weiweiMay 26, 20111min32847
ရွာသားများ မိတ်ဆုံနှုတ်ဆက်ပွဲ ရွာသားများအားလုံး ဖိတ်စာရထားတဲ့အတိုင်း တွေ့ဆုံနှုတ်ဆက်ပွဲလေးတစ်ခုကို ရှုံးလူမှ ဦးဆောင်ပြီး သူကြီးရဲ့ စေတနာမေတ္တာနဲ့ ရန်ကုန်မြို့မှ moon bakery မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး မမြင်ဖူးကြတဲ့သူတွေဆိုတော့ မြင်တာနဲ့အလွယ်တကူသိနိုင်အောင်၊ တခြားသူတွေလဲ မရိပ်မိစေမယ့် အမှတ်အသားတစ်ခုကို စဉ်းစားထားကြပါတယ်။ ရှုံးလူက ကြိုတင်ရောက်ရှိနေပြီး ၁ဝ ယောက်ထိုင်နိုင်သော စားပွဲတစ်လုံးတွင် ကော်ဖီ 10 ခွက် တင်ထားတာ ထိုင်စောင့်နေမှာဖြစ်ပါတယ်။ ရွာသားတစ်ဦးဝင်လာပါက ရှုံးလူကို အလွယ်တကူမြင်နိုင် သိနိုင်ပြီး ကိုယ်ပိုင်စကားဝှက်ပြောကာ အဲဒီစားပွဲမှာ ဝင်ထိုင်လိုက်ရုံပါပဲ။ ၁ဝ ယောက်ပြည့်ရင် နောက်တစ်ဝိုင်းထပ်လုပ်ပြီး လူစုံအောင် စောင့်ရင်း မိတ်ဆက်ကြမှာဖြစ်ပါတယ်။ ရှုံးလူတစ်ယောက် အလွန်စိတ်လှုပ်ရှားစွာနဲ့ အပေါက်ဝဘက်ကို လှည့်ထိုင်ပြီး စောင့်နေပါတယ်။ ဘယ်လိုပုံစံတွေနဲ့ ဘယ်လိုလူတွေကို တွေ့ရမှာပါလိမ့်ဆိုပြီး စိတ်အားထက်သန်နေတာပေါ့။ အတွေးထဲမှာတော့ […]


weiweiMay 19, 20113min1249
တရုတ်ပြည်က ရထားခရီးစဉ်တစ်ခုကို အမှတ်တရရေးချင်စိတ်ပေါ်လာပါတယ်။ တရုတ်လူမျိုးများသည် ရထားကို အထူးအားကိုး ယုံကြည်စွာဖြင့် အများဆုံးအသုံးပြုကြပါတယ်။ ရထားအမျိုးအစားများစွာရှိပါတယ်။ ရိုးရိုးလောင်စာဆီဖြင့် သွားသောရထားအမျိုးအစားများ၊ လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်ရသောရထားအမျိုးအစားနှင့် နောက်ဆုံးပေါ် သံလိုက်ဓါတ်ဖြင့် ရွှေ့လျားသောရထားအမျိုးအစားများဖြစ်ပါတယ်။ ရထားနံပါတ်ကိုဖတ်ကြည့်လိုက်တာနဲ့ မည်သည့်ရထားအမျိုးအစားဖြစ်ကြောင်း သိနိုင်ပါတယ်။ ဥပမာ … K302 တွင် K သည် kuai (ခွိုက်) အမြန်၏ အတိုကောက်ဖြစ်ပါသည်။ T216 ဆိုပါက Tekuai အထူးအမြန်ဖြစ်ပါသည်။ D328 ဆိုပါက dian dong che လျှပ်စစ်အမြန်ရထားဖြစ်ပါသည်။ နောက်ဆုံးပေါ် ကျည်ဆံရထားကိုတော့ G102 (Gaotie) ဟု အတိုကောက် အင်္ဂလိပ်စာလုံးများဖြင့် သိနိုင်ပါတယ်။ ထင်ခြားတဲ့မြို့ကြီးတွေကို လွယ်ကူလျှင်မြန်စွာသွားလာနိုင်အောင် ကျည်ဆံရထားများပြေးဆွဲလျက်ရှိပြီး သာမန်မြို့အချင်းချင်းသွားလာရာမှာတော့ ရိုးရိုးအမြန်ရထားများကို အသုံးများပါတယ်။ ဈေးနှုန်းလဲကွာသဖြင့် ရိုးရိုးအမြန်ရထားများကို […]


