Wai Aung Chan MyoOctober 5, 20121min22718
ချန်ပူရီက ဖြစ်ရပ်မှန် တခါက ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ပူရီဆိုတဲ့ပြည်နယ်လေးတခုရှိတယ် အဲ့ဒီပြည်နယ်က အဓိက စိုက်ပျိုးရေးကိုလုပ်ပြီး အများဆုံးစိုက်တာတော့ စပါးပေါ့ သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံတနိုင်ငံလုံးစာနီးပါး ဖူလုံသတဲ့ နောက်တော့ တဖြည်းဖြည်း အထွက်နှုန်းတွေလျော့လာတယ် နောက်ဆုံး လုံးဝမရတော့တဲ့အထိဖြစ်သွားပြီး တရွာလုံးက ယောက်ျားလေးတွေက သင်္ဘောလိုက် မြို့တက်အလုပ်လုပ် မိန်းမတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတွေလုပ်စား စသဖြင့်ပေါ့ဗျာ… ဒီလိုနဲ့ သူတို့နိုင်ငံရဲ့ ဝန်ကြီးတွေက အစပိုင်းက ဖူလုံနေပြီး နောက်ပိုင်း နိုင်ငံခြား ဆန်စပါးတွေကို တင်သွင်းလာရတော့ သိပ်မကြည်တော့ဘူး နောက်ပိုင်းလုံးလုံးလျားလျားတင်သွင်းလာရတော့ ဘတ်ဂျတ်တွေထိခိုက်လာတယ် ဒီလိုနဲ့ သူတို့ အစီအစဉ်တခုဆွဲတယ် ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတယ် ဒီတော့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူကို စုစည်းရအောင် အဲ့ဒီချန်ပူရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာတယ် ဘုရင်ကလည်း […]


Wai Aung Chan MyoAugust 28, 20121min2516
သဘာဝ လယ်ယာစိုက်ပျိုးရေးစနစ်အတွက် အဓိက မရှိမဖြစ်လိုအပ်ပြီး အင်မတန်အကျိုးရှိစေတဲ့ EM ဖျော်ရည်ပါ။ အပင်အတွက် အားဆေးအပြင် မြေဆီလွှာပြုပြင်ပေးခြင်း၊ ရောဂါခုခံကာကွယ်ပေးခြင်း၊ ရာသီဥတုဒဏ်ကြောင့် အပင်နွမ်းနယ်ထိခိုက်ခြင်းတို့မှ သက်သာပျောက်ကင်းစေခြင်း၊ စတဲ့ ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ပြုလုပ်နည်းကတော့… ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး (အမှည့်လွန်နေလျှင် ပိုကောင်းသည်။) တို့ကို ၁ပိဿာစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ ဆန်ဆေးရည် ၂ဂါလံခွဲ (၁ဝလီတာ)ခန့်ကို ၁ပတ်ခန့် ကြိုတင်စုဆောင်းပါ။ ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၂ပိဿာခန့်ဝယ်ပြီး ရေဖြင့်ကြိုပါ။ ၃။ ထို့နောက် အသီး ၃မျိုး၊ ဆန်ဆေးရည်၊ သကာရည် (အချိုရည်)၊ ကြက်ဥ ၅လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ထို့ နောက် ပိတ်စဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၁ဝရက်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် […]


Wai Aung Chan MyoJuly 24, 20121min18814
ဒိုချက်ကင်မြေဩဇာ ပြုလုပ်ခြင်း ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု ၁ဝပြည်ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ဆတူရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင်မွှေလိုက် ရေရောလိုက် […]


Wai Aung Chan MyoJune 26, 20121min1286
မင်္ဂလာပါ ကိုxxxရေ သစ်မွှေးကို ဘယ်အပင်မျိုးနဲ့မဆို ရောစိုက်လို့ဖြစ်ပါတယ်(မှိုကလွဲရင်ပေ့ါ)။ ပြီးတော့ ရေမဝပ်တဲ့မြေ ဘယ်မြေမဆို စိုက်လို့ဖြစ်ပါတယ်။ ဒါတောင်မှ ပြီးခဲ့တဲ့လက ကရင်ပြည်နယ်၊ ဘားအံဘက်မှာ ရေဝပ်နေတဲ့လယ်မြေကို စမ်းပြီး စမ်းသပ်စိုက်ခဲ့ပါတယ်။ မြေကို ဘောင်လုပ်ပြီး ရေဆင်းလို့ရအောင်လုပ်ပြီး အပင်ချဖို့အတွက် ကျင်းကို ၂ပေပတ်လည် အနက်၂ပေခွဲတူးပြီး (အဲဒီလယ်မြေက မြေဆီလည်းမကောင်းတာနဲ့) နွားချေး ၁ဆ မြေဆီ ၄ဆ(တခြားနေရာမှ အရွက်ဆွေး မည်းနက်ပြီ သင်းသော အနံ့ထွက်နေသော မြေဆီ) ရောပြီး အင်ရွက်တွေကို မီးရှိ့ပြာချပြီးထည့်လိုက်ပါတယ်။ အဲ့ဒီတော့ မြန်မာတပြည်လုံးဘယ်နေရာမဆို စိုက်လို့ရတယ်လို့ ပြောချင်ပါတယ်။ ကျနော်ရေးထားတဲ့ဆောင်းပါးတွေကို အားပေးတဲ့အတွက် ဝမ်းသာပါတယ်။ “ မိမိ စိုက်ပျိုးမည့် မြေဧရိယာရရှိမှုပေါ်မူတည်၍ ၆’x၆’၊ ၇’x၇’၊ ၈’x၈’၊ ၁၀’x၁၀’ ခြားစီ ၁ပေခွဲ ပတ်လည်ကျင်းများတူး၍ […]


Wai Aung Chan MyoJune 21, 20126min21413
အားလုံးပဲ မင်္ဂလာပါ ဒါကြော်ငြာ တစ်ခုလို့ပဲ ယူဆရင်လဲ ရပါတယ်။ ဒါမှမဟုတ် သင့်ဘဝအတွက် ပြီးပြည့်စုံမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ သတင်းစကားဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ သစ်မွှေး သစ်မွှေး နဲ့ နာမည်တွေကြီးနေပြီး စိတ်ဝင်စားသူများအတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်၊ မိတ်ဆွေများ စိတ်ဝင်စားသူအားလုံးကို အလိုရှိက ဖြန့်ဝေနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးနဲ့ပတ်သက်တဲ့အကြောင်း soft copy ကို attached လုပ်ပြီးပို့လိုက်ပါတယ်။ ပုံတွေကို ထည့်ချင်ပေမယ့်လည်း connection အခက်အခဲကြောင့် စာတွေချည်းပို့လိုက်ရပါတယ် နောက်သစ်မွှေး ပျိုးပင်ဈေးနှုန်းကိုပါ ပြောပြလိုက်ပါတယ် ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ […]


