နွေဦးJune 23, 20121min1915
နှစ်တိုင်းနှစ်တိုင်း နှစ်ပါတ်လည်ပွဲ တွေ လုပ်နေကြတယ်.. ဒီနှစ်ကတော့ ဘယ်နှနှစ်မြောက်ပွဲပေါ့ ဆိုပြီး အမည်တတ်ကြတယ် ။ ဒါကို ဘာရတု ညာရတု ဆိုပြီး ခေါ်ကြပြောကြ တာ ကြားဖူးကြတယ်မလား  ။ မှတ်မှတ် သားသားလေး သိအောင် ကြုံတုန်း သိထားတာလေး…အဲ.. ကူးထားတာလေးတင်ပေးလိုက်ပါတယ် ။   ၁။ ၁-နှစ်မြောက် – စက္ကူရတု ၂။ ၂-နှစ်မြောက် – ဂွမ်းရတု ၃။ ၃-နှစ်မြောက် – သားရေရတု ၄။ ၄-နှစ်မြောက် – ပိုးရတု ၅။ ၅-နှစ်မြောက် – သစ်သားရတု ၆။ ၆-နှစ်မြောက် – သကြားရတု ၇။ ၇-နှစ်မြောက် – သက္ကလုပ်ရတု ၈။ ၈-နှစ်မြောက် – ကြေးရတု […]


နွေဦးJune 18, 20121min89658
သူတို့လုပ်မှဘဲ ငါတို့ ဒုက္ခ…. ကုလားကိုကုလားလို့ မခေါ်ရဘူးဆို… ဒုက္ခပေါ့.. ကုလားထိုင် ကို အစ္စလာမ် ဘာသာကိုးကွယ်သူ ထိုင် လို့ ခေါ်ရမလား..။ ကုလားပဲဟင်းကို အစ္စလာမ် ဘာသာကိုးကွယ်သူ ဟင်းလို့ ခေါ်ရမလား..။ ကုလားအော်သီးကို  အစ္စလာမ် ဘာသာကိုးကွယ်သူ အော်သီး လို့ ခေါ်ရမလား..။ …………. လို့ ခေါ်ရမလား..။ …………. လို့ ခေါ်ရမလား..။ …………. လို့ ခေါ်ရမလား..။ ဆိုပါတော့လေ..သိပ်မဆိုးပါဘူး အကျင့်ရသွားရင်တော့ အဆင်ပြေသွားနိုင်ပါတယ် ။ ဒါပေမဲ့ တို့နိုင်ငံရဲ့ ရာဇဝင် သမိုင်း ကို ပြင်ဘို့ ကတော့ မလွယ်ဘူး..။ ရှေးအဆက်ဆက်က ရာဇဝင်ကို ဘယ်လိုပြင်မလဲ ။ ဘယ်ပြင်နိုင်မလဲ ။ ရတယ်ဘဲထားပါတော့ ..ခေါ်ရ ပြောရတာ ကို အဆင်မပြေဘူးလေ ။ ခေါ်ကြည့်ပါလား… “ဦး အစ္စလာမ် ဘာသာကိုးကွယ်သူ မဟာရာဇဝင်ကြီး ” […]


