weiweiOctober 22, 20102min622
ဒီရေကန်ကလဲ တိဗက်ပြည်နယ်ရဲ့ မြင့်မြတ်တယ့်ရေကန်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ Shannan region မှာတည်ရှိတယ့် အစိမ်းရောင်ရှိတယ့် ရေချိုရေကန်ဖြစ်တယ်။ မနေ့က တင်ထားတယ့် နမ်ဆိုရေကန်ကတော့ အပြာရောင် ရေငံရေကန်ပါ။ ဧရိယာ 246 စတုရန်းမိုင်ရှိလို့ ဟိမဝန္တာပတ်ဝန်းကျင်မှာ အကြီးဆုံးရေကန်တစ်ခုဖြစ်ပါတယ်။ ရေသေရေကန်ပါ။ ပတ်ဝန်းကျင်ကရေခဲတောင်တွေကပျော်ကျလာတယ့်ရေတွေနဲ့ ရေကန်ဖြစ်နေတာပါ။ အနက်ဆုံးနေရာမှာ မီတာ ၆ဝ အထိရှိပြီး အတိမ်ဆုံးအနက်က မီတာ ၂ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ ရာသီဥတုက မိုးအုံ့နေတာကြောင့်ရယ် အချိန်က မနက်စောစောဖြစ်တာကြောင့်ရယ် ရေကန်ရဲ့အလှကို ထင်ထင်ရှားရှားမမြင်ရတာပါ။ သဘာဝတရားရဲ့ အံ့မခန်းတယ့်အလှတစ်ခုပါပဲ။ လမ်းတစ်လျှောက်မှာ လှပတယ့်တောင်တွေနဲ့ ချောမွတ်နေတယ့် အဝေးပြေးလမ်းတွေနဲ့ အရမ်းသာယာပါတယ်။ နောက်ထပ်လှတယ့်နေရာတွေကိုလဲ တဖြည်းဖြည်းနဲ့ တင်ပေးပါအုန်းမယ်။


weiweiOctober 22, 20103min1003
ေေ Lhasa မြို့ကနေ ၄ နာရီလောက် ကားနဲ့သွားရတယ့်နေရာတစ်ခုပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာရေးမှာ အထွတ်အမြတ်ရေကန် (၃) ခုထဲက တစ်ခုဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၇၀ဝ ကျော်မှာ တည်ရှိနေလို့ ကမ္ဘာ့အမြင့်ဆုံးနေရာမှာတည်ရှိနေတယ့်ရေကန်ဖြစ်ပြီး တရုတ်ပြည်ရဲ့ဒုတိယအကြီးဆုံး ရေငံတယ့်ရေကန်အမျိုးအစားဖြစ်ပါတယ်။ ပြာလဲ့နေတယ့်ရေအရောင်နဲ့ ကောင်းကင်ကိုမြင်လိုက်ရတယ့်သူတိုင်း သဘာဝတရားရဲ့ အံ့မခန်းဖြစ်မှုကို မချီးကျူးပဲကို မနေနိုင်ကြဘူး .. သူတို့တွေက အဲဒီကန်ထဲကရေကို အသန့်ရှင်းဆုံးလို့ သတ်မှတ်ထားကြတယ်။ အဲဒီရေကန်ထဲ ဆင်းခွင့်မရှိဘူး။ မြင့်မြတ်တယ့်နေရာသတ်မှတ်ထားလို့ ခြေထောက်နဲ့ရေနဲ့ ထိခွင့်မရှိဘူး။ ဆောင်းရာသီမှာရေခဲနေလေ့ရှိပြီး နွေရာသီစတင်တယ့် မေလမှာမှ အရည်ပျော်ပြီး အခုလိုအနေအထားကိုမြင်တွေ့နိုင်ပါတယ်။ နွေရာသီဆိုပေမယ့်လည်း အမြင့်ဆုံးအပူချိန်က ၁ဝ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ပဲရှိလို့ အနွေးထည်ထူထူဝတ်ထားရပါသေးတယ်။ ပုံထဲက မြင်ရတယ့် တောင်လေးနဲ့အလံလေးတွေကတော့ ဘုရားကျောင်းပါ (နံမည်မမှတ်မိတော့ပါ)။ သူတို့တွေကတော့ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ နေရတယ့်အတွက်ရယ် ထူးခြားတယ့် […]


weiweiOctober 21, 20103min20314
တိဗက်ပြည်နယ် လားစားမြို့ထဲက ပိုတာလာနန်းတော် (Potala Palace) ပုံတွေပါ။ နိပေါလ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ့်နေရာဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ခရီးသွားနဲခဲ့ပေမယ့် အခုတော့ တော်တော်လေး ခရီးသွားတွေစိတ်ဝင်စားတယ့် နေရာတစ်ခုဖြစ်နေပါပြီ။ လွန်ခဲ့တယ့် ၂ နှစ်လောက်က သွားရောက်ခဲ့တုန်းက ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မဟာယာနဗုဒ္ဓဘာသာ အထွန်းကားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝရှုခင်းတွေက အတော်လေးထူးခြားမှုရှိပါတယ်။ အဲဒီကိုသွားခဲ့တယ့် ခရီးသွားအတွေ့အကြုံကတော့ အခန်းဆက်ရေးမှ ပြည့်စုံမှာမို့ နောက်မှပဲ ဖော်ပြတော့မယ်။