ဦးေက်ာက္ခဲJanuary 16, 20151min54762
မင်္ဂလာပါခင်ဗျား… မြန်မာ့ဂဇက်တွေ့ဆုံပွဲနဲ့ သဘာဝရိပ်သာရှိ သက်ကြီးရွယ်အို ဂီလာနများ အရေးပေါ်ဋ္ဌာနအတွက် စုပေါင်းအလှူတော်မင်္ဂလာလည်း အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ… ။ ဦးကျောက်ခဲကို လူချင်းမသိကြသော်လည်း ရပ်ဝေးရပ်နီး ပြည်ပနိုင်ငံပေါင်းစုံကနေ သဒ္ဓါတတ်အားသရွေ့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အလှူတော်ရှင်များကိုရော ၊ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ဂဇက်ညီအစ်ကို မောင်နှမများကိုရော ကျေးဇူးအထူးတင်ရှိပါတယ် ။ ဦးကျောက်ခဲ ပကာသနမပါ ရေစက်မချပဲလှူခဲ့တာပါ ။ အလှူခံပို့စ်မှာ ရေးခဲ့သလိုပါပဲ ရေများရာ မိုးမရွာဘဲ တကယ်လိုအပ်နေတဲ့နေရာမှာ ကွက်ကြားမိုးရွာခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျ ။ သာဓု ခေါ် ၊ အာမင် ရွတ်ပြီး သက်ကြီးရွယ်အို ဂီလာနများအတွက် အလှူတော်ကို ကုသိုလ် ၊ ကောင်းချီးမင်္ဂလာ ယူနိုင်ကြပါပြီခင်ဗျား… ။   ပြန်ပြောရရင် ဒီအလှူကို စတင်မတည်ခဲ့တဲ့ နာမည်ကျော် ရွာသားတစ်ဦးနဲ့ ဦးကျောက်ခဲ သဘာဝရိပ်သာကို […]


ဦးေက်ာက္ခဲOctober 30, 201410min1182136
မင်္ဂလာပါခင်ဗျား… ဦးကျောက်ခဲလည်း သက်ကြီးရွယ်အို ခိုကိုးရာမဲ့တွေအကြောင်း စာကုံးလို့ ခြယ်ပါမယ်ဆိုကာမှ မမျှော်လင့်ဘဲ အရေးပေါ်အလုပ်တွေကပေါ်လာလို့ နောက်ကျ သွားတာ ခွင့်လွှတ်ကြပါခင်ဗျာ…။ ကျေးဇူးပြုပြီး ဒီပို့စ်ကို အောက်ကပို့စ်တွေနဲ့ တွဲဖတ်ပေးပါလို့လည်း မေတ္တာရပ်ခံပါရစေ… သဘာဝရဲ့ ဂရုဏာ အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ)   လွန်ခဲ့သော ၂-နှစ် အခုလို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း အခါသမယ ၊ ဦးကျောက်ခဲရဲ့ နှမငယ် သမီးဦးလေးဖွားမြင်ဖို့ ဩစီကျွန်းကြီးမှာ မီးနေလာစောင့်တုန်းကပေါ့ ခင်ဗျာ…။ ကမ႓ာ့တောင်စွန်း ဩစီကျွန်းမှာတော့ ဆောင်းအကုန် နွေအကူးမို့ ရာသီဥတုက အေးမြခြောက်သွေ့နေတုန်းပါပဲ ။ မီးနေစောင့်ဖို့ ခွင့်ရက်ရှည်ယူလာတာမို့ အေးအေးဆေးဆေးနှပ်မယ်လို့ ကြံရွယ်ထားပေမည့် အကျင့်ပါနေတဲ့ မျက်လုံးအစုံက မနက် ၆-နာရီထိုးရင် နှိုးစက်မလို အော်တိုမစ်တစ်ပွင့်နေတာမို့ အိပ်ရာထဲမှာ […]


