သူရႆဝါJune 28, 20121min1015
ဤသို့ဤပုံ ကြော်ငြာကြလေကုန် – သူရဿဝါ – မောင်ဝါဝါတို့ နေ့စဉ် မနက်မှ ညအထိ အချိန်ပြည့် ဧည့်စာရင်း မတိုင်ဘဲ နေထိုင်လျှက် ရှိကြသော ဖေ့စ်ဘုတ်ကြီး အတွင်းတွင် စိတ်ဝင်စား စရာများ ပြည့်နှက် နေသည်။ လယ်သမား ဘဝဖြင့် လယ်ထွန်ခြင်း၊ စားသောက်ဆိုင်တွင် စားပွဲထိုး လုပ်ခြင်း၊ လေဆိပ်တွင် ဝန်ထမ်း လုပ်ခြင်း စသော အမျိုးမျိုး အစုံစုံ ဂိမ်းတွေကို ဆော့မလား။ ဒါမှမဟုတ် အလှပုံ၊ အဝပုံ၊ လျှပ်တစ်ပြက်ပုံ၊ ရှိသမျှ လက်များ အငြိမ် မထားဘဲ ဟိုထောင် ဒီထောင် လုပ်၍ ရိုက်သောပုံ၊ နှုတ်ခမ်းစူ ပါးဖောင်း မျက်လုံးစောင်း၍ ရိုက်သောပုံ စသည့် ပုံစံမျိုးစုံ ရိုက်ကူး ထားသော ဓါတ်ပုံတွေပဲ […]


သူရႆဝါJune 22, 20121min1472
ရသေ့စိတ်ဖြေ၍ အကောင်းမြင်ဝါဒဖြင့် ကြည့်လေသော် – သူရဿဝါ – ပြောနေ ဆိုနေကျ အတိုင်းပင် ခေတ်သည်ကား .. ဟူ၍ အစပြု ပါမည်။ ခေတ်သည်ကား လူမှု အခြေပြု ခေတ်မှသည် နည်းပညာ အခြေပြု ခေတ်ဆီသို့ ရွေ့လျား သွားခဲ့ပြီ။ အိုင်တီ – သတင်း အချက် အလက်နှင့် နည်းပညာ ခေတ်၊ အိုင်စီတီ – သတင်း အချက် အလက် နည်းပညာနှင့် ဆက်သွယ်ရေးခေတ်။ အီလက် ထရွန်းနစ် ကလည်း ဒီခေတ်မှာ ချန်ထား ခဲ့လို့ မရ။ အီးဘွတ်ခ်၊ အီးအက်ကျူကေးရှင်း၊ အီးလိုင်ဘရီ၊ အီးဂါးဗားမန့်၊ အီးဘန့်ခ်ကင်း စသည်ဖြင့် အီးအခြေပြု လုပ်ငန်းတွေလည်း ထွန်းကား တိုးတက်ရန် ကြံစည် […]


သူရႆဝါJune 20, 20121min845
ခရီးသွားဟန်လွဲ – သူရဿဝါ – (၁) မချစ်ဘူးလားဆိုတော့လည်း ကိုယ်က လေတိုက်တိုင်းလှုပ်ခတ်တဲ့ သစ်ရွက်အရွယ် မဟုတ်တော့တာကလွဲလို့ … (၂) ညီမလေး အဆာပြေစားပြီး လွှင့်ပစ်လိုက်တဲ့ ချောကလက်မုန့်ထုပ်အခွံလေးဟာ ကိုယ် ဖြစ်နေ ။ (၃) မိန်းကလေးတစ်ယောက်ကြောင့် ပူပန်ရတာချင်းတော့အတူတူပဲ ဒါပေမယ့် ကိုယ်က ကြည်သာမောင်ကိုလည်းသနားတယ် အောင်ဖြိုးဝေကိုလည်းသနားတယ် (၄) ကိုယ်နစ်နေတဲ့ရေက တိမ်တိမ်လေး ဒါပေမယ့် အောက်စီဂျင်တစ်စက်မှပါမလာတဲ့ အခြေအနေ (၅) ခုတ်လိုက်တာလည်း ဒီနေရာပဲ ရှသွားတာလည်း ဒီနေရာပဲ ထိခိုက်ရလွန်းတော့ ဆံပင်ရော စိတ်ရော မဖြီးနိုင်မသင်နိုင် ကိုယ့်မှာ ဖရိုဖရဲနဲ့ (၆) ကိုယ် နာနာကျင်ကျင်လဲကျရတိုင်း အပျင်းပြေညနေပဲလို့ ညီမလေးက ရယ်မောလေ့ရှိတယ် အဆုံးမှာ ဘယ်သူက ဘယ်လိုကွဲကြေသွားမလဲ (၇) စိုက်ပျိုးရမလား ရိတ်သိမ်းရမလား […]


