weiweiFebruary 25, 20131min60924
ဒီကနေ့ တပို့တွဲလပြည့်နေ့မှာ ထမနဲနဲ့ဆွမ်းတော်ကပ်ရအောင်လို့ မနေ့က အဖိတ်နေ့မှာ ထမနဲထိုးဖြစ်ပါတယ် … မိသားစုအားလုံး ဝဝလင်လင်စားရအောင် ကိုယ်တိုင်ထိုးကြမယ်ဆိုပြီး စီစဉ်ကြပါတယ်။ ကောက်ညှင်းဆန်တစ်ပြည်ထိုးမယ်ဆိုပြီး ထိုးနည်းတွေလေ့လာကြည့်တယ် … လုပ်တတ်တဲ့သူတွေကိုလဲ မေးကြည့်ပါတယ်။ ခပ်ဆင်ဆင်တွေပေမယ့် မတူကြတာတွေ့ရတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် လုပ်ချင်သလိုလုပ်မယ်စိတ်ကူးပြီး ကောက်ညှင်းဆန်ကို ၄ လုံးစီခွဲပြီး နည်းလမ်းတစ်မျိုးစီနဲ့ ၂ မျိုး စမ်းသပ်ကြည့်ပါတယ်။ ပထမနည်းလမ်း ကောက်ညှင်းဆန် (၄) လုံးအတွက် အုန်းသီးခပ်ရင့်ရင့်တစ်ခြမ်းစာကို ခြစ်ထားပါတယ်။ မြေပဲဆန် နို့ဆီဗူး တစ်ဗူးစာကို တစ်ဝက်ကို ခပ်ညက်ညက်ထောင်းပြီး တစ်ဝက်ကို လေးစိပ်ကွဲ ထောင်းပါတယ်။ နှမ်းအဖြူ + နှမ်းအနက် က နို့ဆီဗူး တစ်ဗူးစာပါ။ ဂျင်း ၁ဝ သားခန့်ကို အခွံနွှာပြီး အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးရပါတယ်။ ဆား […]


weiweiFebruary 12, 20133min45231
ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားကြမယ်ထင်ပါတယ်။ ညောင်တုန်းမှာ ချောင်းသားကမ်းခြေအတု ညောင်ချောင်းသာ ဆိုပြီး နံမည်ကြီးနေတာနဲ့ ဒီနေ့ ပြည်ထောင်စုနေ့မှာ အလုပ်ထဲက ဝန်ထမ်းတွေစုပြီး သွားလည်ကြတယ်။ ရန်ကုန်ကနေ ညောင်တုန်းအထိ တစ်နာရီခွဲလောက်သာ ကားစီးရတာမို့လို့ သွားရတာအဆင်ပြေပါတယ်။ ရန်ကုန်ဘက်ကလာတဲ့ ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်လက်တက်တစ်ခု ပေါင်းစုံတဲ့နေရာမှာ သဲသောင်ပြင်တစ်ခုဖြစ်နေပြီး အဲဒီနေရာမှာ ဆိုင်ခန်းတွေ၊ ကမ်းခြေနဲ့တူတဲ့ အပြင်အဆင်တွေနဲ့ ရေလာကစားကြတဲ့သူတွေနဲ့ အရမ်းစည်ကားနေပါတယ်။ ဓါတ်ပုံလေးတွေ အားပေးကြပါအုန်း ….


