unclegyi1974September 7, 20101min1496
အောက်တိုဘာ ၄ ရက်နေ့က ရတနာပုံသတင်းစာ ကောက်ဖတ်လိုက်ရာ စာရေးဆရာဆွေနွယ်ဦးရဲ့ ယုံမှတ်၍ ပုံအပ်ရာဝယ်  ဆိုသောဆောင်းပါးလေးတပုဒ်ဖတ်လိုက်ရပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကိုဝိုင်ဝန်းဝေဖန်အကြံပေးနိုင်ရန်ပြန်လည်တင်ပြလိုက်ပါတယ်။ ဆောင်းပါးလေးကအတိုချုပ် ပြောရရင် ကောင်မလေးတယောက်နဲ့ကောင်လေးတယောက် ဟန်းဖုန်းကနေသမီးရည်းစားဖြစ်သွားကြ ရာကအစပြုတာပါဘဲ၊ နောက်သမီးရည်းစာဘဝကနေလူမသိသူမသိအချစ်နယ်ကျွန်မိရာမှကောင်မလေးမှာကိုယ်ဝန်ရသွားပါတယ်။ ကောင်မလေးကကောင်လေးကိုတာဝန်ယူခိုင်းတဲ့အခါကောင်လေးကငြင်းပါတယ် နောက်ဆုံးကောင်မလေးကကောင်လေးဆီကလျော်ကြေးရလိုကြောင်း ရှေ့နေနှင့်တိုင်ပင်ဆွေးနွေးသည့်အချိန်တွင် ရှေ့နေမှအရားရုံးချုပ်စီရင်ထုံးတခုကိုတင်ပြလာပါသည်၎င်းစီရင်ထုံးကိုမူရင်းအတိုင်းတင်ပြပေးလိုက်ပါသည်။ အရွယ်ေရောက်ပြီးဖြစ်သည့်မြန်မာဗုဒ္ဓဘာသာမိန်းကလေးတဦးနှင့်ယောကျာ်းေလေးတဦးတို့သည် မိမိတို့ချင်းသဘောတူညီမှုဖြင့့်ကျူးကျူးလွန်လွန်ဖြစ်ကြသည်တွင်မိန်းကလေး၌ကိုယ်ဝန်ရှိရာ ယောကျာ်းဖြစ်သူကမိန်းကလေးအားလက်ထပ်ရန်ငြင်းဆိုသော် မိန်းကလေးအားယောကျာ်းဖြစ်သူကရှေးထုံးဓမ္မသတ်များအရလည်ကောင်း၊ တရားရုံးချုပ်ကဆုံးဖြတ်ထားသည့်စီရင်ထုံးများအရလည်ကောင်းလျော်ကြေးမပေးထိုက်။ ဟုဆုံးဖြတ်ထားကြောင်း။ ထိုအမှုတွင်မိန်းကလေး၏ရှေ့နေကြီးက  မိန်းကလေးတစ်ဦးသည်ယောကျာ်လေးတစ်ဦးအား ကာမစပ်ယှက်ရန်သဘောတူခွင့်ပြုခဲ့သော် ထိုယောကျာ်း၏တောင်းရမ်းထိမ်းမြားပါမည်ဟူသောဂတိရရှိသောကြောင့်သာလျှင်ဖြစ်လိမ့်မည်  ဟုတင်ပြသော်လည်းထိုသို့ဂတိပေးကြောင်း ၊လူသိရှင်ကြားသိကြသည်ဟုသက်သေတင်ပြထားသည်ကိုမတွေ့ရကြောင်း၊ ကိလေသာစိတ်မကုန်ခန်းကြသေးသောပုထုဇဉ်များအတွက်သွေးသားဆန္ဒအရမည်သည့်ရည်ရွယ်ချက်မျိုးမှမရှိ်ဘဲ ဲဆက်ဆံခြင်းသည်လည်းရှိနိုင်လေရာယောကျာ်းလေးနှင့်မိန်းကလေးတို့စပ်ယှက်ကျူးလွန်ကြသည့် ့်ကိစ္စတိုင်းတွင်ထိမ်းမြားပါမည်ဟူသောဂတိပေးခဲ့ပြီးသည်ဟုယူဆမည်ဆိုကအကျင့်ဖောက်ပြားမိန်းမသားများ၏ မာယာကျော့ကွင်းသို့သက်ဆင်းရရှာသောယောကျာ်းများအတွက်အခက်ကြုံဖွယ်ရှိမည်ဟုရုံးတော်ကသုံးသပ်ခဲ့သည်။ ်အမှုတွင်မိန်းကလေးသည်အသက်အရွယ်အားဖြင့်လည်ကောင်း၊ ပညာရေးအရလည်ကောင်း၊ သူတစ်ဦးတစ်ယောက်၏ ဖြားယောင်းသွေးဆောင်ခြင်းကို လွယ်လင့်တကူလိုက်လျောပေးနိုင်မည့် မိန်းကလေးမဟုတ်သည့်အတွက် ယောကျာ်းလေးက ဖြားယောင်းသွေးဆောင်ပြီး ကျူးလွန်ကြောင်း၊ တစ်စုံတစ်ရာမပေါ်ပေါက် လက်ထပ်ပါမည်ဟုဂတိမရှိဘဲ သဘောတူချစ် ကြိုက်ပျော်ပါးသည့်အခြေအနေမျိုးသာ အမှုတွဲတွင်ပေါ်ပေါက်နေကြောင်း ထောက်ပြထားပြန်သည်။ ဤအမှုမျိုးတွင် လျော်ကြေးပေးရန်းပိတ်ပင်ထားပါက မသမာသူယောကျာ်းများသည် ထိုဥပဒေကို […]