သူရႆဝါJune 19, 20121min843
လှုပ်တုပ် လှုပ်တုပ် ဟုတ်၍နေကြသည်ဖြစ်လေချေ၏ – သူရဿဝါ – ဒီနေ့ မောင်ဝါဝါ ကြွေးဟောင်းချေပြီး ကြွေးသစ်ချသော နေ့ဖြစ်လေသည်။ မောင်ဝါဝါ တစ်ယောက် မြို့ပတ်ပြီး အကြွေး တွေဆပ်၊ အကြွေးတွေ လည်တောင်း နေခြင်း မဟုတ်ပါ။ ဆိုလိုတာက ယခင် တစ်ပတ်က ရေးထားသော စာမူခ များကို ဂျာနယ်တိုက် တကာတွင် လိုက်ထုတ်ပြီး နောက်တစ်ပတ်စာ ဂျာနယ်များ အတွက် ရေးထားသော စာမူများ လိုက်ပို့ ပေးနေခြင်းကို ပြောချင်တာ။ ဒီလို နေ့မျိုးဆို လွယ်အိတ်ကို မလွယ်မဖြစ် လွယ်ရသည်။ တိုက်များမှ လက်ဆောင် ရသော ဂျာနယ်များ ထည့်ရန် ဖြစ်သည်။ လွယ်အိတ် မပါတဲ့ နေ့များ ဆိုလျှင် မောင်ဝါဝါမှာ လက်ထဲ ဂျာနယ်များ […]


သူရႆဝါJune 18, 20121min16911
ညီမလေးရီတာကတော့ ရယ်နေမှာ – သူရဿဝါ – ကိစ္စအထွေအထူးမှမရှိတာ .. ကြယ်တွေကိုငေးနေပေါ့ ညီမလေးရီတာကပြောတယ် တယ်လီဖုန်းအဆက်အသွယ် အဖြတ်အတောက် အပိတ်အဆို့ မိုဘိုင်းလ်စာပို့စနစ်ဟာ ရူးနေပြီ ကိုယ်ဒီနေ့မပျော်ဘူး ညီမလေးရီတာ ပို့လိုက်တယ် ကိုယ့်ဆီပြန်ရောက်လာတယ် ပေါ့ပေါ့ပါးပါးပဲ ညီမလေးရီတာ ရယ်နေမှာ ကိုယ့်ကြေကွဲမှုဟာပင့်ကူမျှင်တွေလို လွယ်လွယ်ကူကူ ပြတ်ကျသွားမှာ ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင် Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ ကိုယ်က ကိုယ့်လက်မောင်းသွေးကိုယ် ပြန်ဖောက်ထုတ်ပြီး တဆစ်ဆစ်နာကျင်နေတဲ့ လိမ္မော်ရောင်အစိုင်အခဲ အထီးကျန်အစိုင်အခဲဟာ ဝတ်ကျေတန်းကျေစနေနေ့ထဲမှာ ကိုယ် စိတ်ပျက်လက်ပျက်အိပ်နေလိုက်တယ် ကိုယ် ဘာမှမမြင်ရဘဲလျှောက်သွားနေတယ် ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ် ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး ကြုံရင်ပြောတာပေါ့ ကိုယ် […]


သူရႆဝါJune 14, 20121min864
စွယ်စုံမင်းသား မောင်ဝါဝါဖြစ်လေ၏ – သူရဿဝါ – မောင်ဝါဝါ သည်ကား ငယ်စဉ် ကလေး ဘဝ ကတည်းကပင် ရုပ်ရှင် ဇာတ်လမ်းများ ကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ရာ မိမိ ကြည့်လေ့ ကြည့်ထ ရှိသော ရုပ်ရှင် ဗီဒီယို ဇာတ်ကား များထဲမှ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် များအား အလွန် အားကျ နှစ်သက် ခဲ့သည် ဖြစ်ရာ “ငါကြီးလာရင် ရုပ်ရှင် သရုပ်ဆောင် လုပ်မယ်” ဟူ၍ ထိုစဉ် ကပင် ဆုံးဖြတ် တွေးတော ထားခဲ့ပြီး ဖြစ်လေသည်။ အသက်အရွယ် အနည်းငယ် ရလာသော အခါတွင်လည်း ထိုသို့ ရုပ်ရှင် သရုပ်ဆောင် မင်းသား ဖြစ်ချင်စိတ်မှာ ကုန်မသွားပဲ ပို၍ […]


