နတ္ဆိုးေလးFebruary 17, 20121min15812
(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။ နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။ (၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ … အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လိုု့ ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။ (၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား ငါ့လက်မောင်းကို နင် တင်းတင်း လေး […]


နတ္ဆိုးေလးFebruary 17, 20122min25919
ယနေ့ခေတ် လမ်းလျှောက်ထီးထမ်း လူသရမ်း ငမ်းငမ်းကြိုက်တဲ့ခေတ်။ လူကြီးနှင့်အပျိုစင် တွဲလျှောက်ယှဉ် ပွဲသဘင်ကတဲ့ခေတ်။ အဟွာလုပ်ပြီး စီးပွားရှာ ပျိုကညာတို့ အတုခိုးတဲ့ခေတ်။ တစ်ဦးဥစ္စာ ပြည့်စုံရာ မနာလိုတဲ့ခေတ်။ ပေါင်းဖော်သားချင်း မေတ္တာကင်း အတင်းပြောတဲ့ခေတ်။ မယားကြီးရှိပြန် တကယ်အမှန် အငယ်ခံတဲ့ခေတ်။ လင်ကြီးရှိပြန် တကယ်အမှန် လင်ငယ်ရှာတဲ့ခေတ်။ လူငယ်လူကြီး ပြောဆိုနည်း လူကြီးရှုံးတဲ့ခေတ်။ အရွယ်မရောက် အပျိုပေါက် လင်နောက်လိုက်တဲ့ခေတ်။ ဥပုသ်သည်များ ကျောင်းကိုသွား ပါဝါကြွားတဲ့ခေတ်။ ဘုန်းကြီးများထံ သီလခံ ဆူညံနေတဲ့ခေတ်။ ရွှေငွေဝတ်ဆင် လူပေါ်ခင် ဂုဏ်အင်ကြီးတဲ့ခေတ်။ လူကြီးရှေ့မှောက် မရှက်မကြောက် နောက်ပြောင်ကျီစယ်နေတဲ့ခေတ်။ လပြည့်လကွယ် ဥပုသ်သည် အောင်သွယ်စကားပြောတဲ့ခေတ်။ ရှေ့ကွဲနောက်ကွဲဝတ်ဆင်ရဲ အသည်းယားစရာကောင်းတဲ့ခေတ်။ ကိုယ်ကပ်လည်ဟိုက် ဝတ်ဆင်စိုက် စိတ်မိုက်ဝင်တဲ့ခေတ်။ သားရေးသမီးရေး ပေါင်းဖော်ရေး မစဉ်းစားဘဲ ပေးတဲ့ခေတ်။ မိန်းမယောက်ျား သွင်မခြား […]