water-melonFebruary 24, 20121min28343
ကဗျာတွေစာတွေပေရှည်အောင် မဖွဲ့တတ်ပေမဲ့ သူမ ကိုချစ်တဲ့အကြောင်းတော့ ဂန္တဝင်အောင်ဖွဲ့ဆိုပါရစေ။ သူမ က ကျွန်တော့်အသက်၊ကျွန်တော့် အချစ်ဦးဆိုလည်း မမှားပါဘူး။ သူမ ကို ရတနာပုံတက္ကသိုဟ်ကျောင်းစတက်တဲ့နေ့မှာ ကိုယ့်မေဂျာ၊ကိုယ့်အခန်းမှာဘဲ စတွေ့ခဲ့တယ်။ သဘောဖြူတဲ့တိုင်းရင်းသူလေးပီပီ စကားလေးဝဲတဲတဲအသံလေးက ကျွန်တော်ရင်ထဲမှာစွဲညှိခဲ့တယ်။ ပန်းဆီရောင်သမ်းနေတဲ့ သူ့ပါးလေးကို နမ်းခွင့်ရရင်သေပျော်ပါပြီလို့ အိပ်မက်ထဲမှာအကြိမ်ကြိမ်ဖွင့်ပြောနေမိတယ်။ သူမကို ချစ်တယ်လို့ဖွင့်မပြောရက်ပါ။ ဘာလို့လဲဆိုတော့ သူမစိတ်ထိခိုက်ပြီး ပျော်ရွှင်နေတဲ့အပြုံးလေးညှိုးငယ်သွားမှာကို ကြောက်မိလို့ပါ။ ကိုယ်တိုင်လည်း မခူးရက် တစ်ခြားသူခူးမှာကိုလည်း တွေးကြောက်မိတယ်။ သူမ ကို အရမ်းချစ်မိနေလို့ပေါ့။ တစ်နေ့တော့ သူမ နဲ့သူငယ်ချင်းဖြစ်ခွင့်ရတယ်။ အပျော်ရွှင်ဆုံးနေ့လေး တစ်နေ့ဖြစ်ခဲ့ရပါတယ်။ စကားတွေလည်း ပြောဖြစ်တယ်။ ဇာတိချက်ကြွေ မွေးရပ်မြေက ရှမ်းပြည်နယ် ပင်းတယမြို့နယ်ထဲက ရွာလေးတစ်ရွာ။ မိသားစု ၃ ယောက်ရှိသည့်အနက် အငယ်ဆုံး၊အထွေးဆုံးမို့ မိဘတွေက အလိုလိုက်ထားတော့ တောင်ကြီးတက္ကသိုဟ်မှာမတက်ဘဲ မန်းလေးရတနာပုံတက္ကသိုဟ်မှာ […]


water-melonFebruary 19, 20121min23819
အမှတ်တမဲ့ တွေ့လို့ရိုက်ထားတာပါ။ ဘယ်ခေတ်က မီးသတ်ဆေးဘူးတော့မသိ။ မီးလန့်ရင် ဖြုန်းလို့ရအောင် ဆောင်ထားတာထင်တယ်။ ဘာဘဲဖြစ်ဖြစ် ယဉ်ကျေးမှုငှာနအနေနဲ့ဖယ်ရှားသင့်ပါကြောင်း။  


water-melonFebruary 6, 20123min36413
      ဂျပန်ခေတ်က ခွာယူလို့ နည်းနည်းဘဲရှိတော့တယ်         ကျွန်တော် သူငယ်ချင်း မင်္ဂလာဆောင်သော ရွာ၏ အနောက်ဘက်မြင်ကွင်း ပုံတွေကတော့ အများကြီး အခြေအနေရ နည်းနည်းဘဲတင်ပေးလိုက်ပါတယ်