သူရႆဝါJune 11, 20121min1096
လူမှုကိစ္စအဝဝ ဆိုရာဝယ် … – သူရဿဝါ – (၁) ခေတ်က မြန်တယ်လေ … သိတယ် မဟုတ်လား။ IT ကနေ ICT ပြောင်းသွားပြီ။ သတင်း အချက်အလက်နဲ့ နည်းပညာ မဟုတ်တော့ဘူး။ သတင်း အချက်အလက်၊ ဆက်သွယ်ရေးနဲ့ နည်းပညာခေတ် ဖြစ်နေပြီ ခင်ဗျ။ အရင်က မောင်ဝါဝါတို့မှာ တစ်ဘဝပဲရှိခဲ့တာ …။ အခုတော့ နှစ်ဘဝ ဖြစ်နေကြပြီ။ မောင်ဝါဝါ တို့မှာ ပင်ကိုယ် မူလ အပြင်ဘဝ ရှိသလို အွန်လိုင်း ဆိုတဲ့ ဖန်ကြိုးမျှင် ဆက်သွယ်ရေး လေလှိုင်း တွေထဲမှာလည်း မောင်ဝါဝါ တို့ရဲ့ ဒုတိယ ဘဝတွေ ရှိကြတယ် မဟုတ်လား။ မောင်ဝါဝါတို့မှာ တစ်နေ့ .. တစ်နေ့ […]


သူရႆဝါJune 7, 20121min722
(၁) မောင်ဝါဝါတို့၏ ဦးထိပ်တင်ထား သဗ္ဗေညုတ ရှင်တော်မြတ် ဘုရားသည် လူသူ သတ္တဝါ အပေါင်းအား ကယ်တင် ချေချွတ်ရန် အတွက် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်း တိတိ ပါရမီ ဖြည့်ကျင့်တော်မူ ခဲ့ရလေ၏ဟု စာပေကျမ်းဂန် တို့တွင် ဖတ်ရှု ဖတ်သား ခဲ့ရဖူးသည် ဖြစ်ပေ၏။ ၃၁ ဘုံသား လူသူသတ္တဝါ နတ်ဗြဟ္မာ အပေါင်းတို့အား မေတ္တာတော် စွမ်းအား ကြီးမားစွာ ထားတော် မူနိုင်လွန်းသည့် ဘုရားရှင်အား လေးစား မြတ်နိုး လက်စုံမိုးသည့် မောင်ဝါဝါမှာ ၎င်းပါရမီများ အထဲမှ သည်းခံခြင်း တည်းဟူသော ခန္တီ ပါရမီနှင့် လျစ်လျူရှုခြင်း တည်းဟူသော ဥပေက္ခာ ပါရမီ တို့ကို များစွာ နှစ်ခြိုက် သဘောကျ မိလေသည်သာ ဖြစ်လေ၏။ […]


သူရႆဝါJune 1, 20122min1407
နည်းပညာများ တိုးတက်နေသည်။ ထို့အတူ နည်းပညာ များနောက် တကောက်ကောက် လိုက်ရရှာသော လူများလည်း တိုးတက် နေသည်မှာ အထင်အရှား။ အထူးသဖြင့်တော့ ကျွန်တော်တို့ မြန်မာတွေ။ ကျွန်တော်တို့ မြန်မာများ ဖြတ်ထိုးဉာဏ် ကောင်းသည်၊ ဖြစ်သလို လုပ်တတ်သည် ဆိုတာကို ကမ္ဘာသိ ဖြစ်၏။ အခု ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် သုံးကြသော ဇော်ဂျီကြီး ပေါ်မလာ ခင်တုန်းက တစ်ယောက်နှင့် တစ်ယောက် Chatting လုပ်ချင်လျှင် အင်္ဂလိပ်လို ပြောရင်ပြော၊ မဟုတ်လျှင် မြန်မာ အသံထွက်ကို အင်္ဂလိပ်လို ဖြစ်အောင် ပေါင်းပြီးပြော။ ဥပမာ – နေကောင်းလား ဆိုလျှင် Nay Kaung Lar ပေါ့။ အဲဒါကို ကျွန်တော်တို့ အလွယ်တကူ စွဲစွဲမြဲမြဲ ကျင့်သုံး […]


သူရႆဝါMay 30, 20121min915
(၁) တစ်နေ့သော် မောင်ဝါဝါ တစ်ယောက် အလုပ်အကိုင် ရှင်းလင်း ခပ်ပျင်းပျင်း ရှိလှသည်နှင့် ကော်နက်ရှင် ချောက်ချက် အင်တာနက် ခေါ်ဆို ဒုတိယ ဘဝပေါ်တွင် လည်ပတ်ဖွေရှာ ကပျာကသီ ဂျလေဘီ လုပ်လျှက်သား ရှိသည်တွင် ထူးဆန်း အံ့ဩ ဖွယ်ရာ သတင်းတစ်ပုဒ် ထုတ်နှုတ် ဖတ်ရှုရလေသည် ဖြစ်သောဟူ၏။ ၎င်းသတင်းကို သေချာစေ့ငု ဖတ်ရှုကြည့်သည် ရှိသော် … “ယနေ့ခေတ် အခါသည်ကား ကမ္ဘာတစ်လွှား လူအများတို့ ထူးထွေဆန်းပြား စိတ်ကစား၍ ပြိုင်ပွဲပေါင်းစုံ အဖုံဖုံကို ပေါက်ပေါက်ရှာရှာ ကျင်းပလာသည် ဖြစ်ရာ ယခု ကျင်းပမည့် ပြိုင်ပွဲ သည်လည်း ၎င်းတို့အထဲမှ တစ်ခုပင် ဖြစ်သည့် ထူးဆန်းဖွယ်ရာ ပြိုင်ပွဲမဟာကြီး တစ်ခုပင် ဖြစ်လေသည်။ အဘယ် ပြိုင်ပွဲနည်း […]


