Wai Aung Chan MyoApril 2, 20121min1464
သစ်ရွက် အချဉ်ဖောက်ခြင်း အရွက်အချဉ်ဖောက်ခြင်းကို ဆောင်းအကုန်နွေအကူး မနက်စောစောတွင် လုပ်ဆောင် သင့်သည်။ မိုးတွင်းတွင် မလုပ်ဆောင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက် များပေါ်ရှိ တဆေးနှင့် ဘက်တီးရီးယားများ၊ ပိုးမွှားများသည် မိုးရေနှင့်အတူ ပါသွားသော ကြောင့်ဖြစ်သည်။ အချဉ်ဖောက်မည့် အပင်များကို မနက်ခင်း နေမွန်းမတည့်မီ ခူးဆွတ် အချဉ်ဖောက်ရ၏။ ထိုအချိန်သည် အာဟာရဓါတ်များ ပြည့်ဝသည့်အချိန်ဖြစ်သည်။ အပင်များတွင် အသား အမျှင်များ ကြီးထွားချိန်နှင့် အဆီအသား ရွေ့လျားစီးဝင်ချိန်ရှိသည်။ အရွက်အချဉ်ဖောက်ခြင်းမှာ အရွက်များထံမှ ဟော်မုန်းနှင့်ကလိုရိုဖီးရယူခြင်း ဖြစ်သည်။ အချဉ်ဖောက်၍ ရသည့်အပင်များမှာ ဘိစပ်ပင်၊ ပဲမျိုးနွယ်ပင်၊ သခွါး၊ ဖရုံ၊ ကျောက်ဖရုံ၊ ဘူး၊ မျှစ်စို့၊ မုန်လာရွက်၊ ကတတ်ပင်၊ ကန်ဇွန်း၊ ဟင်းနုနွယ် စသော အပင်များသာမက မိမိဒေသ နီးစပ်ရာသဘာဝပေါက်ပင်များမှ […]


Wai Aung Chan MyoApril 1, 20121min740
ဒေသခံ အနုဇီဝမွေးမြူခြင်း ပထမဦးစွာ သစ်သားထမင်းဘူး ပြုလုပ်ပါ။ ၈”x၁၀” အမြင့် ၄” ရှိသော တစ်ဖက်ဖွင့် ထမင်း ဘူး ၃၊ ၄ဘူးပြုလုပ်ပါ။ လုပ်ရလက်ဝင်လျှင် အလွယ်နည်းမှာ အချင်း ၅” ၊ ၆”ခန့်ရှိသော ဝါးလုံးများကို ထက်ခြမ်းခွဲကာ ဘေးနှစ်ဖက် ဝါးဆစ်ပိတ်များအထိ လွှဖြင့်ဖျက်လျှင်လည်း ရသည်။ ထိုကဲ့သို့ ထမင်းဘူးများပြုလုပ်ပြီး ဇကွဲ (သို့မဟုတ်) ဆန်ကြမ်းညိုတစ်ပြည်ခန့် ပျော့ပျော့ (ရေခမ်း)ချက်ပါ။ (မှတ်ချက် ဆန်ကို မချက်ခင် ရေမဆေးရပါ။) ထို့နောက် ထမင်းဘူးများ ထဲသို့ ထမင်းများကို ၃လက်မထက်မထူစေဘဲ အညီ သိပ်ထည့်ပါ။ ပိတ်စအပါး၊ (သို့) ဇာပိတ်စ (သို့) ဇကာပါသော ပလက်စတစ်ပိတ်များဖြင့် ထိုထမင်းပျော့ ထည့်ထားသော ထမင်းဘူးများကို ပတ်ပြီး ကြိုးဖြင့်ချည်ပါ။ […]


