weiweiOctober 27, 20101min21820
မနေ့က မြန်မာစာကိုမေးထားလို့ ဒီနေ့ သချင်္ာမေးကြည့်မယ်။ ကီလို ၄ဝ ရှိတဲ့ ကျောက်တုံးတစ်တုံးရှိတယ်။ အဲဒီကျောက်တုံးကို ၄ ပိုင်းပိုင်းမယ်။ အဲဒီအပိုင်းတွေနဲ့ ချိန်ခွင်မှာ အလေးအဖြစ်သုံးမယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အဲဒီအပိုင်းတွေကို သုံးပြီး ၁ ကီလို , ၂ ကီလို , ၃ ကီလို , ၄ ကီလို ကနေ …….. ၃၈ ကီလို, ၃၉ ကီလို , ၄ဝ ကီလိုအထိ ကိန်းဂဏန်းအားလုံးအတွက် ချိန်တွယ်နိုင်ရမယ်။ အဲဒီအပိုင်း ၄ ပိုင်းကို ဘယ်လို ပိုင်းဖြတ်ကြမလဲ ????


weiweiOctober 27, 20105min827
မနေ့က လီမြစ်ကို ပြခဲ့လို့ ဒီနေ့တော့ ရန်စီမြစ်ကို ထပ်ပြီးတင်လိုက်ပါတယ်။ ရန်စီမြစ်က တရုတ်ပြည်ရဲ့ ဒုတိယအရှည်ဆုံးမြစ်ပါတယ်။ မြစ်ကိုအစအဆုံးသင်္ဘောစီးမယ်ဆိုရင်တော့ ၁၂ ရက်ခရီးစဉ်ကိုရွေးရမှာဖြစ်ပြီး ဈေးလဲအလွန်ကြီးတာကြောင့် အလှဆုံးနေရာကိုပဲ သွားကြည့်ခဲ့ပါတယ်။ စုစုပေါင်း သင်္ဘောပေါ်မှာ ၃၆ နာရီ စီးခဲ့ရပါတယ်။ ဟူးပေပြည်နယ်က အကြီးမားဆုံးရေအားလျှပ်စစ်ထုတ်လုပ်ပေးနေတဲ့ ဆည်ရှိတယ့်မြို့ဖြစ်တဲ့ ရီချန် (Yichang) ကနေ သင်္ဘောစစီးခဲ့ပါတယ်။ သင်္ဘောကတော့ 2 stars အဆင့်ရှိတဲ့ သာမန်အပျော်စီးသင်္ဘောနဲ့ပါ။ ည ၈ နာရီမှ စထွက်လို့ ဘာမှမမြင်ရဘဲနဲ့ အိပ်ပြီးလိုက်သွားရပါတယ်။ မိုးလင်းလို့ မျက်စိဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ ရှုခင်းတွေကတော့ ရင်သတ်ရှုမောပါပဲ။ တော်တော်အံ့ဩမိတာကတော့ မဆုံးနိုင်အောင် မြင်နေရတာကိုပါပဲ။ မိုးလင်းကနေ မိုးချုပ်သွားသည်အထိ အဆက်မပြတ်မြင်တွေ့ရတဲ့ တောင်တန်းတွေ တောင်ပေါ်မြို့တွေက တော်တော်လေးကို မျက်စိအမြင်ကို သာယာအေးချမ်းစေပါတယ်။ ပထမဆုံးပုံထဲက […]


weiweiOctober 27, 20101min1307
လွန်ခဲ့တယ့် ၆ နှစ်လောက်တုန်းက ကျွန်မက အလုပ်နဲ့နီးတဲ့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ နေခဲ့ဖူးပါတယ်။ အလုပ်ချိန်ပြင်ပ ညနေဘက်နဲ့ညဖက်မှာ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးချင်တဲ့ စေတနာပေါ်လာတာနဲ့ နွေရာသီမှာ လက်လှမ်းမှီသလောက် ကလေးတွေစုလိုက်ပါတယ်။ အဲဒီအထဲက ၈ တန်းကျောင်းသားလေးတစ်ယောက်ကိုတော့ ကျွန်မ၏တပည့်ကျော်အနေနဲ့ အမြဲအမှတ်ရနေပါတယ်။ ပထမဆုံးသူနဲ့စတွေ့တယ့်နေ့မှာ ကျွန်မက သချင်္ာသင်ဖို့ သူ့အရည်အချင်းကို စပြီးစစ်ဆေးလိုက်ပါတယ်။ ဖတ်စာအုပ်ကို မကိုင်ပဲနဲ့ အပေါင်း အနှုတ် အမြှောက် အစား စပြီးစစ်ဆေးကြည့်တယ်။ ရိုးရိုး ဂဏန်းလေးတွေပေါင်းခိုင်း နှုတ်ခိုင်းတော့ တစ်ဆယ်မကျော်တယ့်အထိ အဆင်ပြေနေပါတယ်။ သူ့လက်နဲ့ခြေထောက်နဲ့မဆံ့တဲ့ ကိန်းဂဏန်းတွေကိုတောင် မပေါင်းတတ်ပါဘူး။ အဲဒါနဲ့ အမြှောက်စပြီးမေးကြည့်တယ်။ ၂ အလီထက်ကျော်သွားတာ တစ်ခုမှ သူမရတော့ဘူး။ အဲဒါနဲ့ အစားကို ထပ်မေးကြည့်တယ်။ အစားဆိုတာဘာမှန်းကို မသိဘူး။ ၄ […]


weiweiOctober 27, 20101min17611
တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မသူငယ်ချင်းတစ်ယောက်က ဧရာဝတီတိုင်းဘက်က မြို့နယ်တစ်ခုမှာ ပညာရေးနဲ့ဆိုင်တဲ့ ဌာနတစ်ခုမှ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူပြန်ပြောပြတယ့် အဖြစ်အပျက်ပါ။ မယုံနိုင်စရာပါပဲ။ သူအပါအဝင် တခြားတာဝန်ရှိသူတွေက ကျေးရွာမူလတန်းကျောင်းအတွက် မူလတန်းပြဆရာမလျှောက်ထားသူတွေကို အင်တာဗျူးလုပ်ရပါတယ်။ လာလျှောက်သူတွေအရည်အချင်းကလဲ အနဲဆုံး ဘွဲ့တစ်ခုတော့ ရရမယ်။ တစ်ခါကျတော့ သူတို့က အင်တာဗျူးတယ့်အခါ ခပ်လွယ်လွယ်မြန်မာစာကြောင်းလေးတစ်ခုကို ရေးထားပြီး ဆရာမလောင်းတွေကို မြန်မာသဒ္ဒါစစ်ပါတယ်တယ့်။ အဲဒီစာကြောင်းထဲက ကတ္တား၊ ကြိယာ၊ ကံ  ခွဲခိုင်းပါတယ်တဲ့။ သူပြောတာကတော့ အရမ်းရိုးရှင်းလွယ်ကူတဲ့ စာကြောင်းလေးပါတဲ့။ ဒါပေမယ့် သူတို့မေးတယ့်သူတွေကို စိတ်ပျက်သွားစေတာကတော့ လူသာ ၂ဝ ကျော်စစ်ပြီးသွားတယ် တစ်ယောက်မှ မှန်အောင်မဖြေနိုင်ခဲ့ပါဘူးတဲ့။ အဲဒီအထဲမှာ မြန်မာစာနဲ့ဘွဲ့ရတယ့်သူတွေတောင်ပါပါသေးတယ်တဲ့။ အဲဒါနဲ့ ကျွန်မကမေးလိုက်တယ် .. ဒါဆို တစ်ယောက်မှ မခန့်လိုက်ဖူးလားလို့ … သူကဘာပြောလဲဆိုတော့ ဘယ်တတ်နိုင်မလဲတဲ့ ရွာမှာကလဲဆရာလိုနေတော့ သူတို့ကိုပဲ […]


weiweiOctober 26, 20101min18715
မြန်မာစာတွေ မြန်မာစကားတွေအကြောင်း ဆွေးနွေးကြတာနဲ့ သတိရသွားလို့ ဉာဏ်စမ်းလိုက်အုန်းမယ် ….. မြန်မာစကားထဲက စကားလုံး (၅) လုံးပါတယ့် စာကြောင်းတစ်ခု။ ရှေ့ကနေစဖတ်လဲ ဒီအဓိပါယ်ပဲ နောက်ကနေ ပြောင်းပြန်ပြန်ဖတ်လဲ ဒီအဓိပါယ်ပဲ။ အဲဒါဘာလဲ ?????