weiweiFebruary 7, 20134min900111
ကျွန်မတို့လူသားအားလုံး အာရုံ ၆ ပါးနှင့် မကင်းနိုင်ကြပါဘူး။ ကောင်းတဲ့အာရုံတွေ ခံစားချင်ကြတာလဲ လူ့သဘာဝပဲဖြစ်ပါတယ်။ မျက်စိဖြင့် ခံစားသိရှိနိုင်သော ရူပအရသာ၊ နားဖြင့်ခံစားနိုင်သော သောတအရသာ၊ နှာခေါင်းဖြင့် ခံစားနိုင်သော ဂန္ဓာအရသာ၊ လျှာဖြင့် ခံစားသိရှိနိုင်သော ဇိဝှာအရသာ၊ ကိုယ်ခန္ဓာဖြင့် ခံစားနိုင်သော ဖောဌဗ္ဗာအရသာတို့ကို နေ့စဉ်ခံစားရင်း ရှင်သန်လှုပ်ရှားနေကြပါတယ်။ နေ့စဉ် အသက်ရှင်ဖို့ စားသုံးနေကြသည့် အစားအသောက်များအတွက်လဲ ချို၊ ချဉ်၊ ဖန်၊ ငံ၊ စပ်၊ ခါး စသည့် အရသာမျိုးစုံကို မျှတအောင် စီမံချက်ပြုတ်ပြီး အရသာခံကာ စားသောက်ကြပါတယ်။ အများအားဖြင့် ရိုးရာအစဉ်အလာအတိုင်း ချက်ပြုတ်စားသောက်ခြင်းကို နှစ်သက်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ပြင်ပအစားအစာများကို မြည်းစမ်း စားကြည့်ရင်း ကြိုက်နှစ်သက်တာရှိသလို မနှစ်သက်တာလဲ ရှိကြပါတယ်။ ကျန်းမာရေးအတွက် ကြိုက်တာကိုမစားရပဲ မကြိုက်တာကို ဇွတ်မှိတ်စားရတာမျိုးလဲ […]


weiweiJanuary 23, 20131min30033
ကျွန်မတို့ အစိုးရဝန်ထမ်းလောကမှာ ပင်စင်ဆိုတာ ရှိပါတယ်။ အသက် ၆ဝ ပြည့်ရင် မဖြစ်မနေ ပင်စင်ယူကြရပါတယ်။ လုပ်သက် နှစ် ၃ဝ ရှိရင်လဲ ပင်စင်ယူချင်ရင် လုပ်သက်ပြည့်ပင်စင်ယူလို့ရပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေပါစေ အသက် ၆ဝ ပြည့်ရင်တော့ ပင်စင်ယူကြရပါပြပြီ။ ပင်စင်ယူသင့် မယူသင့် ဒွိဟဖြစ်ကြရတာကတော့ ပညာတတ်အရာရှိဝန်ထမ်းများဖြစ်ပါတယ်။ အသက် ၆ဝ ပြည့်သွားပေမယ့် လုပ်ငန်းလိုအပ်ချက်အရဆိုတဲ့ ခေါင်းစဉ်နဲ့ extension တစ်နှစ်ပြီးတစ်နှစ် တိုးယူရင်း ဆက်လုပ်လေ့ရှိကြပါတယ်။ ပညာရေး ခါးဆက်ပြတ်မှုတွေကြောင့် လက်ရှိအသက်ပြည့်နေတဲ့ လူကြီးတွေက လုပ်ငန်းအတွေ့အကြုံ လုပ်သက်အတွေ့အကြုံတွေကြောင့် မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ရှိနေကြပါတယ်။ ကျွန်မအလုပ်လုပ်ရတဲ့ ဌာနမှာ ဌာနမှူးက နောက် ၃ လ ဆိုရင် အသက် ၆ဝ ပြည့်ပါပြီ။ ပင်စင်ယူရတော့မယ်။ ကျွန်မတို့အားလုံးစိတ်ဝင်စားနေကြတာက […]


