မောင်ဆန်းAugust 8, 20161min31916
သမီးငယ် နဲ့ သူ့သူငယ်ချင်းတွေ စုပြီး သိပ္ပံစမ်းသပ်ချက်တစ်ခုကို အခန်းကိုယ်စားပြု အားလုံးရှေ့ ထွက်ပြီး စမ်းသပ်ပြ ရှင်းပြဘို့ ကို တက်တက်ကြွကြွနဲ့ တိုင်ပင် ကြ အပြင်ကို ပစ္စည်းတွေ စုံစမ်းကြ လုပ်နေတာတွေ့တော့ ဘာမှ ဝင်မစွက်ပဲ အသာကြည့်နေရင်း မိဘတစ်ဦး အနေနဲ့ လူငယ်တွေရဲ့ တက်ကြွမှု စူစမ်းချင်မှုအတွက် ဝမ်းသာပီတိ ဖြစ်ရင်း ငယ်ငယ် အိပ်ယာဝင်ပုံပြင်တွေထဲ က အမေပြောဘူးတဲ့ အဖြစ်တစ်ခု ချက်ချင်း အတွေးထဲ ပေါ်လာတယ်…   ၁၉၇ဝ လောက်ကပါ .. မိသားစု မှာ အမေ က အလတ် အကိုတွေ မောင်တွေ ညီမတွေ ရှိတယ် ဇတ်လမ်းထဲက ဇာတ်လိုက်ကျော်က ကပ်ရပ် မောင်ငယ်ပေါ့ အားလုံးက ချစ်ပေမဲ့ […]


ဒီနေ့ အချိန်ရလို့ ရုပ်ရှင်ကားဟောင်းလေးတွေ ပြန်ကြည့်ဖြစ်ပါတယ် ကြည့်လိုက် မကြိုက်လိုုက် ပြောင်းလိုက်နဲ့ လုပ်နေတာ တစ်ခါမှ မကြည့်ရသေးတဲ့ ကားဟောင်းလေး တစ်ကားမှာတော့ အဆုံးထိ ကြည့်ဖြစ်လိုက်ပါတယ် After Shock ဆိုတဲ့ တရုတ်ကားလေးပါ ၁၉၇၆ က Tang Shan မှာ လှုပ်သွားတဲ့ ငလျှင်ကို အခြေခံရိုက်ထားတဲ့ ကားလေးပါ (ကားဟောင်းလေး မို့ ကြည့်ဖူးသူတွေလဲ များမှာပါ) တရုတ်ကားတွေမှာ ချောင်းနေတဲ့ ကျား အပုန်းဖြစ်သွားတဲ့ နဂါး လို သိုင်းကားတွေပဲ ရှိတယ် ထင်နေတာ ဒီနေ့ကားလေးကတော့ ဘယ်လိုမှ ထင်မထားတဲ့ ကားလေးပါ လောလောဆယ် နီပေါမှာ ငလျှင်လှုပ်ထားတဲ့ သတင်းတွေလဲ ကြည်နေရတာ မို့ ကားလေး က ပို အသက်ဝင်နေပါတယ် လင်မယား […]


မောင်ဆန်းMarch 20, 20142min37028
အထက်တန်းတုန်းက သချင်္ာ-၂ သင်တဲ့ အချိန် မနီမနီထထ ထထနီမနီမ လို့ အော်ကြရင်း Sin Cos တန်ဘိုးတွေ တွက်ဘို့ လော်ဂရစ်သမ် စာအုပ် ကိုင်ရချိ်န် ဆရာပြောခဲ့တဲ့ ဟာသလေး မှတ်မိနေသေးတယ်.. မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ သားတော်မောင်က အိမ်က အမေဆီ ပိုက်ဆံပြန်တောင်းချင်တော့ နည်းမျိုးစုံနဲ့ တောင်းထားပြီးသားမို့ နည်းသစ်ဖြစ်တဲ့ အမေ သားကျောင်းမှာ စာသင်နေရင်း လက်တွေ့လေ့ကျင့်ခန်းလုပ်နေတာ သားကြောင့် လော်ဂရစ်သမ် ကျကွဲသွားလို့ ပြန်လျှော်ရမယ် ပိုက်ဆံများများ မြန်မြန်ပို့ပါ လို့ အမှာတော်ပါးလာတာမို့ မိဘ တွေ သားအတွက် စိတ်ပူပြီး အိမ်ကနွားလေး ရောင်း ၊ သားဆီ ပိုက်ဆံ ပို့လိုက်ရတယ် ဆိုတာလေး ဟာသလေး အဖြစ်နဲ့ အခုထိမှတ်မိနေခဲ့တယ်။ အခုရက်ထဲ မလေးရှားက […]


မောင်ဆန်းJanuary 27, 20144min19710
ကျတ်ဂူ လွိုင်ကော်မှာ ရောက်ခဲ့တဲ့ နေရာထဲ ကျတ်ဂူ လဲ ပါပါတယ် ၊ ကျတ်ဂူက လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး ၄၅ မိနစ်လောက်သာ သွားရပါတယ် လမ်းလဲကောင်းနေပါပြီ  ဒေသခံတွေ အရင်ကတဲက သွားလာနေကြပေမဲ့ အပြင်လူတွေ သိပ်မသိ လည်ရကောင်းမှန်း မသိရာကနေ အခုတော့ ဂျာနယ်တွေမှာပါလာ ဧည်သည်တွေလာရင် လိုက်ပို့ကြတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ ၊ ဂူထဲကို ဝင်ဘို့အတွက် တောင်ပေါ်ကိုတက်တဲ့ အုတ်လှေကားလေးအတိုင်း အရင်တက်ရပါတယ် ( အဆင်းမှ ရေကြည့်တာ လှေကားထစ် ၁၃ဝ ရှိပါတယ်) ဂူ အဝ မှာ ဆရာတော်တစ်ပါး သီတင်းသုံး တဲ့ ကျောင်းသေးသေး တစ်ခု နဲ့ စေတီလေး တစ်ဆူရှိပါတယ် ကျောင်းရှေ့မှာတော့ ဆရာတော်ဆီ ဆိုးလို့ဆိုပြီး […]


မောင်ဆန်းJanuary 23, 20142min27618
ဒီ ပို့စ် မှာတော့ ကယားမှာ လည် ခဲ့ ပတ် ခဲ့ တဲ့ နေရာလေးတွေ နဲ့ လည်နိုင်ပတ်နိုင်တဲ့ နေရာလေးတွေ အကြောင်းပြောပြချင်ပါတယ်.. လွိုင်ကော် ကယားပြည်နယ်မှာ လွိုင်ကော်ကိုယ်တိုင်က လည်ပတ်စရာတွေနဲ့ ပါ ၊ ရန်ကုန်လို မျက်စေ့ရှုတ် နားရှုတ်မရှိပဲ အေးဆေးငြိမ်သက်လို့ အနားယူအပန်းဖြေဘို့ ကောင်းတဲ့ နေရာလေးပါ ၊မြို့လည်မှာ ရှိတဲ့ နောင်ယားကန်ဆိုတာက အင်းယားကန်လို သာသာယာယာ နဲ့  အရင်လို ချုံနွယ်ပိတ်ပေါင်း တွေ မရှိပဲ ကန်ပတ်လမ်းလေးလုပ်ပေးထားတော့ ( ဦးထုပ် မဆောင်းပဲ ဆိုင်ကယ်စီးတဲ့သူတွေဆီက ရတဲ့ ဒဏ်ကြေးနဲ့ လုပ်ထားတဲ့ လမ်းတဲ့ )လမ်းလျှောက်သူ ၊အတွဲလေးတွေနဲ့ ထိုင်နေသူတွေနဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ ကျွန်တော်တို့ ရောက်တဲ့နေ့ ၁၂ ရက်နေ့က […]