water-melonJanuary 30, 20121min23327
သမီး အဖေ အလုပ်မှာ ဟိုတစ်လောက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း ဘေးဘီကို အကဲခတ်ကြည့်တော့ အသက် ၅ဝ ကျော် လူကြီးတစ်ယောက်နဲ့ ခပ်ငယ်ငယ်ကောင်မလေး တစ်ယောက်ဗျ။ ကောင်မလေးက ခပ်ချောချောလေးပေါ့။ ကျွန်တော်က အဲဒီလူကြီး သမီးထင်နေတာ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆက်ဆံရေးက အဖေနဲ့သမီးဆက်ဆံရေးထက်ပိုနေတယ်။ ဒါနဲ့ ကျွန်တော်သိလိုက်ပြီ အငယ်နေမှာ။ ကောင်မလေးနှယ် ကိုယ့် အဖေအရွယ်ကြီးကို ဘာလို့များ ကြိုက်ရတာလဲ။ အဓိက ကငွေပေါ့ဗျ။ ထားပါတော့ ဒီခေတ်ကြီးထဲမှာ ငွေမက်တာမဆန်းတော့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း ထမင်းစားကြတာပေါ့။ အဲဒီအချိန် ဟိုလူကြီးဖုန်းက ထမြည်တယ်။ ကျွန်တော်လည်း နားစွင့်နေတာပေါ့။ ကျွန်တော် အဲဒီလူကြီး ပြောတဲ့စကားကို ကြားပြီးတော့ အရမ်းရယ်ချင်တာဗျ။ စာဖတ်သူတွေလဲ ကျွန်တော်နေရာမှဆို တော်တော်ရယ်မှာဘဲ။ ကျွန်တော်ကြားလိုက်တဲ့ အသံက “ အော် […]


water-melonJanuary 28, 20121min16712
လူတိုင်းလူတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးတွေရှိသလို ဖရဲဘဝမှာလဲ အမှတ်တရနေ့လေးတွေရှိပါတယ်။ ပထမဆုံး အမှတ်တရနေ့လေးက ရတနာပုံတက္ကသိုဟ် ပထမဆုံးတက်ရတဲ့နေ့ဖြစ်ပါတယ်။ ကျောင်းပထမဆုံးနေ့လေးက…… အိမ်ကနေ မနက် ရ ခွဲလောက် ထွက်လာတယ်။ ကျောင်းဖွင့်တာက ဒီဇင်ဘာဆိုတော့ တော်တော်လေးအေးတယ်။ ဆိုင်ကယ်နဲ့သွားရတာဆိုတော့ မေးတုန်အောင်ချမ်းတာဗျ။ ဒါနဲ့ ဦးပိန်ရောက်တော့ ဦးပိန်အငွေ့အသက်ရမလား အသက်ပြင်းပြင်းရှူကြည့်တော့ အနံ့က တော်တော်ဆိုးတယ်ဗျ။ သိရသလောက်တော့ ဦးပိန်က ကျွန်တော်တို့ငယ်ငယ်တုန်းလောက် မသန့်တော့ဘူးဆိုတာဘဲ။ ရတနာပုံက ဦးပိန်ကို ပတ်ပြီးသွားရတာ။ ဒါနဲ့ကျောင်းရောက်တော့ ကိုယ့်မေဂျာငှာနက ဘယ်မှာမှန်းလဲမသိ။ ကြောင်တောင်တောင်နဲ့ တွေ့တဲ့ဆရာမကို မေးကြည့်မှ သိတော့တယ်။ မေဂျာလည်း ရောက်ရော ပြသာနာစတာဘဲ ဘယ်အခန်းမှာ တက်ရမယ်ဆိုတာလဲ မသိ ကျောင်းဝင်ခွင့်ကို အသိဆရာမက အပ်ပေးတော့ ကျောင်းသားကဒ်က သူဆီမှာ။ အဲဒီဆရာမကိုလည်း မသိ။ မေဂျာက ဆရာမကို […]


