မောင်ဆန်းAugust 15, 20111min19614
မေလထဲက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး နော်ဝေဆိုတာ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးတနိုင်ငံ၊ဝင်ငွေထဲကလှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ စတဲ့ စတဲ့ သတင်းကောင်း သတင်းပေါင်း များစွာကို ဂျာနယ်တွေမှာ ချီးမွမ်းရေးသားနေကြတဲ့အချိန် နော်ဝေကိုသွားဘို့ အခွင့်အရေးလေးတစ်ခု ရလာပါတယ် ပတ်ဝန်းကျင် နိုင်ငံတချို့ကိုရောက်ဘူးပေမဲ့ ဥရောပနိုင်ငံတွေဘက်ကိုတော့ တစ်ခါမှ သွားခွင့်မကြုံခဲ့ပါဘူး။ ဥရောပနိုင်ငံထဲကမှ နော်ဝေဆိုတာမို့ ဒီတစ်ခေါက်ခရီးစဉ်အတွက် ရင်ခုန်မိသလို ရွာသူရွာသားတွေကိုလဲ ကိုယ်သိလာမဲ့ ဗဟုသုတလေး ပြန်မျှဝေချင်စိတ် ပေါ်လာမိပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အရင်ဆုံး ဗီဇာကိစ္စအတွက် ကြိုးစားရတယ် နော်ဝေသံရုံးက မြန်မာပြည်မှာမရှိပဲ ဘန်ကောက်မှာပဲရှိတာမို့ ဘန်ကောက်က နော်ဝေသံရုံးကို ဗီဇာလျှောက်ဘို့ကိစ္စ စာရွက်စာတမ်းတွေ လိုတာပြင်ဆင်ပါတယ် မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိရင်းမှ နော်ဝေဗီဇာကိုရန်ကုန်က Schengen Visa ပေးနိုင်တဲ့သံရုံး တစ်ခုခုမှာ လျှောက်လို့ရနိုင်တယ်ဆိုလို့ […]


မောင်ဆန်းJuly 12, 20111min25513
တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။ ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ Heli Union ကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ ၁၁ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူတဦးက ပြောသည်။ “တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့ စောက်ထိုးဖြစ်နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။ […]


Weekly Eleven website ရဲ့ ပင်မစာမျက်နှာ အောက်ဆုံးမှာ ကာတွန်းလေးတွေရှိပါတယ် သူတို့ ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ ကာတွန်းလေးတွေကို ဖော်ပြထားတာပါ သတင်းထူး သတင်းဦးလေးတွေ ဖော်ပြတတ်၊ ကာတွန်းလေးတွေက အတွေးလေးတွေကောင်းလို့ အချိန်ရတာနဲ့ အမြဲကြည့်ဖြစ်ပါတယ် အောက်က ကာတွန်းလေးက “လူကြီးမင်း” (နာမည်ကတော့ အပျံစားပါ) ဆိုတဲ့ ကာတွန်းဆရာ ဆွဲထားတာပါ အတွေးလေးကောင်းလို့သဘောကျမိပါတယ် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေလေး တစ်ခုကို သရော်ထားတာပါ ဖော်ပြထားတဲ့ အစီအစဉ်အရ သူတို့ဂျာနယ်တွေမှာ လွန်ခဲ့တဲ့ ၁ လလောက်အတွင်း ဖော်ပြထားတယ်လို့ ယူဆရပါတယ်..     ကျွန်တော့်အိမ်မှာ ပုံမှန်ယူဖတ်တဲ့ ဂျာနယ်ရှိသလို သွားရင်းလာရင်း ဖော်ပြထားတဲ့ သတင်းကို စိတ်ဝင်စားလို့ တစ်ခါတစ်ရံ ဝယ်ဖတ်ဖြစ်တဲ့ ဂျာနယ်တွေလဲရှိပါတယ် ၂-၆-၁၁ တုန်းကတော့ […]


