VisesaDecember 5, 20101min1306
မြန်မာ(၁၂)လရာသီပွဲတော်(၉) နတ်တော်လ၊ မြန်မာ့ရိုးရာနတ်ပူဇေါ်ပွဲနှင့်စာဆိုတော်နေ ့ “နတ်တော်လ”သည် မြန်မာ(၁၂)လရာသီတို ့တွင်(၉)လမြောက်ဖြစ်သည်။ခရစ်နှစ်အားဖြင့် နိုဝင်ဘာလ၊ဒီဇင်ဘာလတို ့တွင် ကျရောက်လေ့ရှိပါသည်။နတ်တော်လအခါသည် မိုးလ ကုန်ဆုံး၍ ဆောင်းဦးကာလဖြစ်သော်လည်း၊မိုးသားတိမ်လိပ်များ မငြိမ်မသက် ၊စုရုံးဆင် ယင် အုံဖွဲ ့လှုပ်ယှား နေတတ်သောကြောင့်၊ “နတ်တော်ရောက်ငြား ၊ မိုးသားမငြိမ် ၊ဆင်ရာ တိမ်။”-ဟူ၍ ၊ ရှေးမြန်မာတို ့က ဆိုရိုးပြုခဲ့ကြပါသည်။ကြံစိုက်သောတောင်သူတို ့ကမူ “နတ် တော်ပြာသို ၊ ကြံဖျားချို”-ဟုမှတ်သား ပြောဆိုကြပါသည်။ရှေးဦးပုဂံခေတ်ကာလ ကျောက် စာများတွင် ၊နတ်တော်လကို “နတ္တာဝ် ၊ နတ္တဝ် ၊ နတ်တာဝ်” -ဟုရေးလေ့ရှိကြောင်း သိရပါ သည်။ “နတ်တော်လ” ဟူသည် “နတ်ပူဇေါ်သောလ”-ဟု အနက်ဖွင့်ဆိုကြပါသည်။မြန်မာရှေး ဟောင်း“ဝေါဟာရလီနတ္ထဒီပနီ”ကျမ်း၌ ၊ “နတ်” ဟူသည် “နာထ”-ဟူသော ပါဠိစကားမှဖြစ် […]


VisesaNovember 24, 20102min45626
၁။ http://www.dhammaweb.net/notes/view.php?id=222 ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ by အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ ) ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ဝါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊ အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် […]


VisesaNovember 3, 20101min480
မြန်မာ(၁၂)လရာသီပွဲတော်(၈) တန်ဆောင်မုန်းလ ကထိန်ပွဲ ၊ တန်ဆောင်တိုင်ပွဲ ၊သာမည ဖလ အခါတော်နေ ့။ မြန်မာ(၁၂)လရာသီတို ့တွင် တန်ဆောင်မုန်းလ သည်(၈)လ မြောက်ဖြစ်သည်။ခရစ်နှစ် အားဖြင့်မူအောက်တိုဘာလ၊နိုဝင်ဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။ မိုးတွင်းကာလကုန် ဆုံးသည့်အချိန် ဖြစ်၍ ၊ “မိုးလအဆုံး-တန်ဆောင်မုန်း”– ဟူ၍ ဆိုလေ ့ရှိကြသည်။ မြန်မာတို ့၏ လယ် ယာစိုက်ခင်းကွင်းပြင်တို ့မှ စပါးကောက်နှံတို ့သည် စိမ်းလန်းပြည့်ဖြိုးရာမှ ရင့်မှည့်လုလုအခါ ရွှေဝါ ရောင် သို ့ ပြောင်းလဲကာစ ဖြစ်သည်။မိမိတို ့၏ ရှင်သန်ပြည့့်ဖြိုးသော  လယ်ခင်းကိုရှုမြင်ရ၍ ၊တောင် သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြရသောကြောင့် ၊ “တောင်သူရွှင်ပြုံး-တန်ဆောင်မုန်း”– ဟုလည်း ဆိုကြပါသည်။စပါးနှံ အခိုင်ခိုင်တို ့မှ အခက်အခက် ဖြာထွက်သော စပါးသီး အစီအရီတို […]


VisesaOctober 28, 20104min1128
သင်ခန်းစာ(၂၆)။ ဘတ်စ်ကား စီးခြင်း ။ 第二十六课,乘公共汽车; (တိ အာ့စ်-ရှ် လျို ့ ခဲ့ ၊ ဆ်-ချိန် ကုန်းကုန် ့ချိချဲ ) Lesson 26 ;Taking a Bus 1.      这车到东方小区吗?Zhè chē dào Dōngfāng xiǎoqū ma? ( ဇ်-ကျဲ ့ ဆ်-ချဲ တောက် တုန်းဖှန်း ယှောင်ချွီး မား ။) ဒီကားက အရှေ ့ပိုင်းရပ်ကွက်စု ကို ရောက်ပါသလား ။ Does this bus go to Dongfang community? 2.      买一张票。Mǎi yì zhāng piào.  ( […]