weiweiJanuary 8, 20135min42432
ငယ်ငယ်တုန်းက ကျိုက်ထီးရိုးသွားရမယ်ဆိုရင် အရမ်းပျော်ခဲ့တယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ တောင်တက် တောင်ဆင်းလုပ်ရတဲ့ အရသာက ကျိုက်ထီးရိုးဘုရားဖူးရဲ့ ထူးခြားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဖူးမျှော်ရတာကိုက တန်ဖိုးရှိပြီး ထူးခြားလှပါတယ်။ တောင်တက်ကားလမ်းဖောက်ပြီးနောက်ပိုင်း အလွယ်တကူ ကားနဲ့သာ အတက်အဆင်းလုပ်ခဲ့တာကြောင့် အရင်က အရသာတွေ မေ့တေ့တေ့တောင်ဖြစ်နေခဲ့ပါပြီ။ ဒီတစ်ခေါက်တော့ အတက်ပဲဖြစ်ဖြစ် အဆင်းပဲဖြစ်ဖြစ် ခြေလျှင်တက် ဆင်းချင်တဲ့ဆန္ဒပြင်းပြနေမိတယ်။ လူကြီးတွေနဲ့သွားရင် ဘယ်တော့မှ အဖော်စပ်လို့မရတဲ့ တောင်တက်တောင်ဆင်းကို အခုတစ်ခါတော့ အလုပ်ထဲကလူငယ်တွေကို အဖော်စပ်ပြီး ၈ ယောက်တစ်ဖွဲ့ သွားကြပါတယ်။ နေ့ခြင်းပြန်သာ အချိန်ရတာမို့လို့ အချိန်ကိုငဲ့ညှာပြီး တောင်တက်ကို ကားနဲ့တက်ပြီး တောင်ဆင်းကိုမှ ခြေထောက်နဲ့ဆင်းကြမယ်လို့ ဆုံးဖြတ်ပြီး ခရီးစဉ်တစ်ခု ဆွဲခဲ့လိုက်တယ်။ ည ၂ နာရီခွဲ ရန်ကုန်ကနေထွက်လိုက်တာ မနက် ၆ နာရီ […]


weiweiNovember 22, 20121min33023
တန်ဆောင်းမုန်းလမှာ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုတ်အကြောင်း ရေးတာ ဖတ်ရတော့ ဒီအပါတ် ဓါတ်ပုံရိုက်ဖြစ်ခဲ့တဲ့ ပွေးကိုင်း မယ်ဇလီပင်များကို သတိရမိတာနဲ့ မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင် တင်လိုက်ပါတယ်။ ဆောင်းရာသီဝင်ပြီဆိုတာနဲ့ ပွေးကိုင်းပန်းလေးတွေ ပွင့်လာတာ မြင်တွေ့ရပါတယ်။ ဘယ်သူမှလဲ မစိုက်ပဲနဲ့ အလေ့ကျပေါက်တဲ့အပင်များဖြစ်ပါတယ်။ ပန်းပွင့်ကို မန်ကျီးသီးနဲ့ရောပြုတ်ပြီး တို့စရာအဖြစ်စားကြတယ် … ဒီအတိုင်းပြုတ်ပြီးလဲ သုတ်စားကြပါတယ် … ဝမ်းနှုတ်ဆေးအနေနဲ့ အသုံးဝင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ တခြား အသုံးဝင်တာရှိရင်လဲ ဖော်ပြပေးစေလိုပါတယ် ….


weiweiNovember 14, 20121min34119
ဆနွင်းမကင်းလို့ဆိုလိုက်တာနဲ့ သိပ်ခက်မှာပဲ .. ပင်ပန်းမှာပဲလို့ပဲ ထင်ကြပါတယ်။ မြန်မာအလှူပွဲတွေမှာ ရိုးရာမုန့်တစ်မျိုးအနေနဲ့ မပါမဖြစ်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ အိမ်မှာ ဒီအတိုင်း မုန့်လုပ်စားတဲ့ သွားရေစာအနေနဲ့ လုပ်စားလေ့မရှိကြဘူး။ သိပ်ခက်တယ်လို့ ထင်ကြတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မကတော့ အလွယ်ဆုံးနည်းလမ်းသုံးပြီး အိမ်မှာ လုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါ လုပ်နည်းရေးရင်း အမြည်းကျွေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေကြည်မှုန့် …… ၂ဝ ကျပ်သား သကြား …… ၂ဝ ကျပ်သား အုန်းသီးရည်နှင့်ရေအရော စုစုပေါင်း ၇၅ဝ မီလီလီတာ (၃ ခွက်စာ) ဆီ ……. ၅ ကျပ်သားခန့် ထောပတ် ……. ထမင်းစားဇွန်း ၃ ဇွန်း ဆား ……. လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒူးရင်းသီး …… […]


