နွေဦးOctober 1, 20121min1759
တွေ့တိုင်းတွေ့တိုင်း အကြောင်းရာ တခုမဟုတ်တခု ငြင်းနေရတဲ့သူငယ်ချင်းနဲ့ ဒီနေ့လဘက်ရည်တိုင်မှာ ထိုင်မိတော့လဲ အမြင်မတူတာကို ငြင်းကြရပြန်တာဘဲ ။ငြင်းလိုက်တိုင်းလဲ သူလဲမနိုင် ကိုယ်လဲ အရှုံးမပေးနဲ့ ဘယ်တော့မှ ပွဲမပြီး အဆုံးမသတ် ကြဘဲအချိန်ကုန်ကြရတယ် ။ လူတိုင်းငြင်းခုံတတ် ကြတာပါ ။သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာ အများဆုံးငြင်းခုံတတ်ကြပါတယ်။ အဓိကငြင်းခုံရတဲ့ အကြောင်းအရာတွေဟာ သူလဲသိ ကိုယ်လဲသိထားတဲ့ အကြောင်းတွေဖြစ်တတ်ပါတယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူတော့တာနဲ့ ငြင်းခုံမှုဟာ စတော့တာပါဘဲ ။ တယောက်ယောက်က အလျှော့ပေးလိုက်မှ ဒါမှမဟုတ် အခြား ပြောစရာအကြောင်းပြောင်းသွားတော့မှ ငြင်းခုံတာပြီးသွားတတ်တယ်။ နို့မဟုတ်လို့ကတော့ အချိန်ကုန်သွားတဲ့အထိ မပြီးမဆုံး ငြင်းခုံနေကြရမှာ ။ ဒီလို ငြင်းခုံတဲ့ အလေ့အထဟာ ဘယ်အချိန်ကစပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်တမ်းမတွေ့မိပေမဲ့ လူတွေရှိနေသ၍တော့ ငြင်းခုံမှု အငြင်းပါွးမှုတွေကတော့ အဆုံးမရှိ ဖြစ်နေကြအုံးမှာပါဘဲ။ ငြင်းခုံကြတဲ့ အကြောင်းပေါ်မှာ အခြေခံပြီး […]


နွေဦးAugust 28, 20121min15911
လက်ကိုင်ပါတဲ့ ဘူခွံလွတ်တွေကို ဒီလိုပုံနဲ့ ဂေါ်ပြားလေးတွေ လုပ်လို့ရတယ်နော်.. လက်ကိုင်ဖုံးတွေကို ပလပ်ပေါက်မှာ ကြိုးတွဲလောင်းနဲ့ အားသွင်းရမယ်ဆိုရင် ဒီနည်းလေးက ကောင်းတယ်.. ပေါင်ဒါဘူးလို ပလပ်စတစ်ဘူးကို ချိတ်စရာအိပ်လို ဖြတ်ပြီး ဒီလိုလုပ်ပြီး သုံးကြည့်ပါလား.။ သော့တွေ ဆင်တူပြီးမှတ်ရခက်နေရင်.. လက်သည်းဆိုးဆေး ရောင်စုံသုံးပြီး ဒီလိုလေးတွေ မှတ်မယ်ဆို ဖွင့်ခါနီး လွယ်လွယ်ကူကူလေး.. သွားရင်းလာရင်း ဒါမှမဟုတ် ရေချိုးခန်းသုံးဖိနပ် ကြိုးပြုတ်ပြုတ်ထွက်နေရင်တော့ လွယ်လွယ်ကူကူ ဒီနည်းလေးက အဆင်ပြေတယ်နော်.. ဘာရယ်မဟုတ်ဘူး ကြံကြံဖန်ဖန် အပိုပစ္စည်းတွေနဲ့ အပို အလုပ်တွေ ရှောက်လုပ်ရင်း အချိန်ပိုနေတဲ့ သူတွေအတွက် အပျင်းပြေ အောင်လို့ပါ ။ မူရင်း ။။ ။။ http://imgur.com/WEhUm မှကူးယူ တင်ပြပါတယ် ။


