webmonkeyJune 13, 20111min630
တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာလူမျိုးအချို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုန်မြေကွက်များအား ကျပ်သိန်းထောင်ချီပေး၍ ဝယ်ယူနေကြကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဝယ်ယူခြင်းကြောင့် မင်္ဂလာဒုံစက်မှုဇုန်၊ ပုလဲစက်မှုဇုန်များရှိ မြေကွက်များမှာ လအနည်းငယ်အတွင်း ဆယ်ဆနီးပါး ဈေးတက်လာခဲ့ပြီး တစ်ဧကလျှင် ကျပ်သိန်းနှစ်ထောင်နီးပါးအထိ အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။ ထိုမြေကွက်များအား တရုတ်လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး ဧက၂ဝအထိ ဝယ်ယူနေကြပြီး ၂၀၀ဝပြည့်နှစ်ဝန်းကျင်က သိန်းရာဂဏန်းပင် ဝယ်ချင်သူမရှိသည့် မြေကကွက်များဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “လုပ်ခွင့်ရတဲ့အချိန်မှဝယ်ရင် ဈေးတက်မှာစိုးလို့ အခုကတည်းက ကြိုပြီးဝယ်ထားကြတာပါ”ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးဇော်ဇော်ကရှင်းပြသည်။ ယခုနှစ် အိမ်ခြံမြေဈေးကွက်၌ လုံးချင်းအိမ်မြေများ၊ မြေကွက်များ၊ စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်ကောင်းခဲ့ပြီး၊ မြေကွက်များတွင် ရင်းနှီးမြှုပ်နှံမှုကလည်း ကျပ်သိန်းသောင်းဂဏန်းမှ ကျပ်သိန်းရာဂဏန်းအထိ အရောင်းအဝယ်ဖြစ်နေကြောင်း မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ […]