နွေဦးAugust 31, 20111min17213
အရင် တင်လိုက် တဲ့ post  မှာဝိုင်းဝန်း အကြံ ပေး ဆွေးနွေးပေးကြတဲ့ သူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဝိုင်းပေးကြတဲ့ အကြံဉာဏ်တွေနဲ့ စဉ်းစားကြည့်တော့ အသုံးဝင်နိုင် တဲ့ အကြံ နှစ်မျိုးထွက်လာပါတယ်။ ဒါပေမဲ့လောလောဆယ် ပိုကောင်းမယ်ထင်တဲ့ အစီစဉ်လေးကို ပြောကြည့်အုံးမယ်။ ရွာသူရွာသားများနဲ့ ပညာရှင်များ ဝေဖန် အကြံပေးကြပါအုံး။ ဈေးကွက် အနေအထားအရတော့ ကျွန်တော်တို့ဈေးကွက်ဟာ ဈေးနှုန်းယှဉ်ပြိုင်ရောင်းချတဲ့ price market ပါ။သူ့ထက်ငါ ဈေး လျှော့ရောင်းနေတော့ ပစ္စည်းတွေရဲ့ အရည်အသွေးက အများကြီး ကျသွားတယ်။နိုင်ငံတကာရဲ့ အရည်သွေးယှဉ်ပြိုင်နေတဲ့  quality market ကို မျှော်ကြည့်လို့ မရနိုင်တော့ဘူးဖြစ်နေတယ်။ဒီပေါ်မှာ မူတည်ပြီး စဉ်းစားထားတာပါ။ လက်ရှိ ကုန်ကြမ်းရောင်းတဲ့သူတွေ သူတို့ပစ္စည်း ရောင်းချင်ကြတယ်။အခြေအနေ အမျိုးမျိုးကြောင့်  ရောင်းသူက ဝယ်သူကို ဦးစားပေးပါတယ်။ဒီလိုအချိန်မှာ သူ့ပစ္စည်းကို […]


နွေဦးAugust 29, 20111min27119
တကယ်လို့ ကုန်ထုတ်လုပ်ငန်း တခုကို လုပ်နေတဲ့ သူတယောက်ဖြစ်နေမယ်ဆိုရင် ဒီအခြေအနေမှာ သင် ဘာတွေ လုပ်မလဲ….။ ကုန်ထုတ်လုပ်ငန်းဆိုလို့ ဘယ်လိုအတိုင်းအတာလဲဆိုတာထက် လုပ်ငန်းသဘာဝကို ဘဲ ယေဘူယျ ပြောချင်တာပါ။ကုန်ထုတ်လုပ်ငန်းဆိုတာ စားသောက်ကုန် လူသုံးကုန် တွေထုတ်လုပ်တာကို ပြောချင်တာပါ။ကုန်ကြမ်းတွေကို စက်ရုံမှာ ကုန်ချောဖြစ်အောင် ထုတ်လုပ်ရောင်းချ တဲ့လုပ်ငန်းပေါ့။လုပ်ငန်းကြီးတာသေးတာကွာပေမဲ့ ကြုံနေရတဲ့ အခြေအနေက သိပ် မကွာပါဘူး။လုပ်ငန်းရဲ့သဘာဝအတိုင်း စီစဉ်ပြောကြရအောင်…။ ပထမတွေ့ရတာက ကုန်ကြမ်းကိစ္စဘဲ။ အရင်က လုပ်ငန်းသုံးကုန်ကြမ်းကို သုံးလစာလောက် ကြိုတင် စုဆောင်းထားကြတယ်။ ဒါကလဲ လုပ်ငန်းတိုင်းပါဘဲ။ သုံးလို့ လျှော့သလောက် အဆင်ပြေ သလို ထပ်ထပ်ဖြည့်ကြတယ်။အဆင်ပြေဆိုတာ ကိုယ်သုံးတဲ့ပစ္စည်းက နိုင်ငံခြားကဆိုရင် ငွေဈေး အတက်အကျနဲ့ အဝင်အထွက်ပေါ် ကြည့်ဝယ်ရတာပါ။ပြည်တွင်းကထွက်တာဆို ပစ္စည်းထွက်တဲ့ ရာသီပေါ် ကြည့်ဝယ်ရတာပေါ့။ အခုတော့..ငွေဈေးကလည်းမငြိမ် အခွန်ကလည်းလျှော့မယ်ဆိုတော့ ကုန်ကြမ်းဈေးမမှန်တော့ဘူး။ လက်ထဲမှာလဲ […]


