ဦးကောက်October 10, 20111min23822
ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ကားများအနက် ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၂ဝ ကျော်မှ အနှစ် ၄ဝ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားအဟောင်း အစားကားအသစ်များ အစားထိုး တင်သွင်းခွင့် ပြုတော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍  ယာဉ်အပ်နှံမှုကို စတင်လက်ခံခဲ့ရာ မကြာမီ ကားအသစ်များ ဝင်ရောက် လာတော့မည် ဖြစ်သည်။ ထိုသို့ ကားမော်ဒယ်အသစ်များ ဝင်ရောက်လာသော်လည်း မြန်မာနိုင်ငံ၏ မြို့တွင်း လမ်းပမ်းဆက်သွယ်ရေး အခြေအနေနှင့် မြို့တွင်းလမ်းများ အနေဖြင့် ဆိုးရွားစွာရှိနေဆဲ ဖြစ်ကြောင်း နှင့် ကားအကောင်းစားများနှင့် လမ်းအဆိုးများမှာ စီးရန်မသင့်တော်သေးကြောင်း၊ ထို့ကြောင့် မြို့တွင်းလမ်းများကို အမြန်ဆုံးပြုပြင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုပါသည်။ ချိုင့်ခွက်များဖြစ်ပေါ်၍ ပျက်စီးနေသော […]


ဦးကောက်October 3, 20111min530
ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာ သည် အာဆီယံနိုင်ငံများသို့ ခရီးစဉ် ထွက်ခွာနေရာ အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်တစ်ခုက စက် တင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့မှုကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြခဲ့သည်။   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ထိုင်း ဝန်ကြီးချုပ် ယင်လက်ခ်အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် […]


ဦးကောက်September 27, 20111min580
သွေးလှူဒါန်းပွဲနှိုးဆော်လွှာ ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက ၏ ဒကာဒကာမများဦးစီးသော အကြိမ် ၂ဝ မြောက် သွေးလှူဒါန်းပွဲကို ( ၂ ) ရက် အောက်တိုဘာလ ၂၀၁၁ တနင်္ဂနွေနေ့ နံနက် ( ၉ ) နာရီ မှ နေ့လယ် ( ၂ ) နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အမျိုးသားသွေးလှူဘဏ်တွင် မည်သူမဆိုလာရောက်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ဦးကောက်September 19, 20111min933
မန္တလေးမြို့ ကညနရုံးတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေးနှင့် ပါတ်သတ်၍ ကြေငြာချက်ထုတ်ပြန်ထားစဉ် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေးအစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်မှု အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ကားဟောင်းများအပ်နှံရေးကိစ္စ၊ မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်များသည် ပြည်ပမှတင်သွင်းရန် မော်တော်ကားပါမစ် ထုတ်ယူရန်ကိစ္စကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် […]


ဦးကောက်August 15, 20111min592
ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ စတင် ရောက်ရှိလာခဲ့ပြီး ရွှေမော်ဓော စေတီတော်မြတ်ကြီးအား တက်ရောက် ဖူးမြော်ခဲ့ပြီးနောက် ပဲခူးမြို့ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် သနပ္ပင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး သနပ္ပင်မြို့ နဝရတ် ကိုးသွယ်လမ်းရှိ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နံနက် ၁ဝ နာရီခွဲ အချိန်ခန့်တွင် သနပ္ပင်မြို့မှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး  ပဲခူးမြို့အနီးရှိ စာဖတ်ခန်းတစ်ခုအား ဖွင့်လှစ်ပေးခဲ့ကာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။ Eleven Media Group မှ ကူးယူဖော်ပြသည်။


