thura.ng2September 25, 20101min841
ယှဉ်ရဲပါ့မလား အခန်း ၁ ၁၉၈ဝပြည့်လွန်နှစ်တစ်နှစ်၏ တစ်ခုသောဆောင်းဦးကာလ။ အင်းလျားကန်ဘောင်ရိုးပေါ်တွင် ဆေးကျောင်းသားကလေး မောင် က နှင့် မောင် ခ တို့ ရောက်နေကြသည်။ ချိန်းဆိုထားသည်လည်းမဟုတ်။ ထူးခြားသောအကြောင်းကိစ္စလည်းမရှိ။ သည်လိုပဲ အမှတ်တမဲ့ရောက်လာကြခြင်းဖြစ်သည်။ စကားတွေ ဟိုရောက်သည်ရောက်ပြောဖြစ်ကြသည်။ တကယ်တော့ မောင် က နှင့် မောင် ခ တို့မှာ အလွန်ရင်းနှီးသောသူငယ်ချင်းများ ဟုတ်သည်ဟုလည်းပြော၍ မရ။ မဟုတ်ဘူးဟူ၍လည်း မပြောနိုင်။ မောင် က မှာ လူလတ်တန်းစားမိဘများမှ ပေါက်ဖွားလာသည့် အားလျော်စွာ ဆေးတက္ကသိုလ် စရိတ်ကို ပညာထူးချွန်စရိတ်ကလေးအားကိုး၍ တက်နေရသူဖြစ်သည်။ တစ်တန်းတည်းသား ပညာတတ်လူကုံထံ သားသမီး အသိုင်းအဝိုင်းတွင်လည်း မဝင်ဆံ့။ မောင် ခ ကတော့ ဆရာဝန်ကြီးတစ်ဦး၏သား ဘိုးဘွားစဉ်ဆက် ကတည်းက ချမ်းသာလာခဲ့ပြီး ပညာရော […]


thura.ng2September 25, 20101min6910
လမင်းလေးတဲ့ ကျွန်တော့ အမည်ကို ဘာလို့ ဒီလိုပေးလည်းလို့ မေမေ့ကို မေးတဲ့ အခါတိုင်း မေမေကပြောတယ် x သားလေးက ချစ်စရာကောင်းတယ် မြင်သူတိုင်းလည်း သားလေးကို ချစ်တယ် x အနေလည်းအေးတယ် လုံးဝမဆိုးဘူး x ဒါကြောင့် သားကိုလမင်းလေးလို့ အမည်ပေးတာပေါ့တဲ့ x ကျွန်တော် အရမ်းကျေနပ်ခဲ့တယ် လမင်းလေးဆိုတဲ့ အမည်လေးကိုပေါ့ ချစ်စရာလည်းကောင်းတယ် အေးလည်းအေးမြတယ် x ဒါပေမဲ့ အခုတော့ ကျွန်တော် မုန်းလိုက်ချင်တယ် x ဒီလမင်းလေးဆိုတဲ့ အမည်ကိုပြောင်းပြစ်လိုက်ချင်ပြီ ဘာလို့လဲ ဆိုတော့ ကျွန်တော့ ဘဝက လူတွေကို ပေးနိုင်ဖို့ ကိုယ်ပိုင်အလင်းရောင် မရှိတဲ့ အပြင် ငြိမ်းချမ်းမှုဆိုတာလည်း ရှာတွေ့လို့မရအောင် ခါးသီးလွန်းလို့ပါဗျာ ကျွန်တော့်မှာ မိသားစု (ရ ) ယောက်ရှိပါတယ် x […]