Wai Aung Chan MyoJune 20, 20121min1074
အကိုရေ မင်္ဂလာပါခင်ဗျာ ကျွန်တော်မရှင်းတာလေး သိချင်လို.အချိန်ရရင်ဖြေပေးပါအုံး ၊အကြံပြုပေးပါအုံး ကျွန်တော် အခုမိုးရာသီမှာ ကျွန်တော်တို.ဒေသ တောင်ပေါ်ကသစ်မွှေးပင်အလေ့ကြပေါက်တဲ့အပင်ပေါက်လေး တွေကိုတူးယူပြီးစိုက်ဖို.စိတ်ကူးထားပါတယ် ၊ ကျင်းတွေလဲတူးထားပြီးပါပြီ ၊ ကျွှန်တော်သိချင်တာက ကျင်းတွေထဲကို ကျွန်တော်အခု လွှစာမှုန်. ( သစ်မှုန်. ) တွေနဲ. ဝက်ချေးအဆွေးတွေနဲ.တူးထားတဲ့မြေဆီကို ဆတူရောထားပါတယ် ၊ အရင်တကြိမ်စိုက်တုန်းကတော့ ကျွန်တော့်ကို ပျိုးပင်ရောင်းတဲ့သူက ကျင်းထဲကိုအပင်မစိုက်ခင်မှာ ( ဖျူရာတန် )စာလုံးပေါင်းမမှတ်မိတော့ပါဘူး မြေတွင်းအောင်းပိုးသတ်ဆေးလို.ပြောပါတယ် ခြ ၊ ပုရစ် ၊ ဖိုးလမင်းကောင်တွေမစားအောင်လို.ပြောတာပါပဲ ။ သစ်မွှေးပင်ကိုဒီပိုးတွေ စားတတ်ပါသလားခင်ဗျာ ၊ ကျွန်တော့စိုက်ခင်းအကွက်ထဲမှာကလဲ ခြ တွေ ပုရစ်တွေတော့ပေါပါတယ် ၊ တကယ်လို. အဲဒီ့ပိုးသတ်ဆေးကို အခုအချိန်မှာကျင်းထဲကိုသုံးလိုက်ရင် ကျွန်တော်အသုံးပြုထားတဲ့ ဝက်ချေးတွေ ၊ လွှစာမူန်.တွေကဖြစ်လာမယ့်အကျိုးပြုမယ့်ဂုဏ်သတ္တိတွေကိုထိခိုက်နှိင်မလား နားမလည်ပဲဝေခွဲမရဖြစ်နေလို.ပါ အကိုအချိန်ရတယ်ဆိုကျေးဇူးပြုပြီးရှင်းပြပေးပါအုံး။ […]


Wai Aung Chan MyoJune 19, 20121min710
မင်္ဂလာပါ ကိုဝေအောင်ခင်ဗျား ကျွန်တော် xxxပါ သစ်မွှေးအကြောင်းစိတ်ဝင်စားလို့ online ပေါ်မှာရှာရင်း ကိုဝေအောင်ရေးတင်ထားတဲ့ post တွေသဘောကျပြီး လိပ်စာပါတွေ့လို့ သိချင်တာလေးမေးပါရစေခင်ဗျာ။ ကျွန်တော်နှင့် အခြားအပေါင်းအသင်း ၅ ဦးစုပေါင်းပြီး ပဲခူးရိုးမ အနောက်ခြမ်း မင်းလှမြို့နယ် တောင်ခြေမှာ မြေလွတ်မြေရိုင်းရတာနဲ့ ကျွန်တော်တို့သစ်မွှေးစမ်းသပ်စိုက်ပျိုးကြည့်ဖို့တိုင်ပင်ခဲ့ကြပါတယ် အဲဒီနောက် သတင်းစာမှာပါတဲ့ ကြော်ငြာတွေကြည့်ပြီး သစ်မွှေးကို မြေနီကုံးက ဝင်းသစ်မွှေးမှာ ဝယ်ခဲ့ပါတယ်ခင်ဗျ၊ အပင်အမြင့် ၁ ပေခွဲခန့်အရွယ်တွေဖြစ်ပါတယ်။ ဘာမှနားမလည်သေးဘဲ ကြော်ငြာကလိပ်စာတွေ့တာနဲ့ သွားဝယ်ခဲ့တာဖြစ်ပါတယ် အပင် ၂၅ဝ ကို တစ်ပင် ၈၀ဝ ကျပ်နဲ့ဖြစ်ပါတယ်ခင်ဗျ၊ အခုကျွန်တော်တို့စိုက်ဖို့လုပ်တဲ့အခါကြတော့ မြေကွက်သွားကြည့်တော့မှ မြေက မြေကြီးမဟုတ်ဘဲ ဂဝံတောင်ကုံးတွေဖြစ်နေတယ် သိတဲ့လူတွေပြေတာတော့ သက်နုဂဝံလို့ပြောတယ်ခင်ဗျ၊ အဲဒီတောင်ကုန်းတွေမှာ ဝါးဖြူလို့ခေါ်တဲ့ ခပ်နိမ့်နိမ့်ဝါးရုံပင်တွေနဲ့ တချို့နေရာတွေမှာ အင်ပင်တွေပေါက်နေတယ်ခင်ဗျ၊ အဲဒါ ကျွန်တော်သိချင်တာက […]