Wai Aung Chan MyoApril 1, 20121min710
မြေဆီလွှာတစ်ခု၏ အာဟာရဓါတ်ပြည့်ဝမှု၊ ထိန်းသိမ်းမှုတို့ကို မြေကြီးထဲရှိ အဏုဇီဝသက်ရှိ များက အဓိကနေရာမှ တာဝန်ယူထိန်းညှိဆောင်ရွက်ပေးနေပါသည်။ ထိုအဏုဇီဝပိုးများသည် မြေကြီးထဲရှိ အာဟာရဓါတ်များကို အပင်မှ အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ အတူနေရန်သူများ၏ စားသောက်ခံရခြင်းဖြင့် အပင်၏ပတ်ဝန်းကျင်တွင် အာဟာရဓါတ်များ တိုးပွားစေပါသည်။ ထို့ကြောင့် မြေဆီလွှာတစ်ခု၏ အရည်အသွေးသည် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးများနှင့် ၎င်းတို့ကို စားသောက်သော သဘာဝရန်သူများ၏ အရည်အတွက်အနည်းအများပေါ် မူတည်နေပါသည်။ ဘက်တီးရီးယားကဲ့သို့ အကောင်ငယ်အဏုဇီဝပိုးများမည်မျှပင်များစေ၊ ၎င်းတို့ကိုစားသောက်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများလုံးဝမရှိလျှင်သော်၎င်း၊ လိုအပ်သည်ထက် အရည်အတွက်နည်းပါလွန်းလျှင်သော်၎င်း၊ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓါတ်အချို့၏ ရာခိုင်နှုန်းအများစုကို ၎င်းဘက်တီးရီးယားများကသာ စုပ်ယူ စားသောက်ထားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုစားသောက်သော တနည်းအားဖြင့် ၎င်းတို့၏ သဘာဝရန်သူဖြစ်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများသည် […]


Wai Aung Chan MyoMarch 31, 20121min620
ခိုင်တိုစန်သည်အပင်မှ အပင်ရောဂါပိုးဆန့်ကျင် ပစ္စည်းများ ပုံမှန်ထက် အဆများစွာ တိုးတက်ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးနိုင်သည့်သဘာဝဩဂဲနစ်ဓါတုပစ္စည်း ဖြစ်ပါသည်။ ခိုင်တိုစန်သည် ဘက်တီးရီးယားနှင့် မှိုရောဂါများကို အထူးနှိမ်နင်းပေးနိူင်သည့်အပြင် သံမွှားကောင် များကိုလည်း  ကြေပျက်စေနိုင်ပါသည်။ ဤ နည်းအားဖြင့် အပင်ရောဂါ ဖြစ်စေသောဘက်တီးရီးယားမျိုးပွားမှု လျော့နည်းကာ တဖြည်းဖြည်း ပျက်သုဉ်းသွားမည် ဖြစ်ပါသည်။ ထို့ပြင် အပင် ရောဂါပိုးများမှ ထွက်ရှိလာသော အဆိပ်နှင့်အပင်ကို အန္တရာယ်ပြုမည့် အင်ဇိုင်းများကို ခိုင်တိုစန်မှ ဆွဲဆောင် စုခဲပေးပြီး ၎င်းတို့၏အာနိသင်များပျက်ပြယ်သွားအောင် ပြုလုပ်ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသည်။ ခိုင်တိုစန်သည် အပင်၏ သဘာဝဝင်ပေါက်များနှင့် အနာဒဏ်ရာများ မှတဆင့် ဝင်ရောက်တတ်သော ဘက်တီးရီးယားပိုးများနှင့် အပင်ဆဲလ်များ အားတွယ်ကပ်ထိုးဖောက် ဝင်ရောက်တတ်သော ဗိုင်းရပ်ပိုးများရန်မှလည်း အထက်ပါနည်းဖြင့် ကာကွယ်ပေးနိုင်သည်။ အခြားတစ်နည်းအားဖြင့် မြေကြီးထဲသို့ ခိုင်တိုစန်ဖျန်းပေးခြင်းဖြင့် မြေကြီးတွင်းရှိ အပင်ရောဂါပိုးများ […]


