ဦးေက်ာက္ခဲDecember 8, 20121min1088
ဂဇက် ရွာသူ/ရွာသားများ ခင်ဗျာ အောက်ဖော်ပြပါ ပို့စ်ဟာ ကျွန်တော် ဦးကျောက်ခဲရဲ့ အားထုတ်မှူ မဟုတ်ရပါခင်ဗျား။ မူလရေးသားသူမှာ ထိုင်းနိုင်ငံ ဖူးခက်မြို့က ဆရာဦးမင်းဒင် ဖြစ်ပါတယ်ခင်ဗျာ။ ယခုအချိန်မှာ အားလုံးဘဲ စဉ်းစားကြသင့်စေလိုတာ ကြောင့်ပါခင်ဗျား။ ( ခွင့်ပြုပေးသော ဆရာဦးမင်းဒင်ကိုလဲ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျား) Credit to http://www.mindin.info/2012/12/blog-post.html   ဆိုရေးရှိပြီဟု ထင်မြင်သည်။  (မင်းဒင် ရေးသည်။)   တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့   ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ  မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ […]


ဦးေက်ာက္ခဲNovember 23, 20121min70748
“ကိစ္စများမြောင်၊ လူတို့ဘောင်” ဆိုတဲ့အတိုင်း၊ ရှုပ်ထွေးပွေလီလှတဲ့ လူမှုရေး၊ ဆွေရေးမျိုးရေး ကိစ္စတွေကြားက အေးရာအေးကြောင်းနေချင်တဲ့ ဦးကျောက် ကို မိသားစုအရေးက ချမ်းသာမပေးပါဘူး။ ညီမလေးက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့၊ သူ့ရဲ့ သမီးဦးလေး မွေးဖွားချိန်မှာ အစ်ကို နဲ့ အမေကို အနားမှာရှိစေချင်ပါတယ် ဆိုလေတာကြောင့် အသက် ၇ဝအရွယ် အမေအို နဲ့ ဦးကျောက် မီးနေ စောင့်ဖို့ ညီမနေတဲ့အရပ်ကို ခရီးဆန့်ခဲ့ရတာပေါ့ ခင်ဗျာ။   ညီမအိမ်ရောက်လို့ ဦးကျောက် တစ်ယောက် ကြော့ကြော့လေး နေရမယ် မထင်ပါနဲ့။ စရောက်ကတည်းက အစားရွေးတဲ့ အမေရယ်၊ ထွေလီကာလီ ခံတွင်းတောင်းလွန်းတဲ့ ကိုယ်ဝန်သည် ညီမရယ် စားဖို့ နေ့နေ့ညည ဖွယ်ဖွယ်ရာရာ ချက်လိုက်ရတာ၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် တစ်ကိုယ်ရေတစ်ကာယသမား ဦးကျောက် ခမျာ၊ ရှိတဲ့အမွေးတွေ (ဆံပင် ပြောတာ) […]


ဦးေက်ာက္ခဲNovember 1, 20121min25340
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများဆီမှာ ယခုလိုနွေရာသီကုန်ဆုံးလို့ ဆောင်းဦးပေါက်လာပြီဆို လွန်စွာနေလို့ကောင်းပါတယ်။ နံနက်ခင်း ပိန်းပိတ်အောင် ကျတဲ့ “မြူ” တွေက ကဗျာဆန်အောင် လှပေမဲ့၊ ကား မောင်းရသူများ အဖို့ကတော့၊ “ဟွန်း” အဆက်မပြတ် နှိပ်ရင်း “ချွေးကလေး တစိုစို” ပေါ့ခင်ဗျာ။ အဲ မောင်ကျောက် တို့လို ဘာသာဝင် မဟုတ်သူများ အဖို့ ဆိုးတာကတော့၊ “ရာမာဒမ်” ဥပုသ်လ ပေါ့ခင်ဗျာ။ နေ့လည် နေ့ခင်း လူမြင်သူမြင် “တံတွေး” တောင်မမြိုရဲ၊ ညနေတိုင်းလဲ အိမ်မှာ နွေနှောင်းလက်ကျန်  စွန်ပလွန်သီးနဲ့ ရေနွေကြမ်းဘဲ အပျင်းပြေ မှီဝဲရတာမို့ “ရာမာဒမ်” ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို လက်ချိုးလို့သာ ရေနေမိပါတယ်။   မောင်ကျောက် လိုဘဲ၊ ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို အတူ မျှော်နေတဲ့သူ တစ်ယောက် ရှိပါသေးတယ်။ သူကတော့ မောင်ကျောက် နေတဲ့ ခြံဝင်းနဲ့ နောက်ဘက်ကပ်ရပ်က “စတီနာ” ဆိုတဲ့ […]