ဦးေက်ာက္ခဲAugust 12, 20142min32860
ပြီးခဲ့သောပို့စ် https://myanmargazette.net/202175   ဒီလိုနဲ့ပဲ ဆြာမိုက်ကိုအဖော်ပြုလို့ အကြားအမြင် ဗေဒကဝိ ဆြာဆာမိဆီ ချီတက်ခဲ့ကြတာပေါ့ခင်ဗျာ… “ဗျို့ ကိုရင်ကျောက်ခဲရဲ့ … အကြားအမြင် ဗေဒကဝိကတော့ နားလည်ပါတယ်ဗျ ။ ကျုပ်ကြားဖူးတာ ပုဏ္ဏားတို့ ၊ ဆရာကြီးမင်းသိင်္ခရဲ့ ပုံနားဘကွန်းတို့ပဲရှိတာ… ဟို… အွန်လိုင်းတို့ ပုံစားတို့က ဘာတွေလဲဗျ ။ “ဆြာမိုက်ကတော့ ခေတ်ကြီးနဲ့ အဆက်ပြတ်နေပြီ ။ နာမည်ကိစ္စကတော့ ဆြာ့ကိုတွေ့ရင် ရှင်းသွားလိမ့်မယ် ။ အဟောအပြောကတော့ မှန်သလားမမေးနဲ့ ၊ ပြီးခဲ့တဲ့ ကမ႓ာ့ဖလားဗိုလ်လုပွဲမှာ ဟောလိုက်တာများ မှန်ချက်ကတော့ အာဂျင်တီးနားအသင်းကို အားပေးနေတဲ့သူတွေ နံဘေးကို ပိတ်ကန်လိုက်သလိုပဲဗျ ။ ကျနော်တို့ အရပ်မှာဆို အာဂျင်တီးနားတွေရှုံးလို့ စိတ်ထောင်းကိုယ်ကြေ အိပ်ရာထဲလဲသူလဲ ၊ မတ်စိငုံပြီး ရေထဲ ခုန်ချဖို့ပြင်သူကပြင် […]


မင်္ဂလာပါခင်ဗျ… “ဦးကျောက်ခဲမေတ္တာဝေတယ်… ဂဇက်ပရိတ်သတ်တွေ ပန်းနာထကြပါစေ”လို့လည်း ရက်ရက်စက်စက် မေတ္တာမပို့ရက်ပါဘူး ၊ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ဦးကျောက်ခဲ ကိုယ့်အကြောင်းကိုယ်ပြောရရင်တော့ ဒီရက်ထဲမှာ အလုပ်က အားသလိုလို မအားသလိုလိုခင်ဗျ ။ ဒီတော့လည်း ထုံးစံအတိုင်း တောအကြောင်း တောင်အကြောင်း ပြောဖော်ပြောဖက် ဂဇက် ဖတ်ရွေးဥက္ကဋ္ဌ ဦးကြီးမိုက်ကို လှမ်းငြိရတာပေါ့ခင်ဗျာ ။ ကိုယ့်အသက်အရွယ်ကလည်း ဟိုမကျသည်မကျဆိုတော့ ပျော်ပျော်နေတတ်တဲ့ ဦးကြီးမိုက်နဲ့ အဖွဲ့ကျတာလည်း မဆန်းလှပါဘူး ။ တကယ်တော့ ဂဇက်ဆိုတာ သဘောမတူတာရှိရင် ငြင်းကြခုန်ကြ ဖဲ့ကြရွဲ့ကြပေမည့် နှလုံးသားချင်းနီးစပ်သူတွေ စုစည်းမိတဲ့ အွန်လိုင်းပေ့ချ် မို့ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။ အခုလည်း စပ်စုချင်တာလေး ရှိတာမို့… “ဗျို့… ဥက္ကဋ္ဌဂျီး ဆြာမိုက်… ကျန်းခန့်သာလို့ မာတော်မူပါစ” […]