water-melonJanuary 19, 20121min15717
“ဂလောင် ဂလောင် အော် အူး”   မီးသတ်ကားဩအော ဆွဲသံကိုကြားလိုက်တယ်။ နာရီထကြည့် တော့၂နာရီခွဲရှိသေးတာ။ ဒါနဲ့ဝေးတယ်ထင်ပြီး ပြန်အိပ်မယ်ပေါ့ ဒါပေမဲ့အပြင်က အော်သံကြားလိုက်တယ် မီးတောက်ကြီးကို မြင်ရတယ်ဟေ့။ အိပ်ယာက ကုန်းထပြီး ထွက်ကြည့်တယ်။ ဘယ်မှာလောင်တာလဲ မေးတော့ မာလာကာခြံရပ်ကွက်တဲ့။ လူငယ်တို့ သဘာဝ စပ်စုချင်တာနဲ့ ဆိုင်ကယ်လေးနဲ့သွားကြည့်တာပေါ့။ ၈၄လမ်းအတိုင်းမောင်းသွားပြီး ဘုရားကြီးနောက်ပေါက် ကျောက်ဆစ်တန်းလမ်းကြားလေးထဲ ရောက်တော့ မီးသတ်က ဦးလေးကြီးတစ်ယောက်က မဝင်ရဘူးပြောတော့ ဒီနားလေးလို့ပြောပြီး ဆိုင်ကယ်အမြန်မောင်းပြီး ဝင်လိုက်ရတယ်။ကြောက်လည်းကြောက်တယ် အရင်တစ်ခါ မီးလောင်တာ သွားကြည့်တုန်းက အရိုက်ခံရဘူးတယ်။မီးသတ်ကားလာနေတာကို ဘေးမကပ်ပေးလို့ဆိုပြီး။ ဒါနဲ့ အထဲလည်းရောက်ရော မှောင်မည်းနေတာဘဲ မီးဖြတ်ထားလို့ထင်တယ်။ မီးသတ်ကားတွေကလည်း အပြည့်ဘဲ။ ဆိုင်ကယ်ကလည်း ဆက်မောင်းလို့မရတာကြောင့် အသိအိမ်မှာ ထားခဲ့တယ်။ သူတို့ကိုလည်း အားပေးရတာပေါ့။မီးကို နိုင်နေပြီဆိုပြီး။ ဆိုင်ကယ်ထားပြီး ခြေလျင်သွားကြည့်တော့ မီးသတ်ရဲဘော်တွေကလည်း […]


water-melonJanuary 14, 20121min1577
အိုင်တီခေတ်ကြီးက ကွန်ပြူတာတွေဟာ အရေးပါအရာ တစ်ခုဖြစ်လာပါပြီ။ အရင်တုန်းက ကွန်ပြူတာဆို ဈေးတော်တော်ကြီးပါတယ်။ အခုတော့ တံဆိပ်မျိုးစုံ ထွက်လာတော့ ဈေးတော်တော်ကျသွားတယ်။ ဂျပန်က ပြည်တော်ပြန်လာတဲ့ တစ်ပတ်ရစ် နှစ်ပတ်ရစ် ကွန်ပြူတာတွေလည်း ဈေးကွက်မှာ ဝင်ရောက်လာပါတယ်။အချို့ငွေကြေးတတ်နိုုင်တဲ့ လူတွေကတော့ ဈေးကြီးပေးဝယ်နိုင်လို၊ကျွန်တော်တို့လို့ လူတွေအတွက်ကတော့ တစ်ပတ်ရစ်လေးဘဲ ဝယ်နိုင်ပါတယ်။ တစ်ခါတစ်လေတော့ တစ်ပတ်ရစ်တွေက သုံးပျော်သလို တစ်ခါတစ်လေကျတော့ လွှတ်ပြစ်ရလောက်အောင် ဖြစ်တတ်ပါတယ်။ တစ်ချို့က ကွန်ပြူတာကို နားလည်သလို တစ်ချို့ကတော့ သိပ်နားမလည်ကြဘူး။ ကျွန်တော်ဆို ကွန်ပြူတာ စဝယ်တုန်းက ဂိမ်းကလွဲပြီး ဘာမှမလုပ်တတ်ဘူး။ နောက်မှ ကလိရင်းကျွမ်းကျင်လာတာ။ နောက်တော့ A+ တက်လောက်တော့ တော်တော်နားလည်သွားတယ်။ ကျွန်တော်ပြောချင်တာက ကွန်ပြူတာက အကြောင်းအမျိုးမျိုးကြောင့် virus ကိုက်တာဘဲဖြစ်ဖြစ် သုံးစွဲသူကြောင့် window မတက်ခဲ့ရင် window ပြန်တင်ရပါတယ်။ […]


