whiteOctober 28, 20101min1588
(၁) (21.10.10) နေ့တွင် နိုင်ငံတော် အလံသစ်ကို နေပြည်တော် ဝန်ကြီးဌာနများနှင့် ရန်ကုန်မြို့တော်ခန်းမ အပါအဝင် တစ်နိုင်ငံလုံးတွင် လွှင့်တင်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် နိုင်ငံလူဦးရေဧ။် လေးပုံသုံးပုံခန့်မှာ ထိုသတင်းကို မသိရှိကြသေးကြောင်း ကြားသိရခြင်း။ (၂) အဘယ့်ကြောင့် ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံပိုင်သတင်းစာများကို ပြည်သူလူထု ဖတ်ရှုလေ့လာမှုနည်းပါး သောကြောင့် လည်းကောင်း၊ သတင်းအမှန်များကို များသောအားဖြင့် အမှောင်ချထားသဖြင့် စိတ်မဝင်စား သောကြောင့်လည်းကောင်း၊ ပြည်သူအများမှာ တီဗီမှ နေ့စဉ်ပြသပေးနေသည့် ကိုရီးယားဇာတ်ကားများအပြီး သတင်းလာချိန်တွင် ပိတ်ထားသောကြောင့် ဖြစ်နိုင်ကြောင်း ကြားသိရခြင်း။ (၃) ထိုသတင်းကို ကြားသိပြီးသူအများစုမှာလည်း နိုင်ငံတော် အလံသစ်ကို ထင်မြင်ချက်အမျိုးမျိုးပေးနေကြ ကြောင်း၊ အထူးသဖြင့် gazette ထဲတွင် စာဖတ်သူများဧ။် comments များဖြင့် အလံသစ်ကို ထင်မြင်ချက်ပေး ကြခြင်းမှာ လွန်စွာ […]


whiteOctober 22, 20101min630
ဆိုင်ခွဲ သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။ လူတစ်ယောက်က ထိုဦးထုပ်ထဲကို ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေး၏။ “ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကိုး၊ ဒီဦးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း” “ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။ ရိုးရိုးလေးတွေးကြပါဗျာ တစ်ခါတုန်းက အမျိုးသမီးနှစ်ယောက် ဟာနိုက်ကလပ်တစ်ခုကို သွားကြသတဲ့ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဘီယာတွေ ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ အခမဲ့သောက်သုံးခွင့်ပေးတာနှင့် ကြုံနေပါရော…။ဒါနဲ့ အမုန်းကဲပြီး အပီသောက်လိုက် ကြပါသတဲ့ မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ ရှုးရှုးပေါက်ချင်စိတ်က တားမရဆီးမရဖြစ်ပါလေရော..။ ဒါနဲ့ ဘေးဘီကိုကြည့်လိုက်တော့ သချိုင်းတစ်ခုတွေ့ပါသတဲ့။ ပထမအမျိုးသမီး။      ။ဒီထဲမှာလူရှင်းတယ် ဝင်ပေါက်လိုက်ကြရအောင်…။ ဒုတိယအမျိုးသမီး။    ။ကြာသလားလို့လုပ်လိုက်လေ…။ အဲဒီလိုန့ […]


whiteOctober 20, 20101min480
I have one Your father has one Your mother uses your father’s one And your auntie uses your uncle’s one A married lady would acquire one But a divorced lady would lose her one Arnold Schwarzenneger has a longer one Michael J. Fox has a shorter one Madonna doesn’t have one The Chinese usually have […]


whiteOctober 20, 20101min580
တစ်ခါတစ်လေ ကျတော့ တချို့အရာတွေက ကိုယ့်နားနဲ့ ဆတ်ဆတ် ကြားလိုက် ရတာတောင်မှ အမှန်လို့ ယူဆလို့ မရဘူး။ တကယ်ကို ဒီလို ကြားလိုက်ပါတယ် ဆိုတာတောင်မှ မှားချင်လည်း မှားနေနိုင်တယ်။ ဘာလို့လည်း ဆိုတော့ အဖြစ်အပျက်လေး တစ်ခုက ဒီလို ပြောတယ်။ တစ်ခါက . . . မြန်မာနိုုင်ငံကို လာလည်တဲ့ နိုင်ငံခြားသား တစ်ယောက်က သူ့ရဲ့ လမ်းပြ အဖော်နဲ့ ရွှေတိဂုံဘုရားကို သွားလေ့လာပြီး အရှေ့ဘက် မုခ်ကနေ ဆင်းလာခဲ့တယ်။ ပြီးတော့ နောက်တစ်နေရာကို စိတ်ကူးပေါက်တဲ့ အတိုင်း လမ်းလျှောက်ပြီး သွားနေတုန်း တစ်နေရာ အရောက်မှာ ဒီနိုင်ငံခြားသားရဲ့ နှာခေါင်းထဲကို အမွှေးနံ့တစ်ခု ဝင်လာတယ်။ သူ ဘေးပတ်လည်ကို ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ တဲလေးထိုးပြီး […]


