weiweiApril 21, 20134min1167
ပန်းကလေးတွေကို အပိုင်း ၄ ခုနဲ့ပဲ ရပ်လိုက်ပါတော့မယ်။ ကော်နက်ရှင်အရမ်းနှေးတဲ့ကြားထဲက စိတ်ရှည်လက်ရှည် တင်ထားခြင်းဖြစ်ပါတယ်။ နောက်နေ့တွေမှာ ရွှေလီခရီးစဉ်အကြောင်း ရေးအုန်းမှာမို့လို့ အားပေးကြပါအုန်းလို့ … ပန်းလှလှလေးတွေကြည့်ပြီး ကြည်နူးပျော်ရွှင်ကြပါစေ ….


weiweiApril 21, 20134min1809
အရောင်ဆန်းတဲ့ ပန်းကလေးက အရမ်းလှပါတယ်။ ရန်ကုန်မှာ တွေ့ရခဲတဲ့ အရောင်အဆင်းတွေမို့လို့ မျိုးစေ့တွေဝယ်လာခဲ့သေးတယ်။ ဒီမှာစိုက်လို့ ဖြစ်မဖြစ်ကတော့ …


weiweiApril 20, 20134min886
နှင်းဆီပန်းရောင်စုံစိုက်ခင်းထဲ ရောက်ခဲ့ချိန်မှာ နေ့လည် ၃ နာရီအချိန်ဖြစ်နေပေမယ့် နေပူပူထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်းရောင်စုံတွေကတော့ လတ်ဆတ်လို့ နေပါတယ်။ လှမယ်ထင်တာလေးတွေ ရွေးပြီး တင်လိုက်ပါတယ် .. မနက်စောစောအချိန်ဆိုရင် အခုထက်ပိုလှပါလိမ့်မယ် … နေ့လည် ၃ နာရီအချိန်ဆိုတော့ နေပူဒါဏ်ကြောင့် ပွင့်ဖတ်တွေ အတော်လေး ပွင့်အာနေပြီးဖြစ်နေပါတယ် .. အရောင်စုံ အမျိုးအစားစုံကို တစ်နေရာထဲမှာ မြင်ခဲ့ရတုန်း မှတ်တမ်းတင်ခဲ့တာလေးတွေထဲက ကောင်းနိုးရာရာလေးများကို မျှဝေပေးလိုက်ပါတယ်။


weiweiApril 20, 20134min34211
မေမြို့ ကန်တော်ကြီးထဲမှာ ပန်းကလေးတွေ အများကြီးပဲ … အရောင်စုံ အမျိုးအစားစုံ လတ်လတ်ဆတ်ဆတ်နဲ့ အစွမ်းကုန် ပွင့်လန်းနေကြပါတယ်။ ပန်းကလေးတွေကို အားပါးတရ ဓါတ်ပုံရိုက်ခဲ့တာ လှတာလေးတွေ များလွန်းလို့ အပိုင်းခွဲပြီး တင်ရပါတော့မယ်။


weiweiApril 3, 20133min33716
ပင်းတယမြို့ကနေ နာရီဝက်လောက်ကားစီးသွားရင် ကုံလုံကိုရောက်ပါတယ်။ ဆရာတော်ကြီး သက်တော်ထင်ရှားရှိတုန်းကဆိုရင် အရမ်းစည်ကားခဲ့တဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဘုရားစေတီတွေနဲ့ ဓမ္မာရုံကြီးတွေ အများကြီးရှိပါတယ်။ ဆရာတော်ရှိစဉ် ရောက်ဖူးတုန်းကဆိုရင် လူတွေအများကြီး စည်ကားနေပြီး ဆရာတော်ကြီးကို ဖူးမြင်ရဖို့အတွက် စောင့်ဆိုင်းနေကြရလေ့ရှိလို့ အချိန်အများကြီးပေးပြီးမှ သွားရတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတော့ ဆရာတော်ကြီးရုပ်ကလာပ်ရှိရာကိုတန်းသွားပြီး ဂါရဝပြုကန်တော့ပြီးရင် ပြန်ရုံပဲရှိတာမို့ အရင်ကလောက် မစည်ကားတော့ပါဘူး။ အဆောက်အဦတွေကတော့ အရင်ကထက်တောင် ပိုလို့ကောင်းပြီး ပိုမိုခေတ်မှီနေပါတယ်။ ဘန်ကောက်မှ ထုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပုံတူရုပ်ထုရှိရာ ဓမ္မာရုံတစ်ခုထဲကို ဝင်ဖူးခဲ့ကြတယ်။ တကယ့်လူအစစ် ထိုင်နေတဲ့အတိုင်း လက်ရာကောင်းလှတဲ့ ရုပ်ထုကို တွေ့မြင်ခဲ့ရပါတယ်။ ကြီးမားလှပ ခန်းနားမှုတွေကို တအံ့တဩငေးမောကြည့်ရင်း ယခင်ဆရာတော်ကြီး တန်ခိုးကြီးခဲ့တာတွေကို အောက်မေ့သတိရရင်း ကုံလုံကျောင်းတော်ဘက်ကို တစ်ခါက် ရောက်ခဲ့ပါတယ် …….