နွေဦးJune 18, 20121min29621
သတင်းမီဒီယာ သမားများ ဘယ်နေရာကရပ်တည်မလဲ… ကျူးကျော်ရပ်ကွက် ကို စည်းကမ်းမဲ့လို့ ဖျက်ခိုင်းတာကို အဖျက်ခံရတဲ့ သူတွေ နေစရာမရှိတော့ဘူးဆိုပြီး သူတို့ဘဝ ပျက်ပါပြီဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ မဆလခေတ်ကတည်းက စက်ရုံတွေက အလုပ်မရှိခန့်ထားတဲ့ ပိုလျှံဝန်ထမ်းတွေ ဖြုတ်ပစ်ခံခဲ့ရတဲ့ အတွက် သူတို့တွေ ဒုက္ခရော်နေပါပြီ ဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ လမ်းဘေး ကျူးကျော် ဈေးသည်တွေ ပလက်ဖေါင်း ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းရေးတွေ လုပ်တာကြောင့် လမ်းဘေးဈေးသည်တွေ ဈေးမရောင်းရလို့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါပြီလို့ ဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ စည်းကမ်းမဲ့လို့ စည်းကမ်းမရှိလိုု့ အခြားသူတွေကို ဒုက္ခရောက်စေလို့ ကိုယ့်စီးပွါး တခုထည်းကြည့်ပြီးလုပ်ချင်ရာ လုပ်နေသူတွေကို တရားဥပဒေနဲ့ အညီ […]


နွေဦးMay 18, 20121min522
အစတော့ ပြော့ပြော့ လေး လူစုံ …။ သုံးဆယ် အစိတ် နှစ်ဆယ် ဆယ့်ငါးသိန်း တတိတိနဲ့ တနှုံ့နှုံ့ ခံစား ခဲ့ရတာ ဟော…ငါးသိန်းဖုန်း ရပြီလဲဆိုရော အုံးအုံးကြွက်ကြွက်နဲ့ ပျော်ပြီး ဝယ်ကြ သုံးကြလိုက်တာ ။ တချို့လဲ ရှိစုမဲ့စု ငွေလေး မပြည့်သေးလို့ အားခဲပြီး ကြိတ်စုစုနေကြတာ ။ ပြည့်ရင် အပြေးအလွှား ဝယ်သုံးကြမယ်ပေါ့လေ ။ အပြောင်းအလဲတွေဖြစ်လာပြီး နိုင်ငံတော်ရဲ့ စေတနာ လို့ ဆိုပြီး တနိုင်ငံလုံး ဖုန်းအလုံး သန်း၄ဝ စီမံကိန်းကြီးနဲ့ နှစ်သိန်းတန် ဖုန်း တွေ ရောင်းပေးလိုက်တယ် ။ အခြေခံ လူတန်းစားတွေက အစ အဆင်ပြေပြေ သုံးနိုင်တဲ့ သူတွေ မြို့ရော နယ်ပါ ပျော်တပြုံးပြုံး သုံးလိုက်ကြတာ […]


နွေဦးApril 24, 20121min1568
သူငယ်ချင်းရဲ့ facebook ပေါ်ကတွေ့တဲ့ စကားစုလေးတွေပေါ့ ဒီပုံနဲ့ စာလေးကို ဖတ်မိတာ အတွေးတွေ ပွါးစရာ ဖြစ်လာတယ်..။ ဒီသူငယ်ချင်းရဲ့ စာက သူ့ကို ဘယ်လို ပြောင်းလဲ ပြုုပြင်မှုတွေ ဖြစ်စေသလဲပေါ့..။ သူ့ခံစားချက်ထဲမှာ လူတွေဟာ ခွေးလောက်မှ သစ္စာ မရှိဘူး ဆိုတဲ့ အတွေးဝင်နေမယ်ထင်တယ်..။ လူတွေမှာ ကိုယ်ပါတ်ဝန်းကျင်က လူတွေကို အမြင်တမျိုးနဲ့ ခံစား ကြည့်မြင် မိပြီဆိုရင် ပါတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ဘို့မလွယ်တော့ဘူး..။ လူတွေကို ထောက်ပံ့ ပေးကမ်းတာဟာ ခွေးတွေက်ို ကျွေးရသလောက် အကျိုးမများဘူး လို့များတွေးမိရင် သဒ္ဒါပျက်ပြီပေါ့။ ခွေးတွေကို ကျွေးမွေးတာဟာလဲ သူ့ အကျိုးနဲ့ သူတော့ရှိသလို လူတွေကို ပေးကမ်းကျွေးမွေးတာကလဲ သူ့အကျိုးပေးနဲ့ သူ ရှိပါတယ်။ ပေးကမ်းကျွေးမွေး ခြင်းရဲ့ နောက်က […]