weiweiOctober 11, 20121min31823
ဒီနေ့ကြုံတွေ့ခဲ့ရသည့် ရင်မောစရာ အဖြစ်အပျက်လေးတစ်ခုကို စိတ်ထဲကနေ ထုတ်မရဖြစ်နေတာမို့ ရွာထဲကလူတွေကို မျှဝေရင်း အကြံကောင်း ဉာဏ်ကောင်းများနဲ့ မတူညီသောအတွေးတွေကို သိချင်လာတာမို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီလိုပါ … ဒီနေ့နေ့လည် ထမင်းစားချိန်မှာ ကိစ္စတစ်ခုရှိတာမို့ ရုံးအပြင်ကို ခဏထွက်လာခဲ့ပါတယ်။ ရုံးအပေါက်ကနေ ကားလမ်းမပေါ်ကို ခဏလောက်လမ်းလျှောက်ရမှာမို့ ခပ်သုတ်သုတ်လျှောက်လာတုန်း အနောက်ကနေ ကလေးအသံတစ်သံကို ကြားလိုက်ပါတယ်။ ” အန်တီ … အန်တီ ” နဲနဲတော့ အံ့ဩသွားတယ်။ ဒီပတ်ဝန်းကျင်မှာ ကလေးအသိတစ်ယောက်မှ မရှိဘူးဆိုတော့ ဘာဖြစ်လို့များပါလိမ့်ပေါ့။ လှည့်ကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်ဖြစ်နေတယ်။ အသက် ၈ နှစ်လောက်အရွယ် ကျောင်းဝတ်စုံ ဖရုံဖရဲနဲ့ လွယ်အိပ်အဟောင်းတစ်လုံးကို လွယ်ထားတယ်။ ခြေထောက်မှာ ဖိနပ်မပါဘူး။ ဒီကလေးမလေးကို ကျွန်မမသိပေမယ့် သူတို့အကြောင်းကို အနဲအကျဉ်းသိပါတယ်။ ကျွန်မအလုပ်လုပ်တဲ့ ရုံးနဲ့ကပ်လျက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ […]


weiweiSeptember 13, 20121min23326
မနေ့က ရန်ကုန်မြို့ ဆည်းဆာအချိန် တိန်တောက်ချိန်လေးပါ … ဘာရယ်မဟုတ် ကိုပေါက်ကို အားကျပြီး လှမ်းရိုက်ထားလိုက်မိတာ … မိုးရာသီ ရန်ကုန် ညနေဆည်းဆာအချိန်တွေက အရမ်းလှပါတယ်။ မနေ့ကညနေက အရှေ့ဘက်အရပ်မှာ သက်တန့်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်သူ ရန်ကုန်သားများကတော့ သဘာဝတရားရဲ့ အလှကိုတောင် သတိမထားနိုင်လောက်အောင် လှုပ်ရှားရုန်းကန်နေရဆဲအချိန်ပါပဲ … သတိမထားမိသူတွေရော … အဝေးရောက် ရန်ကုန်သူ ရန်ကုန်သားများ အလွမ်းပြေကြည့်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။