နွေဦးAugust 24, 20121min1428
တကယ်တော့ ဒါဟာ ဒုက္ခ မဟုတ်ပါဘူး ။ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စ လည်းမဟုတ်ပါဘူး ။အကျင်္ ီ တထည်ရဲ့ လမ်းဆုံးကို ဘယ်လို အဆုံးသတ်ပေးရကောင်းမလဲလို့ တွေးမိတာပါ ။ တွေးမိတဲ့အတိုင်း ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ…။ ပြောရရင်တော့ ဒီအကျင်္ ီ စဝယ်ပြီးကထဲက တခါမှတွေးထားမိခဲ့ဖူးဘူး ။ ဝယ်ပြီးစ အသစ် ပွဲနေပွဲသွား ခပ်ကြွားကြွားလေး ဝတ် ဟိုသွားဒီသွား မနားတမ်းလဲ ဝတ်ဖြစ်လေရဲ့ ။ တွေ့တဲ့သူတွေကလဲ ဒီအကျင်္ ီလေးကို ကောင်းတယ် မကောင်းဘူး အမျိုးမျိုး ပြောတတ်ကြတယ် ။ဒီလိုနဲ့ဘဲ ကြာလာတော့ အကျင်္ ီလေးက ဟောင်းလာတော့တာပါဘဲ ။ ဟောင်းလာတဲ့ အကျင်္ ီကို သိပ်မဝတ်ဖြစ်တော့ဘူး ။ဟိုနားဒီနား ထသွားထလာ လောက်တော့ တခါတရံ […]


နွေဦးAugust 9, 20121min39823
ပြုံးပြလိုက်ပါ  ။ သင်ပြုံးပြလိုက်တဲ့ တုန့်ပြန်ချက်တွေ ကြည့်လိုက်ပါ ။သင်ကိုယ်တိုင် ကြေနပ်သွားမှာပါ။ပြုံးပြရတဲ့ အလုပ်က သင့်အတွက် မခက်ခဲပါဘူး ။ သင်ပြုံးပြတာကိုတွေ့မြင်ရတဲ့ သူတွေက ရရှိသွားတဲ့ ပျော်ရွှင်မှု က အဖိုးမဖြတ်နိုင်ပါဘူး ။ ၁။  ။သင့်ရဲ့ အပြုံးက ကူးစက်စေပါတယ် ။        သင်ပြုံးနေတာကို တစုံတယောက်က မြင်လိုက်ရင် သူပါ လိုက်ပြုံးလာတာတွေ့ရမှာပါ ။သင့်ရဲ့ အပြုံးနဲ့အတူ ပျော်ရွှင်မှုတွေကလဲ သူ့ဆီကို ကူးစက်သွားပါတယ် ။ ၂။   ။သင့် အပြုံးက လူတွေကို ဆွဲဆောင်မှု ရှိစေ လာတယ် ။         ပြုံးနေတဲ့ သင့်ကို မြင်ရတဲ့သူတွေက မှတ်မိလွယ်ကြတယ် ။မျက်မှောင်ကြုံ့နေတဲ့ သင့်ထက် ပြုံးနေတဲ့ သင့်ကို စိတ်ဝင်စားမှု ပိုများမှာပါ။ ၃။   […]


နွေဦးAugust 6, 20121min2899
ဒီပုံလေးအတွက် ကာတွန်းကျော်သူရိန်ကို သုံးခွင့်ပြုဖို့ တောင်းပန်ပါတယ်..။ တကယ်တော့ ကျွန်တော်ပြချင်တာက ဆင်တကောင် ကို စမ်းနေကြတဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက် နဲ့ဆင်တကောင်ရဲ့ပုံပါ ။ ဒီပုံပြင် ကို ကြားဖူးကြမှာပါ ။ မျက်မမြင် ပုဏ္ဏား တွေက ဆင်တကောင် ကို သူတို့ အဆင်ပြေရာကို စမ်းကြည့်ပြီး သူတို့သိတာတွေကို ပြောပြကြတယ် ။ နှာမောင်းကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို မြွေနဲ့ တူတယ်လို့ ပြောတယ် အစွယ် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို သံလျှက်နဲ့ တူတယ်လို့ ပြောတယ် နာရွက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို ယပ်တောင်နဲ့ တူတယ်လို့ ပြောတယ် ခြေထောက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို တိုင်နဲ့ တူတယ်လို့ ပြောတယ် […]


နွေဦးAugust 4, 20121min25714
ဒီနေ့ သူငယ်ချင်း လင်မယား က နယ်ကနေ ရောက်လာတော့ ဘုရားဖူးရအောင် လိုက်ပို့ ခဲ့တယ် ။ ဗိုလ်တထောင် ဘုရားဖူးရင်းနဲ့ မင်းသား ကျော်ဟိန်း ရဲ့ အသိ သတိ ဘုရားဘက် ရောက်တာပေါ့ ။ ဒီမှာတင် သူငယ်ချင်းက ဆင်ခြင်စရာ စကားပြောလာတယ် ။ ဒီဘုရားဆင်းတုနဲ့ ပတ်သက်လို့ကော ကျော်ဟိန်းရဲ့ အတွေးအခေါ်တွေနဲ့ပတ်သက်လို့ကော ငြင်းခုံ ပြောဆိုမှုတွေ အမျိုးမျိုးကြားနေကြ တယ် ။ တချို့က ကြိုက်တယ် တချို့က မကြိုက်ကြဘူး ။ဒါတွေကို အငြင်းပွါး နေကြပေမဲ့ မတွေးမိတာလေးတခု ကို သူငယ်ချင်းက လေးလေးနက်နက် တွေးပြီးပြောပြသွားတယ် ။ “ကြိုက်တာ မကြိုက်တာ မှန်တာ မမှန်တာက ကိုယ့် အယူအဆနဲ့ ကိုယ် ကိုယ့်အတိုင်းအတာနဲ့ […]