Wai Aung Chan MyoJune 19, 20121min1322
မင်္ဂလာပါ ကိုxxရေ အခုလိုစိတ်ဝင်တစား သစ်မွှေးအကြောင်း မေးမြန်းတဲ့ ဝမ်းသာမိပါတယ်။ အကို့ရဲ့မေးခွန်းတွေကို အစဉ်အတိုင်းဖြေရရင်… ၁။အကို့ခြံကရောင်းတဲ့ပျိုးပင်အမျိုးအစားလေးတွေရယ်ဈေးနှုန်းလေးတွေရယ်ကိုသိခွင့်ရှိပါသလား ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ် ၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။ ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ် ဒီမှာ ကျနော်တခုပြောချင်တာက အများက အမှတ်မှားနေတာလေးပါ။ ယိုးဒယားမျိုးဖြစ်တဲ့ Sub-integra မျိုးကပိုကောင်းတယ်ဆိုတာလေးပါ။ အခုဆိုရင် ကိုxxလည်းသိမှာပါ။ ဘာဖြစ်ဖြစ် နိုင်ငံခြားကိုမှ အထင်ကြီးတဲ့စိတ်ဓာတ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်ဟာ ကမ႓ာ့သစ်မွှေးဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုဈေးကွက်နဲ့ ရောင်းရတဲ့အတွက် မြန်မာ့သစ်မွှေးဟာ […]


Wai Aung Chan MyoJune 18, 20121min862
ကျနော့်ထံ စာဖြင့်ရေးသားဆက်သွယ်ကြသူများနှင့် သစ်မွှေးအမေးအဖြေ ကဏ္ဍများကို အခန်းဆက်တင်ပြသွားပါမည်။   ကိုဝေအောင် ခင်ဗျား သစ်မွှေးနှင့် ပတ်သက်သော ကိုဝေအောင်၏ စာများအား online ထက်တွင် ဖတ်ရှုမိပါသောကြောင့် သိလိုသော အကြောင်းများအား မေးမြန်းလိုက်ပါသည်။ သစ်မွှေး ၄ ပေအထက် လုံးပတ်ရှိသော အပင်တစ်ပင်လျှင် အဆီထွက်ရှိမှုပမာဏမှာ ပျမ်းမျှအားဖြင့် မည်မျှ ထွက်ရှိနိုင်ပါသနည်း။ အပင်လိုက်ရောင်းလျှင် အဘယ်မျှ တန်ဖိုးရှိနိုင်ပါသနည်း။ အရွယ်ရောက်ပြီး ၃ ပေ၊ ၄ ပေ အထက်ရှိသောသစ်မွှေးပင်များအား အပင်လိုက် ရောင်းလျှင် တရားဥပဒေနှင့် အညီ ရောင်းလျှင် မည်မျှ ရနိုင်ပါသနည်း။ ရောင်းချခွင့်ရော ရှိပါသလား။ အကယ်ရွေ့ ရောင်းချခွင့်ရှိပါက မည်သည့်နေရာဌာနသို့ ဆက်သွယ်ရပါမည်နည်း။ သိလိုသော အချက်အလက်များအား ပြန်ကြားပေးစေလိုပါသည်ခင်ဗျား။ လေးစားစွာဖြင့် xxx   […]