မောင်ဆန်းJune 13, 20111min19619
ပြီးခဲ့တဲ့လက weekly eleven မှာ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းလေးတစ်ခု ဖတ်လိုက်ရပါတယ်… တောင်ငူခရိုင်ထဲမှာဖြစ်သွားတာ အလယ်တန်းပြဆရာမတစ်ယောက်ကို သူနဲ့ဆွေမျိုးမကင်းတဲ့ သီတာမိုးဆိုတဲ့ အမျိုးသမီးကတွေ့ပြီး အသက် ၂၁ နဲ့ ၁၈ အရွယ်ရှိတဲ့  ဆရာမရဲ့သမီးနှစ်ယောက်ကို တရုတ်က အလှပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင် တစ်လကို စရိတ်ငြိမ်း တစ်သိန်းရမယ်လို့ ပြောဆိုစည်းရုံးတာကို ယုံကြည်တာနဲ့ ၂၀၁ဝ ဇူလိုင်လထဲမှာ ရွှေလီဘက်ကိုလိုက်သွားကြပါတယ် ဟိုရောက်တော့ သီတာမိုးက သူ့ညီမဖြစ်တဲ့ အိစန္ဒာဆီကို လွှဲပြောင်းပေးခဲ့ပါတယ် တကယ်ကျ အမျိုးသမီးငယ် နှစ်ဦးက အလှပြင်ဆိုင်မှာ အလုပ်မလုပ်ရပဲ အိစန္ဒာရဲ့ ခင်ပွန်းဖြစ်တဲ့ တရုတ်လူမျိုး ထန်ဘော ပိုင်တဲ့ အနှိပ်ခန်းမှာ ညှဉ်းပန်းနှိပ်စက် အဓမ္မ စေခိုင်းလို့ ပြည့်တန်ဆာတွေအဖြစ်  ခုနစ်လလောက် လုပ်ကိုင်ခဲ့ရပါတယ် နောက်ဆုံး အဲဒီအနှိပ်ခန်းကနေ ထွက်ပြေးပြီးတဲ့နောက် […]


ကျွန်တော် ရွာထဲရောက်ကာစ က ပို့စ်တင်ဘို့နေနေသာသာ မန်းတာတောင် word ထဲမှာ စမ်းရိုက် ပြန်ကူး တင် လုပ်ရတယ် ဒါတောင် တချို့ စကားလုံးက ရိုက်လို့မရတော့ ပို့စ်ထဲက တူတဲ့စကားလုံးပြန်ကူး paste လုပ်ရတယ် paste လုပ်ပြီးရင်လဲ လေးထောင့်ကွက်တွေပဲ မြင်ရတယ် published လုပ်ပြီးမှ စာမြင်ရတယ် မှားမှန်းသိတဲ့ အချိန်ပြန်ပြင်လို့မရတော့ဘူး ( စက် က window 7, 64 bit ကြောင့်မရတာလို့ ပြောတယ် ၊ 32 bit ပြောင်းလိုက်တော့ အဆင်ပြေတယ်) သိသူတွေ အတွက် လွယ်တဲ့ကိစ္စက မသိသေးတဲ့သူအတွက် တော်တော်ခက်ပါတယ် အခုတော့လဲ အဲဒီကိစ္စက အဆင်ပြေသွားပါပြီး ဒါပေမဲ့ တစ်ခါ တစ်လေ ရီနေတဲ့ပုံလေးကို ( […]


