whiteDecember 7, 20101min591
ဒါကတော့ life time calendar ပြက္ခဒိန်လေးပါ။ ref; လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့နှစ်တွေရဲ့ ရက်စွဲတွေကို အလွယ်တကူ ပြန်ကြည့်နိုင်အောင် အဆင်ပြေလှပါတယ်။ 1900-2078 ခုနှစ်အထိ နေ့ရက်အလိုက် ပြန်ကြည့်လို့ ရပါတယ်။ လိုချင်ရင်တော့ အောက်ကလင့်ခ်မှာ download လုပ်ယူလိုက်ပါ။ link:    : http://www.mediafire.com/?0ddva00znxf0b9u#2


whiteDecember 4, 20101min470
ဒီဇင်ဘာ (၂) ရက်နေ့က  ဟနွိုင်းမြို့မှာ ကျင်းပတဲ့ AFF Suzuki Cup အဖွင့်ပွဲစဉ်မှာ ဗီယက်နမ် အသင်းက မြန်မာ အသင်းကို ၇-၁ ဂိုး ဖြင့် အနိုင်ရသွားကြောင်း ကမ္ဘာ့ မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ အဆိုပါ ရလာဒ်ကို Asean Football Federation က ဒီနေ့ ပြန်လည် ပြင်ဆင် သတ်မှတ်လိုက်ပြီး မြန်မာက ဗီယက်နမ်ကို အနိုင်ရရှိသွားတယ်လို့ ကြေညာချက် အသစ် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။ အဲဒီ ပြန်လည် ပြင်ဆင်တဲ့ သတင်းနဲ့ ပတ်သက်လို့ ပြည်သူတစ်ဦးက စီဘောက်တစ်ခုမှာ အခုလို အတည်ပြု ပြောကြားသွားတဲ့အတွက် BS News က ကူးယူဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။ “မနေ့က ၇-၁ နဲ့ မြန်မာအသင်း ဗီယက်နမ်ကို ရှုံးသွားတယ်ဆိုတာ […]


whiteNovember 30, 20101min1057
ကဲ ……. ဆေးလိပ်၊ စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ အပြောခံနေရသူတွေအတွက် …….. ဆေးလိပ်နဲ့ စီးကရက်ကို ဗူးလိုက်အားပေးရလောက်အောင် အရမ်းကြိုက်တဲ့ လူကြီး၊ လူငယ်တွေအတွက် …….. ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ (နောင်အခါ သူများမေးရင် ဖြေနိုင်အောင်လို့ပါ။) (၁) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်ခြင်းဖြင့် သင်ဟာ အိုခြင်း၊ နာခြင်း ကင်းပါတယ်။ (၂) လူ့အသိုင်းအဝိုင်းကြားထဲမှာ သင့်ကို လူရှိန်စေပါတယ်။ (၃) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်သူရဲ့အိမ်ဟာ သူခိုး ခိုးခံရတဲ့ဘေးမှ လွတ်ကင်းစေပါတယ်။ ဘာကြောင့်လဲဆိုတာ သိခဲ့ရင် comments များနဲ့ ဖြေပေးကြပါလို့ …………. ။


whiteNovember 26, 20101min862
(၁) ယခုလ နိုဝင်ဘာလ( ၁၃) ရက်နေ့မှာ ပြည်သူလူထုရဲ့  ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုလွတ်မြောက်ချိန်အထိ (၇) နှစ်နှင့် (၆) လကြာ ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ (၂) လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း နေအိမ်မှာ ၁၅ နှစ်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဩဇာလွမ်းမိုးမှုကို ထိန်းထားနိုင်စွမ်း ရှိနေခဲ့ပါတယ်။  မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ပြယုဂ် တခုအဖြစ် ရှိနေသေးတယ်ဆိုတာ ရှင်းလင်းတဲ့အချက် ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်ကို ဒီမိုကရေစီ […]


whiteNovember 24, 20101min460
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးက အမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို “ကောင်လေး ဘုရားသခင်ကို စာတစ်စောင် ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်”လို့ပြောလိုက်တယ်။ ဒါနဲ့ ကောင်လေးကဘုရားသခင်ထံ စာရေးတော့တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီး လုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ” လို့ ရေးလိုက်တယ်။ ကောင်လေးက စာကိုရေးပြီး ပြန်ဖတ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။ “ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေ လုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ […]