weiweiOctober 26, 20103min1214
Guangxi ပြည်နယ်က Guilin ရှုခင်းတွေပါ။ ကွေ့လင်ကတော့ တရုတ်ပြည်ထဲမှာ ခရီးသွားအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ရာသီဥတုကောင်းမွန်ပါတယ်။ တစ်နှစ်ပတ်လုံး ခရီးသွားမပြတ်ရှိနေတယ့် မြို့တစ်ခုဖြစ်ပါတယ်။ လီမြစ်ထဲမှာ သင်္ဘောစီးပြီး လျှောက်ကြည့်ရတယ်။ ၄ နာရီကြာလောက်စီးရပါတယ်။ တောင်တွေပုံစံစုံ အရွယ်စုံနဲ့ မြစ်ဘေးတစ်ဖက်တစ်ချက်စီမှာ စီတန်းနေတယ်။ တရုတ်ငွေ ၂ဝ တန်ရဲ့နောက်ကျောမှာ အဲဒီရှုခင်းကို အသုံးပြုထားပါတယ်။ တောင်တွေရဲ့ ပုံစံတွေကို တိရိစ္ဆာန်တွေနဲ့တူတယ်ဆိုပြီး တစ်ခုချင်းပြပေမယ့် အဲဒီဓါတ်ပုံတွေက သိပ်မသဲကွဲလို့ မပြေတော့ဘူး။ အဲဒီနေ့က မိုးရွာနေပါတယ်။ တရုတ်ပြည်ရဲ့အအေးဆုံးဖြစ်တယ့် ဇန်နဝါရီလမှာ သွားခဲ့တာဖြစ်ပေမယ့် အဲဒီမှာတော့ သိပ်မအေးပါဘူး။ ကျွန်မရဲ့ကင်မရာက အဲဒီမနက်မှာမှ ပျက်ပြီး အလုပ်မလုပ်လို့ သူငယ်ချင်းရဲ့ကင်မရာနဲ့ သူကိုယ်တိုင်ရိုက်ထားတယ့်ပုံတွေပါ။ ကျွန်မက ကင်မရာရှေ့မှာရှိနိုင်ပေမယ့် ကျွန်မသာ ဝင်ပါလိုက်ရင် ပတ်ဝန်းကျင်ကရှုခင်းတွေ မှေးမှိန်သွားမှာစိုးလို့ မပါတာကို ခွင့်လွှတ်ပါနော် …


weiweiOctober 25, 20105min836
တိဗက်ပြည်နဲ့ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse မြို့ရဲ့ အနောင်တောင်ဘက်မှာတည်ရှိပါတယ်။ ၁၂၆၈ ခုနှစ်မှာ ဘုန်းကြီးကျောင်းကို ကျောက်တောင်တွေကိုထွင်းပြီး တည်ဆောက်ခဲ့ကြတယ်။ ထူးခြားတယ့် ဗိသုကာလက်ရာတွေနဲ့ သမိုင်းအထောက်အထားတွေအများဆုံးရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ သာသာနာဂိုဏ်းချုပ်နေရာလို့ပြောလို့ရမယ်ထင်ပါတယ်။ ၁၆ ရာစုနှစ်မှာပြန်လည်မွမ်းမံခဲ့ပါတယ်။ အဓိက စိတ်ဝင်စားစရာနေရာတွေက အတွင်းခန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုလို့ ဓါတ်ပုံမဖော်ပြနိုင်ပါဘူး။ ဘုန်းကြီးတွေ ဘုရားရှိခိုးတယ့်နေရာမှာရှိတဲ့ သစ်သားတိုင်လုံးတွေ၊ စာကြည့်တိုက်လို့နံမည်ပေးထားတယ့် အခန်းတွေထဲမှာ ပေစာ ပရပိုက်စာတွေ အများကြီးတွေ့ရတယ်။ ဘုန်းကြီးကျောင်းပတ်ပတ်လည်ကို တံတိုင်းတွေနဲ့ကာရံထားတယ်။ အခုအချိန်မှာတော့ အားလုံးအပြည့်တော့မကျန်တော့ဘူး။ စေတီကတော့ အဆင့် ၉ ဆင့်ရှိတယ့်စေတီပါ။ အပေါ်ဆုံးအဆင့်အထိ တက်လို့ရပါတယ်။ လက်ရာကတော့ နီပေါလ်စတိုင်ပဲ ။ လုမ္မနီဥယျာဉ်က စေတီမှာ တွေ့ဖူးခဲ့တယ့် မျက်လုံး ၂ လုံးကို အဲဒီစေတီရဲ့အပေါ်ဆုံးအရစ်မှာ တွေ့နိုင်ပါတယ်။ ထူးခြားချက်တွေနဲ့ သမိုင်းကြောင်းတွေကို ကျွန်မတို့ […]


weiweiOctober 25, 20101min827
မြန်မာစာပို့စ်ကိုဖတ်ရင်း အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားပါ။ ဘာသာစကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ပြောကြတယ့် ကြားခံဆက်သွယ်ရေးပေါ့။ စကားမပြောတတ်တယ့်သူလဲ သူများနားလည်အောင် body language နဲ့တော့ ဆက်သွယ်ရတယ်လေ။ မိခင်ဘာသာစကားနဲ့ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လွယ်လွယ်ကူကူပြောဆိုနိုင်ပေမယ့် တခြားနိုင်ငံနဲ့လူမျိုးတွေကြားထဲရောက်သွားတယ့်အခါမှာတော့ အချင်းချင်းနားလည်တယ့် ဘာသာစကားတစ်ခုကို အလိုလိုတီထွင်မိသွားပါတော့တယ်။ ကျွန်မတရုတ်ပြည်မှာ ကျောင်းတက်ဖို့ရောက်သွားတယ့်အချိန်မှာပေါ့။ နိုင်ငံခြားသားကျောင်းသားတွေနေတယ့်အဆောင်တစ်ခုမှာ နေရတယ်။ နိုင်ငံပေါင်းစုံဆိုတော့ စကားလဲ ပေါင်းစုံပေါ့။ အင်္ဂလိပ်စကားပြောတတ်တယ့်သူနဲ့ သိပ်မခက်ခဲလှပေမယ့် စပိန်စကား ရုရှစကားနဲ့ ပြင်သစ်စကားကိုပဲ ပြောတတ်တယ့်သူတွေနဲ့တွေ့တယ့်အခါမှာတော့ အချင်းချင်းနားလည်ဖို့ ကြိုးစားပြီးပြောရပါတော့တယ်။ တရုတ်စကားတစ်မျိုးထဲကိုပဲတတ်တယ့် တရုတ်လူမျိုးနဲ့စကားပြောတယ့်အခါမှာပဲ အခက်အခဲတွေရှိပါတယ်။ ဗမာသူငယ်ချင်းကလဲ ရှိနေတော့ ကျွန်မမှာ ဘာသာစကား ၃ ခုနဲ့ ပတ်ချာလည်နေပါတော့တယ်။ တရုတ်ဘာသာသင်တယ့်အတန်းထဲမှာတော့ ကျွန်မတို့ကျောင်းသားအချင်းချင်းကြားမှာ Chinglish ဆိုတယ့်စကားတစ်ခု အလိုလိုတီထွင်ပြီးသားဖြစ်သွားပါတယ်။ အချင်းချင်းနားလည်ပြီး အဆင်ကိုပြေလို့ပါပဲ။ ကျောင်းပိတ်ရက်တွေမှာ […]