နွေဦးApril 2, 20121min32918
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..။ တောအုပ်ကလေး တခုမှာ တိရစ ္ဆာန်လေးတွေ ငြိမ်းချမ်း စွာ စုပေါ့င်းနေထိုင်ကြသတဲ့ကွယ်..။ အဲဒီတောအုပ်ထဲမှာ ကြံ့ ကြီး တကောင်နဲ့ ဖွတ်အိုမကြီး တကောင်လဲ နေထိုင်သတဲ့ကွယ်..။ ကြံ့ကြီးဟာ တောထဲက သစ်ပင်တွေ စားပင်တွေကို သူ့အင်အားနဲ့ တိုက်လှဲပြီး အကုန်စားသုံးပစ်သတဲ့ကွယ်..။ဖွတ်မကြီး ဆိုလဲ မြေအောက် တွင်းတွေတူးပြီး ရသမျှ စားပစ် သတဲ့ကွယ်..။ တောထဲနေကြတဲ့ သတ္တဝါလေးတွေက နေစရာ မရှိ စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြသတဲ့ကွယ်..။ ကြံ့ကြီးနဲ့ ဖွတ်မကြီး တို့က အမြဲ နှိပ်စက်သမျှ ဒုက္ခပေးသမျှကို ခံနေရရှာသတဲ့ကွယ်..။ သတ္တဝါလေးတွေမှာ အားကိုးရာမဲ့ပြီး ရှိသမျှအင်အားလေးတွေနဲ့ တွန်းလှန်ကြပေမဲ့ အင်အားက မမျှတော့ အမြဲတမ်း နှိပ်စက်ခံရ အရှုံးပေး နေကြရတာပေါ့ကွယ်..။ ဒီလိုအချိန်မှာ ဟိုးအဝေးကြီးမှာရှိတဲ့ တောအုပ်ကြီးကနေ […]


နွေဦးMarch 30, 20121min126148
7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။ Voice Weekly facebook မှ ကူးယူတင်ပြသည်..။


နွေဦးMarch 30, 20121min1096
ဒီရက်ထဲ ဖတ်မိတဲ့ စာတချို့ ထဲက ကောင်းတာလေး တွေ့လို့ အားလုံးဖတ်ရအောင်..စာမြည်းပေးလိုက်ပါတယ် ။ ရှေးရှေးတုန်းက ဆရာကြီးဇီဝကဆိုတာ ရှိတယ်။သူဟာအလွန်တော်တဲ့ဆရာကြီးပါ။ သူနေတဲ့ရွာထဲမှာ ဦးတုတ်ကြီး ဆိုတဲ့လူကလဲနေသတဲ့ ။ ဦးတုတ်ကြီးမှာ ချောင်းဆိုးသွေးပါ ရောဂါရှိတယ် ။ သူက သူ့ရောဂါကို ဆရာကြီးဇီဝကဆီ သွားပြတယ် ။ ဆရာကြီးကစစ်ဆေးပြီး ဆေးတွေပေးလိုက်တယ် ။ ဦးတုတ်ကြီးဟာ ဆေးရတော့ ဝမ်းသာအားရနဲ့ အိမ်ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့ အိမ်သားတွေကို ဆေးတွေ ပြတယ် ။ နောက်ရွာနီးချုပ်စပ်ကလူတွေကိုလည်း ပြတယ်။ နောက်ဆုံး သူကြီးကိုလည်းပြသတဲ့ ။ ‘မင်းဆရာကဘယ်သူလဲ’ ‘ဆရာကြီး ဇီဝကပါ ‘ ‘ဒါတွေဟာ ဘာတွေလဲ’ ‘သူပေးလိုက်တဲ့ ဆေးတွေပါ’ ‘မင်းရောဂါ ပျောက်ပြီလား’ ‘မပျောက်သေးပါ’ ‘သက်သာလား’ ‘မသက်သာပါ’ […]