နွေဦးAugust 25, 20111min46953
တစ်ဒေါ်လာကို ကျပ် ခြောက်ရာကျော်လောက်ထိ ဖြစ်လာတော့ အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။အယူအဆအမျိုးမျိုးနဲ့ ပြောနေတာတွေကိုလဲ ကြားနေတာပေါ့။ခင်ဗျားတို့တော့ ဘယ်လိုဖြစ်စေချင်တယ် မသိဘူးပေါ့နော်။ကျွန်တော် စဉ်းစားမိတာ ပြောကြည့်အုံးမယ် ဝိုင်းဝန်းဝေဖန်ကြပါအုံး။ ၁။ လစာပုံမှန် ၅၀၀၀၀.ကျပ် ရတဲ့သူတယောက်ဟာ အရင်ငွေလဲနှုန်း(၁၀၀ဝကျပ်)နဲ့ဆိုရင် ဒေါ်လာ ၅၀  ဘဲရမယ် ။အခုငွေလဲနှုန်း (၆၇ဝကျပ်)နဲ့ဆို  ၇၄.၆ ဒေါ်လာလောက်ရသွားပါပြီ။ ၂။ ဒေါ်လာ ၅၀ဝတန်laptop ကွန်ပြူတာတလုံး ဝယ်မယ်ဆိုရင် အရင်ကငွေဈေး(၁၀၀ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၅၀၀၀၀ဝ ကျပ် ပေးရပါမယ်။အခုငွေဈေး(၆၇ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၃၃၅၀၀ဝ ကျပ်ဘဲပေးရတော့မယ်။ ၁၆၅၀ဝကျပ်တောင် သက်သာသွားပြီ။တကယ်လို့ ၁ဒေါ်လာ=၅၀ဝကျပ် ဖြစ်သွာမယ်ဆိုရင် ၂၅၀၀၀ဝကျပ် သက်သာသွားပြီ ။အရင်က တစ်လုံးရမဲ့ဟာ အခုဆို နှစ်လုံးရတော့မယ်လေ။ ၃။ဒေါ်လာဈေးကျလို့ ငါး ပုဇွန်တွေ နိုင်ငံခြား မပို့တော့ .ပဲတွေ အိတ်စပို့ မလုပ်တော့ […]


နွေဦးJune 29, 20111min19011
မြို့ထဲရောက်ခဲ့တယ် ၊ဖရေဇာတစ်လျှောက်(အနော်ရထာလမ်းပေါ့) ကိစ္စ တခုနဲ့ ရောက်ခဲ့တယ်၊ အရေးကြီး ကိစ္စနဲ့ဆိုတော့ ပါတ်ဝန်းကျင်ကို သတိမပြုမိဘူး။ လျှောက်နေရင်းနဲ့မှ တခုခု များမှားနေလားလို့ တွေးမိလာတယ်။ ဘေးဘယ်ညာ ကြည့်ပြီး သတိပြုမိတော့မှ လူသွားစင်္ကြန်က ရှင်းလို့လင်းလို့…။ အမှန်တိုင်း ပြောရရင် အတော်ကျေနပ်သွားတယ်၊ ဒီလမ်းပေါ် မရောက်တာ အတော်ကြာပါပြီ။ ပလက်ဖေါင်းဈေးသည်တွေ ကြပ်ညှပ်နေတဲ့ ဒီ ပလက်ဖေါင်း ကို ရှောင်ပြီး တော်ရုံ ကိစ္စဆို  ဒီဘက်ကို မလာတော့ဖြစ်တော့ဘူး။လျှောက်စရာလမ်းတောင်မရှိ လို့ ကားလမ်းပေါ် တက်လျှောက်ရတဲ့အခါ အန္တရာယ်များလွန်းလို့ ။အသက်ဉာဏ်စောင့် ဆိုသလို ဝေးဝေး ရှောင်လေ့ရှိတယ်လေ။ အခုတော့ အိုကေ ဆိုပြီး စိတ်ထဲပြုံးပြီး လျှောက်နေမိတယ်။ ကိုယ်ကသာ ကျေနပ်နေတာ ပါတ်ဝန်းကျင် က မကျေနပ်တဲ့ ..ဒေါသထွက်နေတဲ့.. ဝမ်းနည်းနေတဲ့..မျက်လုံးပေါင်းများစွာ…ကြည့်နေမယ် ထင်ပါရဲ့။ […]