weiweiMay 12, 20111min1859
သန်လျင် ဖားအောက်တောရရိပ်သာ နယ်နိမိတ်အတွင်း အရှေ့ဘက်မျက်နှာစာမှာ သပ္ပါယ်တဲ့ စေတီလေးတစ်ဆူကို တွေ့မြင်လိုက်ရတာနဲ့ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ စေတီလေးတစ်ဆူ၊ ဘုရားတန်ဆောင်း ၂ ခု နဲ့ တန်ဆောင်းအတွင်းမှ ကျောက်ဆင်းတုတစ်ဆူကလဲ သပ္ပါယ်ကြည်ညိုစရာကောင်းပါတယ်။ GS ဘတ်ထရီ မိသားစု မှ တစ်ဦးတည်းအလှုလို့ သိခဲ့ရပါတယ်။ ဘုရားရင်ပြင်တစ်ခုရှိပြီး အဲဒီနေရာမှာ နှစ်စဉ်နှစ်တိုင်း GS ဘတ်ထရီမိသားစုမှ စတုဒီသာ ကျွေးမွေးလှူဒါန်းတယ်လို့လဲ သိခဲ့ရပါတယ်။ ဘုရားစေတီလေးကို ဖူးမျှော်မိရင်း အလှူဒါနနဲ့ ပတ်သက်တဲ့ အတွေးတွေ ဆက်ပြီးတွေးမိပါတော့တယ်။ လက်ရှိအကျိုးပေးအားဖြင့် ကြည့်ရင် အလှူမှာ ရုပ်ဝတ္ထုလိုအပ်ချက်ကို လှူဒါန်းခြင်းနဲ့ စိတ်ဓါတ်အင်အားလိုအပ်ချက်ကို ပေးလှူခြင်းဆိုပြီး မြင်တွေ့နိုင်ပါတယ်။ အစားအသောက် အဝတ်အထည် အဆောက်အဦးများ လှူဒါန်းခြင်းဖြင့် ဆာလောင်ခြင်းဆင်းရဲ၊ အပူအအေးနှင့် သဘာဝဘေးဒုက္ခများမှ သက်သာစေခြင်း ဆင်းရဲများကို အထောက်အပံ့ဖြစ်စေပါတယ်။ ယခုကဲ့သို့ […]


weiweiMay 8, 20111min29817
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ရိပ်သာ၊ ဖားအောက်တောရရိပ်သာခွဲ၊ သန်လျင် အကြောင်း မိတ်ဆက်ပေးချင်လို့ပါ။ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအနီး ရေကြောင်းတက္ကသိုလ် (သီလဝါ) သွားတဲ့ လမ်းမဘေးမှာတည်ရှိပါတယ်။ အကျယ်အဝန်း ၁၁ ဧက ကျော်ရှိပြီး ၁၉၉၅ ခုနှစ်က စတင်ပန္နက်ချခဲ့တာဖြစ်ပါတယ်။ ရိပ်သာဂေါပက ဥက္ကဌအဖြစ် ဒေါက်တာမင်းတင်မွန်က တာဝန်ယူလျှက်ရှိပါတယ်။ ပုံမှန်တရားအားထုတ်သူ ရဟန်း၊ သီလရှင်၊ ယောဂီ ၂၀ဝ ဝန်းကျင်ခန့်ရှိပြီး သင်္ကြန်ပိတ်ရက်များမှာ ၁၅၀ဝ မှ ၂၀၀ဝ ကြား ရှိပါတယ်။ သတ်သတ်လွတ်ဆွမ်း ကျွေးပေမယ့် အသားဟင်းထက် ပိုစားကောင်းပါတယ်။ (မယုံကြည် တစ်ခါလောက်လာလည်လှည့်ပါ)။ မည့်သည့်ရက်မှာမဆို စခန်းဝင်ချင်တဲ့အချိန် ဝင်လို့ရပါတယ်။ မုခ်ဦးပေါက်ဝနားမှာ ဂေါပကရုံးခန်းရှိပါတယ်။ မှတ်ပုံတင်ပြပြီး စာရင်းပေးသွင်းလိုက်ရုံပါပဲ။ ဆွမ်းအတွက်အလှူငွေ ထည့်စရာမလိုပါဘူး။ စေတနာပေါက်ရင်တော့ လှူလို့ရပါတယ်။ စာရင်းပေးပြီးတာနဲ့ နေရမယ့် အဆောင်ကို […]