VisesaOctober 7, 20101min4082
မြန်မာ(၁၂)လရာသီပွဲတော်(၇) သီတင်းကျွတ်လ၊ မီးထွန်းပွဲတော်၊ အဘိဓမ္မာ အခါတော်နေ ့နှင့်  ပဝါရဏာပွဲ။ မြန်မာ(၁၂)လရာသီတွင် သီတင်းကျွတ်လသည် (၇)လမြောက်ဖြစ်ပါ်သည်။ခရစ်နှစ်အားဖြင့်မူ စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။သီတင်းကျွတ်လကို ရှေးအခါက “သန်တူလ” ဟူ၍လည်း ခေါ်လေ့ရှိကြပါသည်။“သန် – ကောက်စပါး ၊ တူ – ထူသည်၊ ထောင်သည်၊မတ်သည်။” -ဖြစ်၍ ၊ “ကောက်စပါးများ ထောင်မတ်သော လ” -ဟု ဆိုကြပါသည်။မြန်မာနိုင်ငံအရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ မိုးရေဓါတ် ပြည့်ဝခဲ့သော ကြောင့် ရှင်သန်ကြီးထွားလာသော ကောက်နှံစပါးပင်တို ့သည် မြစိမ်းကမ္ဗလာ လွှမ်းသည့်နှယ် မြသားရောင်ခြယ် လျက် တင့်တယ်လှပနေချိန် ဖြစ်ပါသည်။ “သီတင်းကျွတ်”-ဟူသောအမည်မှာ “ ရဟန်းတော်များ တစ်နေရာတည်းတွင် ဝါဆိုသီတင်းသုံးနေရာမှ ကျွတ် လွတ် လွန်မြောက်သောလ”-ဟုဆိုလိုပါသည်။ မိုးတွင်းကာလကို အထူးပြု၍ […]


VisesaOctober 4, 20104min22518
သင်ခန်းစာ(၂၁)။ ဖုန်းဖြင့် ကုန်ပစ္စည်းဝယ်ခြင်း။ 第二十一课,通过电话购物; (တိ အာ့ စ်-ရှ် ယီး ခဲ့ ၊ ထုန်းကော့ တျန် ့ဟွ ကုံ ့ဝု) Lesson 21 ;Shopping by Phone 1.      我要订个比萨饼。Wǒ yào dìng gè bǐsàbǐng. ( ဝေါ်ယောက် တင့် ကဲ့  ပီစာ ့ပင် ။) ကျွန်တော် ပီစာမုံ ့တစ်ခု မှာ ချင်ပါတယ်။ I want to order a pizza. 2.   怎么付钱呢?Zěnme fù qián ne?  ( ဇှ် -မဲ့ ဖှု ချန် နဲ ။) […]


VisesaSeptember 20, 20103min1486
သင်ခန်းစာ(၁၆)။ မိသားစုဝင်များ  စုံညီချိန်မှာ။ 第十六课,在一次家庭聚会; (တိ စ်-ရှ် လျို ့ ခဲ့ ၊  ဇှိုက် ယီးစစ် ကျား ထင် ကျွိ ဟွေ ့) Lesson 16; At a Family Gathering 1.      我很高兴认识你的家人。Wǒ hěn gāoxìng rènshi nǐ de jiārén. ( ဝေါ ဟိန်ကောင်းယှင့် ရိန် ့စ်-ရှစ်  နီဿဲ့ ကျားရိန် ။) ခင်ဗျားရဲ ့အိမ်သူအိမ်သားတွေနဲ ့သိကျွမ်းရတာ ကျွန်တော် သိပ်ဝမ်းသာပါတယ် ။ It’s nice to meet your family members. 2.   这是我的拿手菜。Zhè shì wǒ […]


