thuratunMay 24, 20111min956
ယနေ့ညနေ ၃ နာရီ ၅ဝ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် ဒညင်းကုန်းလမ်းဆုံအနီးရှိ အမှတ်(၁) အုတ်စက်ရုံတွင် ထရန်စဖော်မာသို့ မိုးကြိုးပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုမီးလောင်မှုကြောင့် ထရန်စဖော်မာတစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ငွေကျပ် ၃၅ သိန်းခန့် ဆုံးရုံးခဲ့ကြောင်း သတင်းရရှိသည်။