Wai Yan LaySeptember 30, 20111min611
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့


Wai Yan LaySeptember 1, 20111min16412
အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲသော မြို့ပတ်ရထား တွဲဆိုင်းတစ်ခု လမ်းချော်တိမ်းမှောက်မှု ယနေ့မွန်းလွဲ ၂ နာရီခန့်က လှည်းတန်းဘူတာအနီးတွင် ဖြစ်ပွားခဲ့သည်။ ရထားတွဲဆိုင်းလမ်းချော် တိမ်းမှောက်မှုကြောင့် ကျား (၃) ဦး၊ မ (၁) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်…………


Wai Yan LayJuly 29, 20111min20417
မနက်အင်တာနက်ဖွင့်ကြည့်တော့ စိတ်မကောင်းစရာ သတင်းတခုက ဆီးကြိုလို့ နေပါတယ်…. ဘောလုံးပွဲမှာ မြန်မာတွေ ရိုင်းလို့ ပွဲပျက်သွားတယ်တဲ့  တကယ်ကို ရင်ထဲမှာ တမျိုးကြီးဖြစ်သွားတယ်… မနက် ရုံးရောက်ကတည်းက ဘောလုံးပွဲရလဒ်ကိုသိချင်နေတာ မြန်မာ့ရုပ်မြင်သံကြားက လွင့်တာကို ကြည့်ဖို့ မအားတာနဲ့ ရုံးရောက်လို့ အင်တာနက်ဖွင့်ကြည့်မှပဲ စိတ်မကောင်းဖြစ်ရတော့တယ်… ရှုံးတယ်၊ နိုင်တယ် ဆိုတာ ပြိုင်ပွဲဝင်တွေတိုင်း ကြုံတွေ ရမှာပဲလေ ဒါကို လက်မခံနိုင်လို့ ဟိုဟာနဲ့ ပစ်ပေါက် ဒီဟာ နဲ့ ပစ်ပေါက် ဆဲဆိုုနေလု့ိ နိုင်မယ်လို့ များထင်နေကြလားမသိဘူး၊ ဘာပဲ ဖြစ်ဖြစ်ဒီလို လုပ်လိုက်တယ်ဆိုကတည်းက ထပ်ရှုံးသွားပြီး ကျွန်တော်တို့လူမျိုးတွေကို သူများနိုင်ငံတွေက အထင်သေးသွားပြီ၊ မလုပ်သင့်ဘူးဗျာ လုံးဝလုံးဝပဲ၊ ဘာဖြစ်လဲ ရှုံးတာ ၊နောက်တခါနိုင်အောင်ကြုးိစားမှာပေါ့ အခုတော့ ကျွန်တော်နိုင်ငံမှာ ဘယ်နိုင်ငံတကာပွဲတွေ ကျင်းပရဲတော့မှာလဲ ၊ […]


Wai Yan LayJuly 22, 20111min35524
ကျွန်တော်စိတ်ပူမိတယ်တခုပဲရှိတယ် ဒီကလေးတွေရဲ့စိတ်ဓာတ်ကို ဘယ်လို ပြန်မွေးမြူမလဲဗျာ……….. ပိုက်ဆံကို လွယ်လွယ်ရတယ် သိသွားရင်…. နောင်တချိန်အလုပ်လုပ်ဖို့ဆိုတာကတော့ …..