whiteNovember 23, 20101min10512
နိုဝင်ဘာ (၂၃) ရက်နေ့သတင်းတို အမျိုးသားအဆင့် အဖြစ် စတင်လိုက်သော ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်တွင် ဟက်ကာများက ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို မကြာသေးမီက တင်သွားပြီးနောက် ယခုအခါ အဆိုပါဆိုဒ်မှာ လုံးဝ ပိတ်သွားသည်ကို တွေ့ရသည်။ ပြည်တွင်း အင်တာနက် လုံခြုံရေးကွန်ရက်အတွက် အမေရိကန် ဒေါ်လာ ၈ သန်း အကုန်အကျ ခံထားရကြောင်း၊ စစ်အစိုးရ ထိန်းချုပ်ထားသည့် ပြည်တွင်း ဆာဗာများ DDoS ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂ဝ ဖိုးခန့် ဆုံးရှုံးနစ်နာနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ အမျိုးသားအဆင့် ဝက်ဘ်ပေါ်တယ် … ဝိုင်မေးလ်လုပ်မယ် … ဝိုင်တော့ခ် လုပ်မယ် ဘာညာ ကြွေးကြော်ပြီးသကာလ တလကျော် ကြာအောင် တိုက်ခိုက်ခံနေရပါတယ်ဆိုတဲ့ […]


whiteNovember 20, 20101min1005
ဒီကဗျာလေးက fwd mail ကနေ ဒီနေ့ ရောက်လာခဲ့တာပါ။ ရေးတဲ့ ကဗျာဆရာကတော့ ကမာ္ဘစိုးမင်းပါ။


whiteNovember 18, 20101min19012
နွားခြံတစ်ခုမှာပေါ့ နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀ဝ ရှိတာပေါ့ ……… နွားသိုး ၃ကောင်က ခွဲတမ်းနဲ့ နွားမတွေကို ပိုင်ကြတယ်။ အကြီးဆုံးကောင်က ၅ဝ ပိုင်တယ်၊ အလတ်ကောင်က ၃၀၊ အငယ်ဆုံးကောင်က ၂ဝ ပေါ့။ တစ်နေ့မှာ ခြံရှင်က နွားပေါက်နှုန်းနည်းလို့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့ …… နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး။ သူတိုရဲ့  နွားမတွေခွဲပေးရမှာဆိုတော့ ……. သူတို ၃ ကောင် တိုင်ပင်တာပေါ့။ အကြီးဆုံးကောင်က စပြီးပြောတယ်၊ ” ငါကတော့ တစ်ကောင်မှ မခွဲပေးနိုင်ဘူးကွ ” အလတ်ကောင်ကလည်း “ငါလည်းမပေးနိုင်ဘူး” ဒေါသတွေ ထွက်နေကြတာပေါ့ ၃ ကောင်စလုံး….. ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်က ရောက်လာရော။ ၁ဝ […]


whiteNovember 11, 20101min640
မနေ့ညက ကျွန်တော်အလုပ်ကပြန်ရောက်ပြီး သိပ်မကြာခင်အချိန်မှာဘဲ မောင်ပုံရောက်လာပါတယ်။ “ဟေ့ ……. မောင်ပုံ…….. ဘာဖြစ်လာတာလဲကွ။ မင်း ကြည့်ရတာ မလန်းလိုက်တာကွာ” ကျွန်တော်က လှမ်းမေးလိုက်တဲ့အခါမှာ “ကိုုဖြူလေးရေ …… ကျွန်တော်ဒီနေ့မနက်ပိုင်းက အချိန်အားတာနဲ့ အင်တာနက်ဆိုင်ရောက်သွားတော့ ဖွင့်ကြည့်မိတဲ့ websites တွေနဲ့ ကြားရတဲ့ သတင်းတွေနဲ့ ပေါင်းစပ်ပြီး တွေးကြည့်တော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းနေတယ်ဗျ။” “ဆိုစမ်းပါဦးကွ …….. ဘာတွေဖြစ်လို့လဲ ဆိုတာကို” “ကိုဖြူလေးလဲ သိမှာပါဗျာ ……… ကြိုတင်မဲကိစ္စနဲ့ အခုကြံ့ဖွံ့ နိုင်သွားပြီလေဗျာ။ ရာခိုင်နှုန်းက 80 တဲ့ဗျ။” “ဟုတ်လား ……. ဒါဆို လူတွေတော့ ကြံ့ဖွံ့တွေ မတရား ဗိုလ်ကျစိုးမိုးတာ ခံရတော့မှာပေါ့။ “နေပါဦးကွ……ကြိုတင်မဲတွေနဲ့ ဘယ်လိုနိုင်သွားတာလဲဆိုတာ ပြောပြစမ်းပါဦး။” “ကျွန်တော်ဖတ်ရတဲ့ websites တွေမှာ သူတို့တွေရဲ့ […]