နွေဦးJuly 7, 20121min20911
ပြောကြပါ Myanmar ကို Burma လို့ ပြောတော့ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့… တကယ်တော့ ဘာထိခိုက်စရာ ရှိလဲ.. ဘယ်သူထိခိုက်လဲ.. မယောင်ရာဆီလူးလို့ ပြောရင် ကျုပ် ကို ဝိုင်း သမ ကြမှာ..ဒီတော့ မပြောဘူးဘဲထားလိုက်.. ခုဟာကတော့ ထိခိုက်ကုန်ဘီ.. ဘာသာပြန်ရင်လဲ ထိထိရောက်ရောက် ပြန်ဗျာ.. တိုက်ရိုက် အသံထွက် အတိုင်း ခေါ်ကြ ပြောကြပေါ့..။ အဟောင်းအတိုင်း ဆိုကြ ပြောကြရောပေါ့.. ခု အသစ်နဲ့ မှ… လိမ်ပြီ ဆရာ ဘဲ…   အသစ်ပြင်ရေးတာလား… မြန်မာဆန်ဆန် အမည်သစ် မှည့်တာလား.. ဘာဖြစ်ဖြစ်..ရှေ့နောက် ဘာဖြစ်နိုင်တယ် ဆိုတာ မစဉ်းမစား .. အသေးအဖွဲလေးကအစ… အမြဲ ဖြစ်လေ့ဖြစ်ထရှိနေတော့… မြန်မာပြည်မှာ ရှေ့နောက် […]


နွေဦးJune 27, 20121min81543
  ရှေးလူကြီးများ ဆိုထားခဲ့တာတွေ ကြားခဲ့ မှတ်ခဲ့ရပေမဲ့ အများသိအောင် မပြောနိုင်ခဲ့ ပါဘူး ။ ခုတော့ ကြုံလို့တွေ့လို့ ကူးထားမှတ်ထားတာလေး တင်ပေးလိုက်ပါတယ် ။ မပြည့်မစုံ ကျန်ခဲ့တာတွေ ရှိကောင်းရှိမှာပေါ့လေ ဖြည့်စွက် ဖတ်ကြပါလို့ မေတ္တာရပ်ခံပါတယ် ။ ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုဖြစ်နိုင်ဖို့ရာအတွက်… ၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။ ၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။ ၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ ၄။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့ လိုအပ်ပါသည်။ လူကောင်းသူကောင်းနှင့် ပေါင်းဖော်တတ်သူဖြစ်ဖို့ လိုပါသည်။ ၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့် စာရိတ္တ […]


နွေဦးJune 26, 20121min64834
ဟိုရက်က မြွေ အကြောင်းရေးထားတာလေးဖတ်ရတော့ ကြောက်စရာ မြွေတွေကို သတိရသွားတယ်…။ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကတော့ မိန်းမများနှင့် ဆက်ဆံ ထိတွေ့မှုများဟာ အဆိပ်ပြင်းတယ်ဆိုတဲ့အကြောင်း (အာသီဝိသောပမ သုတ်လာ) မြွေ-၄ မျိုးနှင့်တူကြောင်း မိန့်ဆိုခဲ့ဖူးကြောင်းပါ..။ ထိုမြွေလေးမျိုးကား- ၁။ ဒိဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ စူးစူးစိုက်စိုက်ကြည့်ခြင်း ခံရသူသည် အကြည့်ခံရရုံနှင့် အဆိပ်တက်စေနိုင်ခြင်း။ ၂။ ဖုဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ အထိခံရသူမှာ တစ်ကိုယ်လုံး အဆိပ်များ ပျံ့နှံ့စေခြင်း။ ၃။ ဝါတိဝိသမြွေ ထိုမြွေနဂါး၏ နှာခေါင်းလေဖြင့် အမှုတ်ခံရလျှင် ဖွဲပြာကဲ့သို့ ဖြစ်စေနိုင်ခြင်း။ ၄။ အဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ အကိုက်ခံရသူများ ထိုနေရာ၌ပင် လဲ၍ သေစေနိုင်ခြင်း။ စသော မြွေလေးမျိုးကဲ့သို့ပင် – ၁။ မိန်းမပျို၏ အကြည့်ခံရရုံနှင့် အဆိပ်တက်သကဲ့သို့ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း။ ၂။ မိန်းမပျို၏ […]