whiteOctober 20, 20101min530
တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက မကူးရတာလဲ ” “ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ” “မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ” “ ရှာမတွေ့ ရတာနဲ့ ကူးရောလား ” “ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့ ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ […]


whiteOctober 20, 20101min2318
ကျွန်တော်ဒီနေ့ အလုပ်သွားဖို့ အိမ်ကထွက်လာတယ်။ ကားဂိတ်မှာ ကားစောင့်ရင်း တွေ့လိုက်ရတဲ့ သူတစ်ဦးကြောင့် မှင်တက်မိသွားရတယ်ဗျာ။ စကတ်ကို ပေါင်လယ်လောက်အထိ ခပ်တိုတိုဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်၊ ဝတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိ၊ မြင်ရတဲ့သူကတော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်လောက်တယ်။  ခက်တယ်ဗျာ။ ခေတ်ကြီးက ဒီရေလို တခဏခြင်း ပြောင်းသွားပြီလား။ မသိတော့ပါဘူးဗျာ။ တွေးစရာတော့ ဖြစ်နေပြီ။ ဟိုးအရင်လို မိန်းခလေးဆိုရင် ရိုးရိုးယဉ်ယဉ်တွေ့ရဖို့ ဆိုတာ လိုက်ရှာရမလို ဖြစ်လာပြီ။ ခေတ်စနစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကို လက်ခံနိုင်ပေမယ့် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စားဆင်ယင်မှုက ကြည့်မြင်ရသူတွေအတွက် ယိုသူမရှက် မြင်သူရှက် ဖြစ်ရတာတော့ ခက်ပါတယ်။ ဒါတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့ လူ့သဘော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့  မိမိရဲ့ ကိုယ်ပိုင် နေထိုင်မှုစရိုက်ပေါ်မှာ မူတည်မယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ […]


whiteOctober 15, 20101min821
ကျွန်တော်ငယ်ငယ်က မှတ်သားဖူးခဲ့တဲ့ ဟာသလေးပါ။ သတိတရ ရှိနေခဲ့လို့ အခုချိန်ထိ မမေ့သေးတဲ့အတွက် ပြန်ပြီး ပြောပြချင်ပါတယ်။ တစ်ခါက သူခိုးတစ်ယောက်ရှိတယ်။ ခိုးတဲ့နေရာမှာ ကျွမ်းကျင်တော့ တော်ရုံလူတွေက သူ့ကို ဖမ်းမမိသေးတဲ့အချိန်ပေါ့။ သူက ခိုးမယ်လို့ စိတ်ကူးတဲ့အိမ်ကို သေချာလေ့လာပြီးမှ ဝင်ခိုးလေ့ရှိတယ်။ သူ့မှာ အားနည်းချက်တစ်ခုပဲ ရှိတာက နားလေးခြင်းပါပဲ။ တစ်နေ့မှာ ရွာတစ်ရွာကို ဝင်ပြီးလေ့လာတော့ ပိုက်ဆံရှိပြီး တစ်ယောက်တည်းနေတဲ့ အဘွားကြီးတစ်ယောက် အိမ်ကို သတင်းရခဲ့တယ်။ ဒါကြောင့်မို့ အဲဒိညမှာ အဘွားကြီးအိမ်ကို ဝင်ခိုးဖို့ ဆုံးဖြတ်လိုက်တယ်။ ညရောက်တော့ သူက အဘွားကြီးအိမ်နားကို ချဉ်းကပ်ပြီး အိပ်မယ့်အချိန်ကို စောင့်နေတာပေါ့ဗျာ။ အဲဒိအချိန်မှာ အဘွားကြီးက မအိပ်သေးဘဲ ဘုရားရှိခိုးနေတာနဲ့ကြုံတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေတာပေါ့။ အဘွားကြီးဘုရားရှိခိုးတာက ဩကာသ ကနေစပြီး ရှိခိုးတာ တော်တော်လေးကို […]


whiteOctober 11, 20101min1206
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’ အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။ ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’ အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။ ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။ အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တချီဆော်လိုက်တယ်…) အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။ ကွန်တော်။ ။ဟုတ်ကဲ့။ […]