ဆေးနဲနဲရောင်း (အဲလေ) နဲနဲရွှီးအုန်းမယ်ဗျာ။ ကျနော် ဗီလိန်ဆိုတဲ့ ပို့စ်တင်တော့ လူတော်တော်များများဟာဗီလိန်ဗီဇစိတ်မပါဘူးဆိုတာ ခံစားသိရှိရတယ်ဗျာ။ဝမ်းသာမိတယ်။အဲဒီစိတ်တွေရှိတာ။ နောက်ဝမ်းနဲမိတယ်။လောက(အထူးသဖြင့်ကျနော်တို့ရဲ့မြန်မာပြည်ကြီး)မှာအများကြီးရှိနေလို့။ ဂေဇတ်အသိုင်းအဝိုင်းကလူတွေလိုများစိတ်သဘောထား၊မြင့်မြတ်ကောင်းမွန်ကြရင်ကျနော်တို့ခင်ဗျားတို့ အရမ်းပျော်ဘို့ကောင်းသွားမှာဘဲဗျာ။ ကျနော့ရဲ့ ပို့စ်မှာ ကော်မန့်ပေးခဲ့သူများကိုကျေးဇူးအထူးတင်ရှိပါတယ်။ အထူးဖော်ပြလိုတာက အကောင်းဆုံးကော်မန့်ပေးခဲ့တဲ့ ကိုနေးချားနဲ့ မရွှေအိ ကိုအထူးဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။ ကိုနေးချားက သည်သို့ဆိုပါတယ်…………….မင်းသားဇာတ်ကမလား ဗီလိန်ဇာတ်ကမလား ကိုယ်ကြိုက်တာရွေးလို့ရပါတယ်။ မင်းသားဇာတ်ကမယ်ဆိုရင်တော့ ခက်ခဲမှုရှိနိုင်ပါတယ်။ မင်းသားဇာတ် ကမယ်ဆိုရင်တော့ သစ္စာတွေ မေတ္တာတွေ ကိုယ်ချင်းစာတရားတွေကို သိရှိ ယုံကြည်ပြီး လိုက်နာဖို့လိုပါမယ်။ ဗီလိန်ဇာတ် ကမယ်ဆိုရင်တော့ ဘာမှမလိုပါဘူး။ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရုံပါပဲ။အင်မတန်လွယ်ပါတယ်………………တဲ့။ မရွှေအိကတော့ သည်လိုပါခင်ဗျ…………… သူတပါးအကျိုးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တတ်သူကိုတော့ ဗီလိန် (main […]


thit minOctober 30, 20111min27726
လောကဓံတရားဆိုတာ အများသိပြီးသားပါဘဲဗျာ။ နဲနဲဆွေးနွေးကြည့်ချင်လို့ပါ။ အဲဒီလောကဓံဆိုတဲ့ စကားကိုစဉ်းစားမိတယ်။ ပါဠိလိုတော့မရေးတော့ဘူးနော်။မြန်မာလိုဘဲ ပြောရအောင်ပါ။ ၁.အခြွေအရံ/အပေါင်းအသင်း ရှိခြင်း(များခြင်း)၊ ၂.အခြွေအရံ/အပေါင်းအသင်း မရှိခြင်း(နဲခြင်း)၊ ၃.လာဘ်လာဘ(ငွေ၊အခွင့်အရေး၊အောင်မြင်ကျော်ကြားမှု စသဖြင့်)ရရှိခြင်း၊ ၄.လာဘ်လာဘ မရရှိခြင်း၊ ၅.ကဲ့ရဲ့ခံရခြင်း၊ ၆.ချီးမွမ်းခံရခြင်း၊ ၇.ချမ်းသာခြင်း၊ ၈.ဆင်းရဲခြင်း၊ ဘာသွားတွေ့လဲဆိုတော့ လူအချင်းချင်း တိုက်ရိုက်ကြီးပတ်သက်နေတဲ့အချက် တွေအများကြီးပါလားလို့စဉ်းစားမိတယ်။ ဒါဆိုရင်လောကဓံဖြစ်ရတဲ့အကြောင်းတရားတွေက (၁)ကိုယ် “လိုချင်တာ၊ရချင်တာ”အပေါ် ပြန်ပြီးတုန့် ပြန်ရတတ်တဲ့ (၂)ကိုယ့်ကြောင့်ဖြစ်ရတဲ့လူလုပ်ကပ်ဆိုးမျိုးလား၊ (၃)ကိုယ့်ပတ်ဝန်းကျင်ကဖန်တီးတဲ့(ကိုယ်လိုချင်သည်မလိုချင်သည်နဲ့မဆိုင်သော) လူလုပ်ကပ်ဆိုးမျိုးလား