Wai Aung Chan MyoMarch 31, 20121min1094
လွန်ခဲ့သောနှစ်၆ဝကျော်မှစ၍ ခေတ်ပေါ်စိုက်ပျိုးထုတ်လုပ်မှုစနစ်တွင် သီးနှံအထွက်တိုးစေ ရန်အတွက် အစိမ်းရောင်တော်လှန်ရေး (Green Revolution)ကို ဆောင်ရွက်လာရာ တောင်သူဦးကြီးများသည် ဓာတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုလာရာ သီးနှံအထွက်နှုန်းများသိသိသာသာပိုထွက်လာပါသည်။ ထိုကဲ့သို့ နှစ်ကြာရှည်စွာ တစ်စတစ်စသုံးစွဲလာမှုကြောင့် မြေဆီလွှာများပျက်စီးသွားခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးသွားခြင်း၊ ဓါတုပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အဖျက်ပိုးများ များပြားလာခြင်းစသည့် ဆိုးကျိုးများဖြစ်ပွားခဲ့ရပါသည်။ ယင်းကဲ့သို့ သီးနှံများတွင် ဓါတုပစ္စည်းများအလွန်အကျွန်သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု မရှိခြင်းတို့ကြောင့် မြေထဲတွင်နေသော အကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီး ကာ ပမာဏလျော့နည်းလာခဲ့သည်။ တောင်သူများအနေဖြင့် အဏုဇီဝပိုးများအလုပ်လုပ်ပုံကို ကောင်းစွာမသိသေးသောကြောင့် ဓာတ်မြေဩဇာနှင့် ဓါတုပိုးသတ်ဆေးများကို လွဲမှားစွာ အသုံးပြုခဲ့ကြသည်။ အဏုဇီဝသက်ရှိများ၏ အလုပ်လုပ်ပုံ ၁) ဘက်တီးရီးယားများ ဘက်တီးရီးယားများသည် မြေထဲရှိအာဟာရဓါတ်များ အပင်မှအဆင်သင့် စုပ်ယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက အပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓါတ်၊ ဖော့စ်ဖရပ်စ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်များကိုပါ မြေတွင်ထိန်းသိမ်းပေးသည်။ […]


Wai Aung Chan MyoMarch 31, 20121min1164
သစ်မွှေးအမျိုးအစားများမှာ… ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။ — ဟိမဝန္တာတောင်ခြေမှ ပါပူအာနယူးဂီနီကျွန်းအထိ အိုမန်၊ အီရန်အရှေ့ပိုင်း၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ်ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ပါပူအာနယူးဂီနီကျွန်းစသော ဒေသများ သဘာဝအလျောက်ပေါက်ရောက်သည်။ — ၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ — အပင်ကြီးမျိုးဖြစ်သောကြောင့် သက်တမ်းအားဖြင့် နှစ် ၅ဝ မှ ၁၀ဝ ကျော်အထိရှိတတ်ပြီး ပေ ၁၃ဝ ကျော်အထိ […]


Wai Aung Chan MyoFebruary 10, 20121min890
သစ်မွှေးပင် အဆီခဲ ဖြစ်တည်ခြင်း နှင့် ပေါင်းခံအဆီထုတ်ခြင်း — သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင် ၁ဝပင်လျှင်၁ပင်သာ အဆီခဲ ဖြစ်တည်နိုင်သည်။ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်း အနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ စတင်ဖြစ်တည်နိုင်သည်။ — သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။ — ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။ — တတိယအနေဖြင့် ထိုစွဲကပ်လာသော […]


Wai Aung Chan MyoFebruary 10, 20121min470
သဘာဝကျကျစိုက်ပျိုနည်းအခြေခံ အကြောင်းအရာများ လွန်ခဲ့သောနှစ်၆ဝကျော်မှစ၍ ခေတ်ပေါ်စိုက်ပျိုးထုတ်လုပ်မှုစနစ်တွင် သီးနှံအထွက်တိုးစေ ရန်အတွက် အစိမ်းရောင်တော်လှန်ရေး (Green Revolution)ကို ဆောင်ရွက်လာရာ တောင်သူဦးကြီးများသည် ဓာတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုလာရာ သီးနှံအထွက်နှုန်းများသိသိသာသာပိုထွက်လာပါသည်။ ထိုကဲ့သို့ နှစ်ကြာရှည်စွာ တစ်စတစ်စသုံးစွဲလာမှုကြောင့် မြေဆီလွှာများပျက်စီးသွားခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးသွားခြင်း၊ ဓါတုပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အဖျက်ပိုးများ များပြားလာခြင်းစသည့် ဆိုးကျိုးများဖြစ်ပွားခဲ့ရပါသည်။ ယင်းကဲ့သို့ သီးနှံများတွင် ဓါတုပစ္စည်းများအလွန်အကျွန်သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု မရှိခြင်းတို့ကြောင့် မြေထဲတွင်နေသော အကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီး ကာ ပမာဏလျော့နည်းလာခဲ့သည်။ တောင်သူများအနေဖြင့် အဏုဇီဝပိုးများအလုပ်လုပ်ပုံကို ကောင်းစွာမသိသေးသောကြောင့် ဓာတ်မြေဩဇာနှင့် ဓါတုပိုးသတ်ဆေးများကို လွဲမှားစွာ အသုံးပြုခဲ့ကြသည်။ အဏုဇီဝသက်ရှိများ၏ အလုပ်လုပ်ပုံ ၁) ဘက်တီးရီးယားများ ဘက်တီးရီးယားများသည် မြေထဲရှိအာဟာရဓါတ်များ အပင်မှအဆင်သင့် စုပ်ယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက အပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓါတ်၊ ဖော့စ်ဖရပ်စ်ဓါတ်၊ […]