  MG လိုဘဲ ကျွန်တော် အမြဲဝင်ကြည့်နေကျ ဆိုဒ်လေး တစ်ခုရှိပါတယ် ဆရာဦးစိုးမြင့်-မေ့ဆေး ရဲ့ ဆိုက်လေးပါ အမြဲဝင်ကြည့်နေကျ အသစ်မတင်ကြာပါပြီ ဒီနေ့ဝင်ကြည့်တော့မှ ပို့စ်အသစ်လေး တွေ့ရပြီး အားရဝမ်းသာ ဖတ်ဖြစ်ပါတယ် ခရီးသွားအတွေ့အကြုံတွေလဲရ ပြင်သင့်သူတွေ ပြင်နိုင်ဘို့ ဒီမှာလဲ လူများများသိအောင် ဆရာ့ဆိုဒ်ကပြန်ကူးတင်ပေးပါတယ် (http://www.soemyint.com/2011/04/blog-post.html) Jan လတုန်းက ကျွန်တော် ခွင့်သုံးလနဲ့ ရန်ကုန်ပြန်သွားတာ ဘာမှကြာလိုက်တယ် မထင်မိပါဘူး အာဖရိက ကိုပြန်ရောက်လာရပြန်ပါပြီ။ ကိုယ့်မိသားစု နဲ့ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရလို့ပျော်ခဲ့ရတာ တွေ၊ တတ်နိုင် သလောက်ဘာသာရေး အလုပ်အချို့လုပ်နိုင်ခဲ့တာတွေအပြင် အမိနိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့၊ ကူညီနိုင်တဲ့ကိစ္စတွေ၊ ဥပမာ စစ်ကိုင်းက ဝါးချက်ဆေးရုံ မှာအထူးကု ဆရာဝန်တွေ အဖွဲ့နဲ့ အတူ သွားရောက် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးတာတွေ၊ စတာတွေနဲ့ ရေးစရာ […]


တစ်ခါက ကျောင်းသားအရွယ် လူငယ်လေးတစ်ယောက်က ပစ္စည်းတစ်ခုကို အလစ်သုတ်ပါတယ် ကာယကံရှင်က သိပြီး ကယ်ကြပါဦး ဒီမှာ ပစ္စည်းခိုးသွားလို့ပါလို့လဲ အော်လိုက်ရော ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဝိုင်းလာပြီးတော့ အလစ်သမားနောက်ကို လိုက်ပါတယ် ဘေးကလဲဝိုင်းအားပေးကြတယ် လိုက်ကွ ချကွ မိရင် အသေသာဆော်ပစ် နဲ့ပေါ့ ကောင်လေးလဲ လွတ်အောင်ပြေးပေမဲ့ နောက်ဆုံးတော့ လူအုပ်ကြီးရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ် အဲဒီမှာ သွေးဆူပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက်တစ်လက် ဝိုင်းအားပေးလိုက်ကြတာပေါ့ မြင်ကွင်းကို် ကြည့်လိုက်တော့ ရိုက်၊နှက်၊ထိုး၊ကြိတ် နေကြတဲ့ လူတွေက လူကောင်ကြီးကြီး ထွားထွားတွေ နောက် လူကလဲအများကြီး အလစ်သမားဆိုတဲ့ ကောင်လေးကတော့ အသက်ကငယ်ငယ် လူကောင်ကသေးသေး အားလုံးရဲ့အားပေးတာကိုခံထားရတော့ သွေးတွေကလည်း မြင်မကောင်းပေါ့ စိတ်ဆိုး ဒေါသထွက်ပြီး ရိုက်မယ် ချမယ် ဆိုတဲ့ လူအုပ်ကြီးလည်း မြင်ရတဲ့ […]