weiweiOctober 24, 20105min1248
ဒီလကုန်ရင် ပိတ်ပွဲအခမ်းအနားလုပ်တော့မှာဖြစ်တယ့် ရှန့်ဟိုင်မြို့က နိုင်ငံတကာကုန်စည်ပြပွဲကြီးပါ။ ဩဂုတ်လ အပူဆုံးအချိန်က သွားကြည့်ဖြစ်ခဲ့ပါတယ်။ ၃ရ ဒီဂရီစင်တီဂရိတ်ရှိတယ့်အချိန်ပေါ့။ တစ်နေ့ကို လာကြည့်တယ့်သူပေါင်း ၃ သိန်းလောက်ရှိပါတယ်။ ဝင်ကြေးကတော့ တစ်ယောက်ကို ယွမ် ၁၂ဝ ပါ။(ဗမာငွေ ၁၈၀၀ဝ ကျပ်) ပေးရပါတယ်။ အဲဒီကိုရောက်တယ့်အချိန်ကနေ ဝင်ပေါက်နေရာအထိရောက်ဖို့ အနဲဆုံး တစ်နာရီ တန်းစီရမှာဖြစ်ပါတယ်။ အားလုံး မညီးမညူတန်းစီနေကြတာကို တအံ့တဩတွေ့ခဲ့ရတယ်။ အကြာကြီးမစီရအောင် မနက် ၉ နာရီဖွင့်မှာကို ၈ နာရီကထဲကသွားပေမယ့် စီတော့စီလိုက်ရတာပဲ။ ခေါက်လို့ရတယ့် ရောင်စုံခွေးခြေခုံလေးတွေနဲ့ ထိုင်စောင့်နေလိုက်ကြတာပဲ။ လူကလဲများ ရာသီကလဲပူတော့ တော်တော်စိတ်ညစ်ရတယ်။ အထဲရောက်သွားတော့လဲ ပြခန်းတွေက အများကြီး။ ဘယ်ကနေစသွားရမှန်းတောင်မသိအောင်ပဲ။ မြေပုံစာရွက်တွေနဲ့ကြည့်ပြီး ကိုယ်သွားချင်တယ့်ပြခန်းကို ကားလေးတွေစီးရပါတယ်။ လမ်းလျှောက်လို့လဲရပါတယ်။ အဲဒါနဲ့ပဲ နံမည်ကြီးတယ့် ဥရောပက ပြခန်းတွေကြည့်မယ်ဆိုပြီး သွားလိုက်တော့ […]


weiweiOctober 24, 20102min22611
ချယ်ရီပန်း၊ ဂျပန်လို စာကူရာလို့ခေါ်တယ့် ပန်းကလေးတွေပါ။ ဂျပန်ပြည်မှာ အများဆုံးပွင့်တယ့်ပန်းပါ။ ကိုရီးယား တရုတ်နိုင်ငံတွေမှာလဲ ဂျပန်က မျိုးကိုယူပြီး စိုက်ကြတယ်။ အခုပုံထဲကပန်းတွေကတော့ တရုတ်ပြည်က ပန်းခြံတစ်ခုထဲကို သွားရိုက်ထားတာပါ။ အဲဒီတုန်းကတော့ ပန်းရောင်နဲ့ အဖြူရောင် နှစ်မျိုးတွေ့ခဲ့ရတယ်။ ဆောင်းရာသီအကုန် ဆောင်းနှောင်းရာသီဖြစ်တယ့် မတ်လ လောက်မှ ပွင့်လေ့ရှိပါတယ်။ ပန်းကလေးတွေက အရောင်နုပြီး ပြုတ်သိပ်နေတော့ ဓါတ်ပုံထဲမှာ သိပြီး မပေါ်လွင်ဖြစ်နေတယ်။ အပြင်မှာတော့ ပင်လုံးကျွတ်ပွင့်နေတယ့် ချယ်ရီပန်းတွေကိုကြည့်ရတာ ကြည့်လို့ မဝနိုင်ပါဘူး။