weiweiMay 6, 20111min26411
ကြုံခဲ့ဖူးတာလေး ပြန်လည်ဝေမျှပေးတာပါ။ ကျွန်မနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးပြောပြတဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ ဂေါက်ရောဂါဆိုတာ အကြောအဆစ်တွေ နာကျင်ကိုက်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲဒီရောဂါကို ရေသောက်ရုံနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ခဲ့တာ လက်တွေ့ပါတဲ့ … ရေသောက်တဲ့နည်းကတော့ …. ညဘက်မအိပ်ခင် ရေကျက်အေးကို အရင်လုပ်ထားပါတဲ့ … သူပြောသလိုဆို 0.4 လီတာခန့်၊ မနက်အာရုံမတက်ခင် ၄ နာရီလောက်ထပြီး နောက်ထပ်ရေနွေးကျိုရမယ် … ဆူနေတဲ့ရေနွေး 0.4 လီတာခန့်ကို ညတုန်းက အအေးခံထားတဲ့ 0.4 လီင်္တာနဲ့ ရောလိုက်ပါ … ရောပြီးရင် 0.8 လီတာ အကုန်လုံးကုန်အောင် သောက်ချလိုက်ပါတဲ့ … သောက်လို့ပြီးတာနဲ့ နာရီဝက် ငြိမ်ငြိမ်လေးထိုင်ပြီး တရားမှတ်နေရမယ် … အဲဒီလိုနည်းနဲ့ ရ ရက်လုပ်လိုက်တာ ဂေါက်ရောဂါကျွမ်းနေတဲ့လူနာတစ်ယောက် သက်သာသွားခဲ့တာ ဆရာတော့်ကိုယ်တွေ့ပါတဲ့ […]


weiweiMay 5, 20114min26027
ပထမဆုံး မန္တလေးဂေဇက်မှာ 21-10-2010 တုန်းကတင်ခဲ့တဲ့ မျက်စိ အပန်းဖြေဖို့ ဆိုတဲ့ ပို့စ်ကို ပြန်ပြီး edit လုပ်ထားတာပါ။ chengdu ချန်သူးကနေ Jiuzhaigou ကျိုကျိုက်ကုန်းအထိ ကီလိုမီတာ ၄၅ဝ ရှိပါတယ်။ ကျိုကျိုက်ကုန်းက ဟိုတယ်တစ်ခုမှာ ညအိပ်ပြီး မနက်မိုးလင်းတာနဲ့ တက်စီကားတွေက တည်းခိုသူတွေကို ကျိုကျိုက်ကုန်း ဥယျာဉ်ကြီးဆီကို လိုက်ပို့ပေးပါတယ်။ အလွန်သာယာလှပတဲ့ မြို့သေးသေးလေးတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို မိတ်ဆက်ထားတဲ့ တရုတ်ကြီးကလဲ ကျွန်မတို့နဲ့အတူ လိုက်လာပါတယ်။ ဥယျာဉ်ဂိတ်ပေါက်ဝရောက်တော့ လက်မှတ်ဝယ်ရတယ် … ဥယျာဉ်ကြီးက အရမ်းကြီးလွန်းလို့ အရင်တုန်းကဆို လက်မှတ်တစ်စောင်ဝယ်ရင် ၂ ရက် ဝင်ခွင့်ရှိပါတယ်။ တစ်ရက်အချိန်ထဲနဲ့လည်ပတ်လို့ မလောက်လို့ပါ။ ကျွန်မတို့သွားတုန်းကတော့ တစ်ရက်ပဲ ဝင်လို့ရမယ်တဲ့။ လက်မှတ်တစ်စောင်ကို ၂၂ဝ ယွမ် (သုံးသောင်းသုံးထောင်ကျပ်ခန့်) နဲ့ အတွင်းမှာစီးတဲ့ကားခ […]