ဦးကျောက်ခဲ ရန်ကုန်ကို အလုပ်ကိစ္စပဲပြန်ပြန် အလည်အပတ်ပဲပြန်ပြန် ၊ ပြန်လာမယ် သတင်းကြားရင် အပျော်ဆုံးက ဦးကျောက်ခဲရဲ့ တူမ ၂ယောက်ပါ ။ “သမီးတို့ ဘာမှာမလဲ” မေးလိုက်ရင် ဖုန်းဖိုးသာ စီးပွါးပျက်အောင် ကုန်သွားမယ် သူတို့မှာနေတာက မပြီးသေးပါဘူး ။ မိန်းခလေးတွေမို့ အဝတ်အစားနဲ့ အလှကုန်မှာလိမ့်မယ်ထင်ရင် မှားကြပါလိမ့်မယ် ။ သူတို့အမေ ကျောက်စ်နှမက သူ့သမီးတွေကို အရွယ်မတိုင်ခင် အဝတ်အစားနဲ့ အလှမက်မှာစိုးလို့တဲ့ဗျာ… ဘာမှမဆင်လေတော့ သူတို့မှာ ဘာမှာရမှန်းမသိ မုန့်မျိုးစုံသာ တွင်တွင် မှာကြတာပါ ။ ခလေးတွေကို မုန့်ရောဝယ်မကျွေးဘူးလားလို့ မေးရင် ၊ “ဟင့်အင်း…”လို့ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ…။ သူတို့အမေက ထမင်းဟင်းသာ စားသောက်ဆိုင်မှာ တစ်လတစ်ခါလောက်ဝယ်ကျွေးတာ ၊ သွားရည်စာကြတော့ ဝယ်ကျွေးခဲတယ်ခင်ဗျ ။   […]


“ဂွဒ် မောနင်း ကလပ်စ်” “ဂွဒ် မောနင်း မစ္စတာကျောက်စ်” ဘုံဘဝမှာ အခုတခါကြုံရတာက ကျောင်းဆရာဆိုတော့ ကျနော်မောင်ကျောက်ခဲလည်း ပါလာတဲ့ အထုပ်ကလေးကို စားပွဲပေါ်တင် ၊ လည်ပင်းက ကြောင်လျှာသီးလို့ မြန်မာလို နာမည်ပေးထားတဲ့ နက်ခ်တိုင် ကို နေရာချရင်း ဟန်ပါပါနဲ့ ချောင်းကလေးဟန့်လိုက်ရတာပေါ့ဗျာ ။ အမှန်ပြောရရင် အခုလို ဟန်ကြီးဂွကျ ဟန်မူပိုရတဲ့ အလုပ်မျိုးကို မောင်ကျောက် မလုပ်ချင်ပါဘူး ။ ကြမ်းကြမ်းရမ်းရမ်း အလုပ်သမား အင်ဂျင်နီယာ တရုန်းရုန်းနဲ့ တောထဲ ဆိုက်ထဲက ပရောဂျက်အင်ဂျင်နီယာ ဘဝမှာပဲ ပျော်ရှာတာပါ ။ ဒါပေမယ့် စီမံကိန်းပြီးသွားလို့ နောက်ထပ်အလုပ်သစ်ကလည်း မရသေး ၊ ကျောင်းတော်ဟောင်းကဆရာ ပရော်ဖက်ဆာကလည်း သူ့လက်အောက်မှာ သူ့ကိုကူဖို့ အလုပ်ကမ်းလှမ်းတော့ ပရိယေန ဝမ်းရေးရှိပြန်တာမို့ ဒီအလုပ်ကို […]


