mgmaungFebruary 22, 20121min1466
မြတ်စွာဘုရားသာသနာတွင် ဓမ္မနဲ့ ဝိနယဆိုသည့် အင်္ဂါနှစ်ရပ်ရှိပါသည်။ ဓမ္မဆိုသည်မှာ မြတ်စွာဘုရား ၄၅-ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များဖြစ်ပြီး ဝိနယဆိုသည်မှာ တပည့်ရဟန်းသံဃာတို့ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များဖြစ်ပါသည်။ တနည်းအားဖြင့် ဓမ္မဆိုသည်မှာ ဝေနေယျသတ္တဝါတို့ သစ္စာတရားသိဖို့ ဟောကြားထားမှုများဖြစ်ပြီး ဝေါဟာရဒေသနာတော်များဟုလည်း ခေါ်ဆိုပါသည်။ ဝိနယဆိုသည်မှာ ရဟန်းသံဃာများညီညွတ်ဖို့အတွက် လိုက်နာကြစေရန် သတ်မှတ်ချက်များဖြစ်ပြီး ၎င်းကို အာဏာဒေသနာဟုလည်းခေါ်ဆိုပေသည်။ ယနေ့ခေတ်သုံးနှုံးနေကြသော “ဓမ္မစက်”ဆိုသည်မှာ ဓမ္မကို ဆိုလိုခြင်းဖြစ်ပြီး “အာဏာစက်”ဆိုသည်မှာ ဝိနယဆိုသည့် မြတ်စွာဘုရားချမှတ်ခဲ့သည့် ဝိနည်းစည်းကမ်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယနေ့ခေတ်အခါမှာ ရဟန်းသံဃာလောကတွင် အုပ်ချုပ်နေသူ ရဟန်းများနှင့် အအုပ်ချုပ်ခံနေရသူ ရဟန်းများအကြား ပြောဆို၊ စီမံ၊ အုပ်ချုပ်ရမှုများ အဆင်မပြေဖြစ်နေပါက အုပ်ချုပ်သူရဟန်းများမှ အအုပ်ချုပ်ခံ ရဟန်းသံဃာများ အပေါ်တွင် ဓမ္မစက်နှင့်မရပါက အာဏာစက်ကို သုံးရမည်ဟုဆိုသော ကိစ္စရပ်များကို မကြာမကြာတွေ့နေရပေသည်။ ထိုအုပ်ချုပ်သူရဟန်းများပြောဆိုသော […]


mgmaungJanuary 27, 20122min33129
တကယ့် အရိယာသစ္စာအစစ် နဲ့ ပရမတ္တသစ္စာ တူတူပဲဖြစ်ပါသည်ဟု True Answer က comment တစ်ခုတွင် ဆိုခဲ့ပါ၏။ သို့အတွက် ဤ post ကို ရေးဖို့ ဖြစ်လာရပါသည်။ ရုပ်နာမ် ရှုသော ပရမတ္တသစ္စာကိုပဲ အရိယာသစ္စာဟုဆိုရပါက ဗုဒ္ဓဘုရားပင် ပွင့်စရာအကြောင်းမရှိသင့်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ပရမတ္တသစ္စာ (ရုပ်၊ နာမ်)တရားများက ဗုဒ္ဓမြတ်စွာမပွင့်ခင်ကတည်းက ဂျိန်း နိဂဏ္ဍတို့၊ ဗြဟ္မဏပုဏ္ဏားတို့ ဟောပြောနေကြသောကြောင့်ဖြစ်ပေသည်။ (ရုပ်၊ နာမ်) ပရမတ်တွေကို အဓိကထားရှုနေကြတဲ့ အစွန်းကိုရှောင်ပြီး လူ့ အမှုကံ (သင်္ခါရ)ကို အဓိက ထားရှုတဲ့ အရိယသစ္စာတရားကိုသာ ဗုဒ္ဓဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ဒါ့ကြောင့် ထိုခေတ်က ပရိဗိုဇ်များက ဗုဒ္ဓကိုတွေ့သည့်အခါ “(ရုပ်၊ နာမ်) ပရမတ်တွေက မြဲလား၊ မမြဲဘူးလား“ဟု မေးသည့် အခါတိုင်း […]


mgmaungJanuary 15, 20121min32050
ယခုသမ္မတကြီးရဲ့ သဘောဆန္ဒဖြင့်လွှတ်ပေးခံရသူတွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလို့ နားလည်မိတယ်/ လွတ်လပ်စွာယုံကြည်ခွင့်ဟာ လူတိုင်းမှာရှိသင့်တာပဲ/ သူတို့ယုံကြည်မှုဟာ တစ်ပါးသူတွေ မထိခိုက်အောင် အစိုးရက ညှိနှိုင်းပေးဖို့လိုတာပါ/ အဲဒါကို ကိုယ်ယုံကြည်ချက်နဲ့ မတူလို့ ထောင်သွင်းအကျဉ်းချတာတွေကတော့ မဖြစ်သင့်တော့ဘူးပေါ့/ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတယ်ဆိုရင် ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကော မလွှတ်သင့်ဘူးလာ? အထူးသဖြင့်ဗုဒ္ဓတရားအပေါ် မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ ယုံကြည်မှုမတူညီလို့ထေရဝါဒကို ထိခိုက်တယ်ဆိုကာ ထေရဝါဒသံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့ ဖမ်းဆီးစေခိုင်းမှုကြောင့် မြစ်ကြီးနားထောင်တွင် သက်တော် ၇၃-နှစ်ခန့်ရှိနေပြီဖြစ်သော ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ (ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ) ထေရဝါဒအခေါ် မိုးပြာဆရာတော်သည်လည်း ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟု ကြားသိရပါသည် နိုင်ငံတော်သမ္မတကြီးခင်ဗျာ/ ထိုကဲ့သို့ ဘာသာရေးယုံကြည်ချက် မတူမှုကို အကြောင်းပြု၍ မဟနမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်တာတွေထက် ထောင်တွင်း အကျဉ်းချခိုင်းစေခြင်းတို့လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဗုဒ္ဓဘာသာ၏ […]