ဆက်တွေးမိသွားတယ်။ အဲဒီတော့ အဲဒီလောကဓံထဲကမကောင်းထဲ လေးပါး ကို လူလုပ်ကပ်ဆိုး (Man-made disaster)လို့ခနပြောင်းခေါ်မယ်ဗျာ။ ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊ ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊ ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။ လူတွေနဲ့အများကြီးတိုက်ရိုက်ပတ်သက်တာတွေတော်တောများပါတယ်၊အတွေးနယ်ချဲ့ကြည့်ပါ။ (၁)ကိုယ်လိုချင်တာရချင်တာ ဆိုတာကိုဆက်စဉ်းစားတော့ ငယ်ငယ်ကလေးဘဝတုန်းကရုပ်ရှင်ကြည့်ပြီးပြန် လာသလိုမျိုးလားလို့တွေးမိတယ်။ စူပါမန်းကြည့်ပြီးပြန်လာရင်စူပါမန်းလိုမိုးပေါ်မှာပျံချင်တယ်။ ဂျက်ကီချန်းကားကြည့်ပြီးရင်တော့သူ့လိုဖိုက်တတ်ချင်သွားရော။ ချမ်းသာကြွယ်ဝမှုတွေပါတဲ့ရုပ်ရှင်မျိုးကျတော့ကိုယ်လဲအရမ်းချမ်းသာချင်ပြန်ရော ဆိုတာမျိုးလိုပေါ့နော်။ […]


thit minOctober 24, 20111min16520
ဝန်ခံချက်။  ။ (Uncle fatty) လေးလေးဖက် စာကိုဖတ်မိရင်းမှ ရေးဖွဲ့မိပါသည်။ အမေ ညညအမေချောင်းခဏခဏဆိုးမိလို့ဒါမှမဟုတ်အိပ်မပျော်တိုင်းထထိုင်နေမိလို့ သားအိပ်ရေးပျက်မှာပူနေသလားအမေ။ ~~သားငယ်ငယ်ကအသံဗြဲကြီးနဲ့အော်အော်ငိုလို့ အမေအိပ်ပျက်ရခဲ့တာတွေကပိုများမှာပါအမေရယ်။ အမေ အစာစားတိုင်းပါးစပ်ကမသိမ်းနိုင်တော့လို့အမေတစုံတရာကိုစိုးရိမ်နေလားအမေ။ ~~သားငယ်ငယ်ကအစာစားတိုင်းပါးစပ်တွေပေကျံနေတာကိုချော့မော့ပြီး ယုယုယယအမေသုတ်ပေးခဲ့ပုံမျိုး အခုသားပြန်လုပ်ပေးမှာပေါ့။ အမေ လမ်းရှောက်ရင်ဟိုယိုင်ဒီယိုင်ဒူးမခိုင်တော့ပေမဲ့ ဟိုသွားဒီသွား သွားချင်နေတယ်မဟုတ်လားအမေ။ ~~သားမတ်တပ်ရပ်တတ်ခါစအမေလက်ကိုအားကိုးတကြီးဆွဲခဲ့တဲ့ဒီလက်တွေနဲ့ အခုသားအမေကိုပြန်တွဲမှာပေါ့အမေရယ်။ အမေ ဘာမှတနေကုန်မလုပ်ဘဲအိပ်လိုက်၊စားလိုက်၊ဘုရားရှိခိုးလိုက်၊ပုတီးစိတ်၊တရားထိုင်လိုက်လုပ်နေရလို့ သားကိုအားမနာနဲ့အမေ။ ~~သားငယ်ငယ်ကလဲဆော့လိုက်၊စားလိုက်၊အိပ်လိုက်လုပ်နေခဲ့တာတောင် အိပ်ရာနိုးရင်အမေက ကောင်းနိုးရာရာမုန့်လေးတွေကြင်ကြင်နာနာကျွေးနေကျမဟုတ်လား။ အခုလဲအမေဘယ်လိုဘဲနေနေအမေ့ကိုဆီဥထောပတ် အမေစားချင်ရာကျွေးဘို့အသင့်ပေါ့အမေရဲ့။ အမေ သားပြောတာအမေကောင်းကောင်း မကြားရင်လဲ နောက်တခါထပ်ပြောမှာပါ။အမေရဲ့ သွားတွေမစုံတော့တဲ့ အမေပါးစပ်ကပြောလာတဲ့မပီတဲ့စကားတွေကိုလဲ သားနားလည်နိုင်စွမ်းရှိပါတယ်အမေ။ ~~သားငယ်ငယ်ကတခုခုမေးရင် ခဏခဏစိတ်ရှည်လက်ရှည် အမေပြောပြပေးခဲ့တယ်လေ။မပီကလာ၊ ပီကလာသားရဲ့စကားသံလေးတွေကိုအမေပြုံးပြီးနားထောင်ပေးခဲ့တယ်မဟုတ်လားအမေ။ အမေ အမေစိတ်အလိုမကျလို့မြည်တွန်တောက်တီးတာ ရှိခဲ့ရင်လဲ ရတယ်နော်အမေ။ ~~အမေ့သားဂျီကျလို့အမေအလိုလိုက်ရတာတွေ သားမှတ်မိတာပေါ့အမေရယ်။ အမေ နောက်ဖေးနောက်ဖီကိစ္စတွေအားနာနေလို့လားအမေ။ ချောင်းဆိုးလို့ထွက်လာတဲ့ ချွဲ့သလိပ်တွေရဲ့ထွေးခံ ကိုသားမကိုင်နဲ့ရွံစရာလို့မပြောပါနဲ့အမေ။ ~~သားငယ်ငယ်ကအမေထမင်းစားနေတုန်း နောက်ဖေးသွားခဲ့တာ အမေ […]


thit minOctober 23, 20111min32040
ကျနော်ရေးခဲ့တဲ့ Midlife Crisis ကိုအကြံပေးကြည့်ခြင်းထဲမှာနောက်မှရေးမယ်လို့စိတ်ကူးပြီး(Bracket) နဲနဲ တို့ ထားတာတွေ့ပါလိမ့်မယ်။ ဘဝရဲ့ အခြေခံလိုအပ်ချက်ပြည့်စုံပြီးသားလူတွေရဲ့ စိတ်အကြပ်အတည်းပါ။ မသိမသာ အထီးကျန် ဆန်လာပြီး ပန်းလေးတွေနဲ့၊ Pet လေးတွေနဲ့စကားပြောတယ်ဆိုတာလေ။ လူဆိုတာတယောက်စီမနေနိုင်တဲ့ သတ္တဝါတွေဘဲလို့ဆိုစမှတ်ရှိခဲ့တယ် ဆိုတဲ့ သီချင်းစာသားလိုပေါ့။ စိတ်မညစ်ဘူးတဲ့သူ၊ ပြဿနာ တစုံတရာမရှိဘူးတဲ့သူဆိုတာလောကမှာမရှိပါဘူး။ မှီစရာပခုံးတခု၊ ရင်ဖွင့်စရာနားတစုံ၊ နားလည်ပေးမဲ့ နှလုံးသားတခု မရှိရင် ထွက်ပေါက်မရှိတော့တဲ့ လူစိတ်ကဘာ မှ မယ်မယ်ရရ မရှိဘဲနဲ့ကိုညစ်နေတတ်ပါတယ်။ အိမ်ထောင်ပြုသင့်တယ်လို့ တော့မဟုတ်ပါဘူး။ အဖော်ကောင်းတယောက်တော့လိုတာအမှန်ပါဘဲ။ သူငယ်ချင်းလဲအဆင်ပြေတာပါဘဲ။ ကိုယ့်ညီအကိုမောင်နှမအရင်းကတိုးတိုးဖော်ဖြစ်ရင်ပိုတောင်ကောင်းပါသေးတယ်။ အဲ…အဓိကအချက်ကတော့ကိုယ့်ကိုနှစ်သက်လိုလားသူဖြစ်မှ အတတ်နိုင်ဆုံးအယူအဆအတွေးအခေါ်များလဲ နီးစပ်မှအဆင်ပြေပြေ ရင်ဖွင့်လို့”အန်”လို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက အဲဒီလူကကိုယ့်ကို ဘယ်လောက်အတိုင်းအထိအချိန်ပေးမှာလဲ ဆိုတာပါဘဲ။ သူ့မှာလဲသူ့ကိစ္စ၊သူ့အရေးအရာရှိမှာပေါ့နော်။ နောက်တခု သူနဲ့ကိုယ်ရဲ့ကြားမှာ ဘယ်လောက်အထိ အတွင်းကျကျပတ်သက်လို့ရလဲပေါ့ဗျာ။ ပြောရရင်ဗျာ. ကိုယ်နေမကောင်းရင်..အိမ်သာကိစ္စလိုဟာမျိုး…..ရှင်းပေးလုပ်ပေးနိုင်မလားဆိုတာအထိပေါ့နော်။ ကိုယ့်ကိုတကယ်ချစ်ခင်မြတ်နိုးသူနဲ့အိမ်ထောင်ပြုလိုက်နိုင်ရင်ဒီဟာတွေ(Hopefully)ဖြစ်လာနိုင်စရာ ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။ […]