water-melonJanuary 14, 20121min902
ဟိုတစ်လောက PSP ဂိမ်းစက်လေး ဝယ်မိတယ်။ model က 3000 ပေါ့။ ကံကောင်းချင်တော့ ၁ သိန်းခွဲနဲ့ရလာတယ်။ အဟောင်းကြီးလို့ မပြောနဲ့နော်။ ဇာတ်လမ်းလေးက ဒီလိုလေး သတင်းစာထဲမှာ ပါတဲ့ ဆိုင်ကို ဖုန်းဆက်မေးတော့ ၁ သိန်းခွဲတဲ့ နည်းလှချိလား ပျော်သွားတာပေါ့။ ဒါနဲ့သွားမဝယ်ခင် တစ်ခြားဆိုင်တွေမှာ စုံစမ်းတော့ ၃ သိန်းတဲ့။ ဘာကွာတာလဲပေါ့။ အကြောင်းရင်း သိရအောင် သွားစုံစမ်းတော့ သူတို့ဆီမှာက update လုပ်ပြီးသား၊ memorycard 8G ပါတယ်၊ဂိမ်းတွေထည့်ပြီးတာပေါ့။ ၃ သိန်းဆိုတော့ နည်းနည်းတော့ ခေါင်းပူလာတာပေါ့။ ဒါနဲ့ ကျွန်တော် ပတ်ကြည့်လိုက် အုန်းမယ် ဆိုပြီး ပြောပြီးထွက်လာတယ်။ သတင်းစာထဲမှာပါတဲ့ ဆိုင်ကို မေးတော့ စက်ကြည့်ဘဲ ၁ သိန်းခွဲ၊ ဘာမှမပါဘူး။ […]


water-melonNovember 29, 20111min30225
မြန်မာနိုင်ငံမှာ hip hop ရေစီးကြောင်းက တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာသလို လူငယ်အဆိုတော်များလည်း များစွာပေါ်ထွန်းလာပါတယ်။ သီချင်းတွေကလည်း မျိုးစုံပလူပျံအောင် ထွက်လာပါတယ်။ ပေါက်တဲ့အခွေတွေရှိသလို မပေါက်တဲ့ အခွေတွေလည်းရှိပါတယ်။ ကျွန်တော်လည်း သီချင်းနားထောင်ရတာ ဝါသနာပါပါတယ်။  စိတ်ညစ်နေတဲ့ချိန် ဝမ်းနည်းနေတဲ့ချိန် မှာ သက်ဆိုင်တဲ့ သီချင်းလေးတွေကို ဖွင့်ပြီး နားထောင်ရတာလဲ feel တစ်မျိုးဗျ။ တစ်ချို့သီချင်းတွေက ရိုင်းသလားလို့ ခံစားမိပါတယ်။ အစ်မတွေ ညီမတွေ အမေတွေကြားမှာ ဆို မဖွင့်ရဲဘူးဗျ။ သိချင်တာက ဘာလို့ sex ဆန်ဆန်သီချင်းစာသားတွေကို ရေးပြီးထည့်ကြတာလဲ။ အဲဒီစာသားတွေထည့်မှ ကောင်းတယ် မိုက်တယ် လူငယ်တွေ ကြိုက်မယ်လို့ ထင်နေကြသလားမသိကြဘူး။ ကျွန်တော် သိသလောက် မကြိုက်မိသော စာသားများကို ပြောပြလိုက်ပါတယ်။ နောက်ထပ်ရှိရင်လဲ ပြောပြကြပါအုန်း။ “ပြောနေရင်းနဲ့ စကားတွေကလည်းချော် ကောင်မလေးအနားဘဲ […]