မောင်ဆန်းJanuary 22, 20143min27923
ကယားပြည်နယ်နေ့ ကြုံချင်တာနဲ့ လွိုင်ကော်ကို ၁၂ ကနေ ၁၆ ထိ သွားဖြစ်လိုက်တယ်၊ ၁၉၉ရ လောက်က တစ်ခေါက် ရောက်ဘူးပေမဲ့ တစ်ညအိပ် ခရီးမို့ ဘယ်မှ မရောက်ဖြစ်လိုက်ဘူး ၊ အခုတစ်ခေါက်တော့ အချိန်ရတာမို့ သွားဖြစ်တာတွေထဲက သိချင်မယ် ထင်တာလေးတွေ ရွာသူားတွေ အတွက် တင်ပေးလိုက်ပါတယ်.. ခရီးစဉ် လွိုင်ကော်ကို လေယာဉ် နဲ့ ရော ကားလမ်းကပါ သွားလို့ ရပါတယ်၊လေယာဉ်က လောလောဆယ် မြန်မာ့လေကြောင်း တစ်ခုပဲ ရှိသေးတယ် တစ်ပါတ် (၄) ရက် (လာ၊ဟူး၊ကြာ၊သော)ရှိတယ် ၊ မြန်မာ့လေကြောင်းမို့ အချိန်အပြောင်းအလဲလေးတွေတော့ ရှိတတ်တယ် နောက်နှစ်လလောက်ဆိုရင်တော့ ပုံမှန် လမ်းကြောင်းနဲ့ လေကြောင်းလိုင်းအသစ်တွေ ရှိလာနိုင်ပါတယ်။ ကားလမ်းကတော့ အောင်ပန်း ပင်းတယ ဘက်က သွားလို့ရမယ် […]


မောင်ဆန်းJanuary 21, 20142min16112
ညနေ က အိမ်မှာ သန့်ရှင်းရေး လုပ်နေတုန်း “ အုန်း “ကနဲ အသံ နှစ်ခါ သုံးခါ ကြားရတယ် ခါတိုင်းလဲ ကြားရတတ်တော့ ကားဘီးပေါက်တာ ဂတ်စ် အိုးပေါက် တာ လို့ပဲ ထင်မိတယ် အသံတွေလဲ ထပ်ကြား ခဏနေ မီးခိုးလုံးတွေ တက်လာတော့မှ မီးလောင်နေတာမှန်း သိတော့တယ် အချိန်က ၆:၁ဝ လောက် ရှိပြီ ၊ ဖြစ်တာက အိမ်နဲ့ မနီး မဝေး မို့ လှမ်းမြင်နေရတယ် အုန်း ကနဲ အသံတွေလဲ ကြားရတယ် မီးခိုးမဲကြီးတွေလဲ တက်လာတာမို့ လေဆိပ်ဘေး ဘီအိုစီ မှတ်တိုင်နားက ဆီဆိုင် မီးလောင်ပြီးလို့ ထင်လိုက်တယ်.. အဲဒါနဲ့ ကလေးတွေ ဆော့နေတာခေါ် (ကံကောင်းတာက အိမ်မှာ […]


မောင်ဆန်းOctober 4, 20131min30215
ပရိတ်သတ်ကြီး .. ပရိတ်သတ်ကြီး ဒီ မင်းသားလေးက ပရိတ်သတ်ကြီးကို ကကွက်ဆန်းတွေနဲ့ ကပြဦးမယ် အဲ က ပြ ချင် ပါ သော် လည်း… ကျန်းမာရေးက မကောင်း ဆိုတော့…….. ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ မင်းသာလို ဝတ်စားရင်း လူရွှင်တော်တွေ ပြက်ခဲ့ကြတဲ့ ပြက်လုံးက အခုတော့ ကိုယ်တိုင် ပြောရမဲ့ ဘဝ ကို ရောက်နေတာပါ ကိုမိုက်ကြီး ရွာထိပ်က ဗျို့ ဟစ်တာလဲ မြင်နေ ကြားနေရ ရွာသား တော်တော်များများကလဲ ချောင်းဟန့်သံ ပေးကြနဲ့ မို့ ဒီက မင်းသားလေးကလဲ ကပြချင်ပေမဲ့ ကျန်းမာရေးက မ ကောင်းးးးးးးးးးးးး မို့ ဒီ ရွာ ဆိုတာ တကယ်တော့ ကျနော့ အတွက်တော့ […]


