ကိုမောင်January 14, 20131min1473
Yangon Open Business Forum ပြုလုပ်မည် by Aung Myo Lwin Agga on Sunday, January 13, 2013 at 11:25pm · စီးပွားရေးလုပ်ငန်းရှင်များ တွေဆုံပြီး အတွေးအမြင် ဖလှယ် မည့်အစီအစဉ်လေးလို့ ရိုးရိုးလေး ပြောလိုပါသည်။ လုပ်ငန်းတွေ ပူပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း များ၊ မတူညီတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေးအမြင်များ ၊ အများပိုင် စီးပွားရေးလုပ်ငန်းများပေါ်ပေါက်လာရေး အတွက် အခွင့်လမ်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မည်သူမဆိုတက်ရောက်ဆွေးနွေးဖလှယ် နိုင်ပါသည်။ ကျင်းပမည့် နေ့ရက်တွေကတော့ လတစ်လရဲ့ ပထမ အပတ်စနေနဲ့ နောက်ဆုံးအပတ် စနေနေ့တွေမှာ ညနေ ၅ နာရီမှ ရနာရီအထိ ဆွေးနွေးဖလှယ်ရန် စီစဉ်ထားပါသည်။ […]


ကိုမောင်March 8, 20121min953
ဂျပန်စကားLeavel 1,2, တခုခုရရှိထားသူ(သို့)ကျွမ်းကျင်စွာပြောဆိုနိုင်သူများလျှောက်ထားနိုင်ပါသည်။မကြာခင်ကာလအတွင်းရန်ကုန်မြို့တွင်ရုံးခန်ဖွင်လှစ်မည်ဖြစ်ပါသဖြင်အောက်ဖော်ပြပါသို့ဆက်သွယ်ပြီး`CV form တင်ပြီးလာရောက်လျှောက်ထားနိုင်ပါသည်။ ဦးမျိုးသိန်း င်္Fujifurukawa Company e.mail. myothein2008@gmail.com Tel: 095152912


ကိုမောင်September 17, 20111min1506
မိတ်ဆွေများလဲတချိန်းသိုမဟုတ်တခါတလေတောဧည့်သည်ကြိုတာပဲဖြစ်ဖြစ်ဆွေမျိုးလိုက်ပိုတာပဲဖြစ်ဖြစ် ရန်ကုန်လေဆိပ်ကိုရောက်ကြမှာမလွဲမသွေပါ၊ပြည်တွင်း(သို့)ပြည်ပခရီးစဉ်တွေကိုယခုအခါအခွန်ကောက်ပုံ လေးကိုပြောပြချင်ပါသည်။ယခင်ကပြည်တွင်းခရီးစဉ်အတွက်အခွန်ကောက်ခံမှုမရှိပါဘူးတလောကပြည်တွင်း ခရီးစဉ် ခုကိုသွားသောအခါ၁၀၀ဝကျပ်ကောက်ခံပါသည်ရန်ကုန်လေဆိပ်အပါအဝင်းပြည်တွင်းလေဆိပ်အား လုံးလည်အတူတူကောက်ခံကြပါသည်။ဆားဗစ်အလွန်ကောင်းလို(သို့)လေဆိပ်၏ဆောက်အအုံကသပ်ရပ်ကောင်း မွန်လိုပေးလိုက်ရလျှင်အလွန်တန်ပါသည်သိုသော်လည်ဘာမျှမစွမ်းဆောင်နိုင်ပဲပြည်တွင်နယ်လေယဉ်ကွင်းတွေ ဟာမကောက်သင့်ဘူးလိုထင်ပါသည်။ကဲအဲဒါကပြည်တွင်းနော်~~ ပြည်ပအတွက်ကယခင်ကလေဆိပ်အခွန်၅၀ဝကျပ်ကမနှစ်က၂၀၁ဝမတ်လလောက်အထိပါ၎င်းနောက်ကျပ်၃၀၀ဝက ဒီနှစ်ဆန်းအထိကနေယခုUS$10ကောက်ခံပါသည်။ဒါကတန်မယ်လိုထင်ပါတယ်~ ပြောချင်တာကတောDeparture နှင့် Arrival တိုမှာ ကျနော်အရင်Arrival အကြောင်းပြောချင်ပါတယ် ပါတယ်ဧည်သည်ကြို့ပြီးလိုကားပေါတက်ခါနီအကြောင်းလေပါလူ၃ ယောက်လောက်ကပ်လာပြီးအတင်းပစ္စည်း တင်ပေးပြီးTip money တောင်းကြပါတယ်။စီးပွားရေးလိုပုံစံမျိုးဖြစ်နေပါသည်။တချို့ဧည်တွေကတောမြန်မာပြည်ကိုပထမဆုံးရောက် ဘူးတောသိပ်မသိဘူးပေါသူတိုနိုင်ငံမှာတော့မရှိပါဘူးသူတို့မှာကငွေကလဲမလဲရသေးဘူးကျနော်ကအိတ်စိုက် ခဲပေးလိုက်ရပါတယ်၊ကားထွက်သည်အထိပေါတောင်းတာကတောအလွန်းရုပ်ဆိုးပါတယ်။အဲဒါတောခေတ်မှီ နိုင်ငံတာကာလေဆိပ်တွေလိုစံချိန်မညီနိုင်ဘူးလိုပြောရမလား။သူတို့လေးတွေရဲစားပေါက်လေးတွေပိတ်သွားမ လားလိုမတားလိုပါဘူး။ အဲလာပြီးDepartureမှာကတောလေဆိပ်ရဲဝန်ထမ်းလိုလိုကဒ်ချိပ်ပြီးအတင်းမေးပြီးDepartureအတွက် ဝန်းဆောင်မှု့ပေးနေတာ။အထဲအထိဝင်းရောက်ပြီးCheck in line တွင်ပစ္စည်းတွေချိန်form ဖြည့်ပေးနေပုံတွေကရုပ်ဆိုးနေတာတွေမကောင်းဘူးလိုထင်ပါသည်။ကဲမိတ်ဆွေတို့လည်စဉ်စားပေးကြပါ။