thura.ng2September 24, 20101min500
တစ်ခါတုန်းက University တစ်ခုမှာ professorတစ်ယောက်ရှိပါသတဲ့။ သူကအသင်အပြကောင်းလို့ သူသင်တဲ့ဘာသာရပ်ကို ကျောင်းသားအားလုံးလိုက်နိုင်ကြသတဲ့။ဒီလိုနဲ့ နှစ်ဆုံးကိုရောက်တဲ့အခါ စာမေးပွဲဖြေရတယ်။ ထူးထူးခြားခြားလုပ်ရပ်တစ်ခုကို အဲဒီprofessor ကလုပ်ခဲ့ပါသတဲ့။ စာမေးပွဲခန်းထဲကို ကျောင်းသားတွေနေရာယူပြီးမှာပဲ ဆရာကစကားတစ်ခွန်းပြောပါတယ်။ တပည့်တို့ဟာ ဆရာသင်တဲ့ဘာသာရပ်ကို တစ်နှစ်ပတ်လုံးကြိုးစားခဲ့တာကို ဆရာအသိပါ။ မင်းတို့အားလုံးဒီပညာကို ကျွမ်းကျင်နေပြီဆိုတာ လည်းသိပါတယ်။ ဒီတော့ စာမေးပွဲမဖြေရင်တောင်မှ (ခ)အဆင့်နဲ့အောင်မှာပါ။ ဒီတော့ မဖြေချင်တဲ့သူတွေထွက်နိုင်ပါတယ်။ (ခ)အဆင့်နဲ့တကယ်အအောင်ပေးမှာပါ။ ဆရာ့စကားအဆုံးမှာပဲကျောင်းသားအများစုက လွတ်လပ်ပေါ့ပါးသွားဟန်နဲ့ထွက်သွားကြပါတယ်။ ဒီလိုနဲ့ထွက်သွားလိုက်တာ အယောက်200ကျော် ကျောင်းသားတွေထဲမှာ ကျန်ခဲ့တဲ့ကျောင်းသားက 20လောက်ပဲတဲ့။ အဲဒီနောက် ဆရာကမေးခွန်းဝေပါတယ်။ အဲဒီမေးခွန်းထဲမှာပါတာကတော့ တပည့်တို့ကိုချီးကျူးပါတယ်။ နောက်နောင်လည်းဒီလိုမျိုးကိုယ့်ကိုကိုယုံကြည်တဲ့စိတ်တွေဆက်လက်မွေးမြူသွားကြပါ။ တပည့်တို့ဟာ ဒီစာမေးပွဲကို (က)အဆင့်နဲ့အောင်မြင်သွားပါပြီ တဲ့။ ပုံပြင်လိုလိုထင်ရတဲ့ဒီအဖြစ်အပျက်လေးဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ။ P.S : တကယ်တမ်းကျတော ့ ကျွန်တော်တို့ဟာ ကိုယ်ရသလောက်လေးကို ကျေနပ်နေကြပြီး ငါဒီထက်ပိုလုပ်လိုက်ရင် […]


thura.ng2September 24, 20101min670
၁) သံပရာပင် သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက် ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့ ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။ မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။ သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့ သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ […]


thura.ng2September 24, 20101min691
ရှေးလွန်ခဲ့ပြီးသောအခါက တရုပ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်ပါသည်။ ဤ အဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာနတို့ကြောင့် ဖြစ်ပါသည်။ ဤ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယ တရားတို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးအတူတူချည်း ဖြစ်၏။ လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သားကျပြီး မိဘအိမ်မှခွဲခွာကာ ယောင်နောက်ဆံထုံးပါပြီး လင်ယောက်ျားဖြစ်သူနေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့်ယောက္ခတို့ မတည့်မြဲဖြစ်သည့် ကမ္ဘာ့ နိယာမတရား အတိုင်း လီလီနှင့် ယောက္ခမ အမကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့်မျက်ချေး ဖြစ်လာ ခဲ့သည်။ လီလီနှင့် သူ့ယောက်ျား၏ အမေဖြစ်သူမှာ နေပုံထိုင်ပုံ နှင့် […]


thura.ng2September 24, 20101min1172
ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။ ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်” လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။ အဲဒီ “ဆောရီး” က […]


thura.ng2September 24, 20101min1034
တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။ ခြောက်ရက်မြှောက်နေ့တွင် […]


thura.ng2September 24, 20101min590
ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။ ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့် ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အသိက ဦးနှောက်ထဲ သံမှိုစွဲနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင် ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။ သတ္တဝါတွေမှ မဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊ အမြင်” တွေ့ကြောင့် […]