weiweiMay 4, 20114min21514
ခရီးစဉ် ဒုတိယနေ့ကတော့ အဝေးပြေးကားစီးတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ မနက် ၈ နာရီ ချန်သူးကနေ ထွက်မယ့်ကားကို စီးဖို့အတွက် ကားဂိတ်ကို မနက် ရ နာရီလောက် ရောက်အောင်သွားလိုက်ပါတယ်။ ကျွန်မတို့ရဲ့ ခရီးဆောင်ပစ္စည်းတွေက အရမ်းများနေပြီး အားလုံးကို သယ်မသွားချင်တာနဲ့ ၂ ရက်စာ လိုအပ်တာလေးတွေပဲ ခရီးဆောင်အိတ်အသေးတစ်လုံးထဲစုထည့်ပြီး ကျန်တဲ့ပစ္စည်းအားလုံးကို ကားဂိတ်မှာ အပ်ထားခဲ့လိုက်ပါတယ်။ ချန်သူး (成都) ကနေ ကျိုကျိုက်ကုန်း (九寨龚) အထိ ၈ နာရီလောက်ကားစီးရမှာလို့သိရပြီး ညနေလောက်ရောက်မယ်လို့ သိထားပါတယ်။ လမ်းခရီးက တောင်ပေါ်လမ်းဖြစ်ပြီး အပျက်အစီးတွေလဲ ရှိနေသေးတာကြောင့် သင့်တော်တဲ့ ကားပဲ ထွက်ပေးတယ်လို့ ယူဆရပါတယ်။ ကားက အယောက် ၄ဝ လောက်စီးရတဲ့ အဝေးပြေးကားဖြစ်ပြီး ခုံနံပါတ်နဲ့မဟုတ်ပါဘူး။ အဆင်ပြေသလိုထိုင်လို့ရတာနဲ့ အလယ်လောက်က နှစ်ယောက်ထိုင်ခုံမှာထိုင်လိုက်ပါတယ်။ ကားစထွက်တယ်ဆိုတာနဲ့ […]


weiweiMay 3, 20111min19912
ဒီနေ့ ညနေ ၆ နာရီ ရန်ကုန်မြို့ နေအဝင်မှာ မြင်ရတဲ့ တိမ်ရောင်စုံတွေကို အိမ်ပေါ်ထပ် ပြူတင်းပေါက်ကနေ ရိုက်ထားလိုက်တာပါ။ ပို့စ်အနေနဲ့ တင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ကိုပေါက်ရဲ့ မန္တလေးက တိမ်တိုက်တွေကို တွေ့လိုက်တာနဲ့ ရန်ကုန်က တိမ်တွေလဲ လှတယ်ဆိုတာ သိရအောင် တင်လိုက်ပါတယ် ….