weiweiApril 2, 20133min21910
ပင်းတယမြို့ဆိုတာနဲ့ ပုန်းတလုတ်ရေကန်နဲ့ ရွှေဥမင်ဘုရားကို တွဲပြီးသိကြမှာပါ။ အောင်ပန်းမြို့ကနေ တစ်နာရီကျော်လောက်သွားလိုက်ရင် ပင်းတယမြို့ကိုရောက်ပါတယ်။ မြေကြီးနီနီတွေနဲ့ စိုက်ခင်းတွေက လမ်းတလျှောက်မှာ အမြင်ဆန်းတယ်။ ထူးခြားတာကတော့ ပင်းတယမြို့ (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)တဲ့။ မြို့ကလေးက သေးသေးလေးနဲ့ သာယာတယ်။ ညနေပိုင်းရောက်သွားတာမို့လို့ ပုန်းတလုတ်ရေကန်ကို ပတ်ပြီး လမ်းလျှောက်ခဲ့ရင်း ဓါတ်ပုံရိုက်ထားတာလေးတွေပါ။ ရွှေဥမင်ဘုရားနဲ့ ကုံလုံဆရာတော်ကျောင်းတော်တွေကိုတော့ နောက်ထပ်ပို့စ်မှာမှ ထပ်တင်ပါတော့မယ် ..


weiweiMarch 22, 20135min29323
ထမ့်စမ်းဂူ ဓါတ်ပုံများဖြစ်ပါတယ်။ တောင်ကြီးကနေ ၂၈ မိုင် အကွာမှာရှိပြီး တစ်နာရီကျော်လောက် ကားစီးရင် ရောက်ပါတယ်။ ထူးခြားတာကတော့ ပအို့ဝ်လက်နက်ကိုင် အစောင့်အကြပ်များရှိနေခြင်းပါပဲ။ တရုတ်ပြည်က လှိုင်ဂူတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျွန်မကတော့ တရုတ်ပြည်မထဲက လှိုဏ်ဂူတွေထဲ ရောက်ဖူးခဲ့လို့ အဲဒီက ပညာရှင်တွေကိုခေါ်ပြီး ထမ့်စမ်းဂူကို ပြုပြင်လိုက်ချင်စိတ်တွေသာ ဖြစ်ပေါ်ခဲ့ပါတော့တယ် …. ဘုရားဖူးများအားလုံးကို သတ်သတ်လွတ် စတုဒီသာ ထမင်း ကျွေးမွေးပါတယ် … အဲဒီနေ့ကတော့ ထူးထူးခြားခြား ဘိုကိတ်ပဲလိုမျိုးပဲညိုညိုတွေကိုပြုတ်ပြီး သစ်ဥသစ်ဖုတွေရောပြီး မုန်ညင်းစိမ်းရွက်နဲနဲခပ်ထားတဲ့ အရည်ဟင်းတစ်မျိုးဖြစ်ပါတယ် … စားကြည့်တော့ အရသာထူးခြားကောင်းမွန်တာ တွေ့ရတယ် … ဓါတ်ပုံရိုက်ခဲ့ဖို့ မေ့သွားလို့ ပုံတောင်မပြနိုင်တော့ဘူး .. နောက်ဆုံး ၂ ပုံ အသစ်ထပ်ဖြည့်ထားပါတယ် ။


weiweiMarch 19, 20134min45315
…မွေတော်ကက္ကူဘုရားက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင် တည်ရှိပါတယ်။ တောင်ကြီးမြို့မှ မိုင် (၂၈) မိုင် ကွာဝေးပြီး ကားနဲ့သွားရင် တစ်နာရီကျော်လောက်ပဲ မောင်းရပါတယ်။ လမ်းတစ်လျှောက်စိမ်းစိုနေတဲ့စိုက်ခင်းတွေ၊ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေက စိတ်ကိုကြည်နူး လန်းဆန်းစေပါတယ်။ လမ်းတစ်လျှောက် ကြက်သွန်ဖြူ စိုက်ခင်းတွေကို တွေ့ရပါတယ်။ တောင်ကြီးကို သွားလည်တာ အခုတစ်ခေါက်ပါဆိုရင် (၄) ကြိမ်ရှိပြီဖြစ်ပေမယ့် မွေတော်ကက္ကူဘုရားကို အခုမှ ပထမဆုံးအကြိမ်သွားဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် ယခင်အခေါက်တွေတုန်းက မရောက်ဖြစ်ခဲ့ပါဘူး။ ရောက်ပြီဆိုတာနဲ့ စေတီအများကြီးတစ်စုတစ်ဝေးထဲတွေ့လိုက်ရလို့ တော်တော်အံ့ဩသွားပါတယ်။ တစ်နှစ်တွင် တန်ဆောင်မုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ပါတယ်။ ကျွန်မတို့ ကားရပ်လိုက်တာနဲ့ ဘုရားဘေးပတ်ဝန်းကျင်မှာ ညှို့ညှို့မှိုင်းမှိုင်းနဲ့ အုံ့အုံ့ဆိုင်းနေတဲ့ သစ်ပင်မြင့်မြင့်၊ အကြီးကြီးတွေနဲ့ ဈေးတန်းတွေက အေးချမ်းပြီး စည်ကားလို့နေပါတယ်။ ဘုရားစေတီတွေအများကြီးကို […]