ဦးေက်ာက္ခဲOctober 17, 20121min28957
“ဟဲလို xxxxxx က ပါလားခင်ဗျာ” “ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ” “ဟာ….ဦးလေး၊ ကျွန်တော် ပြားကြီးပါ ခင်ဗျ” “အေး…သား… ပြားကြီး.. ပြော၊ မင်းတို့ နေထိုင် ကောင်းကြရဲ့လား?” “ဟုတ်ကဲ့ဦး၊ အားလုံး နေထိုင်ကောင်း အဆင်ပြေကြပါတယ်။ ဒါနဲ့… မနက်ဖြန် ဆန် လာချမလို့၊ ဦး… ဘယ်နှစ်အိတ် ယူမလဲ?” “အေးကွာ၊ မင်းက အလကားလဲပေးတာမဟုတ်၊ ဦး အိမ်မှာဘဲ ဆန်အိတ်တွေ အလကား လာထားမှာဆိုတော့ လေးအိတ် တော်ပါပြီ” “ခင်ဗျာ…..” “မ..ခင်ဗျာနဲ့ လူကလေး မောင်ပြား၊ မင်း.. နဲနဲတော့ သိတတ်!” “ဟာ…. ကာလနာ မြွေပွေးကိုက်၊မင်း…ဘယ်နေ့က ပြန်ရောက်လဲ? ရီး ထဲမှပဲ!  အဲဒီ့လို မနောက်ပါနဲ့ကွာ၊ ဟိုတစ်ခါကလဲ မင်း ….အောင်းမေ့လို့၊ ဦးလေး ကို […]


ဦးေက်ာက္ခဲSeptember 28, 20121min28048
နောက်ဆုံးနှစ် စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့မှာ မောင်ကျောက် နဲ့ သူငယ်ချင်းတစ်စု တောင်ငူကန်တင်းက အရှည်ကြီးဆိုင်မှာ ထိုင်ရင်း လက်တွေ့ဘဝကို ရင်ဆိုင်ဖို့တိုင်ပင်ကြပါတယ်။ ကျောင်းသား ဘဝကနေ “စုတေ” သွားတာမို့၊ ရင်ထဲမှာ ဘာဘာညာညာ အတွေးတွေနဲ့၊ ဘယ်သူမှ အပြောင်အပြက် မပြောနိုင်ကြပါဘူး။ “ကဲ….. အခု ငါတို့ ကျောင်းပြီးပြီ၊ ရှေ့ဆက် ဘာလုပ်ကြမှာလဲ” ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ ဟုတ်တိပတိ မဖြေ နိုင်ကြပါဘူး။     မိဘ စီးပွါးရေး လက်ငုပ်လက်ရင်း ရှိသူများအဖို့ လက်ရှိ စီးပွါးရေး ရေစီးကြောင်းထဲ ဝင် မျော ရတာလွယ်ပေမည့်၊ အဖေ သင်္ဘောသား ရဲ့သား မောင်ကျောက် အဖို့ စီးပွါးရေးဆိုတာ ညဘက် အောက်ဆိုက်ကား ခိုးမောင်းတာနဲ့ အစိုးရဆိုင်မှာ […]