ကိုမောင်September 12, 20111min1610
ကျနော်တို ့ဂေးဇက်မိတ်ဆွေများနှင့်ဝင်ရောက်ဖတ်ရှုသော ညီအကိုမောင်နှမများစိတ်ရှည်စွာဖြင့် ကျနော်ကိုယ်တွေအဖြစ်အပျက်လေးကိုဝိုင်စဉ်းစားပေးစေလိုပါသည်။ ဖြစ်ပုံက~~ဒီလိုပါ~ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းUMFCCI ရုံးအနီရှိသပြေရိပ်လဖက်ရည်ဆိုင်တွင်၁၁.၉.၂၀၁၁ရက်နေ ့ ညနေ၃း၃ဝလောက်တွင်လဖက်ရည်သောက်ရင်းပစ္စည်းတခုမေ့ကျန်ခဲပါသည်၊ ၎င်းပစ္စည်းလေးသည်တရုတ်ရိုးရာအပ်စိုက်သလိုဝေဒနာ ခံစားရသောနေရာ သို့တိုက်ထိတွေစေခြင်းဖြင့်သက်သာစေပါသည် ။ပုံစံမှာဘီးလိုအစွယ်လေးများပါသောအဝိုင်းပုံလေးပါ။ အမျိုးသမီးတွေမိတ်ကပ်ဘူးနှင့်လည်ခပ်စင်စင်ပုံလေးပါ။ ကျနော်တို. စားသောက်ပြီးငွေရှင်းပြီးသူငယ်ချင်းနှင့် နုတ်ဆက်ပြီးအပြန်တွင်မေ့ကျန်ခဲ့ပါသည်။ သတိဝင်သောအချိန်မှာ၎င်းဆိုင်မှအထစုစုပေါင်း၉မိနစ်ဝင်းကျင် ပြန်လှည်ပြီးလာသောအခါတွင် စားပွဲးထိုးတွေက` ကျနော်တို့နှင်အပြိုင်ထသောဝိုင်ရှိကောင်းရှိပါလိမ်းမည်~ ကားအပြာနှင့်လူက သူငယ်ချင်းပစ္စည်းဘာညာပြောပြီးလက်ခံရယူသွာဲပါသည်။ ၎င်းလူသည်လဲသပြေရိပ်ကိုပုံမှန်လာနေသောလူလို စားပွဲထိုများကပြောကြပါသည် ဒီနေကျနော်သွားပြီးမေးကြည်တော ၎င်းလူဒီနေမလာပါဘူးလိုပြောပါသည်။ ကျနော်အထင်တောဒီလူသည် ၎င်းပစ္စည်းကဈေးနှန်းကြီးတာကို သိလိုယူချင်းတာလား တယ်ပဲစားပွဲထိုးတွေက အယုံလွယ်ပြီးပိုင်ရှင်မဟုတ်ပဲနှင့် ဘာကြေင်အပ်နှံသည်ကိုစဉ်းစားမရဖြစ်နေပါသည်။ ယခုကျနော်စဉ်းစားနေတာကတော့ဖြစ်စဉ် အမှန်ကတောဘာကြောင့်ကောင်တာကိုမအပ်ပဲ အယုံလွယ်ပြောပြီးလက်ခံရယူလူကော~ စားပွဲထိုးရော ဖြစ်သင့်တာကိုမလုပ်ကြပဲ~ ~~/??????့ ကျနော်အတော်လေးကိုစိတ်မကောင်းတာ လူတွေရိုးသားမှု့ တွေပျောက်ကုန်းတာအရမ်းနှမျောမိပါကြောင်း ။ညီအကိုမောင်နှမများသတိချပ်စေခြင်းပါသည်.