weiweiOctober 23, 20104min1029
အပေါ်ပိုင်းကပုံတွေက ကမ္ဘာ့အမြင့်ဆုံးနေရာမှာ တည်ရှိတယ့် သဘာဝ စေတီပုထိုးများဖြစ်ပါတယ်။ ပုံမှာမြင်နေရတယ့် တောင်ထိပ်က စေတီပုံလေးတွေက သဘာဝအတိုင်းဖြစ်နေတာပါ။ တိဗက်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်အထားဆုံး စေတီလေးတွေဖြစ်ပါတယ်။ ဧဝရတ်တောင်နားမှာရှိပြီး ထူးဆန်းတယ့် သဘာဝကျောက်တုံးတွေကလဲ သူ့ဇာတ်လမ်းနဲ့သူ ပါပဲ။ ထူးခြားတာကတော့ နွားဂျိုကို ကိုးကွယ်ယုံကြည်မှုရှိတာကိုတွေ့ခဲ့ရတယ်။ သဘာဝအတိုင်း လူပုံပေါ်နေတယ့်ကျောက်တုံးပုံလဲ ပြထားပေးတယ်။ သူတို့လူမျိုးတွေက ကျောက်တုံးလေးတွေကို ဆင့်ပြီး စေတီလိုလုပ်ပြီး ကုသိုလ်ယူထားကြတယ့် ပုံလဲ ပြထားပေးတယ်နော် … (Rong bu si) လို့တရုတ်လိုခေါ်တယ့် ဘုန်းကြီးကျောင်းကတော့ အဲဒီစေတီနေရာကနေ မိနစ် ၂ဝ လောက် လမ်းလျှောက်သွားရတယ်။ ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အံ့ဩဖွယ်ဗိသုကာလက်ရာနဲ့ ထူးခြားတယ့် ရာသီဥတုနဲ့ သဘာဝအလှတွေပြည့်နှက်နေတယ့်နေရာတစ်ခုပါပဲ။ အဲဒီနေရာကို ရောက်ဖူးတယ့်သူတွေက အခုလိုမျိုး ပြောကြတယ်။ , John Noel, […]


weiweiOctober 23, 20104min2578
တရုတ်ရာဇဝင်ကားတွေမှာ မေဟွားလို့ခေါ်တယ့် ဇီးပန်းပန်းချီကားတွေကို သတိထားမိကြမလားတော့မသိဘူး။ အဲဒီပန်းတွေက အအေးဆုံးအချိန် နှင်းတွေကျတယ့်အချိန်မှာမှ ထူးထူးခြားခြားပွင့်ပြီး ရာသီဥတုဒါဏ်ကို ကြံ့ကြံ့ခိုင်နိုင်ကြလို့ သူရဲကောင်းပန်းလေးတွေလို့ တင်စားခေါ်ကြတယ်။ 2010 ခုနှစ် ဇန်နဝါရီလက မေဟွားဥယျာဉ်တစ်ခုကိုသွားလည်တုန်းက ရိုက်ထားတယ့်ဓါတ်ပုံတွေပါ။ ၅ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိတယ့်အချိန်ပါ။ အဲဒီပန်းပွင့်ပြီဆိုတာနဲ့ တရုတ်လူမျိုးတွေက တကူးတကသွားကြည့်ကြတယ်။ ဓါတ်ပုံအလှရိုက်သူတွေ၊ ပန်းချီဆွဲသူတွေနဲ့ အရမ်းစည်ကားပါတယ်။ ပန်းတွေက အရောင်စုံပါပဲ။ တချို့ပန်းတွေက အနံ့လည်းမွှေးတယ်။ အဲဒီပန်းနဲ့ပတ်သက်တယ့် ကဗျာတွေ ရာဇဝင်တွေလဲ အများကြီးရှိတယ်။ တရုတ်ပြည်နဲ့ ဂျပန် ကိုရီယားစတယ့် ရာသီဥတုအေးတယ့်နေရာတွေမှာ ပွင့်နိုင်ပေမယ့် တခြားအနောက်နိုင်ငံတွေမှာတော့ တော်တော်ရှားတယ်လို့ သိရပါတယ်။ Mandalay Gazette ပရိတ်သတ်များအတွက် ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ မော်စီတုန်းကတော့ သူရဲကောင်းရဲဘော်တွေကို အဲဒီပန်းလေးနဲ့ တင်စားပြီး အားပေးစကားပြောလေ့ရှိတယ်လို့ ဖတ်ဖူးတယ်။ နှင်းကြားထဲက ပန်းပုံလေးကတော့ အင်တာနက်ကနေရှာပြီး […]


weiweiOctober 23, 20102min15219
ဧဝရတ်တောင်ကိုတော့ ရောက်ဖူးတယ့်သူ တော်တော်ရှားပါလိမ့်မယ် … ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ကတော့ ခရီးသွားဝါသနာအရမ်းပါလွန်းလို့ စွန့်စွန့်စားစားနဲ့ မရောက်ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တယ့် ၂ နှစ် လောက်ကပါ။ Lhasa မြို့ကနေ ကားနဲ့ ၂ ရက်ခရီးသွားရပါတယ်။ လမ်းက မြို့တစ်မြို့မှာ တစ်ညအိပ်ရတယ်။ လုံခြုံရေးတင်းကြပ်တယ့်နယ်မြေဖြစ်လို့ သီးသန့်ဗီဇာလုပ်ပြီးသွားရပါတယ်။ အခု ဓါတ်ပုံထဲကနေရာကတော့ တရုတ်ပြည်ဘက်အပိုင်းကနေ ဧဝရက်တောင်ကို အနီးကပ်ဆုံးချဉ်းကပ်နိုင်တယ့်နေရာဖြစ်ပါတယ်။ အဲဒီတောင်ရဲ့ တခြားတစ်ဘက်ခြမ်းကတော့ နီပေါလ်နိုင်ငံဖြစ်ပါတယ်။ တရုတ်လိုတော့ ဧဝရက်တောင်ကို (Qomulangma) လို့ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၈၀ဝ ကျော်အထိမြင့်တယ်။ ကျွန်မတို့ရောက်ခဲ့တယ့်နေရာကတော့ မီတာ ၅၀၀ဝ ကျော်တယ့်နေရာဖြစ်ပါတယ် ။ တောင်တက်သမားဆိုရင်တော့ နောက်ထပ်ဗီဇာတစ်ခုထပ်လုပ်ရပြီး တောင်တက်ခကိုလဲ ပိုက်ဆံတော်တော်ထပ်ပေးရမှာဖြစ်ပါတယ်။ နေထွက်ချိန်နဲ့နေဝင်ချိန်အလှကို သွားရောက်ကြည့်တယ့်သူတွေရှိပါတယ်။ ကျွန်မတို့ကတော့ ညနေ နေဝင်ချိန်အမှီသွားပေမယ့် […]