thura.ng2September 24, 20101min560
ဒုတိယကမာ္ဘစစ်ပြီးစ အီတလီမှာ စီးပွါးရေးကပ်ဆိုက်ခဲ့တယ်။ ဂျော့ချ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် က အလုပ်ထွက်ရှာပြီး အိမ်ရဲ့စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းစွာနဲ့ ကုန်စုံဆိုင်တစ်ဆိုင်က ဝန်ထမ်းအလိုရှိကြောင်းတွေ့တာနဲ့ ဂျော့ချ်အလုပ်သွားလျှောက်ခဲ့တယ်။ ဒါပေမယ့် သူ့လိုပဲ အလုပ်လျှောက်တဲ့လူ (၈)ဦးရှိနေခဲ့တယ်။ ကုန်စုံဆိုင်သူဌေးက အလုပ်လျှောက်သူတွေကို ကြည့်ပြီး “မင်းတို့က လိမ္မာထက်မြက်သူတွေပါ။ ဒါပေမယ့် ဆိုင်မှာ ဝန်ထမ်းတစ်ဦးပဲ အလိုရှိခဲ့တယ်။ ဒီလိုလုပ်ရအောင် မင်းတို့ကို ပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်။ နိုင်တဲ့သူ ဒီအလုပ်ကိုရမယ်” လို့ပြောပြီး လွယ်ကူတဲ့ကစားနည်းတစ်ခု လုပ်ပေးခဲ့တယ်။ ကစားနည်းက ဆိုင်အပြင်ဘက် တိုင်တစ်တိုင်မှာ အမှတ်တစ်ခုလုပ်ပြီး အဲဒီအမှတ်ကို ပေးထားတဲ့ဂေါ်လီ (၁ဝ)လုံးနဲ့ တစ်လှည့်စီ ပစ်ခိုင်းတာဖြစ်တယ်။ “ဒီမျဉ်းပေါ်ရပ်ပြီး တိုင်ပေါ်ကအမှတ်ကို အချက်ရေများများ ထိအောင်ပစ်နိုင်တဲ့သူ အလုပ်ရမယ်” လို့ သူဌေးကဆိုတယ်။ အဲဒီလိုနဲ့ တစ်နေတာကုန်သွားတယ် တစ်ယောက်မှ ထိအောင်မပစ်နိုင်ခဲ့ကြဘူး။ […]


thura.ng2September 24, 20101min570
၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ် ၅လပိုင်း ၁ရရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက်ဆေးရုံ ဒေါက်တာအင်ဒရေယာ နဲ့ ဆက်သွယ်ပါ” ဒီလူပျောက်ကြော်ငြာက […]


thura.ng2September 24, 20101min560
မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁၀)နှစ်သား ဂျပန်ကလေးငယ် တစ်ယောက် ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ သင်ယူခဲ့သော်လည်း သင်ယူကာလ (၆)လအတွင်း ဆရာသည် သူ့အား တိုက်ခိုက်နည်း တစ်နည်းသာ သင်ပေး ခဲ့ပြီး ထိုနည်းကိုသာ ထပ်သလဲလဲ လေ့ကျင့်စေခဲ့သည်။ ဆရာကို နောက်တစ်နည်း ထပ်သင်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာက သူ့အတွက် ဤတစ်နည်းနှင့် လုံလောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။ ဆရာ၏ ဆိုလိုချက် အဓိပ္ပါယ်ကို သူ နားမလည်ခဲ့သော်လည်း မပြတ်လေ့ကျင့်ခဲ့သည်။ သို့နှင့် လအတန် ငယ်ကြာသောအခါ ဆရာက သူ့အား ပြိုင်ပွဲဝင်စေခဲ့သည်။ ပြိုင်ပွဲတွင် ဆရာသင်ပေးသည့် နည်းကိုသာ ကျွမ်းကျွမ်းကျင်ကျင် ကစားရင်း တစ်ဖက်လူအား အနိုင်ရခဲ့သည်။ နောက်ဆုံး […]


thura.ng2September 24, 20101min953
၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဉာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။ ၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။ ၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ် များတယ်လို့ ထင်ကြတယ်။ […]


thura.ng2September 24, 20101min1460
တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊ အလုပ်ကိုအရှုံးပေးလိုက်မယ်၊ မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲရောက်တော့ နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။ ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား- ကျွန်တော်ဘဝကို အရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင်ကျွန်တော့်ကို ပေးစရာမရှိဘူးမဟုတ်လား…” လို့မေးလိုက်တယ်။ ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။ “အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။ သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက …. “အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပိုျးတုန်းကအတူတူပဲ။ အစေ့နှစ်မိုျးကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေဩဇာနဲ့ နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ့် ငါသူ့အပေါ်မှာ စွန့်လွှတ်အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီးရေလောင်းခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတဲ့အခါမှာ […]