weiweiSeptember 13, 20121min35419
မျှစ်ကို အစိမ်းအတိုင်း ငပိစိမ်းစားနဲ့ အစပ်ချက်စားလေ့ရှိတဲ့ ရခိုင်အကြိုက်ဟင်းတစ်မျိုးဖြစ်ပါတယ်။ ဟင်းချက်နည်းကို အသေးစိတ်မရေးတော့ပဲ ဟင်းတစ်ခုအနေနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ မိုးရာသီမှာမှ ဝယ်လို့ရတဲ့ မျှစ်အနုလေးတွေကို ပုဇွန်၊ ငရုတ်သီး၊ ငပိစိမ်းစားတို့နဲ့ ရခိုင်စတိုင် ခပ်စပ်စပ်ချက်တဲ့ဟင်းက မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ်။ မျှစ်အရသာကို ပကတိအတိုင်း ခံစားလို့ရတာမို့ မျှစ်ကြိုက်တဲ့သူတွေ ချက်စားလို့ရအောင် မိုးရာသီမကုန်ခင် ကြော်ငြာပေးလိုက်ခြင်းဖြစ်ပါတယ် … မျှစ်ကို ရခိုင်လို ဝါးတုတ်လို့ခေါ်ပါတယ်။ ဝါးတုတ်ဟင်းပေါ့ … အဝိုင်းသေးသေးလေးတွေလှီးပြီး ရေစိမ်ထားလိုက်ပါတယ်။ ကြက်သွန် အဖြူအနီ ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ပြီးတော့ ငရုတ်သီးအစိမ်းမှုန့်ထည့်တယ်။ ပုဇွန်ထည့်တယ်။ ရေဖျော်ထားတဲ့ရခိုင်ငပိစိမ်းစားနဲနဲထည့်တယ်။ စပ်ချင်လို့ ငရုတ်သီးစိမ်းကိုလဲ ထောင်းထည့်လိုက်ပါတယ်။ ခဏလောက် ပုဇွန်ကျက်အောင်လုပ်ပြီး မျှစ်တွေကိုထည့်ချက်ပါတယ်။ မျှစ်က အစိမ်းမို့လို့ နူးသွားအောင် ရေနဲနဲထည့်ပြီး အဖုံးပိတ်ကာ မိနစ် ၂ဝ […]


weiweiSeptember 11, 20121min45329
အော်ကေ့ကြည့်မုန့်ကို ငယ်ငယ်လေးထဲက ကြိုက်နှစ်သက်ပါတယ် … တရုတ်တန်းဘက်မှာ မကြော်ရသေးတဲ့ ပေါင်းပြီးသားမုန့်ကိုဝယ်ပြီး အိမ်ရောက်မှ ကြော်စားလေ့ရှိပါတယ် … ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ်လို့ တစ်ခါမှ မစဉ်းစားဖြစ်ခဲ့ဘူး။ အခုတလော ဈေးပတ်ဝန်းကျင်မှာ ရွှေဖရုံသီးနဲ့လုပ်တဲ့ အော်ကေ့ကြည့်ကို တွေ့နေရတော့ မုန်လာဥနဲ့လုပ်တဲ့အရသာကို ပိုကြိုက်တဲ့အတွက် မုန်လာဥနဲ့လုပ်စားကြည့်ချင်စိတ်ပေါ်လာပြီး ဘယ်လိုလုပ်ရမလဲလို့ ချက်နည်းပြုတ်နည်းစာအုပ်တွေမှာရှာကြည့်မိတယ်။ သိပ်လွယ်တဲ့ နည်းလေးမို့ ကျွန်မကိုယ်တိုင် လုပ်စားရင်း နည်းလမ်းမျှဝေပေးလိုက်ပါတယ် … ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ ဆန်မှုန့် (မွှေးဆန်မှုန့်) တစ်ထုပ် ကော်မှုန့် …… ဟင်းခတ်ဇွန်း ၅ ဇွန်းမောက်မောက် မုန်လာဥ …… အစည်းသေးတစ်စည်း (၁၅ ကျပ်သားခန့်) ဆား ……… လက်ဖက်ရည်ဇွန်း ၂ ဇွန်း သကြား …… လက်ဖက်ရည်ဇွန်း ၁ ဇွန်း […]