whiteNovember 10, 20101min14917
ဖြစ်ရပ် (၁) ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ င့ါသား … ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။ ရှေ့မှာ အိမ်ကို မြင်နေရပြီ။ အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း […]


whiteNovember 9, 20101min27512
ဒီနေ့က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သော ကျွန်တော့်အတွက် အားလပ်ရက်တစ်ရက်ပါ။ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ အိမ်မှာပဲ အေးဆေးနေဖို့ စိတ်ကူးထားတယ်လေ။ ရာသီဥတုကလည်း ပူပြင်းလွန်းတာကြောင့် အပြင်လည်း မထွက်ချင်တော့ပါ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့စာအုပ်တစ်အုပ်ကို ယူပြီး အိမ်ရှေ့က သစ်ပင်အရိပ်အောက် ပက်လက်ကုလားထိုင်လေးဆီမှာ စာဖတ်ရင်း အနားယူနေမိတယ်။ အဲဒီအချိန်မှာပဲ တစ်လမ်းတည်းမှာနေတဲ့ မောင်ပုံ ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။ သူက အသက် (၂၃) နှစ်ကျာ်လောက်ရှိတဲ့ ဘွဲ့ရ လူငယ်လေးတစ်ဦးပါ။ သူ့မိဘတွေက ငွေကြေး အနည်းငယ်ပြည့်စုံတဲ့အတွက် သူ့အတွက်တော့ ဘဝက အပူအပင်ကင်းလှပါတယ်။ “ကိုဖြူလေး ……. ဒီနေ့တော့ အေးဆေးဇိမ်ကျနေတယ်ပေါ့၊” “ဟားဟား ……မောင်ပုံ၊ မင်းကတော့ ပြောလိုက်မှဖြင့် ကောင်းရောကွာ။ ဒီနေ့တစ်ရက်က ငါတို့လိုဝန်ထမ်းတွေ အနားရတဲ့ နေ့လေကွာ။ ဇိမ်ကျတယ်လို့တော့ မပြောနိုင်လောက်ဘူး ထင်တယ်နော်။” “အေးဗျာ […]


whiteNovember 2, 20101min29118
ကျွန်တော့်ရဲ့ nickname က white ပါ။ post တစ်ခုတင်ဖို့အတွက် ကျွန်တော့်ရဲ့ အခက်အခဲကို gazette ထဲမှ  သူငယ်ချင်းများ တတ်နိုင်ရင် ဖြေရှင်းပေးစေချင်ပါတယ်။  ဘာကြောင့်လဲဆိုတော့ လောလောဆယ်က gazette ထဲမှာ မြန်မာစာ ရိုက်လို့မရတော့တဲ့ အတွက်ပါ။ စာရေးရင်းနဲ စကားလုံးမှားခဲ့ရင် တော်တော်လေးပြင်ရတာ ကြာလို့ပါ။ တိုက်ရိုက် စာရိုက်ထည့်လို့မရတဲ့အတွက် comment ရေးဖို့တောင် (၂)ဆင့် သုံးနေရပါတယ်။ gtalk နဲ့ အခြားနေရာတွေမှာတော့ မြန်မာစာကို ရိုက်လို့ ရပါတယ်။ အခုတောင် word မှာ စာရိုက်ပြီး copy-paste လုပ်ပြီး ဒီမှာ post အနေနဲ့ တင်တာပါ။ ကျေးဇူးပြုပြီး ဝိုင်းပြီး ဖြေရှင်းပေးကြပါဦးဗျာ ………….. ။