မောင်ဆန်းFebruary 21, 20131min42533
လမ်းမှာ တွေ့ခဲ့တာလေး သာမန် အခြေအနေ တစ်ခုလို့ မယူဆ လို့ ရွာသူားတွေကို ပြောပြချင်ပါတယ် အဲ နဲနဲ ဖွ ချင်ပါတယ် ဖွ ခွင့်ပြုပါနော… ဒီရက်ထဲ ရန်ကုန်မြို့က ပြည်လမ်းမကြီးဘေး ဆက်သွယ်ရေးက ကြိုးလိုင်းတွေ မြုပ်ဘို့ မြောင်းတွေ တူးနေတာ တွေ့တယ် ၊ တူးတာက ယောကျာင်္၊မိန်းမတွေ အပြင် ၈/၉ နှစ်အရွယ် ကလေး ငယ်တွေပါ ပါနေလို့ စိတ်မကောင်းဖြစ်မိသေး ဒီအချိန် ဒီအရွယ်ကလေးငယ် တွေ စာသင်ကျောင်းတွေမှာ စာမေးပွဲ ဖြေနေရမဲ့ အချိန် မသင်မနေရ မူလတန်းပညာရေးဆိုတာ သူတို့နဲ့ မဆိုင်လို့လား ကလေးအလုပ်သမား မခိုင်းရဘူးဆိုတာ ဘယ်သူတွေကိုလဲ ငေးမိ တွေးမိ ပေမဲ့ တခြားလူတွေ သွားပြောမိရင် ငါတို့ ဆီ […]


မောင်ဆန်းFebruary 17, 20131min32529
အလယ်တန်း စတက်တဲ့ နှစ်မှာ မိဘတွေ ပြောင်းရွှေ့ရတဲ့ ဧရာဝတီမြစ်ဘေးက ရွာလေးတစ်ရွာကို စရောက်သွားတယ် ဒုတိယမွေးရပ်မြေလို့ ပြောလို့ ရတဲ့ နေရာလေးမို့ ရွာလေးနဲ့ ပတ်သက်ပြီး အခုထိ မှတ်မိနေတုန်းပဲ…… ရွာလေးက ဧရာဝတီမြစ်ဘေးကမို့ အဓိက သွားလာရေးက သင်္ဘောနဲ့ ပဲ့ထောင်လို့ ခေါ်တဲ့ စက်လှေလေးတွေပဲ ပထမဆုံး စရောက်တဲ့ နေ့ကတဲက ရွာလေးကို သဘောကျသွားတယ် သင်္ဘောပေါ်က ဆင်းလိုက်တာနဲ့ တပြန့်တပြော နဲ့ ကမ်းနားပြင်ကြီးရယ် တဖြည်းဖြည်းမြင့်တက်သွားတဲ့ လမ်းကလေး ရယ် ခရီးသည်တွေ နားတဲ့ အဆောင်လေးရယ် အခုထိ စိတ်ထဲမှာ ပန်းချီဆွဲထားသလို မှတ်မိနေတုန်းပဲ သင်္ဘောဆိုက်ချိန်ဆို ခရီးသည်တွေ ဈေးသည်တွေနဲ့ ပျာပန်းခပ်မျှပေါ့ …သဘောင်္ကလဲ ရန်ကုန်- ဓနုဖြူ ရယ် ဖျာပုံ- ဟင်္သာတ သင်္ဘောရယ် […]