အရှေ့တောင်အာရှအားကစားပွဲကြီးလည်းပြီးပါပြီ ၊ မြန်တျန့်ဘောအသင်းလည်း ဝက်ဝက်ကွဲခဲ့ပါသည် ။ အခု ပြည်သူပြည်သားအားလုံးလည်း သွေးအေးကြပြီဆိုမှ ဦးကျောက်ခဲက ပြန်ပြီးသွေးနွှေးပေးပါရစေ ။ ဟုတ်ကဲ့… ဦးကျောက်ခဲပြောချင်တာကတော့ “ဘော” အကြောင်းပါခင်ဗျာ ။ ဘောဆိုလို့ သည်လူကြီး ညစ်တီးညစ်စုတ်ရေးပြန်ပြီလို့ မယူဆပါနဲ့ ။ ယူဆရင်လည်း ဦးကျောက်ခဲသည် အနာရောဂါကင်းရှင်းကြောင်း ၊ ဘောပြသနာမရှိကြောင်း ၊ “ဘူမိကျောင်းတော်သား” ဆိုတဲ့ပို့စ်မှာ အရှက်တွေလည်းကုန်အောင် ၃၂ကောဋ္ဌာနကို လှစ်ဟလို့ မှတ်ကျောက်တင်ခံခဲ့ပြီးပါပြီ ဆိုတဲ့အကြောင်း မှတ်မိကြမယ်ထင်ပါတယ် ။ အခုဒီပို့စ်ကတော့ မြန်မာနိုင်ငံသားမှန်ရင် အသည်းကွဲခဲ့ကြရဖူးတဲ့ “ဘောလုံး” အကြောင်းပါခင်ဗျာ ။   ဦးကျောက်ခဲတို့ငယ်စဉ်က မဆလ ခေတ် ဆိုတာတောင်မှ (အမှန်က ပြည်တော်သာစီမံကိန်း အကြွင်းအကျန်တွေပါ) ၊ အားကစားနဲ့ပတ်သက်ရင် ရပ်ကွက်တိုင်းလိုလိုမှာ ဘောလုံးကွင်း ၊ […]


ဦးေက်ာက္ခဲJanuary 24, 20141min31438
ဘာရယ်မဟုတ်ပါဘူးဗျာ ၊ ဦးကျောက်ခဲ ပျင်းပျင်းရှိတာနဲ့ Yahoo! သတင်း တစ်ပုဒ်ကို လက်ဆော့လိုက်တာပါ ။ မှားတာရှိရင် သီးခံပြီး ဖတ်ပေးကြပါဦး… —————————————— ဟောင်ကောင်သူကြွယ်ကြီးတစ်ဦးက သူ့သမီး မယ်ဘောပြား ( ယောက်ျားရှာများကို ခွဲခြား နှိပ်ကွပ်တာမဟုတ်… အရှိကို အရှိအတိုင်း… ဟိ ) ရဲ့ အသည်းစိုင် ဆွဲကိုင်မည့် မဟာပုရိဿ သတို့သားလောင်းအတွက် ၊ ကနဦး ကမ်းလှမ်းချက်ကို စိတ်ဝင်စားသူ ၂၀၀၀ဝခန့် ရှိနေသည့်ကြားမှ ဆုတော်ငွေထပ်တိုးလို့ အမေရိကန် ဒေါ်လာ သန်း၁၃ဝ ချီးမြှင့်ဘွယ်ရှိတယ်လို့ သတင်းများကဆိုပါတယ် ။ လွန်ခဲ့သော ၂နှစ်ခန့်ကလည်း ကမ႓ာနဲ့အဝှမ်း အုတ်အော်သောင်းနင်း ဖြစ်စေမည့် ဟောင်ကောင်ဒေါ်လာ သန်း၅၀ဝ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၆၅သန်း ကို သူ့သမီးတော် […]


