tut pMarch 28, 20121min647
သံတွဲမြို့ ဒွါရာဝတီယာယီဈေးဆိုင်ခန်းများကို ဈေးကော်မတီမှ မဲနှိုက်နေရာချထားသယောက်ပြု၍ လုပ်စားခြင်း ၁။ ယခင်ဈေးဟောင်းတွင် မိသားစုဝင်များအမည်ပေါက်ဆိုင်ခန်းများ ရှိသော်လည်း ယခု ယာယီဈေးတွင် မိသားစုတစ်စုလျှင် ဆိုင်ခန်း (၁)ခန်းသာရရှိပါသည်။ ၂။ သို့ရာတွင် ဈေးကောင်မတီဝင်(အထက်ဖားအောက်ဖိများ၊ဈေးသူဈေးသားများ၏သဘောဆန္ဒဖြင့် တင်မြှောက်ထား ခြင်းမဟုတ်သောပုဂ္ဂိုလ်များ၊အလုပ်အကိုင်မရှိ၍ ဈေးလူကြီးအမည်ခံများ) တို့သည်သာလျှင် ၎င်းတို့၌မိသားစုဝင်ဆိုင်ခန်း ၃ ခန်းရှိလျှင် ၃ ခန်း၊၄ ခန်းရှိလျှင် ၄ ခန်းမတရားရယူထားကြပါသည်။ ၃။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်အဖွဲ့သံတွဲမြို့သို့ရောက်ရှိစဉ် ယာယီဈေး အတွက်လှူဒါန်းခဲ့သောငွေများကို လက်ခံရရှိခဲ့သူများသည် ၎င်းတို့၏အလိုတော်ရိဈေးကော်မတီဝင်ဆိုသည့်လူ ယုတ်မာတစ်စုနှင့်ပူးပေါင်းကာ ဝေမျှစားသောက်ရင်း လုပ်စားနေကြပါသည်။ ၄။ အထက်ဖော်ပြခဲ့သောပုဂ္ဂိုလ်များသည်ဒွါရာဝတီဈေးမီးလောက်ရခြင်းအကြောင်းအရင်း အမှန်ကိုဖော် ထုတ်ခြင်းမရှိပါ။ပြည်သူအများကလည်း ဈေးဟောင်းကိုကော်မတီဆိုတဲ့လူယုတ်မာတွေနဲ့ တစ်ခြားလူယုတ်မာ တွေပူးပေါင်းပြီးမီးရှို့တယ်လို့လည်းပြောနေကြပါပြီ။ဒါကြောင့်ပင်လျှင် အမှန်တရားကို မဖော်ထုတ်နိုင်တာလားမ သိပါ?။ ၅။ ဈေးကော်မတီသည် မည်သူကမျှတင်မြှောက်ထားခြင်းမရှိပါ၊ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက အာဏာ […]