weiweiMarch 19, 20135min23512
ပန်းမျိုးစုံ ပန်းရောင်စုံ မြင်မြင်သမျှ လျှောက်ရိုက်ခဲ့တယ်။ အတူခရီးသွားတဲ့သူတွေက ကျွန်မကို အထူးအဆန်းတစ်ယောက်လို ကြည့်ကြတယ်။ ဘုရားသေချာမဖူးပဲနဲ့ လမ်းဘေးက ပန်းကလေးတွေကို ဓါတ်ပုံရိုက်နေလို့ … ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပန်းကလေးတွေကို မြင်ရရင် စိတ်ချမ်းသာတယ် ..


weiweiMarch 18, 20133min47812
ဒီတစ်ခေါက် ရှမ်းပြည်ခရီးစဉ်မှာ ပန်းကလေးတွေကို ဓါတ်ပုံရိုက်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အေးမြတဲ့ရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်ဘက်က ပန်းကလေးတွေက လတ်ဆတ်လို့နေပါတယ်။ ပန်းအမျိုးအစား အများကြီးထဲမှာမှ kiss me ပန်းတွေကို အများဆုံးတွေ့ခဲ့ရတယ်။ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေထဲက လှမယ်ထင်တာလေးတွေရွေးပြီး တင်လိုက်ပါတယ်။ ပန်းကလေးတွေကြည့်ပြီး စိတ်အေးချမ်းကြည်နူးမှု ခံစားရပါစေလို့ ဆန္ဒပြုရင်း …..


weiweiMarch 15, 20133min36816
မတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းကို ခရီးထွက်ဖြစ်ခဲ့တယ်။ နေရာတစ်ခုချင်းစီကို ဓါတ်ပုံတွေနဲ့ပဲ ပြသွားပါ့မယ်။ ပထမဆုံးအနေနဲ့ မနက်အာရုံတက်ချိန် အင်းလေးကန် အလှနဲ့ စတင်မိတ်ဆက်လိုက်ချင်ပါတယ်။


weiweiMarch 6, 20131min21330
သီတင်းကျွတ်ပြီးကထဲက ဆောင်လိုက်ကြတဲ့မင်္ဂလာဆောင်တွေ အများကြီးပါပဲ။ အိမ်မှာဆိုရင် အဖေက မင်္ဂလာဆောင်သွားရတဲ့ တာဝန်ခံတစ်ယောက်ပေါ့။ ယောက်ျားလေးဆိုတော့ တော်ရုံတန်ရုံဝတ်စားပြီး သွားလိုက်လို့ရပေမယ့် မိန်းမတွေအတွက်က ဖီးလိမ်းပြင်ဆင် ဝတ်စားရတာနဲ့ သွားရတာနဲ့ မတန်တဲ့အတွက် အမေနဲ့ ကျွန်မကတော့ သိပ်ပြီးမရင်းနှီးရင် မသွားဖြစ်ဘူး။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အိမ်နီးနားချင်း ကောင်မလေးတစ်ယောက် ရွှေပုဇွန်မှာ မင်္ဂလာဆောင်တယ်။ ဆွေမျိုးသားချင်း အပေါင်းအသင်းနဲရတဲ့အထဲ ကောင်လေးကလဲ နယ်ကနေလာတာမို့လို့ နှစ်ဖက်ဆွေမျိုးပေါင်းရင်တောင် ဖိတ်စာ ၁၅ဝ အနိုင်နိုင်ဝေနေရတဲ့အနေအထားမို့လို့ ခန်းမမပြည့်မှာ စိုးရိမ်တဲ့ ကျွန်မ အဖေက အမေရော ကျွန်မကိုပါ အတူသွားရအောင်လို့ အဖော်စပ်ပါတယ်။ ကျွန်မတို့မိသားစု ၃ ယောက်အတူတူသွားခဲ့ကြတယ်။ အဖေက ကားမောင်းပို့တာမို့လို့ အသွားအပြန် အခက်အခဲမရှိပေါ့။ သာကေတက ရွှေပုဇွန်ကတော့ တနင်္ဂနွေနေ့မို့လို့ ထုံးစံအတိုင်း ကားရပ်စရာမရှိလောက်အောင် စည်ကားလို့နေပါတယ်။ […]