ဦးကောက်August 8, 20111min791
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံတစ်ခုအား ဖြိုဖျက်နေသည်ကို တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်ရာတွင် ကြန့်ကြာမှုများ ရှိနေ၍ အမြန်ဆောက်လုပ်ရန် အကြောင်းကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခံရ၍ ဖြိုဖျက်ကာ အသစ်ပြန်လည် ဆောက်လုပ်နေသည့် အဆောက်အအုံ အများစု လုပ်ငန်းအမြန်ပြီးစီးရန်အတွက် တွန်းအားပေးရခြင်းဖြစ် ကြောင်း၊  အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်၍ အသစ်ပြန် လည်ဆောက်လုပ်ရန်အတွက် အချိန်ကာလကို အနည်းဆုံးတစ်နှစ် နှစ်လမှတစ်နှစ်ခွဲအထိ သတ်မှတ် ပေးထားကြောင်း သိရှိရသည်။ “အခု အန္တရာယ်ရှိအဆောက်အအုံတွေ ဖြိုဖျက်အသစ်ပြန်ဆောက် နေတာတွေကို အမြန်ပြီးအောင် ဆောက်ဖို့ အကြောင်းကြားထားပါတယ်။ တချို့က ဆောက်လုပ်တဲ့နေရာမှာ ကြန့်ကြာမှုတွေရှိနေလို့ပါ”ဟု အဆိုပါတာဝန်ရှိသူက […]


ဦးကောက်August 8, 20111min1046
လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ ဖြစ်သည့် Facebook နှင့် Twitter ကဲ့သို့သော ဝက်ဘ်ဆိုက်များကို အလွန်အကျွံ သုံးပါက အချိန် မလေးစားသော၊ အာရုံစူးစိုက်မှု အားနည်းသော၊ လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းသော မျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေနိုင်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် ပါမောက္ခတစ်ဦးက သတိပေး ပြောကြားခဲ့သည်။ ယင်းဝက်ဘ်ဆိုက်များကို အလွန်အမင်း စွဲလမ်း အသုံးပြုပါက ဦးနှောက် ပြန်လန်းဆန်းအောင် လုပ်ဆောင်မှုများ အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ ဘာရွန်နက်စ်ဆူစန်ဂရင်းဖီးက ပြောကြားသည်။ အင်တာနက်ဂိမ်းများကို အလွန်အကျွံ ကစားသကဲ့သို့ပင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များအား အရူးအမူး အသုံးပြုပါက မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောနိုင်သည့် အရည်အသွေးကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးများ ကျဆင်း စေနိုင်ကြောင်း Royal Institutino […]


ဦးကောက်August 6, 20112min17315
ဗုဒ္ဓမြတ်စွယ်တော်ပွား နှစ်ဆူဖူးမြော်နိုင်ပြီ       မမျှော်လင့်ဘဲနှင့် ရုတ်တရက်ကြွရောက်လာသောတရုတ်ပြည် ပီကင်းမြို့ ဆင်ခြေဖုံး ရှုခင်းကောင်းလှသည့် အနောက်ဖက်တောင်ကုန်းများပေါ်ရှိ (လိကွမ်း)ဘုန်းတော်ကြီးကျောင်းတော်အတွင်းတွင် တည်ရှိခဲ့ပြီးဤမြတ်ဗုဒ္ဓစွယ်တော်သည် တရုတ်ပြည်တွင် ကိန်းဝပ်စံပယ်တော်မူသည်မှာ နှစ်ပေါင်း (၁၅၀၀) ကျော်ခဲ့ပြီဖြစ်သည်။၎င်းဗုဒ္ဓမြတ်စွယ်တော်ပွားအား ၂.၈.၂၀၁၁၁ (အင်္ဂါနေ့) နေ့လည် (၂းဝ၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမာစာရဦးစီးပင့်ဆောင်ခဲ့သည်။   ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ မပင့်ဆောင်မီရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ခေတ္တခဏကိန်းဝပ်အပူဇော်ခံယူခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယကာမများနှင့် “အိုကေ” ကုသိုလ်ဖြစ်သာသနာပြု ရှမ်းတီးဝိုင်းအဖွဲ့တို့မှ အနီးကပ်ဖူးမြော်ခဲ့ကြပြီးနောက် နေ့လည် (၃း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပင့်ဆောင်ကာပြည်မြို့ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အပူဇော်ခံထားရှိရန်အတွက် ဆရာတော်ဘဒ္ဒန္တသောမာစာရ၊ ဥက္ကဌဦးကျော်သူနှင့်အတူအသင်းသားများတို့မှ ကိုယ်တိုင်ကိုယ်ကျ […]