ဦးေက်ာက္ခဲSeptember 15, 20121min24540
အဲ အောက်ထပ်က အသံငြိမ်သွားပြီဆိုရင် အဖွားက သာသာလေးထပြီး အဖိုးကို ချောင်းပါတယ်။ အဖိုး အိပ်နေတယ် ဆိုရင်တော့၊ ဝါးရင်းဒုက်ကိုပိုက် အိမ်နောက်ဘေးလှေကား ကနေအသာလေးဆင်းပြီး ရေအိမ်ဝင်ပါတယ်။ သူ့ခမျာ လေတိုက်ပွဲမှာ လက်နက်ကြီးတွေ သုံးရတော့ အာခြောက်တိုင်း ရေနွေးကြမ်းသောက်ထားတာ အခု ပြန်ထုတ်ဖို့ အချိန်တန်ပြီလေ။ အဖွားက အိမ်သာချက်ကို “ဂျောက်” ကနဲ ဖွင့်လိုက်တာနဲ့ အိမ်ရှေ့ ကွပ်ပစ်ပေါ် အိပ်နေတဲ့ အဖိုးက ငေါက်ကနဲ ထိုင်ပြီးသားပဲ၊ သူက “ကြက်အိပ် ကြက်နိုး” ပါ၊ အလွန် နားပါး ပါတယ်။ အဖွား အိမ်သာထဲဝင်သွားတာနဲ့ အဖိုးလဲ ခပ်သုတ်သုတ်လေး အိမ်ပေါ်ထပ်ကို စခန်းပြောင်းပြီး တရားစာအုပ်ကို အသံထွက် ဖတ်ပါတော့တယ်။ အဖွားလဲ ခြံထဲတစ်ပတ် ပတ်ပြီးရင်  မယောင်မလည် နဲ့ […]


ဦးေက်ာက္ခဲSeptember 13, 20121min26738
                    ဒီရက်ထဲ စိတ်ထဲမှာလည်း မကြည်လင်၊ ရွာထဲမှာလည်း သူပုန်ဝင်တာမို့ စာရိုက်ချင်စိတ် သိပ်မရှိလှဘူး။ မတော် Post မရှိရင် Account အဖျက်ခံ ရမှာလည်းစိုး၊ Copy/Paste လဲ မတင်ချင်တာနဲ့မို့…….   မောင်ကျောက် က ရန်ကုန်မြို့၊ အလုံရပ် ဇာတိပါ။ အဲ မွေးတာကတော့ ဂျင်မခါနာ လို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့။ အများသူငှာလို မွေးခါနီးလည်း နိမိတ်မပေး၊ သန္ဓေတော်ခတော့လည်း အိမ်မက်တောင် မဆောင်တာမို့ လူထဲကလူ ပေါ့ဗျာ။ ဒါပေမည့် အိမ်အောက်ထပ်က တရုတ်အစ်ကိုများကတော့ မောင်ကျောက် မမွေးခင် ဘုံကျောင်းမှာ စာချကြတာ သူတို့အတွက် နဂါးနင်းတယ် ဆိုလားပဲ။ […]