Wai Aung Chan MyoFebruary 8, 201214min932
သစ်မွှေးပင် ဆိုသည်မှာ… — သစ်ပင်၏အသားထဲမှ အမွှေးရနံ့ထွက်သော အပင်ကိုမဆိုလိုပါ။ — သဘာဝအတိုင်းသော်၎င်း၊ ဆေးသွင်းခြင်းဖြင့်သော်၎င်း ပင်စည်အတွင်းသားထဲ၌ ရှားပါး၊ အဖိုးတန်သည့်၊ ထူးကဲသော မွှေးရနံ့ထွက်လျက်၊ အဆီခဲဖြစ်တည်နေသည့် အပင်ကို သစ်မွှေးပင်၊ မြန်မာအခေါ် အကျော်ပင်(Agarwood) ဟုခေါ်ဆိုပါသည်။ သစ်မွှေးအမျိုးအစားများမှာ… ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။   ၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကိုဝေအောင် (Green Agarwood -စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး) 0949348896, 0973070035, 095136753, 0949275907 email: waiaungchanmyo@gmail.com, အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- […]


Wai Aung Chan MyoFebruary 7, 20121min1134
Green Agarwood (စိမ်းလန်း သစ်မွှေး ရောင်းဝယ်ရေး) မှ များစွာသော ဝန်ဆောင်မှုများကို ကမ်းလှမ်းလျက် ပျိုးပင်များကိုဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း။ အဆီထွက်နှုန်းကောင်းသော ပျိုးပင်များကိုသာ ရောင်းချပေးခြင်း။ ပျိုးပင်ဝယ်သည်ဖြစ်စေ၊မဝယ်သည်ဖြစ်စေ သိလို သည်များကို အခမဲ့ဆွေးနွေးအကြံပြုနိုင်ခြင်း။ ပျိုးပင်များကိုအထိအခိုက်၊အပျက်အဆီး၊ ဆုံးရှုံးမှု မရှိစေရန် ခြံအရောက် ဝန်ဆောင်မှုပေးနိုင်ခြင်း။ ပျိုးပင်၁နှစ်သားမှ ဆေးထိုးချိန်အထိ ဖြစ်တတ် သောရောဂါလက္ခဏာများ၊ ပိုးမွှားအန္တရာယ်များ နှင့်ပတ်သတ်၍ လိုအပ်သော အကြံဉာဏ်များကို အခမဲ့ အကြံပြု ဆွေးနွေးပေးခြင်း။ တိုးတက်လာသောနည်းပညာအရ ဓာတ်မြေဩ ဇာ၏ ဆိုးကျိုးများကြောင့် သဘာဝမြေဩဇာ (Organic Fertilizer)များကိုအသုံးပြုလာရာ၊ ၎င်း တို့၏ဈေးကွက်မှာ မြင့်တက်လျက်ရှိခြင်းကြောင့် သဘာဝကျကျ၊အကုန်အကျသက်သာစွာစိုက်ပျိုး ချင်သူများအတွက် သဘာဝကျကျစိုက်ပျိုးနည်း ပညာများ ကို လွယ်လင့်တကူ ရယူနိုင်ခြင်း။ ဆေးထိုးချိန်၌လည်း ရင်းနှီးမြှပ်နှံမှုအနည်းအများ ပေါ်မူတည်၍ ကုန်ကျစရိတ် အသက်သာဆုံး […]