နွေဦးMarch 28, 20123min1126
ခေတ်တွေပြောင်းသွာပြီး ပိုက်ဆံတွေ တန်ဖိုး ကြီးလာတော့ အရင်ရှိခဲ့တဲ့ အကြွေစေ့ တွေက ဘယ်ချောင်ကြို ဘယ်ချောင်ကြား ရောက်ကုန် ပြီမသိတော့ဘူးပေါ့။ နိုင်ငံတကာက သုံးနေကြပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဒီလောက် အသေးအမွှားပိုက်ဆံလောက်ကို ဘယ်ဂရုစိုက်သုံး နေကြမလဲ..သူဋ္ဌေးတွေလေ..။ ဒါ့ကြောင့် မေ့မသွားအောင် အကြွေစေ့လေးတွေ တင်ပေးလိုက်ပါတယ် ..။ တမတ် ငါးမူး ခေါ်ကြပေမဲ့ အိန္ဒိယ နိုင်ငံက သုံးတဲ့ ပိုက်ဆံပါ ကိုလိုနီခေတ် တလျှောက်ဗမာပြည်မှာ သုံးခဲ့ကြတယ်။ တပဲ တမူး တမတ် ငါးမူး ဆိုပြီးခေါ်ကြပေမဲ့ ၂ ပဲ = ၁ မူး ။ ၂ မူး = တမတ် ။ ၂မတ် = ငါးမူး (အမှန်က ၄ မူး […]


နွေဦးMarch 17, 20121min1328
ဘယ်သူဘာပြောပြော..အချိန်ရှိခိုက် အိပ်လိုက်ကြစို့.. သူများတကာ ပြောရေးဆိုခွင့်ရအောင် ကြိုးစားလိုက်ကြရတာ.. သူတို့များတော့ ဘုမသိဘမသိ ယောင်ချာချာ ရောက်ခဲ့တာ.. ပြောခိုင်းတာ မရှိတော့လဲ နားထောင်မနေတော့ဘူး..အိပ်လိုက်တာဘဲ ကောင်းတယ်.. ဟဲဟဲ..တာဝန်ကျေပါတယ်နော်.. Facebook မှ ကူးယူ တင်ပြသည်။


နွေဦးMarch 17, 20121min49929
ကြည့် ကောင်းပေမဲ့ မြင်မကောင်း ဘူးနော် ဒီမိုကရေစီမရခင်က မြန်မာသင်္ကြန်ပါ။ အခုနှစ် ဒီမိုကရေစီ မြန်မာ့သင်္ကြန်မှာတော့ ဘယ်လို လာမလဲ မသိ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပဲ လိုချင်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြသခွင့်တွေ မကြည့်ချင်ပါဘူး။ နင်တို့ကို ပေးတဲ့ လူ့အခွင့်အရေးမှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာချပိုင်ခွင့်မပါပါဘူး။ ဒါမျိုးဝတ်ပြလို့လဲ ဘယ်သူကမှ ညည်းတို့ကို သောက်ထင်မကြီးပါဘူး။ ဟော့ရမ်းတဲ့ အမျိုးသမီးများ ဆင်ခြင်ဖို့ပါ။ by: Linn Yaung face book မှ ကူးယူ တင်ပြသည်…   (တင်ပြပါသည်..မြင်ရဲ့လား)


နွေဦးMarch 16, 20122min916
သွားစားသင့်တဲ့ ဆိုင်လေးလား.. ကြံကြံဖန်ဖန် စားချင်ရင်ပေါ့လေ…     ဆိုင်လိပ်စာက http://www.moderntoilet.com.tw/en/about.asp စားမယ်ဆို ရွာထဲက လူတွေလဲ ခေါ်ကြပါ။