VisesaSeptember 20, 20101min1092
တရုတ်ပြည်၊ ကူမင်းမြို ့၊ ယူနန်တက္ကသို်လ်မှာ ဆွမ်းအလှူ။ ၁၃၇၂-ခု၊တော်သလင်းလဆန်း(၉)ရက်၊၁၇၊၉၊၂၀၁၀(သောံကြာနေ ့)၊CNT-၁ဝး၄၂ နာရီ။ ယနေ ့သောကြာနေ ့ပင်ဖြစ်သော်လည်း အတန်းတက် စာသင်စရာမရှိသောကြောင့် အခန်းထဲမှာပင် အေးအေးဆေးဆေးဖြစ်နေပါသည်။ကွန်ပျူတာကိုဖွင့်ထားကာ မနေ ့က ကူးထားသော တရုတ်ဘာသာပြန် တရားစာများကိုပြန်ကြည့်နေမိသည်။အခန်းဖေါ်ဖြစ်သူ နောနော်ကတော့ အိပ်စက်နေဆဲဖြစ်ပါသည်။မိမိသည် တရုတ်စာဖြင့် သင်ကြားသောဘာသာ ဗေဒ(语言学)ကိုလေ့လာသင်ယူနေသော်လည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သော ကြောင့် ၊ပြုစုတင်သွင်းရမည့် စာတမ်း( 论文 )မှာ ဗုဒ္ဓကျမ်းစာတစ်ခုထဲမှ ဝေါဟာရများကို ခွဲခြမ်းစိပ်ဖြာ၍ တင်သွင်းရမည်ဖြစ်ပါသည်။ပထမနှစ်သင်တန်းများတွင် စာတမ်းပြုစုရန် အ ထောက်အကူဖြစ်မည့် ဘာသာရပ်များနှင့် တရုတ်စာဖြင့်စာတမ်းပြုစုနိုင်ရန်အကြောင်းအချက် များကို သင်ယူခဲ့ရပါသည်။ယခု ဒုတိယနှစ် စာသင်ချိန်များတွင်မူ စာသင်အတန်းတက်ချိန် နည်းပါးလာ၍ ၊ စာတမ်းအတွက်အထောက်အပံ့ ဖြစ်မည့် စာအုပ်၊စာတမ်း၊အကြောင်းအရာ များကို ဖတ်ရှုလေ့လာရန် အချိန်ပေးထားပါသည်။မိမိသည် မြန်မာပြည်မှယူလာခဲ့သော ဗုဒ္ဓ […]


VisesaSeptember 12, 20105min1881
“ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်များ ” အတွက်သာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်တဦးသည်…နေ့စဉ်နှင့် အမျှ ဆွမ်းတော်တင် လှူဒါန်းခြင်း၊ သောက်တော်ရေ၊ ဆီမီး၊ ပန်းလှူဒါန်းခြင်း၊  ဘုရားရှိခိုးသီလခံယူ စသောကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြရ၏ – ယင်းသို့ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို သိထားသင့်၏၊ သိထားပါမှ မိမိ၏ ကုသိုလ်ကောင်းမှုတို့ကိုပိုမိုအားတက်ကြည်ညိုနိုင်မည်       ဖြစ်သည်၊သို့ဖြစ်၍ ဤသို့ သိမှတ်လွယ်အောင် အကျဉ်းမျှ ရေးသားဖော်ပြပါမည် ။ ငါးပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ် “ အနန္တငါးပါးရှိခိုးကန်တော့ရန် ” ၁။  ဗုဒ္ဓံ =       မြတ်စွာဘုရားကို၊               ပူဇေမိ=        ပူဇော်ပါ၏ဘုရား ။ ၂။  ဓမ္ဓံ =       တရားတော်မြတ်ကို၊            ပူဇေမိ=        ပူဇော်ပါ၏ဘုရား ။ ၃။  သံဃံ =    သံဃာတော်မြတ်ကို၊           ပူဇေမိ=        ပူဇော်ပါ၏ဘုရား […]


VisesaSeptember 8, 20101min540
သုံးနှစ်ကြာပြီးသည့်အချိန်။ `အင်း။သုံးနှစ် ပြည့်လို ့ကျောင်းပြီးသွားပြီ ဆိုတဲ့အချိန်ကို ရောက်ချင်လှပါပြီ ဦးဇင်းရယ်။´- ဟု၊ခါးကိုလိန်တွန် ့ကာ အကြောဖြေရင်း၊မိမိအား နောနော်ကပြောလိုက်သည်။မိမိ က ဆွမ်း ထည့်ထားသော ပန်းကန်ကိုလက်ဖြင့်ကိုင်လျက် နေ ့ဆွမ်းဘုဉ်းပေးနေရင်းက၊`အောင်မယ်၊ ရောက်လာမှာပါလေ။အခုတောင် ဘာလိုလိုနဲ ့ တစ်နှစ်ပြည့်ခဲ့ပြီ မဟုတ်လား။´-လို ့၊သူ ့စကား ကိုပြန်၍ဖြေလိုက်ရပါသည်။ အကယ်တွင်လည်း ၊ ယနေ ့၂၀၁၀-ခု၊စက်တင်ဘာလ(၅)ရက်နေ ့တွင် ၊ မိမိ တို ့မြန်မာ ပြည်၊ မန္တလေးမြို ့မှ တရုတ်ပြည်၊ယူနန်ပြည်နယ် ၊ကူမင်းမြို ့၊ယူနန်တက္ကသိုလ် သို ့ပညာသင် ရောက်ရှိလာခဲ့ကြသည်မှာ တစ်နှစ်ကျော်၍ (၃)ရက်စွန်းခဲ့ပါပြီ။အဘယ့်ကြောင့်ဆိုသော် ၊ပြီးခဲ့ သော ၂၀၀၉-ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ ့ကမိမိနှင့်အတူ၊နောနော်၊ဆရာမဒေါ်ညိုညိုစန်း၊ ဆုစန္ဒာ၊ဇူးလဲ့ဖြူတို ့သည် မန္တလေးမြို့၊အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ လေယာဉ်ဖြင့်ညနေ (၂)နာရီထွက်ခဲ့ကာ၊ကူမင်းမြို ့၊လေဆိပ်သို […]