water-melonOctober 27, 20111min21926
အခုဆောင်းတွင်းဝင်လာပြီဆိုတော့ ပုရစ်တွေလည်း ပေါ်လာပြီနော်။ ပုရစ်ဆိုတာ အပင်က ပုရစ်ဖူးကိုပြောတာဟုတ်ဘူးနော်။ အင်းဆက်မျိုးနွယ်ဝင် ပုရစ်ကိုပြောတာဗျ။ အခုဆို ရေကြည်ညောင်ပင်မှာဆို ပုရစ်တွေရောင်းကြတယ်။အများကြီးဘဲ သနားလည်းသနားပါတယ်။ မန်းလေးက ၇၃လမ်းပေါ်မှာဆိုရင် ပုရစ်တွေကြော်ရောင်းကြတယ်ဗျ။ သူတို့က ချီးရောထုတ်လားမသိဘူး ပြီးတော့ ခြေထောက်က ဆူးတွေရော ကတ်ကြေးနဲ့ညှပ်လားမသိဘူး။တော်ကြာ ဈေးသည်တွေ မန်းလေးဂဇတ်ဝင်ဖတ်ပြီး သူတို့စီးပွားရေးကို ဒုတ်နဲ့ထိုးပါတယ်ဆိုပြီး သူကြီးတိုင်နေရင် ဒုက္ခဗျ။ ပုရစ်ဖမ်းတာ ဒီလိုဖမ်းတာဗျ။ ပုရစ်တွင်းကို တွေ့ပြီဆိုရင် အပေါက်ကို နည်းနည်းကျယ်အောင်လုပ်ပြီး တွင်းထဲကိုရေလောင်းချတယ်ဗျ။ ပုရစ်တွေက ရေမွန်းပြီးထွက်လာမှ ဖမ်းတာတဲ့။ ဒီလိုဖမ်းလို့လည်း ရေတွေကြီးပြီး လူတွေ ဝဋ်လည်နေတာဗျ။ ဝမ်းရေးအတွက်လုပ်တာဆိုတော့လည်း ငရဲတို့ဝဋ်တို့က နောက်မှပေါ့ဗျ။  ကြုံတုန်းပြောလိုက်အုန်းမယ် အကောင် ၁၀ဝ ပါတဲ့ ပုရစ်မကို ၃၀၀ဝကျပ်တဲ့။ အထီးဘဲဆိုရင် ၂၀၀ဝကျပ်တဲ့။ ဈေးနှုန်းအတက်အကျရှိသည်။


water-melonOctober 27, 20111min37625
ဟိုုတစ်လောက ရွာကအသိတစ်ယောက်ကပြောတယ်။သူတို့မှာ ဖုန်းဆက်ရင် ခိုးပြီးဆက်ရတယ်တဲ့။ ဘာလို့လဲလို့မေးကြည့်တော့ ရွာထဲက လူတွေကနားထောင်ကြလို့လဲ။ ကျွန်တော်ကမေးလိုုက်တယ် ဘယ်လိုနားထောင်တာလဲ ဖုန်းဘေးနားလာပြီး နားထောင်တာလားလိုု့။ မဟုုတ်ဘူးတဲ့တော့ ရေဒီယိုနဲ့နားထောင်ကြတာတဲ့။ ဥပမာပြောပြရင် မြို့က လူတစ်ယောက်က ရွာကိုဖုန်းဆက်ရင် ရွာမှာဖုန်းထောင်ထားတဲ့ပိုင်ရှင်က လော်နဲ့အော်ပြီး ရွာမြောက်ပို်င်းက ဦးတုတ်ကြီး မြို့က မော်ဒယ်မဘယ်သူ ဖုန်းဆက်တယ်အမြန်လာပါလို့အော်ခေါ်တယ်။ အဲဒီချိန်မှာ ရွာသူရွာသားတွေက ကိုယ့်အိမ်မှာရှိတဲ့ ရေဒီယိုလေးတွေဖွင့်ပြီး နားထောင်ကြတာတဲ့။ အဲဒလိုဖမ်းနားထောင်ကြတော့ သူများအတင်းအဖျင်းမပြောရဲဘူးတဲ့။ တော်ကြာနားထောင်နေတဲ့သူက သူ့အတင်းပြောတယ်ဆိုပြီးရိုက်မှာစိုးလို့တဲ့။ မိုက်တော့မမိုက်ဘူးဗျ ရည်းစားတွေဆိုရင် သနားပါတယ်။ ဖုုန်းထဲမှာ အိစိကလိတွေပြောနေတုန်း နားထောင်နေကြရင်ရှက်စရာကြီး။   တို့mandalaygazette မှာတော့ ခိုးနားမထောင်ကြပါဘူးနော်။ တော်ကြာအတွင်းရေးတွေပေါက်ကြားသွားရင် ရှက်စရာကြီး။ စာကြွင်း။     ။လော်=လော်စပီကာ။