ဦးေက်ာက္ခဲDecember 13, 20131min41455
ပြီးခဲ့တဲ့ နိုဝင်ဘာလ က ဗျာ… ဦးကျောက်ခဲ စာ တစ်ပုဒ်မှ မရေးခဲ့နိုင်ပါဘူး။ နှစ်ကုန်ခါနီးတော့ အလုပ်မှာ စာရင်းတွေချုပ်ရတဲ့အပြင် ဝန်ထမ်းတွေကို လစာတိုးဖို့၊ ဆုကြေးပေးဖို့ အရည်အချင်း အကဲဖြတ်ရတာဆိုတော့ မအားလပ်ခဲ့ရသလို၊ စိတ်ညစ်ညူးစရာ ကိစ္စတွေပေါ်လာလို့ ဂဇက်မြို့ထဲတောင် အလည်အပါတ် မထွက်နိုင်ခဲ့ပါဘူး။ ဒီကြားထဲ စိတ်ပြေလက်ပျောက် ရန်ကုန်အိမ်ကို ဖုန်းခေါ်တော့ မွေးသမိခင်က “သားရေ… မင်းအကို မောင်ဇော်တို့ သားအဖ ရောက်နေတယ်…. ရော့ စကားပြောလိုက်ပါဦး…” ဆိုပြီး ဖုန်းခွက်ထိုးပေးပါတယ်။ ဦးကျောက်လည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဝမ်းကွဲညီအကိုတွေမို့ ပဋိသဒ္ဒါရစကား ဆိုမိပါမှ… “…ညီလေးရေ… မင်း အမ လှရီတော့ မနက်လင်းအားကြီးကပဲ ပန်းလှိုင်ဆေးရုံမှာ ဆုံးသွားလို့၊ အကိုတို့သားအဖ နေ့တွင်းချင်း ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်ကွာ…။ အင်း… လှရီကတော့ ဝေဒနာခံစားနေရတာ […]


ဦးေက်ာက္ခဲDecember 6, 20131min64287
ဦးကျောက်ခဲ စာမရေးတာလည်းကြာပြီဆိုတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကလေးနဲ့ လက်ပြန်သွေးလိုက်ဦးမယ်ခင်ဗျ။ ဒီလိုပါ… ၈၈ အရေးတော်ပုံကြီးပြီးသွားတော့ မောင်ကျောက်ခဲ တက်ကြွတဲ့ကြက်ဖလုပ်လိုက်တာ ကံကောင်းလို့ အင်းစိန်တောရမှာ ဝါမဆိုရတာခင်ဗျ ။ ဒါတောင် အခုကော်ဖီဆိုင်ဖွင့်ထားတဲ့ ဘဘထောက်ချုပ်ဟောင်းကြီးရဲ့ တပည့်တွေ အတော် ထုထောင်းလွှတ်လိုက်တာတော့ ခံခဲ့ရသေးတာပေါ့။ သူ့စကားအရဆိုရင်တော့ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေပေါ့ဗျာ ။ ပြန်စဉ်းစားမိရင် အဟောင်းတွေက အသစ်ဖြစ်လို့ မစဉ်းစားချင်ပေမည့် သင်းကိုတော့ ဘယ်လိုမှ မေတ္တာလည်းထားမရ ၊ ဥဒါန်းလည်းမကြေနိုင်ပါဘူး။ အနှီ ထောက်လှမ်းရေးများနှိပ်စက်လို့ ပျက်ခဲ့ရတဲ့ဘဝတွေ မရေတွက်နိုင်သလို ၊ သန်း၆ဝသော မြန်မာပြည်သားများရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးသွားတဲ့ စာဖတ်နေတဲ့ ဘဘကြီးနဲ့အဖွဲ့ကိုလည်း အတော် မေတ္တာတုံးပါတယ်။   ထားပါတော့ဗျာ၊ အဲသည့်လို အငြိမ်မနေတတ်လေတော့ မာတာမိခင်စိတ်တွေပူပြီး မွေးသဖခင်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေကို ပို့လိုက်တယ်ခင်ဗျ။ […]