ဦးေက်ာက္ခဲAugust 18, 20121min15911
၈၈၈၈ အရေးတော်ပုံကြီးမှာ ခေါင်းဆောင်များက အနိုင်ဂိုးမသွင်းနိုင်လေတော့ ၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့မှာ စစ်တပ်က ဒိုင်ပွဲရပ်နဲ့ အာဏာသိမ်းပါတယ်။ ကျောင်းတွေလဲ အကန့်အသတ်မရှိပိတ်၊ တစ်နိုင်ငံလုံးလဲ ကာဖျူးထုတ်၊ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်းတွေကိုလဲဖြုတ်၊ ထောက်လှမ်းရေးက လူဖမ်းပွဲကြီး စပါတော့တယ်။ ဒီကြားထဲ မိုင်းယန်း နဲ့ မဲသဝေါ တိုက်ပွဲကြီးတွေ ဖြစ်တော့ ညဘက် ကာဖျူးဖောက်တဲ့ လူတွေ၊ ထောင်သားတွေကို ပေါ်တာဆွဲပါတော့တယ်။ နယ်မပြောနဲ့ ရန်ကုန်မှာတောင် ပေါ်တာဆွဲပါတယ်။ စီးကမ်းဖောက်တဲ့လူတွေကို စစ်သားတွေက တွေ့ရာနေရာမှာ နဘန်ကျင်း၊ ဒိုက်ထိုးခိုင်းနဲ့ ဗျောင်းသတ်နေတာပေါ့ဗျာ။ အဲဒီတုန်းက လူတိုင်းနားထဲမှာ ညဆို “ဒို့အရေး” အသံတွေ ကြားယောင်နေတာ တော်တော်နဲ့ မပျောက်ဘူးဗျာ။  ကျောင်းသားတွေလဲ နီးစပ်ရာလက်တို့ပြီး တောခိုကြတာပေါ့။ ဘာရမလဲ မောင်ကျောက်လဲ တက်ကြွတဲ့ကြက်ဖ ဆိုတော့ လှုပ်စိလှုပ်စိ […]


ဦးေက်ာက္ခဲAugust 17, 20122min27618
Albino Burmese Python တဲ့ သူ့အကြည့်က အေးစက်စက် မြွေ ချောင်း ချောင်းနေတာ စားကြည့်တော့ ချိုဆိမ့် နေတာပဲတဲ့ UK, Kent အရပ်မှာရှိတဲ့ North Star ကိတ်မုန့်ဆိုင်ပိုင်ရှင် Francesca Pitcher က သူ့သမီး မြွေချစ်သူ ၆နှစ် အရွယ် ကလေးငယ်အတွက် မွေးနေ့ကိတ်ပါတဲ့ခင်ဗျာ Credit to North Star Cakes Facebook page. 


ဦးေက်ာက္ခဲAugust 11, 20121min1246
  ပြီးခဲ့တဲ့ ရက်တွေက ရုံးမှာ နဲနဲအလုပ်များနေလို့ ခုမှ အပိုင်း( ၂ )ကို ဆက်ပါရစေ   (မောင်ကျောက် ကြုံခဲ့ရတာကိုပဲ အကျဉ်းချုံး ရေးမှာမို့ လူတိုင်းသိပြီးသားတွေ ချန်ခဲ့ပါရစေ)     တကယ်တော့ ၈၈၈၈ နေ့ ဟာ ကျောင်းသားများက BBC VOA တို့ကတဆင့် Mandate ပေးပြီးသားမို့ ပြည်သူများက တစ်နေ့လုံး နားတစွင့်စွင့် မျော်တလင့်လင့် နဲ့ပါ။ လက်နက် အပြည့်အစုံနဲ့ စစ်ကားတွေကလဲ ရန်ကုန်မြို့ကိုပါတ် အင်အားပြ၊ လုံထိန်းတွေကလဲ အရေးကြီးတဲ့နေရာတွေမှာ စောင့်ကြပ်လို့ပေါ့ဗျာ…… စစ်သားတွေက တော်လှန်ရေး ပန်းခြံ နဲ့ မြို့တော်ခန်းမ၊ လုံထိန်းတွေက ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဝင်းထဲမှာ စခန်းထိုင်ကြပါတယ်။     ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတော့ အဖြူအစိမ်းနဲ့ […]