Wai Yan LayJune 7, 20111min1706
စည်းကမ်း၊ ကျွန်တော်မနေနိုင်လို့ ပြောပြချင်ပါတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဟိုးရှေးရှေး ယခင်ကတည်းက ယဉ်ကျေးသိမ်မွေ့၊ စည်းစနစ်တကျနေလာခဲ့ ကြတာပါ၊ ဒါပေမဲ့ အဲဒါတွေဟာ အခုတော့ ကျွန်တော်တို့ လူမျိုးတွေရဲ့ လက်ထဲမှာ ကွယ်ပျောက်လုနီးနီးဖြစ်နေပါပြီ၊ ဘာလို့ အခုလိုပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေဟာ တဖြည်းဖြည်းနဲ့ စည်းကမ်းမဲ့ လာကြပါတယ်၊ တခါတခါ ကျွန်တော်တွေးမိတယ်  လူတိုင်းရဲ့ စိတ်ထဲ၊ ရင်ထဲ့မှာ ငါဟာ မြန်မာပါလားလို့ရောတွေးမိကြရဲ့လားလို့ပေါ့၊ (စည်းကမ်း) လူတိုင်းနဲ့ ဆိုင်တဲ့ စကားလုံးပါ၊ ဒါပေမဲ့ လူတွေတော်တော်များများကတော့ လျှစ်လျူရှုနေကြပါတယ် ၊ ကဲ့ဒီလိုဆို ကျွန်တော်ပြောမယ်၊ အခုနောက်ပိုင်း ကျွန်တော်တို့ လူတွေတော်တော်များများဟာ ကွမ်းစားတတ်လာကြပါတယ်၊ အဲ့တော့ ကွမ်းစားတာ အပြစ်လားလို့ မေးမယ်၊ မဟုတ်ပါဘူး ကွမ်းစားတာ ဟာ အပြစ်မဟုတ်ပါဘူး၊ […]


Wai Yan LayJune 6, 20111min636
ကျွန်တော်ပြောပြချင်တာကတော့ သာကေတအဝိုင်းနားက ၃၅မီနီဘစ် ကားဂိတ်က ကားတွေအကြောင်းပါ… မနက်ရုံးတက်ချိန်ဆို သာကေတလမ်းက အလွန်ကို ကားအသွားအလာ များပြီး ရှုပ်နေတတ်ပါတယ် ဒါတွေကတော့ တခြားကြောင့် မဟုတ်ပါဘူး၊ ၃၅ကားတွေဟာ ဘယ်တော့မှ ကားဂိတ်ထဲကို ဝင်ရပ်တာမတွေ့ပါဘူး ကားလမ်းက ကျဉ်းရတဲ့ အထဲ သူတို့ လမ်းပေါ်တက်ရပ်လို ရပ် ကွေ့ချင်သလို့ ကွေ့ အရမ်းကို လမ်းသွား၊ ခရီးသွားများမှာ ဒုက္ခရောက်ရပါတယ်၊ အရမ်းလည်းအန္တရယ်လည်းများပါတယ်ဗျာ၊ ကားတွေကသူတို့ ရှောင်ရ လမ်းတွေကပိတ်၊ .. ဘာလို့ကားဂိတ်ထဲကို ဝင်မရပ်ရတာလဲတော့မသိပါဘူး…. ဂိတ်မှုးတွေကရော မပြောကြတော့ဘူးလား၊ ဘယ်သူ့မှာတာဝန်ရှိသလဲတော့ ကျွန်တော်လည်းမသိတော့ပါဘူးဗျာ..၊ လူတိုင်းစည်းကမ်းလေး ရှိမယ်ဆို ရင်…………………..


Wai Yan LayMay 30, 20111min21514
ကျွန်တော် အခုတလော ဖတ်ဖြစ်နေတဲ့ ဆရာမောင်သာချို စာအုပ်တွေက လူမှုဘဝ တွေမှာရှိတဲ့ လူတွေရဲ့စိတ်ကို ထင်ဟပ်စေတယ်…. တခါတခါ တချို့သောလူတွေကြောင့် ကျွန်တော်တို့ရဲ့ ကို်ယ်ပိုင်လွတ်လပ်ခွင့်တွေ၊ စိတ်ကျင်းကျပ်စရာတွေ  ကြုံဘူးကြမှာပါ…. ဒါဆို ကိုယ်ကြောင့်ရော……. ဘယ်သူတွေရဲ့ လွပ်လပ်ခွင့်၊ စိတ်အကျင်းအကျပ်ကို ဖြစ်စေခဲ့ ပြီလဲလို့ …..တွေးရင်းပေါ့…… ဆရာစာအုပ်ကိုဖတ်ပြီးလူတချို့ရဲ့ စိတ်နေသဘောထားတွေကိုသိခွင့်ရခဲတယ်လေ…. ဒါကြော့င်ဆရာမောင်သာချို စာအုပ်တွေဖတ်ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်ဗျာ…………….