toyoJuly 3, 20101min621
လူသာကြီးလာတယ်…. ငယ်ငယ်တုန်းကတော့ ကလေးပေါ့၊ ကြီးတော့ လူကြီးလေ၊ လူကြီးလာတာလား၊ စိတ်ကြီးလာတာလား၊ လူကြီးလာတာ အသက်ကြီးလာတာကတော့ မဆန်းပါဘူး၊ အချိန်တွေကုန်ရင် အသက်ကလည်း သူ့အလိုလို ကြီးလာပြီး လူကြီးဖြစ်လာတာပါ၊ အင်း လူကြီးသလို စိတ်ကြီးဘို့လည်း အလွန်အရေးကြီးပ၊ လူကသာ ကြီးတာ၊ စိတ်က ကလေးစိတ်ဆိုတာကို တစ်ချို့အတော်များများက ကြိုက်နေကြတယ်၊ တကယ်စဉ်းစားကြည့်ရင် အဲဒါက ချီးကျူးတာမဟုတ်ဘူး၊ နိမ့်ချတာ၊ လူသာ ကြီးလာတာ ဘာမှမသိဘူး၊ ဘာမှမတတ်ဘူး၊ ဘာမှကို မဟုတ်ဘူး၊ အသုံးမကျဘူးလို့ပြောတာနဲ့ တူတူရယ်။ သင်ကောင်းလျှင်…. သိပ်လှတဲ့စကားမို့လားမသိဘူး၊ လ္ဘက်ရည်ဆိုင်၊ စတိုးဆိုင်၊ မုန့်ဆိုင် ဆိုင်အမျိုးမျိုးမှာ တွေ့ဘူးတယ်၊ ချိပ်ဆွဲထားကြတယ်၊ တစ်ချို့ဆို တကယ့်ကိုခမ်းခမ်းနားနားပါပဲ၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ-တဲ့၊ အင်းသင်ကောင်းမှ ကျွန်ုပ်မဆိုးမှာနော၊ သင်မကောင်းရင် မင်းမကောင်းရင်တော့ ငါကလည်း မင်းလိုပဲ […]


toyoJuly 3, 20101min490
ကိုယ့်ခြံလုံဘို့အရေးကြီးတယ် တစ်ယောက်က ပြောတယ်၊ ခင်ဗျားနွား ကျုပ်ခြံထဲဝင်လာတယ်တဲ့၊ တစ်ယောက်က ပြန်ပြောတယ် ကျုပ်နွားခြံထဲက ညကထွက်သွားတယ်တဲ့၊ ဘာကြောင့်တုန်း… ကိုယ့်ခြံထဲ တခြားနွားဝင်တာပဲဖြစ်ဖြစ်၊ ကိုယ့်နွားက သူများခြံထဲ ဝင်တာပဲပဲဖြစ် အကြောင်းရင်းက ကိုယ့်ခြံက မလုံလို့ပဲ၊ ဒီတော့ သူများမဝင်စေချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်နွား သူများခြံထဲ မရောက်စေချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်ခြံကို လုံအောင်လုပ်ရပါ့မယ်၊ စကားလုံးကတော့ ရိုင်းပေတယ်ပေါ့၊ ဒါပေမယ့် ဒါဟာ အမှန်တရားပါပဲ… အတ္တာဟိ အတ္တနော နာထော ဒီစကားကိုတော့ မြန်မာလူမျိုးအတော်များများ အသုံးပြုကြတဲ့ ဓမ္မပဒက ဗုဒ္ဓစကားပါ၊ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့၊ ကိုယ်ကောင်းဘို့ပဲ အရေးကြီးတယ်၊ ကိုယ်လုပ်သမျှ ကိုယ်ဖြစ်သမျှ ကိုယ့်ဘဝဟာ ကိုယ်ရဲ့ဖန်တီးမှုအောက်ကပါပေါ့၊ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် ကိုယ်ဖြစ် ကိုယ်ခံပေါ့၊ မှန်ပါတယ်၊ ဒါပေမယ့်…. ဒို့က တစ်ဦးတည်းနေကြတာမဟုတ်ဘူးဆိုတာကိုတော့ ထည့်တွက်ရမယ်ပေါ့၊ […]