weiweiMay 3, 20113min1025
  chengdu (成都) ချန်းသူးမြို့ထဲမှာ နေ့တဝက်လျှောက်လည်ဖို့ အချိန်ရတာနဲ့ ဘယ်နေရာတွေ နံမည်ကြီးလဲလို့ ဟိုတယ်ဝန်ထမ်းကိုမေးပြီး သူညွှန်လိုက်တဲ့ ဘုရားကျောင်းတစ်ခုကို သွားလည်ခဲ့ပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ အရမ်းပူပြင်းတဲ့ နွေရာသီမှာ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ အေးချမ်းသွားပါတယ်။ အတော်ကျယ်ဝန်းတဲ့ ပန်းခြံတစ်ခုထဲကို ရောက်သွားသလိုပဲ။ အဆောက်အဦးတွေက တရုတ်ရှေးဟောင်းရုပ်ရှင်ကားတစ်ကားထဲက ပုံစံအတိုင်းပဲ။ တာအိုအယူဝါဒနဲ့ သက်ဆိုင်တဲ့ သမိုင်းပန်းချီကားများ၊ ရုပ်ထုများနဲ့ ဝူတန်းဘုန်းကြီးလိုဝတ်စုံနဲ့ ဘုန်းကြီးတွေကိုပါ တွေ့ခဲ့ရပါတယ်။ သစ်ပင် ပန်းပင်များကို လှပသပ်ရပ်အောင် ပုံဖော်ထားတာကလဲ မျက်စိအမြင်အေးစေပါတယ်။ ကျွန်မတို့လဲ ဒီအတိုင်းပဲ လျှောက်ကြည့်ခဲ့တာဆိုတော့ လျှောက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကိုပဲ တင်လိုက်ပါတယ်။


weiweiMay 2, 20113min16422
Sichuan ခရီးစဉ် (၁) တိဗက်မှာ ရ ရက်တာ လည်ပတ်ခဲ့ပြီး ၈ ရက်မြောက်နေ့မှာ တိဗက်ပြည်နယ် လားဆားမြို့လေဆိပ်မှ မနက် ၉ နာရီခွဲလေယာဉ်နဲ့ စီချွမ်ပြည်နယ်မြို့တော် ချန်သူး (Chendu) ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ စီချွမ်မှာ ၄ ညပဲ အချိန်ရလို့ ကျွန်မတို့ အဓိကသွားချင်တဲ့ (Jiuzhaigou) ကျိုကျိုက်ကုန်း နဲ့ giant Buddha ရှိတဲ့ (leshan) လဲ့ရှန်းကိုပဲ သွားဖို့ စီစဉ်ခဲ့ပါတယ်။ တိဗက်ကထွက်လာတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ထဲပဲ စီချွမ်ကိုခရီးဆက်ခဲ့တယ်။ ခရီးသွားကုမ္ပဏီနဲ့ မဆက်ပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ခရီးစဉ်ကို ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်က စီချွမ်ငလျှင်ပြီးတာ ၂ လ ပဲ ရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး တော်တော်လေး ဆိုးနေသေးတဲ့အချိန်ဆိုတော့ […]


weiweiApril 26, 20113min1199
သတ္တမမြောက်နေ့ ခရီးစဉ်ကတော့ ထူးထူးခြားခြား မရှိပါဘူး။ ရှီဂစီမြို့ကနေ မနက်စောစောပြန်ထွက်ခဲ့ကြတယ်။ မနက် ၅ နာရီလောက် စထွက်ခဲ့ကြတာဆိုတော့ မှောင်မှောင်မဲမဲမှာ ကျွန်မတို့လဲ အိပ်ရင်းနဲ့ လိုက်လာကြပါတယ်။ မနက် ၁၁ နာရီလောက်မှာ တိဗက်မြို့တော် လားဆားမြို့ကို ပြန်လည်ရောက်ရှိပါတယ်။ လာဆားမြို့နားရောက်မှ တစ်ရေးနိုးပြီး ဓါတ်ပုံထရိုက်ဖြစ်တယ်။ အဲဒီနေ့ ညနေဖက်ကို ကိုယ်ပိုင်အချိန်သတ်မှတ်ထားတယ်။ နေ့လည်စာ ထမင်းဆိုင်ကောင်းကောင်းတစ်ခုမှာ ထမင်းဟင်းငတ်လာသမျှ အတိုးချပြီး ထမင်းစားလိုက်ကြတယ်။ ပြီးတာနဲ့ တစ်မြို့လုံး လျှောက်လည်ကြပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်ကြပါတယ်။ လက်ဆောင်ပစ္စည်းတွေကို ဈေးရုံကြီးတစ်ခုထဲမှာလဲ ဝယ်လို့ရသလို ဘုရားပွဲဈေးတန်းလိုမျိုးမှာလဲ ဝယ်လို့ရပါတယ်။ ခရီးသွားတွေ အရမ်းနဲနေတဲ့အချိန်ဆိုတော့ ဈေးဝယ်ရတာ ကြိုက်သလောက်ဈေးဆစ်လို့ရနေပါတယ်။ တိဗက်ကထွက်တဲ့ အပြာရောင်ကျောက်တစ်မျိုးနဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ၊ တိဗက်ရိုးရာပစ္စည်းတွေ၊ နွားနောက်ချိုနဲ့ အရိုးတွေကနေလုပ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ ရိုးရာစတိုင်ဆွဲထားတဲ့ ပန်းချီကားတွေ၊ ကောဇောတွေ၊ […]