သူရႆဝါMay 23, 20121min1117
ဤပြိုင်ပွဲကြီး အစပြုပုံ အစုံစုံမှာ ဖော်ပြ လတ္တံ့သော အကြောင်းအမှုတို့ ပေါင်းစုကာ ပေါ်ပေါက် လာရခြင်းပင် ဖြစ်တော့သည်။ တစ်ခုသော တစ်ခုသော နေပူ ခြင်ကိုက် ပူအိုက် ချွေးထွက် မီးပျက်သော အခါ သမယတွင် နာမည်ကျော် အနုပညာရှင် အတတ်ပညာရှင် စာပေ ပညာရှင် စသည့် အနုပညာ နယ်ပယ် အသီးသီးမှ ဩဇာ တိက္ကမ ကြီးမားလှသော ပညာရှင် အသီးသီး စုစည်း၍ တိုင်ပင် ဆွေးနွေး နှီးနှော ဖလှယ် ကြရာမှ ယခု ရေးသား စီရင် အပ်သော အလွန် အင်မတန် အကြိတ်အနယ် ရှိလှသည့် အနုပညာ စွမ်းပကား ပြိုင်ပွဲကြီး စတင် ကျင်းပရန် အကြံရ ခဲ့ခြင်းပင် ဖြစ်လေ၏။ […]


သူရႆဝါMay 4, 20121min832
(၁) လွန်ခဲ့သည့် တစ်လ နှစ်လ တုန်းက မောင်ဝါဝါ Net Guide မှာ “သူရဿဝါနှင့် ခေတ်၏ သမီးပျိုများ” ဆောင်းပါး ရေးခဲ့သည်။ အဲဒါကို ဖတ်မိကြသည့် အွန်လိုင်းမှ စာဖတ် ပရိသတ် အတော်များများက မောင်ဝါဝါကို ပြောသည်။ ခေတ်၏ သားပျိုများ အကြောင်းလည်း ဆက်ရေးပါ ဟူ၏။ အထူးသဖြင့်တော့ မိန်းကလေး စာဖတ် ပရိသတ် တွေပေါ့။ “များတို့ အကြောင်း ကျတော့ အကျီ င်္တို၊ စကပ်တို ဝတ်တာ တွေရော၊ ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် လုပ်တာ တွေရော၊ စကားကို မပီကလာ ပီကလာ လုပ်ပြော တာတွေရော အကုန်လုံး လျှောက်ဖော် ပြီးတော့ ခေတ်၏ သမီးပျိုများ […]


သူရႆဝါApril 9, 20121min5032
(၁) မနေ့ညက ညဉ့်နက်မှ အိပ်ယာဝင် ခဲ့သော်လည်း ဒီမနက် အစောကြီး ပြန်နိုး၍ လာခဲ့သည်။ သူ့အကျင့်က ဒီလိုပါပဲ။ လုပ်လက်စ အလုပ်တာဝန် တစ်ခု မပြီးပြတ် သေးလျှင် ဘယ်တော့မှ အခြားအရာများ အပေါ်တွင် စိတ်အာရုံ လွှဲမထားတတ်။ ထို လုပ်လက်စ အလုပ်ကိုပဲ အမြန်ဆုံး ပြီးစီးအောင် လုပ်ဖို့ဆိုသည့်စိတ်က သူ့ကို အချိန်ပြည့် စိုးမိုး နေတတ်သည်။ သူ ဝတ္ထုတစ်ပုဒ် ရေးနေခြင်း ဖြစ်၏။ မနေ့ညက လူခြေတိတ်သည့် ဆယ်နာရီလောက် မှစပြီး သူ စာရေးခြင်း အလုပ်ထဲ ဈ ာန်ဝင်စား နေခဲ့သည်။ စာရေးနည်း ပရိယာယ်ကို အတော်အတန် ကျွမ်းကျင်သူ ဖြစ်သည့်အတွက် ဝတ္ထုကို အစပျိုးပြီး ရေးသားရခြင်းမှာ သူ့အတွက် အခက်အခဲ […]