venthuApril 26, 20101min942
ရဟန်းတို့….. (1) စုံလုံးကန်းနေတဲ့လူ (2)တစ်ဖက်ကန်းနေတဲ့လူ (3)နှစ်ဖက်မြင်တဲ့လူ…. ဆိုပြီး လောကမှာ ဒီလူသုံးယောက်ဟာ တကယ်ရှိကြတယ် ရဟန်းတို့……. (1)လူတစ်ချို့ဟာ မရသေးတဲ့ ချမ်းသာကြွယ်ဝမှု့တွေကို ရဖို့ ရပြီးသားချမ်းသာကြွယ်ဝမှု့တွေကို တိုးတက်များပြားအောင်ကြိုးစားဖို့ ဦးဏှောက်မရှီကြဘူး….၊ ကုသိုလ်အကုသိုလ်တရား -အပြစ်ရှိ အပြစ်မဲ့တရား-အယုတ်အမြတ်တရား-အမည်းအဖြူတရား-တွေကိုသိစွမ်းနိုင်တဲ့ ပညာမျက်လုံးလည်းမပါကြဘူး အဲဒီလိုလူမျိုးကို အကဏ်းလူ လို့ ငါဘုရားသတ်မှတ်တော်မူတယ်….။ (သူဟာ ပစ္စည်းဥစ္စာတွေကိုရှာဖွေနိုင်တဲ့ဦးဏှောက်၊ ကုသို်လ်ကောင်းမှုု့ကိုသိစွမ်းနိုင်တဲ့အသိဉာဏ်မျက်လုံးမရှိတာကြောင့် ဒီဘဝအတွက်ရော သံသရာအတွက်ပါ အရှုံးရနေတဲ့ ချောက်ကမ်းပါထဲက အမှောင်အကာဏ်းသမားဖြစ်တယ်) ရဟန်းတို့….. (2)တစ်ချို့လူတွေကျတော့ မရသေးတဲ့ ချမ်းသာကြွယ်ဝမှုတွေကိုဖော်ဆောင်ဖို့ ရပြီးသားချမ်းသာကြွယ်ဝမှု့တွေကို အခိုင်အခန့်တိုးတက်များပြားဖို့ ဦးဏှောက်ရှိတက်ကြတယ်။ ဒါပေမယ့်………. ကုသ်ိုလ်အကုသိုလ်တရား-အပြစ်ရှီအပြစ်မဲ့တရား-အယုတ်အမြတ်တရား- အမည်းအဖြူတရားတွေကိုသိစွမ်းနိုင်တဲ့ ပညာမျက်လုံးကျတော့ သူ့မှာ ပါမလာဘူး အဲဒီလို လူမျိုးကို တစ်ဖက်လပ်နေတဲ့ အကာဏ်း လူ အဖြစ် ငါဘုရားသတ်မှတ်တော်မူတယ် (သူဟာ…. ကိုသ်ို်လ် […]