နွေဦးMarch 8, 20121min1506
ဖုန်းစဘော် တင်ထားတဲ့ငွေတွေ ပြန်မပေးရင်.. ဘာညာ ဘာ ညာ ဆိုတာတွေကြားတော့ ဒီငတိ တွေ ဘာလုပ်မလဲလို့ ကြည့်မိ တွေးမိသေးတယ် ၁၅ သိန်းဂျီ ကိုင်ဆောင်သူအချို့ ဆက်သွယ်ရေးသို့ ဖုန်းအပ်ပြီး ငွေပြန်ထုတ်ပေးရန် အရေးဆိုမည် ၁၅ သိန်း ၅ သောင်းGSMဖုန်းကိုင်ဆောင်သူ အချို့ကဖုန်းများ ပြန်လည် အပ်နှံပြီး ငွေပြန်လည် ထုတ်ယူ နိုင်ရန်အတွက် အရေးဆိုသွား မည်ဟု သတင်းရရှိသည်။ ”ကျွန်တော်တို့ စတင်သုံးစွဲဖို့ လျှောက်ထားကတည်းက ဂျီ အက်(စ်)အမ် ဖုန်းလိုင်း ငှားရမ်းခွင့် ဆိုပြီး လျှောက်ထားခဲ့ရတာပါ။ ဒါကြောင့် အခုအချိန်မှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ပြန် လည်အပ်နှံပြီး ကျွန်တော်တို့ငွေကို ပြန်လည်ထုတ်ယူဖို့ ဆောင်ရွက်တာ ပါ။ ပြန်လည် လက်ခံပေးဖို့ အတွက်လည်း ကိုင်ဆောင်သူအချို့ […]


နွေဦးMarch 7, 20121min22215
သွားရင်းလာရင်း အလုပ်မပျက် အောင်လို့လေ.. ကိုပေါက်အတွက်လဲ..လမ်းသွားရင်း လက်ဆော့ရင်း ရွာထဲ တိုက်ရိုက်ပို့လို့ရတာပေါ့… ကွန်နက်ရှင် မကောင်းလို့ ရွှေ့ချင်ပြောင်းချင် အဆင်ပြေပါ့..။ (ထုံးစံအတိုင်း..ဓါတ်ပုံ ပိုင်ရှင် ရယ် ခွင့်ပြုပေးပါဗျာ..)


နွေဦးMarch 7, 20121min2258
ရန်ကုန်၊ မတ် ၆ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင် ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့် E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့ ပြောကြားသည်။ GSM ဖုန်းများကို အဆိုပါ မြို့ကြီး နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင် များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ […]


နွေဦးMarch 6, 20121min22415
စိန်ပေါက်ပေါက် ရွာနဲ့ အဆက်သွယ်ပြတ်နေတော့ ဘာများဖြစ်နေလဲလို့ စိတ်ပူနေတာ… တချို့ က အီ အီး ပန်းနေတယ်ပြောတယ်..သူကြီးကတော့ အင်တာနက်ကြီး ကျကွဲသွားတာ ဖြစ်မယ်တဲ့..ရွာသူတွေကလဲ အဆက်သွယ်မရဘူးတဲ့.. ဒါ့ကြောင့် လိုရမယ်ရ ပစ္စည်းစုံပါတာလေးပို့ပေးလိုက်တယ်.. အဲ ပစ္စည်းစုံ ပါလေတော့ မလိုအပ်ဘဲ တတိယ ခလုပ်တော့ မနှိပ်မိပါစေနဲ့… (နောက်ချင်လွန်းလို့ ဘယ်ကပုံမှန်းမသိဘဲတင်ပေးလိုက်ပါတယ် ပိုင်ရှင်အား ခွင်ြ့ပုပါရန် တောင်းပန်ပါ၏)


နွေဦးMarch 3, 20121min17513
စာတပုဒ်ကို ဖတ်မိပါတယ် The sun gives us light But the moon provides inspires. If you look at the sun without shielding your eyes you’ll go blind. If you look at the moon without covering your eyes you’ll become a poet. နေက အလင်းရောင် ကို တို့ ခံစားရတယ် လရဲ့ အလင်းရောင်ကတော့ တို့ကို ကြည်နူးစေတယ်။ နေကို အကာကွယ် မပါဘဲ မင်းကြည့်မယ်ဆိုရင် မင်းရဲ့ မျက်လုံးတွေ ပျက်စီးသွားမယ် […]


နွေဦးFebruary 29, 20121min22211
ပြည်သူ့လွှတ်တော်ဥက္ကဌ မိန့်ခွန်း ဆင်ဆာထိ ပြည်သူ့လွှတ်တော် ဥက္ကဌ သူ့ရဦးရွှေမန်းရဲ့ မိန့်ခွန်းကိုပင် မူရင်းအတိုင်း လူထုကို တင်ပြခွင့်မရဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ဆင်ဆာဖြတ်တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောပါတယ်။ လွှတ်တော်မှာ မိန့်ခွန်းပြောတုန်းက ပြည်သူအတွက် ရဲရဲဝံ့ဝံ့သတ္တိရှိရှိလုပ်ကြဖို့ လွှတ်တော်အမတ်တွေကို ပြောပေမယ့် သတ္တိရှိရှိဆိုတာကို သတင်းစာနဲ့ ရုပ်မြင်သံကြားတို့မှာ ချန်ထားခံရတယ်လို့ ဥပမာပေးပြီး သတင်းထောက်တွေကို ဦးရွှေမန်းက ပြောသွားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အခြေခံဥပဒေနဲ့ရော လွတ်လပ်စွာပြောဆိုခွင့်နဲ့ပါ ဆန့်ကျင်ရာ မရောက်ဘူးလားလို့ အဲဒီအခမ်းအနားကိုတက်တဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာခုျပ် ဦးဖေမြင့်ကမေးရာမှာ သူပြောတဲ့အတိုင်းဖြစ်လို့ သတင်းထောက်တွေ စဉ်းစားယူနိုင်မယ်လို့ထင်ကြောင်း သူရဦးရွှေမန်းကဖြေပါတယ်။ လက်ရှိစာနယ်ဇင်း လွတ်လပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေအတွက်တော့ အခုလုပ်ရပ်ကြောင့် မျှော်လင့်ချက် အလှမ်းဝေး သွားနိုင်တယ်လို့ ဦးဖေမြင့်ကပြောပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအတာတခုအထိပေးပြီး […]


နွေဦးFebruary 27, 20121min20913
မနေ့ကတော့မင်္ဂလာဆောင် သွားတဲ့နေ့ပေါ့။ရန်ကုန်ထုံးစံ တနင်္ဂနွေနေ့ ဆို မင်္ဂလာဆောင်,အလှူ တခုမဟုတ်တခု သွားရတာပါဘဲ။ ပြည့်စုံတဲ့ လူရည်တတ်တွေမို့ ပွဲက စည်ပါတယ်။ခေတ်မှီတဲ့ မိန်းမပျို ငယ်ရွယ်သူတွေ အပေါင်းအသင်းများတဲ့ပွဲပါ။ ဆိုတော့ကာ ကိုတွတ်ပီရဲ့ မဟေသီ ဒေါ်သေးမျှင်ရဲ့ ရင်ရှား ဖက်ရှင် အထူးခေတ်စားတဲ့ပွဲလို့ပြောလို့ရပါတယ်။လင်းလင်းလက်လက် ပြူးပြူးပျက်ပျက် ..အဲ ပြိုးပြိုးပျက်ပျက် နဲ့ တော်တော်စည်တဲ့ပွဲပေါ့။ ဒီမနက်အထိတော့ ဒီအကြောင်းက ပြောစရာ မရှိသေးပါဘူး။သူ့ခေတ်သူ့အခါ ဝတ်ကြ စားကြ တာ (ကြည့်လို့ကောင်းပါတယ်)။ကိုယ်ကလူကြီးဆိုတော့လူကြီးအမြင်က တမျိုးပေါ့။ ဒီင်္မနက် အော်စကာ ဆုပေးပွဲ ကြည့်မိတော့မှ ပြောစရာစကားတွေ ထွက်လာတော့တယ်။ သူတို့ဆီမှာလဲ ထိုက်သင့်သလောက်တော့ ရင်ရှား ဝတ်ကြတာပါဘဲ။လွန်လွန် ကျွံကျွံ ဖေါ်ဖေါ်ကြူးကြူး တွေလဲ အခါအားလျှော်စွာ ဝတ်တာစားတာ တွေ့ကြမှာပါ။ ဒါပေမဲ့ မြန်မာ မိန်းခလေးတွေနဲ့ ဘာကွာနေလို့ […]


နွေဦးFebruary 17, 20121min634
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင် ၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ . … ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့ သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ် ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲကား ရခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့် လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။ လှမိုးအောင် […]


နွေဦးFebruary 17, 20121min2039
“ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ့ မြို့နယ်တစ်ခု တွင် နေထိုင်သူ တစ်ဦး မှ တင်ပြလာသဖြင့်” ဒီလိုမျိုး တင်ပြလာတာတွေကို အရေးတယူ စာတတန် ပေတတန် နဲ့ စေတနာ အပြည့်နဲ့ အရေးတယူ လုပ်ပေးတယ် ဆိုတာ ယုံတမ်းစကားလားကွယ် facebook မှ ရသောသတင်း


နွေဦးFebruary 14, 20121min47619
သူ့ရဲ့ ခံယူချက်ကို ဖတ်မိတော့ ကြက်သီး ထသွားမိတယ် ရွာသူရွာသား တို့ကော….. Popular Journal ‎”ဂီတထက်စီးပွားရေဘက်ကိုပဲ ပိုလုပ်ဖြစ်သွားတော့မယ့် သားစိုး” သားစိုးက နောက်ပိုင်းမှာ ဂီတဘက်ထက်စာရင် စီးပွားရေး ဘက်ကိုပဲ ပိုလုပ်ဖြစ် သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဂီတက ကျွန်တော် ၆နှစ်၊ရနှစ်လောက်ရှိပြီ၊ အချိန် တွေ ဖြုန်းနေသလိုပဲ။ ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ်မှလည်း မရှိဘူး။ ဂီတသ မားတွေက ပိုက်ဆံစကားပြောတာ မဟုတ် ဘူး။ ဒါပေမဲ့ ပိုက်ဆံရှိမှ ကျွန်တော်တို့က ထမင်းစားလို့ရတာလေ။ ဂီတသမားဆိုပြီး ဘယ်သူမှ အလကားမပေးဖူးဘူး။ ကျွန်တော် တို့ရဲ့ တီထွင်မှုကိုတော့ အကုန် လုံးခိုးကြတယ်။ ဒါကြောင့်ပိုက်ဆံမရဘူး။ ပိုက်ဆံမရတော့ ကျွန်တော် တို့ဘာမှ ဆက်လုပ်လို့မရဘူး။ ဒါကြောင့် ကိုယ်လုပ်မှ ကိုယ်ရတဲ့ စီပွားရေး […]