ဆရာတစ်ယောက်က စာသင်ခန်းတစ်ခုမှာ ရှေးဟောင်းမြို့များကို ပြန်လည်တူးဖော်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောပြနေပါတယ် တူးဖော်နိုင်ဘို့အတွက် ဘယ်လိုပြင်ဆင်ရတယ် ဘယ်လိုတူးဖော်ရတယ် ဘာတွေတွေ့ရှိရတယ် ဆိုတာတွေကို သူ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပြောနိုင်တော့ ကျောင်းသားအားလုံးရဲ့  စိတ်ဝင်စားမှုကလည်း အပြည့်ပေါ့ အဲဒီလိုပြောရင်းကနေ  တူးဖော်မှုတစ်ခုမှာ တွေ့ရတဲ့ ရှေးဟောင်းပန်းအိုးလေးတွေရဲ့ အကြောင်းရောက်သွားတယ် ဘယ်လိုအနုပညာမြောက်အောင် ပုံဖော်ထားတယ် သက်တမ်းကတော့ ဘယ်လောက်ရှိပြီ ဆိုတာတွေပြောပြရင်းကနေ အဲဒီအိုးကလေးရဲ့ ခန့်မှန်းခြေကာလတန်ဘိုးကို မေးကြည့်တော့ ကျောင်းသားတိုင်းက ကိုယ့်အမြင်နဲ့ ကို အမျိုးမျိုးပြောကြတာပေါ့ အဲဒီအချိန်မှာပဲ ဆရာက အောက်ကပုံလေးကို အားလုံးမြင်အောင်ပြပြီးတော့ ဒါဘာပုံလဲဆိုတော့ တစ်တန်းလုံးက “ပန်းအိုးလေးတစ်လုံး”  ရဲ့ ပုံပါလို့ဖြေကြတယ် နောက်စာသင်ခန်း တစ်ခုမှာကတော့ ဆရာသင်ရတဲ့ခေါင်းစဉ်က အမြွှာမွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ ဆေးပညာအယူအဆ အကြောင်းတွေကို ဆွေးနွေးပါတယ် စာသင်ကောင်းတဲ့ ဆရာကြီးတွေဆိုတော့ သူ့စာသင်ခန်းမှာလည်း […]


မောင်ဆန်းApril 7, 20111min17614
လွန်ခဲ့တဲ့(၃)နှစ်လောက်ကတဲ က စိတ်ထဲမှာခုလုခုလု ဖြစ်နေတဲ့ ကိစ္စနှစ်ခုကိုပြောပြ ချင်တယ် ပထမတစ်ခုက သတင်းစာမှာတွေ့ရတဲ့ ဝမ်းနည်းကြောင်း၊လွမ်းဆွတ်သတိရကြောင်းတွေနဲ့ပတ်သတ်လို့ပါ လူတစ်ယောက်ဆုံးပါးရင် သူ့ကိုခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေက “ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်”ဆိုတာမျိုးထည့်တယ် တကယ်ခင်လို့ တကယ်ဝမ်းနည်း စိတ်မကောင်းဖြစ်ရလို့ ထည့်တာ ဒါဆိုရင်ကောင်းတယ် အဲဒါမျိုးမဟုတ်ပဲ ထုံးစံမို့လို့၊ ဝတ္တရားအရ၊ ကာယကံရှင်မိသားစုရဲ့ အသိအမှတ်လိုချင်လို့ထည့်တာဆိုရင်တော့ ထည့်တဲ့သူလဲပိုက်ဆံကုန်တယ်( ကော်လံပေါ်မူတည်ပြီးတော့ ကျပ် ၅ သောင်းအထက်ကုန်နိုင်ပါတယ်) သတင်းစာလဲနေရာပုတ်တယ် အဲဒီမှာပိုဆိုးတာက လူကြီးကြီးတွေရဲ့မိသားစုဝင်တစ်ဦးဦးဆိုရင်တော့ ၃၊၄ ရက်လုံး သတင်းစာအပြည့် ဝမ်းနည်းလို့ကိုမပြီးတော့ဘူး သူတို့အတွက် သီးသန့်ထုတ်ပေးတဲ့ သတင်းစာကျနေတာပဲ ထည့်နေတဲ့သူတွေကလည်း သေတဲ့သူရဲ့မျက်နှာကိုတောင် မြင်ဘူးချင်မှ မြင်ဘူးကြမှာ အဲဒီမှာ သတင်းစာကြော်ငြာဘိုးက သိန်း ဆယ်ဂဏန်းလောက်ရှိမယ် နောက် “လွမ်းဆွတ်သတိရခြင်းဆိုတာလဲရှိသေးတယ်” မိန်မရေ မင်းသေသွားတာ (၁၀)နှစ်တင်းတင်းပြည့်ခဲ့ပေမဲ့ တနေ့မှ […]