ကိုမောင်August 16, 20111min2680
ဆယ်တော်မူဘုရားဂါထာ   ကကုသန္ဓော ကောဏဂမနော ကဿပေါ ဂေါတမော မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား မေတ္တယျော ပဉ္စဗုဒေါ္ဓတေ သီသေမေတန္တ သဗ္ဗဒါ ဧတေသံ အာနုဘာဝေန ရက္ခဒေဝါ မဟိဒိ္ဓတာ သဗ္ဗေသုခိတာ ဟောန္တု မေတ္တသဟာယကာ။   ရွတ်ဖတ်ရခြင်းအကျိုး= လူချစ်လူခင်ပေါများခြင်း၊အခက်အခဲများမှ ကံဆယ်တော်မူခြင်း၊ ကျန်းမာချမ်းသာခြင်း၊ ရန်သူမျိုးငါးပါးမှ ကင်းဝေးခြင်း၊ ပြောဆိုစကားအောင်မြင်ခြင်း၊ လာဘ်လာဘပေါများခြင်း၊ ထီပေါက်ခြင်း။ လည်ကောင်းဂါထာစာရွက်ကို ဆယ်တော်မူဘုရားရှေမှယူခဲ့ပြီးတဆင့်ပြန်ပွားဖော်ပြခြင်းဖြစ်ပါသည်။ လမ်းညွှန်း~  ရွှေ တိဂုံဘုရားတောင်ဖက်မုဒ် ဂေါပကရုံးအနီတွင်ရှိပါ သည်။


ကိုမောင်July 19, 20111min1202
ကျနော်တို ့ငယ်ငယ်တုံးကပေါ ၁၉ရက် ဇူလိုင်ဆိုရင် မနက် ၁ဝ နာရီ ၃ရ မိနစ်မှာ ဥဪဆွဲသံကြားရင်လူတွေကအားလုံးပြောစရာမလို အလိုလို မတ်တပ်ရပ်ပြီးဂဝရပြုကြတာကိုအမှတ်ရနေမိပါတယ်။ ကားတွေကလဲမောင်းရင်ရပ်ကြတာကိုတွေးပြီးလွမ်းမိသလိုပါပဲဗျာ။


ကိုမောင်June 16, 20111min22615
မနေကရန်ကုန်မှာမိုးအရမ်းရွာတာနှင်ကျနော်အိမ်ကကားကိုမယူဘဲတခါတလေပေါလိုင်းကားစီပြီးတရုပ်တန်းဖက်ကိုထွက်ခဲ့ပါတယ် ကျနော်အိမ်းကနေကားဂိတ်ကို၃မိနစ်လောက်လမ်းလျှောက်ရပါတယ် ဒါနဲမိုးကဖွဲဖွဲရွာနေပါတယ် သိတ်မစောင့်လိုက်ရပါဘူးလိုင်ကားရောက်လာပြီးတက်စီးလိုက်ပါတယ် မိုးကလဲအတော်သဲလာတောပါတယ်၎င်းလိုင်ကားမှာဂျပန်ကျအဟောင်းဖြစ်ပေမဲ့တော်လေးကိုအခြေမဲနေပါတယ် အဲဒီလိုမိုးသဲတောခရီသည်အမျိုးသမီတယောက်ကပြူတင်ပေါက်မှန်ချပေးပါလားပြောတော့ ယဉ်နောက်လိုက်ကမရပါဘူးပြောရင်းကျနော်ထိုင်နေတဲ အမိုးအပေါကလေထွက်ပေါက်ကနေမိုးရေယိုကျလာတောမသက်တာနဲကျနော်ထီးကိုဖွင်စောင်းရပါလေရောဗျာ။ဪကျနော်တိုခရီးသည်တွေကိုလူမထင်သေးရဲလားလိုတွေမိပါတယ်နောက်ပြီးထိုင်တွေကလဲမစုံကုန်ကုန်ပြောရရင်ယဉ်မောင်းနှင့်ယဉ်နောက်လိုက်တို့ကငပိငချဉ်သိတ်သလိုလူများများတင်နိုင်အောင်ဖြုတ်ထားသည်အတွက်ကားအင်ဂါရပ်နှင့်မတူးဘဲဘိန်လေးဘီးတပ်လှည်ကြီးပေါမှာကျနော်တို့ခရီးသည်တွေထိုင်ရပ်လိုက်ကြပါပေတောသည်၊ ၎င်းယဉ်ကိုတနှစ်တခါဘယ်လိုလိုင်စင်ဝင်သည်ကိုကျနော်သိချင်လိုက်ပါဘိ။ တာဝန်ရှိသည်မထသလူကြီးများလဲကြည်ကြပါအုံးလိုကိုတွေကားပေါမှာထီဆောင်ရခဲ့တဲကျနော်အဖြစ် အဲ ငပိ ဖြစ် ဘဝလေးပါ အားလုံးငပိအဖြစ်မှာဝေးကွာကြပါစေ၊


ကိုမောင်September 11, 20101min1242
ယခုတလောကျနော်လမ်းလျောက်သောအခါတွေမြင်နေရပါတယ်။အဓိကတောအလှပြင်ဆိုင်တွေဖြစ်မယ်လိုထင်ပါတယ်။စည်ကမ်းမဲ  စွာဖြင်လမ်းမပေါ်မှာတွေနေရခြင်းဟအလွန်အန္တာယ်ရှိပါသည်။လည်ကောင်းမှတဆင့်ရောဂါကူးဆက်နိုင်ခြေရှိနေခြင်းပါဘဲ။အကယ်လို