water-melonOctober 24, 20111min866
အခုတစ်လော ကြားနေရတဲ့သတင်းတွေကလည်းမကောင်း ဘယ်ပြည်နယ်ဘယ်မြို့ လေပြင်းတိုက် ရေကြီးနဲ့။ ကပ်ဘေးကြီးက ကြောက်စရာကောင်းလိုက်တာ။အလှူရှင်တွေလဲ အကူအညီများများပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော် mandalaygazette member တစ်ယောက်အနေနဲ့ ပြောချင်တာက mandalaygazette ပရဟိတအသင်းလေးရှိရင်ကောင်းမှာဘဲလို့ပါ။ အရင်ကရှိလားတော့မသိလို့ပါ။ မရှိရင်လည်း လုပ်ချင်တာပေါ့။ Online မှာလည်း ပရဟိတ အသင်းတွေလည်းရှိပါတယ်။ ကျွန်တော်တို့ရတဲ့ ပို့စ်ထဲက ပွိုင့်တွေကို တစ်လ ဘယ်လောက်ဖြစ်ဖြစ်ကောက်ပြီးတော့ စုမလားလို့ပါ။ သူကြီးဖြစ်ဖြစ် ဦးဆောင်ပါလား။ ဘယ်သူ ဦးဆောင်ဦးဆောင် ဒုက္ခရောက်နေတဲ့ပြည်သူတွေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင် ကောင်းမယ်ထင်လို့ပါ။ ကျွန်တော် တစ်ယောက်ထဲ ဖြစ်ချင်လို့လည်းမရဘူးလေ ရွာသူရွာသားတွေရဲ့စိတ်ဆန္ဒတွေလည်း လိုပါတယ်။ အကောင်အထည်ပေါ်ရင်တော့ကောင်းတာပေါ့နော်။


water-melonOctober 13, 20111min43834
ခေတ်ရေစီးကြောင်း တိုးတက်လာတာနှင့်အမျှ ဆုတ်ယုတ်မှုတွေလည်း တိုးတက်လာပြီတယ်။ ပြောချင်တာတော့ ခေတ်စားနေတဲ့ စပွန်ဆာ ကိစ္စလေးပါဘဲ။ မော်ဒယ်လောကမှာ အသုုံးများသလို ပြင်ပလောကမှာလည်း ရှိပါတယ်။ မြန်မာပြည်မှာက မိန်းကလေးတော်တော်များများက မော်ဒယ်ဖြစ်ချင်ကြပါတယ်(ကောင်းသောမြန်မာမိန်းကလေးများမပါပါ)။ ဟိုတစ်လောက ကြားလိုက်ရသေးတယ်။(…….)မော်ဒယ်သင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုစပွန်ဆာရှာပေးပါတဲ့။ သွားရောပေါ့ဗျာ မြန်မာမိန်းကလေး ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတယ်။ ဒီလိုမိန်းကလေးတွေရှိနေလို့လဲ စပွန်ဆာတွေက ငမ်းငမ်းတက်နေကြတာလေ။ စပွန်ဆာတွေက ဘာလိုချင်လဲဝယ်ပေးမယ်။ ပြီးရင်သူ့လိုအင်ဖြည့်ပေါ့။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတစ်ယောက် ပါဘဲ သူကအဆိုတော် ဖြစ်ချင်တာ။စပွန်ဆာလည်းရရော သီချင်းခွေထွက်သွားတယ်။ ပြီးတော့သူနဲ့စပွန်ဆာ ဇာတ်လမ်းခွေက မြင်မကောင်းအောင် ပလူပျံလာတယ်။ တကယ်တော့ စိတ်မကောင်းဘူး တို့မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်ကုန်ပြီလား။ ဘာလို့လဲ အဝတ်အစားတွေကို လန်ပျံလျှံကျအောင် ဝတ်တတ်ကြတယ်။ ဗိုက်ဖော်ချက်ဖော် အကုန်ဖော်ကြတယ်။ ရိုင်းရိုင်းပြောရရင် ယောက်ျားမရမှာစိုးနေကြတာလား။ facebook မှာဆိုပိုဆိုးတယ် […]