ဦးကောက်June 20, 20111min950
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို ့၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို ့၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။ စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။ ထို ့ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။ ထို ့အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို ့တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးစုဘဏ်တွင် ၃၀. ၆ . […]


ဦးကောက်June 12, 20114min590
အသက် ၁၈ နှစ်ပြည်ခဲ ့ပြီဖြစ်လို ့ဂျန်ရေးဘာလဝင်း တစ်ယောက် ကမာ္ဘ ့ထူးဆန်း၊ ဂင်းနက်စ်မှတ်တမ်း အဖွဲ ့ကြီးမှချီးမြင် ့သည် ့ကမာ္ဘ ့အရပ်အပုဆုံးလူသား ( အမျိူးသား ) ဘွဲ ့လက်မှတ်ရယူစဉ်… A4 size: Eighteen-year-old Junrey Balawing receives a certificate proclaiming him as the world’s shortest man from the Guinness Book of World Records ဖိလစ်ပိုင်နိုင်ငံမှ ပန်းပဲသမားတစ်ဦး၏သားဖြစ်သူ အရပ် နှစ်ပေ ပင်မပြည် ့သည် ့လူပုကလေးကို ၎င်းရဲ ့အ သက် ၁၈ နှစ်ပြည် ့မြောက်သည် ့ယမန်နေ […]


ဦးကောက်June 9, 20114min18811
ဒီအကြော်သည်အမျိူးသားကြီးကတော ့သူ ့ရဲ ့လက်နှစ်ဖက်စလုံးကို ဆီပူအိုးထဲနှစ်ပြီး ယောင်းမတစ်ခုကို အ သုံးပြုနိုင်တာမို ့ပြိုင်စံမပေါ်တဲ ့နိုင်ငံကျော် ( ကမာ္ဘကျော်လို ့ဆိုယင်ပိုတောင်မှန်ပါဦးမယ်…) ပါပဲ… အစွမ်းထက်သည် ့လက်များပိုင်ရှင် ကန်းထရီချန်း တစ်ယောက် ပွက်ပွက်ဆူနေသည် ့ဆီပူအိုးထဲ၎င်း၏လက် များနှစ်ကာကြော်နေသည် ့ကြက်သားတုံးများကို လက်ချောင်းများဖြင် ့ကိုင်တွယ်ကာဆယ်ယူနိုင်စွမ်းရှိနေ တာဖြစ်ပါတယ်… ကမာ္ဘ ့စံချိန်ရှင် အသက် ၅ဝ အရွယ်ရှိ လူထူးလူဆန်းဟာ အံ ့ဩဖွယ်ရာကောင်းလှစွာပင် တစ်ချက်ကလေးမှ ဆီပူအလောင်မခံရပါဘူး… ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို ့တွင်နေထိုင်သည် ့မစ္စတာ ထရီချန်း က ” ဆီပူအိုးထဲကျွန်တော် ့ရဲ ့လက်တွေထည် ့ လိုက်တဲ ့အခါမှာတော ့ပူလောင်မှုကိုခံစားရပေမယ် ့လက်ရဲ ့အရေခွံ၊ အရေပြားကို ဆီပူမလောင်ပါဘူး… ကျွန်တော်ဟာ (ဘာအကာအကွယ်မှမပါပဲ […]


ဦးကောက်June 6, 20111min754
စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန် မြန်မာနိုင်ငံ၏ စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်သော တေးရေးဆရာတစ်ဦးအဖြစ် ရပ်တည်လျက် ရှိသော တေးရေးဆရာ မောင်သစ်မင်းသည် ဇွန်လ ၅ ရက်နေ့၊ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂ဝ (မြန်မာစံတော်ချိန် ၉ နာရီ) အချိန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆမ်မီတဝေ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သတင်း ရရှိပါသည်။ ”ထိုင်းနိုင်ငံ ဒေသစံတော်ချိန် မနက် ၉ နာရီ၊ မိနစ် ၂ဝ အချိန်မှာ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားခဲ့ပါတယ်”ဟု တေးရေး မောင်သစ်မင်း […]