VisesaSeptember 6, 20101min540
မြန်မာ(၁၂)လရာသီပွဲတော်(၆) တော်သလင်းလ ၊ လှေပြိုင်ပွဲနှင့်ဂရုဓမ္မ အခါတော်နေ ့ မြန်မာ(၁၂)လရာသီတွင် တော်သလင်းလ သည် (၆)လမြောက်ဖြစ်ပါသည်။ခရစ်နှစ် အားဖြင့်မူ ဇူလိုင်၊ ဩဂုတ် ၊စက်တင်ဘာလများ အတွင်းကျရောက်လေ့ရှိပါသည်။တော်သ လင်းလ၌ မြန်မာပြည်၏ ရာသီဥတုသည် အထူးသာယာကြည်လင်ပါသည်။ နေရောင်ခြည် ထွန်းလင်းတောက်ပ၍ အပူရှိန်ပြင်းလှသောကြောင့် `တော်သလင်းနေ ၊ ပုဇွန်သေ ။´-ဟု ၊ ရှေးသူဟောင်းတို ့က ဆိုရိုးပြုခဲ့ကြပါသည်။မြန်မာပြည်အတွင်း စီးဆင်းရာ မြစ်ရေပြင်တို ့၌ လှိုင်း လေ ငြိမ်သက်ကင်းစင်၍ ပြန် ့ပျုးညီညာနေသောကြောင့် `လ တော်သလင်း ၊ မြစ် အတွင်း ၊ သင်ဖြူးခင်း။´-ဟူ၍လည်း ၊ဆိုခဲ့ကြပြန်ပါသည်။မြေအစိုဓါတ် မပြတ်ရှိနေ၍ မည် သည့်သစ်ပင်ကိုပင်စိုက်စိုက် အမြစ်ပွားကာ ရှင်သန်ကြီးထွားလွယ်သောကြောင့်`တော်သ လင်း ၊ လူပျင်း ကွမ်းစိုက်။´-ဟူ၍ […]


VisesaAugust 31, 20102min792
သင်ခန်းစာ(၁၃)။ တရုတ်စားသောက်ဆိုင်တစ်ခု မှာ။ 第十三课,在一中餐馆; (တိ  စ်-ရှစ်စန်း  ခဲ့ ၊ ဇှိုက် ယိ  ကျူံး စန်းကွမ်) Lesson 13; At a Chinese Restaurant 你们有什么特色菜?Nǐmen yǒu shénme tèsècài? ( နိမိန်း ၊  ယုံ စ်-ရှ်မဲ ထဲ့ စဲ ့ဆိုက် ။) ခင်ဗျားတို ့ဆီမှာ ဘာဟင်းတွေများ အထူးရှိပါသလဲ။ What are your specialties? 你需要刀叉吗?Nǐ xūyào dāochā ma? ( နီ  ယွှီးယောက် တောင်း ဆ်-ချား မား ။) ခင်ဗျား ဓါးနဲ ့ခရင်း  လို်ပါသလား။ Do […]


VisesaAugust 25, 20103min660
သင်ခန်းစာ(၁၀)။အလုပ်ကိစ္စများ ပြောဆိုခြင်း။ 第十课,谈工作; (တိ စ်-ရှစ်  ခဲ့ ၊ ထန် ကုန်းဇှော့ ) Lesson 10; Talking about jobs 你每天几点上班?Nǐ měitiān jǐ diǎn shàng bān? ( နီး  မေထျန်း ကျီးတျန်  စ်-ရှန် ့ပန်း ။) ခင်ဗျား  နေ ့စဉ် ဘယ်အချိန်မှာ အလုပ် စ လုပ်သလဲ။ What time do you start every day? 2.  你每天几点下班?Nǐ měitiān jǐ diǎn xià bān? ( နီး မေထျန်း  ကျီးတျန် ယှ ပန်း။) […]