နွေဦးJune 25, 20121min53830
မိဘ ဆိုတာ…. မမွေးခင်ကတည်းက ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး … မွေးဖွားပြီး နို့ချို တိုက်ကျွေး နေတဲ့ ကာလ တလျှောက်လုံး… သားသမီး ဆိုတာကို ချစ်တဲ့ ဇောနဲ့ သားသမီးရဲ့ ကျန်းမာရေးကို နဲနဲလေးမှ မထိခိုက်ရလေအောင် … အမေ ဆိုသူက မေတ္တာအပြည့်နဲ့ … အင်မတန် ကြိုက်တဲ့ မစားရမနေနိုင်တဲ့ အလွန်စားချင်လှတဲ့ အစားအသောက်ကို သည်းညည်းခံ အောင့်အင်းပြီး နေခဲ့ကြတယ်… နေနိုင်အောင် ကြိုးစားခဲ့ကြတယ်.. မိခင်တိုင်း ဒီဒုက္ခကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ကြတယ် … ဒါ အမေလေ….။ သားသမီးတွေ အရွယ်ရောက် သိတတ်နားလည်လာတဲ့အချိန်မှာ… အဖေဟာ… ကိုယ့်သားသမီးတွေ ရှေ့ရေးအတွက်… သားသမီးတွေရဲ့ ကျန်းမာရေးအတွက်… သားသမီးတွေ လိမ်မာရေးခြားရှိဖို့အတွက်… အင်မတန် ကြိုက်တဲ့ မစားရမနေနိုင်တဲ့ […]


နွေဦးJune 24, 20121min1706
ရဟန်းသံဃာတော်များသာမက သာမဏေများအဖို့ အနေသန (၂၁) ပါးကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ အဆိုပါ အနေသန (၂၁) ပါးမှာ … ၁။ အံဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း။ ၂။ လာဘ်ရအောင် မြှူဆွယ်ပြောဆိုခြင်း။ ၃။ တစ်ဦးလှူဒါန်းထားသည်ကို တစ်ဦးအားသိစေခြင်း။ ၄။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ ၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာသို့ ပေးခြင်း။ ၆။ သစ်သားပေးခြင်း၊ ဝါးပေးခြင်း။ ၇။ သစ်ရွက်၊ ပန်းပွင့်၊ သစ်သီးပေးခြင်း။ ၈။ ဆပ်ပြာ၊ မြေညက်ပေးခြင်း။ ၉။ မိမိကိုယ်ကို နှိမ့်ချ၍ပြောခြင်း။ ၁၀။ အမှန်နည်းပါး အမှားများသောစကားကိုဆိုခြင်း။ ၁၁။ မျက်နှာသစ်ရေ၊ ဒန်ပူပေးခြင်း။ ၁၂။ ကလေးထိန်းပေးခြင်း။ ၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း။ ၁၄။ မြေနေရာ […]


နွေဦးJune 23, 20121min751
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မေတ္တာစွမ်းအင်အကျိုးကို သိရှိနားလည်ပြီး မေတ္တာဓာတ် ကိန်းအောင်းကာ ဝိပဿနာတရားများကို အားထုတ်လာစေချင်လို့ ဒီ post လေးကို တင်ပေးပါတယ်  ။ သည်ကမာ္ဘလောကကြီး၌ စွမ်းအားအထက်မြက်ဆုံးတရားကို ပြပါဆိုလျှင် မေတ္တာတရားကိုသာ ပြရမည် ဖြစ်ပါတယ် ။ မဟာမေတ္တာဂရုဏာ ကြီးမားစွာ ဖြန့်ကြလျက်ရှိသော မြတ်စွာဘုရား ရှင်က မေတ္တာစွမ်းအင်ကြီးမားပုံကို အဆင့် (၁၀)ဆင့် ခွဲခြားလျက် အောက်ပါအတိုင်း ဟောကြားတော် မူခဲ့ပါသည်။ ၁။ ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သော ဘုရားအလောင်း ဝေလာမပုဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးမား၏။ ၂။ သောတာပန် (၁၀၀)ကို လှူရခြင်းထက် သကဒါဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမား၏။ ၃။ သကဒါဂါမ် (၁၀၀) ကို […]