Wai Aung Chan MyoFebruary 7, 20121min610
သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင် ၁ဝပင်လျှင်၁ပင်သာ အဆီခဲ ဖြစ်တည်နိုင်သည်။ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်း အနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ စတင်ဖြစ်တည်နိုင်သည်။ သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။ ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။ တတိယအနေဖြင့် ထိုစွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်းက ခုခံတိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင်မှ ပဋိပစ္စည်းတို့ အချင်းချင်းတိုက်ခိုက်ရာမှ) သစ်မွှေးပင်၏ […]


Wai Aung Chan MyoFebruary 7, 20121min930
ရှေးအခါ သစ်မွှေးအပေါ် ယုံကြည်မှု နှင့် အသုံးဝင်ပုံ — သစ်မွှေးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ဝကျော်ကပင် အာရိယာန်လူမျိုးတို့က အစောဆုံး တွေ့ရှိသည်ဟု အဆိုရှိခဲ့သည်။ ကရစ်ရှနားနတ်ဘုရား၏ လက်ကိုင်တူရိယာပလွေသည် သစ်မွှေးဖြင့်ပြုလုပ်ထားသည်ဟု အိန္ဒိယနိုင်ငံ၊ ဟိန္ဒူဘာသာဝင်များက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။ — ဂေါတမရှင်တော်ဘုရား၏ ရုပ်ကလာပ်တေဇောဓါတ်လောင်ကျွမ်းရာ၌ ရှစ်ပြည်ထောင်မင်း တို့က သစ်မွှေးဆီခဲများကို အလေးအမြတ်ပြု ပူဇော်ခဲ့ကြကြောင်း သုတေသီများက ဖော်ပြထားသည်။ — အိန္ဒိယအာယုဗေဒကျမ်းများတွင် အသက်ရှည်ဆေးအဖြစ် သစ်မွှေးဆီများကို မီးရှို့ရှုရှိုက်ပါက ရောဂါဘယကင်းစင်စေပြီး ကိုယ်ခံစွမ်းအား မြှုင့်စေသည့်အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးနိုင်သည်ဟု ဖေါ်ပြထားသည်။ — ခရစ်တော်ယေရှု၏ ဈာပနကို သစ်မွှေးဆီ/ခဲ များဖြင့် အထွတ်အမြတ်ပြု ပူဇော်သဂြိုဟ်ကြ ကြောင်း ဟီးဘရူးကျမ်းစာ၌ ဖော်ပြထားသည်။ — အိုမန်နိုင်ငံသားတို့သည် ဘုရားကျောင်းဝတ်ပြုရာ၌၎င်း၊ ဘာသာရေးပွဲတော်/အခမ်းအနား […]


Wai Aung Chan MyoFebruary 7, 20121min35430
သစ်မွှေးပင် စိုက်ပျိုးခြင်း လမ်းညွှန် (၁) — သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင်၁ဝပင်လျှင်၁ပင်သာ အဆီခဲဖြစ်တည် နိုင်ခြင်း၊ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်းအနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ ဖြစ်နိုင်ခြင်းတို့ကြောင့် (Artificial Infection) သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်းကို အနည်း ဆုံး အပင်လုံးပတ် 3cm (DBH) (၂နှစ်သားမှ ၃နှစ်အတွင်း) ခန့်မှ စတင်ထိုးသွင်းနိုင်ပါသည်။ ဆေးထိုးပြီးနောက် ၁၈လ(တနှစ်ခွဲ)ကြာလျှင် အပင်ခုတ်လှဲ၍ အဆီထုတ်ယူနိုင်ပါသည်။ — သစ်မွှေးတစ်ပင်ချင်းစိ၏ အဆီထွက်နှုန်းမှာ ဆေးထိုးသွင်းမှုနည်းစနစ်ကျမှု၊ အပင်ကြီးထွားမှု တို့ပေါ်မူတည်နေပါသဖြင့် အဆီထွက်နှုန်း အကောင်းဆုံးအရွယ်မှာ ရနှစ်၊ ၈နှစ်သားအရွယ် ဖြစ်သည်။ အကောင်းဆုံးအကြံပြုလိုသည်မှာ စိုက်ပျိုးထားသောအပင်၏ ၁၀-၂၀%ကို ၄နှစ် သားအရွယ်တွင် ဆေးထိုးရောင်းပြီး ကျန် ၈၀-၉၀%ကို ၈နှစ်သားအရွယ်မှသာ ဆေးထိုး၊ အဆီထုတ်ရောင်းဖို့ အကြံပြုလိုပါသည်။ […]