မောင်ဆန်းFebruary 5, 20131min63631
လှိုင်သာယာမှာ ၃ ရက်နေ့ ညနေက မီးလောင်တာ အိမ် ၁၅ လုံး နဲ့ အဆောင် ရ ဆောင် မီးထဲ ပါသွားတယ် ၊ ၄ ရက် နေ့ ညနေ ၅ နာရီလောက် က လှိုင်သာယာဘက်မှာပဲ မီးခိုးလုံးကြီးတွေ တက်လာတာ တွေ့မိတော့ ဘယ်မှာ မီးလောင်ပြန်ပြီလဲ ဆိုပြီး စိတ်ပူမိသွားတယ်၊ တကယ်လောင်တာက မြဝတီထရိတ်ဒင်း ပိုင် တဲ့ ဆီသင်္ဘောက နေ ဆီချရင်း မီးလောင်နေတာတဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအပေါ်ကနေ ပုံလေးတွေရိုက်ဖြစ်လိုက်တာမို့ မှတ်တမ်း တစ်ခုအနေနဲ့ တင်လိုက်တာပါ ၊ လူ ၄ ယောက်သေ ၄ ယောက် ဒဏ်ရာ ရတယ်လို့လဲ ကြားမိပါတယ်။ မနေ့ကပဲ မြန်မာတိုင်း […]


မောင်ဆန်းNovember 14, 20123min63340
  ဒီရက်ထဲ ဘန်ကောက်ကို အလုပ်ကိစ္စကြောင့် ခဏ ရောက်နေရပါတယ် အပြင်သွားရင်း နဲ့ နေ့တိုင်း ချက်တူချက်ပန်းခြံ (Chatuchak Park) ကို ဖြတ်သွား ဖြစ်နေတယ် ပန်းခြံလေးက ရှည်မျောမျော ၊ ရေကန်လေးတွေ တံတားလေးတွေ လမ်းလေးတွေက သပ်သပ်ရပ်ရပ် ပန်းပင်လေးတွေ သစ်ပင်လေးတွေကလဲ လှလှ ပပ နဲ့ မို့ လျှောက်နေရတာကို မောမှန်း မသိတော့ပဲ ပတ်ဝန်းကျင်မှာ နစ်မြောသွားမိတာပဲ…   ပန်းခြံထဲမှာ လမ်းလေးတွေကို ကတ္တရာခင်းထားတယ် ၊ သစ်ပင်လေးတွေက ညှိုးနွမ်းနေတာ မရှိပဲ စိမ်းလန်းစိုပြေ နေတယ်… တွေ့နေကျ မြင်ကွင်းတွေက လူကြီး လူငယ်တွေ ကျန်းမာရေးအတွက် လမ်းလျောက်ကြတယ် အနှေးပြေးကြတယ် အဘွားကြီးတွေ ကက်ဆက်ဖွင့်ပြီး လေ့ကျင့်ခန်းလုပ်တယ် တစ်ခါတစ်လေ ကတောင် […]


မောင်ဆန်းAugust 29, 20121min44348
နေ့လည်က သူငယ်ချင်းတစ်ယောက် ဖုံးဆက်လာတယ် ..မနွယ် ဆုံးပြီတဲ့ မနွယ်ဆိုတာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ အမျိုးသမီးပေမဲ့ သဘောကောင်းပြီး ဆက်ဆံရေးကောင်းတာမို့ သူငယ်ချင်းထက်တောင် အားလုံးက သူ့ကိုပိုခင်ကြသေးတယ် ၊ ဘာရောဂါနဲ့ဆုံးတာလဲ မေးကြည့်တော့ သူလဲ သေချာမသိသေးဘူး မနက်ကထိ အိမ်မှာ အကောင်း၊ အိမ်အလုပ်တွေ လုပ်ရင်းကနေ မောတယ်ဆိုပြီး ဆေးခန်းသွားပြရင်း ကနေ ဆုံးသွားတာတဲ့ ၊ ပြီးခဲ့တဲ့ ရက်တွေထဲကတင် သူနဲ့ ဖုံးပြောဖြစ်သေးတယ် နေမကောင်းဘူးဆိုတဲ့ အသံလဲ မကြားရ ၊ အကောင်းကြီးကနေ ဘယ်လိုဖြစ်သွားရတာလဲ ….. ဘာရောဂါမှလဲ ရှိတယ် မကြားရ ၊ အသက်အရလဲ ၄ဝ ကျော်ရုံ နေမယ်ဆို အချိန်တွေအများကြီးကျန်သေးတယ် ၊ စိတ်ထဲမှာ မယုံတဝက် ယုံတဝက်နဲ့ တခြားသူငယ်ချင်းတွေကို […]