ငွေရတုအကြို ၂၄ နှစ် (အပိုင်း ၁)   ဆိုးရွား ရက်စက်လှတဲ့ ဦးနေဝင်း ရဲ့ မဆလ တစ်ပါတီ စံနစ်ဆိုးကို ရဟန်းရှင်လူ ပြည်သူပြည်သား ကျောင်းသားများရဲ့ သွေးနဲ့ ရိုက်ချိုးဖြိုချ ခဲ့တာ ငွေရတုအကြို ၂၄ နှစ် ပြည့်ခဲ့ပါပြီ!   ယခု အသက် ၂၅ – ၃ဝ ဝန်းကျင်နဲ့အောက် ညီငယ်ညီမငယ်များရဲ့ မှုံရီဝေ ဝိုးတဝါး ” မဆလ ” ခေတ်ကို မှတ်မိသလောက်လေး အကျဉ်းချုံးပြီး ဖောက်သည်ချပါရစေ   “သန္ဓေတည်စ မဆလ”   တကယ်တော့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ပါတီ ဆိုတဲ့ ” မဆလ ” ဟာ အာဏာရှင် ဦးနေဝင်း ရဲ့ […]


ဒီရက်ထဲမှာ နေကခြစ်ခြစ်တောက်ပူလိုက်၊ တိုင်ဖုန်းက တစ်လုံးပြီး တစ်လုံးဝင်လိုက် နဲ့ အလုပ် လုပ်ရတာ တယ်ပြီး ခရီးမတွင်လှဘူး……… အားနေတော့လဲ တောင်စဉ်းစား မြောက်စဉ်းစား မြန်မာလူမျိုး သူငယ်ချင်းကလဲ မရှိ၊ စကားပြောဖော်ကလဲ နထိ္ထ ဆိုတော့၊ ပျင်းစရာကြီးဗျာ   ကိုယ့်ဘဝ ကိုယ်ပြန်စဉ်းစားမိတော့လဲ ဟိုနိုင်ငံရောက် သည်နိုင်ငံရောက်နဲ့ အခြေဘဲမကျနိုင်သေးဘူး တခါတခါ ဘာလို့များ ပိုက်ဆံရှာနေမိပါလိမ့် လို့တောင် အတွေးပေါက်မိတယ်။   တဘက်က စဉ်းစားကြည့်တော့လဲ နိုင်ငံစုံဗဟုသုတ ရတာပေါ့လေ အဲ… လူအမျိုးမျိုး စိတ်အထွေထွေ တော့ ကြုံရတာပေါ့   မောင်ကျောက် ကနေ ကိုကျောက်၊ ကိုကျောက် ကနေ ခု ဦးကျောက် ဖြစ်လာပြီ ဆိုတော့ လုပ်ငန်းခွင်ထဲမှာလဲ အဆင့်တစ်ခုတော့ ရောက်ပြီပေါ့ဗျာ   […]


မောင်ကျောက်တို့ ပထမနှစ်စတက်တော့ RC-2 မှာ ခင်ဗျ။ အဲဒီခေတ်က Main ထဲက “ဒဂုံဆောင်” ကို ဘူမိကျောင်းတော်သားများ အတွက် အပိုင်စား ပေးထားလေ တော့ အဆောင်မှူးက ကိုယ့်ဋ္ဌာနက ဆရာ၊ Hall Tutor ကလဲ အများအားဖြင့် ကိုယ့်ဋ္ဌာနက ဆရာတွေပါဘဲ။   မောင်ကျောက်တို့ ဘူမိကျောင်းတော်သားများကဆိုးလေတော့ ကိုယ့်ဋ္ဌာနက ဆရာတွေကဘဲ ထိန်းနိုင်တယ်လေ ခပ်ရိုင်းရိုင်းပြောရရင် “မျောက်ကို မျောက်မြီးနဲ့ချည် တာပေါ့”   မနက်ဆို အဆောင်က “ထမင်းဂျိုးလှော်” ကို ကိုယ့်မှာရှိတဲ့ အခြောက်အခြမ်း နဲ့ဗိုက်ဖြည့်ရတာပေါ့ဗျာ “ထမင်းဂျိုးလှော်” ဆိုတာက၊ ညကပိုတဲ့ အဆောင်ထမင်းကျန်ကို ပဲငံပြာရည်အနောက်ရယ် ဆားရယ် ထဲ့ပြီးလှော်ထားတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ အရသာကို “ဆီ” လား? ဟင့်အင်း၊ နဲ […]