ဦးေက်ာက္ခဲOctober 28, 20131min47148
ဒီရက်ထဲမယ်ဗျာ စာရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး… စိတ်ကလည်းလေလွင့်၊ အဖော်မွန် လက်ပကျွတ်လေးကလည်း နာမကျန်းဖြစ်လို့ ဆေးခန်းပို့ထားရတာမို့ စိတ်သွားတိုင်းလက်ကမပါ လိုရာဆန္ဒကို မပြည့်နိုင်ဘူးဖြစ်နေတယ်။ အဟဲ… အခုတော့ သူကလေးလည်း ဆေးခန်းကပြန်လာပြီမို့ အရင်လိုပဲ ရေးမိရေးရာ ပေါက်ကရစာတွေရေးပြီး စိတ်အပန်းဖြေပါရစေ… လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျ။   အခုရက်ထဲမယ် လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမ်းတတ ရှိနေမိတာကတော့ ဘဝတကွေ့မှာ ဆုံခဲ့ရဖူးတဲ့ ဘူမိဗေဒ ချစ်ကိုကြီးတစ်ယောက်ကိုပါ။ အကိုကြီးနဲ့ ဦးကျောက်က အသက်အတော်ကွာသလို၊ အမိတက္ကသိုလ်ချင်းလည်း မတူပါဘူး။ ဒါပေသည့် မောင်ကျောက်ဘဝ ကျောင်းပြီးစ စင်ကာပူရောက်လို့ အလုပ်ဝင်တော့ ကုမ္ပဏီ အတူတူမို့ စီနီယာအကိုကြီးပေါ့ခင်ဗျာ။ အကိုကြီးက၊ ကျောင်းပြီးတည်းက “ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေး” (ဘ.ဓ.ရ) ဋ္ဌာနမှာ အလုပ်ဝင်လိုက်တာ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံ တနံတလျား […]


ဦးေက်ာက္ခဲSeptember 2, 20132min47749
မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…   တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]


ဦးေက်ာက္ခဲAugust 30, 20131min27054
တက္ကသီလာ မြကျွန်းသာက ပညာရည်နို့ သောက်စို့လို့အပြီး အစိမ်းဝတ်များကြီးစိုးတဲ့ ရွှေပြည်ကြီးကို မောင်ကျောက်ခဲ စွန့်ခွာလာတာ အခုဆိုရင် နှစ်နှစ်ဆယ်နီးနီးရှိပြီခင်ဗျ။ မစွန့်လို့ကလည်း မဖြစ်ဘူးလေ။ တိုင်းပြည့်တာဝန် ထမ်းဆောင်ချင်ပါတဲ့ အမျိုးကောင်းသားများကို မတတ်တာဘာမှမရှိ၊ ရေဗူးပေါက်တာမလိုချင် ရေပါတာပဲလိုချင်တဲ့ ဒေါ်စိန်အေးကျောင်းတော်ဆင်း အစိမ်းဝတ်များက အထက်စီးကနေ နှိပ်စက်ကလူပြုနေကြတဲ့ အမှောင်ခေတ်ဆိုတော့ ဝေးရာကိုပြေးရတာပေါ့။ မောင်ကျောက်လိုပမွှားမပြောနဲ့ မောင်ကျောက်ရဲ့ဆရာ အမေရိကားပြန်ပညာရှင်ကိုတောင် သွားလေသူ အစိမ်းဝတ်ဘဘကြီးတစ်ဦးက လူပုံအလယ်မှာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲတာဆိုတော့ အနေအထိုင်မတတ်ရင် နံရံလေးဖက်ကြားမှာ လုံးတီးဆန်ကြမ်းနဲ့ ငပိပုပ်ကို ကိုယ်တိုင် ဝါးတီးပေးနေရမယ်။   စကားစပ်မိလို့ ဆရာကြီးအဖြစ်ကို ပြန်ဖောက်သည်ချရရင်တော့… တစ်ရက်သား အစိမ်းဝတ် ဝံမင်းတစ်ပါးက လိုအပ်သည်များကို စီမံညွှန်ကြားဖို့ ရွှေပုထိုးလုပ်ကွက်ကို ရောက်လာပါသတဲ့။ စခန်းရဲ့တာဝန်ခံ ဘူမိဗေဒပညာရှင် ဆရာကြီးက ရွှေကြောရဲ့ အခြေအနေ၊ ခန့်မှန်းထွက်နှုန်း […]