weiweiAugust 27, 20121min58626
အခုတလော မိုးအေးအေးမို့ ဟင်းချိုဟင်းပူပူ ချက်သောက်ဖြစ်လေ့ရှိပါတယ်။ ကိုးရီးယားဇာတ်ကားတွေမှာ ရွှေဖရုံသီးဆန်ပြုတ်လို့ ခေါ်တဲ့ ဟင်းရည်တစ်ခုကို စမ်းသပ်ကြည့်ချင်တာနဲ့ စမ်းချက်ကြည့်ဖြစ်တယ်။ အရသာ အထူးကောင်းမွန်ပြီး အရမ်းသောက်လို့ကောင်းပါတယ်။ တရုတ်လူမျိုးတွေ နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးလဲဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေဖရုံသီး အလုံးခပ်သေးသေးတစ်လုံး၏ တစ်ခြမ်းတိတိ အသားပြုတ်ရည် ဝ.၅ လီတာ ကြက်သွန်ဖြူ အမွှာကြီးကြီး ၂ မွှာ ဆား အနည်းငယ် ချက်ပြုတ်ပုံအဆင့်ဆင့် ဖရုံသီးကို အခွံခွာပြီး ဂျစ်တစ်ခုဖြင့် ခြစ်ပစ်လိုက်ပါတယ်။ မုန်လာဥနီသုတ်ရင်ခြစ်တဲ့ဂျစ်ကို အသုံးပြုလိုက်တယ်။ အသားပြုတ်ရည်ထဲကို ကြက်သွန်ဖြူထောင်းထည့်ပြီး ပွက်ပွက်ဆူထဲကို ဖရုံသီးခြစ်ပြီးသားထည့်ပြီး ယောင်းမတစ်ခုဖြင့် စိတ်ရှည်ရှည် ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ဆားထည့်ပြီး အရသာမြည်းပြီးလျှင် သောက်လို့ရပါပြီ။ နဂိုအချိုဓါတ်ပါပြီးသားမို့ ဟင်းချိုမှုန့်ထည့်စရာမလိုပါဘူး။ ဖရုံသီးအနံ့ပျောက်သည်အထိ စိတ်ရှည်ဖို့တော့ လိုပါတယ်။


weiweiAugust 20, 20121min31527
အခုတလော ဈေးထဲမှာ ဂေါ်ရခါးသီးတွေ ပေါများနေပါတယ် … ဈေးသက်သာပြီး လတ်ဆတ်ချိုမြိန်တဲ့ ဂေါ်ရသီးကို ငါးပေါင်းကြော်အကြွပ်ကြော်ပြီး အချဉ်ရည်နဲံ့တို့စားရင် မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ် …. ကျွန်မကတော့ အလွယ်ဆုံးစတိုင်နဲ့ ဂေါ်ရခါးသီးကို အကြွပ်ကြော်စားလေ့ရှိတယ် … လုပ်နည်းကတော့ …. ဂေါ်ရခါးသီး ခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီးရေစင်အောင်ဆေးပြီးနောက် အချောင်းအရှည်သေးသေးလေးတွေဖြစ်အောင် လှီးပါတယ် … ရွှေလိပ်ပြာ (သို့မဟုတ်) တန်ပူရာမှုန့် တစ်ထုပ်၊ ဆားနဲ့ ရေအနဲငယ်ဖြင့် ရောနယ်လိုက်ပါတယ် … ဆီအိုးထဲမှာ ဆီပူအောင်ထည့်ပြီး (ဆီများလေ ပိုကောင်းလေ)အရောင်လှအောင် ဆနွင်းမှုန့်နဲနဲထည့်ပါတယ်။ အပြားလေးတွေဖြစ်အောင်လုပ်ပြီး ထည့်ကြော်လိုက်ပါတယ် … ပူတုန်းလေးစားရင် ကြွပ်ရွနေပြီး လတ်ဆတ်တဲ့ ဂေါ်ရခါးသီးအရသာကို ခံစားရမှဖြစ်ပါတယ် … အကြော်နဲ့တွဲစားမယ့် အချဉ်ရည်ကိုတော့ လုပ်နည်းပဲ ရေးပေးတော့မယ်နော် … မနေ့က ကန်စွန်းရွက်ချဉ်ရေနဲ့ […]