မောင်ဆန်းApril 1, 20111min24818
ထောင်ထဲကို ရောက်ဖူးပါသလား  ……. ကျွန်တော်ကတော့ ကံဆိုးတယ် ပြောရမလား ကံကောင်းတယ် ပြောရမလား မသိဘူး ထောင်ထဲကို (၃)ခါ ရောက်ခဲ့ဘူးပါတယ် ထောင်ထဲကို မရောက်ဖူးခင်ကတဲက ထောင်အကြောင်းကို စာအုပ်တွေထဲကနေ ရင်းနှီးခဲ့ဘူးပါတယ် ပထမဆုံးက အလယ်တန်းကျောင်းသားဘဝလောက်မှာ မဂ္ဂဇင်းတွေထဲ အခန်းဆက် ပါတဲ့ ရန်အောင်မောင်မောင် ရဲ့ “ထောင်တစ်သက်အတွေ့အကြုံ” ပါ ဆရာကိုယ်တိုင်လဲ ထောင်ဝန်ထမ်း နောက် စာရေးကောင်းတဲ့သူလဲဖြစ်တော့ ထောင်ထဲက အကျဉ်းကျ တွေရဲ့ဘဝကို စိတ်ပျက်ရင်း သနားရင်း အော့နှလုံးနာရင်းနဲ့ပဲ စွဲစွဲလန်းလန်း ဖတ်ခဲ့ရတာပါ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ဆရာ့ရဲ့ ဆောင်းပါးတွေကို စာအုပ်အဖြစ်တွေ့လို့ ပြန်ဖတ်ဖြစ်တော့လဲ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ခံစားမှုတွေကလျှော့မသွားဘူး ထောင်ကျဖြစ်ရမဲ့ ဘဝကို ကြောက်ရွံ့မိတုန်းပါ… နောက်တစ်အုပ် ကတော့ ဦးလှဝင်း(လေသူရဲတစ်ဦး) ဘာသာပြန်တဲ့ “ပါပီလွန်” […]


ဆူပူမှုဖြင့်ယောက်ျားမရနိုင်…  မင်းမဲ့စရိုက်ဖြင့်မိန်းမ မရနိုင်…  ဟိုဒင်းဟိုဝါဖြင့်သာ ကလေးရနိုင်ပါသည်။  သန်မာဖွံဖြိုးသော အိမ်ထောင်ရှင်ကို လိုလားသည်။ ယောက္ခထီး လိမ်နေသည်၊ ယောက္ခမ ညာနေသည်၊  ယောက်ဖတွေ ရန်တိုက်ပေးနေသည်၊ မရီး၊ ခယ်မ သွေးထိုးပေးနေသည်။  အိမ်နီးနားချင်းက ကာလသားများ လျှော့မတွက်နဲ့ သတိထား။ credit -forward mail


မောင်ဆန်းMarch 28, 20111min36720
“ပုံပြင်ကို ပုံပြင်လို ဖတ်တော့ ပုံပြင်ဘဲ တခြားနည်းနဲ့ ဖတ်ရင် အဓိပ္ပါယ် တခုပါ။” လို့ ဆူးရဲ့ သစ်ရွက်နဲ့ ဒုတ် ဆိုတဲ့  post ထဲမှာ ရေးထားတဲ့ comment လေးဖတ်မိမှ ကိုယ့်မှာရှိတဲ့ အဟောင်းလေးသွားသတိရတယ် ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးပါ ဖတ်မိတဲ့သူတိုင်းအတွက် အတွေးပွားစရာလေးတွေများလွန်းတာမို့ မဖတ်ဖူးသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြန်တင်ပေးလိုက်ပါတယ်