weiweiApril 26, 20115min42910
တိဗက်ခရီးစဉ် (၆) တိဗက်စတိုင်ရွက်ဖျင်တဲမှာအိပ်ပြီး မနက်မိုးလင်းတာနဲ့ တဲအပြင်ကို ထွက်ကြည့်ပါတယ်။ အေးစက်နေတဲ့ ရာသီဥတုနဲ့ ဖြူဖွေးနေတဲ့ နှင်းတောင်ကြီးက တခြားဂြိုလ်တစ်ခုကို ရောက်နေသလိုပါပဲ။ ကျွန်မတို့ယူသွားတဲ့အဝတ်အစားတွေက သိပ်မထူလို့ ချမ်းနေပါတယ်။ မနက်စောစောပေမယ့် နေမထွက်သေးပါဘူး။     ရွက်ဖျင်တဲနေရာကနေ လမ်းလျှောက်သွားရင် တောင်ခြေနဲ့အနီးဆုံးနေရာကို ရောက်နိုင်ပေမယ့် လမ်းလျှောက်သွားခွင့်မရှိဘူးလို့ လမ်းညွှန်ကပြောပါတယ်။ သူတို့အထူးစီစဉ်ထားတဲ့ ကားဖြင့်သာသွားခွင့်ရှိပါတယ်။ ကားက မီနီဘက်စ်ဖြစ်ပြီး တစ်ယောက်ကို အသွားအပြန် တရုတ်ငွေ ယွမ် ၂ဝ ပေးရပါတယ်။ မနက် ၈ နာရီလောက်မှ ပထမဆုံးကားစထွက်မှာဆိုတော့ တဲထဲမှာပဲ ရေနွေးတောင်းပြီး ကော်ဖီနဲ့ မုန့်နဲ့ပဲ စားရင်း အချိန်ကို စောင့်နေလိုက်ကြပါတယ်။ မျက်နှာသစ်ဖို့ရေမလုံလောက်လို့ ရေသန့်ဗူးနဲ့ပဲ သစ်လိုက်ရတယ်။ မီးမရှိတဲ့နေရာမှာ တည်းခိုမိလို့ ကင်မရာအတွက် ဒုက္ခရောက်ခဲ့ရပါတယ်။ ဘတ်ထရီအပိုမပါသွားလို့ အရမ်းလှတဲ့ရှုခင်းတွေကို […]


weiweiApril 24, 20112min1118
    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကနေ ၂၈ မိုင်အကွာမှာတည်ရှိပါတယ်။ မြန်မာပြည်မှ တခြားလှိုင်ဂူများနဲ့ မတူတဲ့ ပုံစံကြောင့် အမြင်ဆန်း အတွေ့အကြုံဆန်းတစ်ခု ဖြစ်ပါတယ်။ အဝင်အပေါက်တွင် တိရိစ္ဆာန်ပုံသဏ္ဍာန် ကျောက်ရုပ်ထုများကို တွေ့မြင်ရပါတယ်။ ကျောက်ခက် ပန်းဆွဲများက တရုတ်ပြည်မှ လှိုင်ဂူများနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျယ်ဝန်းတဲ့ လှိုင်ဂူတစ်ခုဖြစ်တာကြောင့် ဘုရားဖူး ခရီးသွားများ အသွားအလာများပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုပေးစွမ်းနိုင်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။