နွေဦးJune 25, 20111min26214
ရွှေတိဂုံ ဘုရားဖူး သွားသူများ သတိပြုကြပါအုံး။ဘုရားသွားလို့ ကုသိုလ် ရ ရမဲ့အစား ဘုရားပေါ်မရောက်ခင် စိတ်အနှောက်ဖြစ်ခဲ့ ရတဲ့ အခါတွေ များပါပြီ ။ဈေးသည်တွေ အလှူခံတွေ အမျိုးမျိုး အဖုံဖုံ အနှောက်အယှက် ပေးတာကို ဘုရားဖူး သွားကြတဲ့သူ တွေ တနည်းမဟုတ်တနည်း ကြုံဖူးကြ မှာပါ။ အခုတဖန် ကြုံရမှာက နည်းသစ်ပါခင်ဗျ…။ဦးဦးဖျားဖျားကြုံဖူးကြုံဖူး ချင်တယ်ဆိုရင် ရွှေတိဂုံ ဘုရားအရှေ့ဖက် ဗဟန်းမုတ် အောက်ဖက် ကို သွားလေ့လာပါ။ ကြုံရမဲ့အဖြစ်ကဒီလို……….။ စောင်းတန်းက ဘုရားပေါ်တက် မယ်ဆို လှေခါးရင်းမှာ ဖိနပ်ကို ချွတ်ရမှာ..။ဒီအချိန် မှာ ခင်ဗျားဘေးကို ခလေး တယောက် ဒါမှမဟုတ် နှစ်ယောက် ဂျွတ်ဂျွတ်အိပ်လေး တွေကိုင်ပြီး ရောက် လာလိမ့်မယ်။ ခင်ဗျားကတော့ ဂျွတ်ဂျွတ်အိပ်နဲ့ ဖိနပ်ထဲ့ပြီး သိမ်း […]


နွေဦးJune 22, 20111min873
ရန်ကုန်မြို့တော်ကြီးရဲ့ သန့်ရှင်းသပ်ရပ် အလွန်လှပသော လမ်းဘေး ပလက်ဖေါင်းပေါ်မှ ကားမှတ်တိုင်တွင် ဆိုက်ရောက်လာသော ခေတ်မှီ အဲယားကွန်း ဘတ်စကား ကြီးဆီသို့ လှမ်း တက်ခဲ့သည်။ ကားပေါ်မှ လွန်စွာ ယဉ်ကျေးသိမ်မွေ့သော ကားစပါယ်ယာမှ လွတ်နေသော ထိုင်ခုံ ဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ထိုင်ခိုင်းနေပေပြီ။ မင်္ဂလာဒုံ မှထွက်ခဲ့စဉ်က စီးခဲ့သော နောက်ဆုံးပေါ် မြို့ပါတ်ရထားကြီး က ခေတ်မှီသစ်လွင်လှပနေသော ရန်ကုန် ဘူတာကြီးသို့သတ် မှတ်ချိန်အတိုင်းတိတိကျကျ ဝင်ရောက်ခဲ့ သဖြင့် အချိန်မှီ…………. စဉ်းစားကြည့်တာပါ.. အတော်များများကလည်း ဒီလိုစိတ် ကူးမျိုး .အိမ့်မက်မျိုးတွေ .တွေးခဲ့ ရေးခဲ့ကြတာ များပါပြီ။ ဘယ်သူတွေ လုပ်ပေးလို့ ဘယ်တော့လောက် ဖြစ်လာမှာ လဲ ?။


နွေဦးJune 18, 20111min26828
ကျွန်တော်က လူသစ်လေးပါ။ဒီရွာထဲကို စာ မလေးနောက်…. အဲမှားလို့.. စာလေးတွေ ဖတ်ရင်း ကြိုက်တဲ့ စာနောက်ကို လိုက်ဖတ်ရင်း ရောက်လာတာပါ။ ရွာသူတွေ ချောတော့ (စာအရေးကောင်းတယ်လို ့တင်စားတာပါ)တကောက်ကောက်နဲ့ လိုက်ရင်း ရောက်ခဲ့တာပါခင်ဗျာ။ ရွာထဲရောက်တော့လဲ ဟိုလူ့တွေ့ ပြုံးပြ နှုတ်ဆက်(သူ့စာလေးဖတ်.comment.လေးရေး)ဒီလူ့တွေ့ ပြုံးပြနှုတ်ဆက် နဲ့ ရောက်တာမကြာသေးပါခင်ဗျာ။ ကျွန်တော် နှုတ်ဆက် တာတွေ မရိုင်းဘူးလို့ ထင်ပါတယ်။(ကိုယ့်ဟာကိုယ်တော့ အကောင်းပေါ့နော်)။ ဒီရွာထဲကလူတွေ ကို ကျွန်တော် လေးစားပြီးသားပါ။ အခုတော့ သူကြီးရယ်…. (ခင်ဗျားတို့သူကြီးကို ကိုယ့်ရွာသူ ကြီးလို သဘောထားပြီး..ဟဲဟဲ..တိုင်တည် ပြောပါရစေ..နောက်လဲ ရွာသူနဲ့ အကြောင်းပါခဲ့ရင်.. ကိုယ့်သူကြီး ဘဲပေါ့)။ ဘာမှလဲ မသိလိုက်ခင်မှာဘဲ..။ သူကြီးတိုင်တဲ့သူနဲ့… အားဖြဲပြီး ….ေ–းပေါက်ထဲ့မဲ့ သူနဲ့… နောက်ပြီးကြိမ်းသေးတယ်.. ရွာထဲရောက်မှ သိမယ် ..ဆိုဘဲ… […]