who whoOctober 6, 20111min1805
နောက်ဆုံး ရန်သူကြီးတစ်ပါးကတော့ “မချစ်မနှစ်သက်သောသူ” ဆိုတာပါပဲ ။ “မချစ် မနှစ်သက်သောသူနှင့် ပေါင်းသင်းဆက်ဆံရခြင်း” သည် လူတိုင်းအတွက် ကြီးစွာသော ဆင်းရဲကို ဖြစ်စေတယ်မလား ။ “ချစ်သောသူ နှင့် ကွေကွင်း ရခြင်း” ကမှ စိတ်ထဲမှာဖြေတတ်ရင် ၊ နေတတ်ရင် တော်သေး တယ်လို့ ပြောရပါမယ် ။ ဒီမချစ်မနှစ်သက်သောသူကြီးနဲ့သာအမြဲ ပေါင်းသင်း ဆက်ဆံ နေရရင်တော့လည်း ဒုက္ခဆင်းရဲကြီးက လွတ်ဖို့ လမ်းမမြင်တော့ပါဘူးနော့ ။ ဒါပေမယ့်လေ ခုတော့ တို့မှာ ဒီ ဒုက္ခ ဆင်းရဲ ကြီးနဲ့ အမြဲ ပူးတွဲနေရပါတယ်နော် ။ ဘာလို့လဲဆိုတော့ ခန္ဓာ ရထားတာကိုး ။ ဒီခန္ဓာကို ရထားလေတော့ ဇာတိဖြစ်လာသမျှကတော့ အိုရမယ် ၊ နာရမယ် ၊ […]


who whoOctober 5, 20111min715
ဒီနေ့တော့ စတုတ္ထမြောက် ရန်သူဖြစ်တဲ့ “ခိုးသူ” နဲ့ မိတ်ဆက်ချင်ပါတယ် ။ လူ့ဘဝကြီးမှာက အပူမျိုးစုံ ပတ်လည်ဝိုင်းနေတယ်နော် ။ မရှိတော့လည်း မရှိလို့ ပူရတယ် ။ ရှိပြန်တော့လည်း ရှိလို့ပူရပြန်တယ် ။ တစ်နေ့ တစ်နေ့ ဥစ္စာ ပစ္စည်း တွေအတွက် မရှိတာ ကို ရှိဖို့ကြိုးစားရတယ် ။ ရှိပြန်တော့လည်း အေးအေးမနေရဘူး ။ ရှိစုမဲ့စုလေးများ တစ်စုံတစ်ယောက် ခိုးယူသွားခဲ့ သည်ရှိသော် ဘယ်နှယ့်လုပ်ပါ့ မလဲရယ်လို့ တွေးပြီး မအိပ်နိုင် တွေဖြစ်ရပြန်တယ် ။ ဒါကြောင့်မို့ပဲ ဒီသူခိုးသည်ပင် ရန်သူ တစ်ပါးအနေနဲ့ ကြောက်ရမယ့်ထဲ ပါနေပါတယ်နော် ။ ခုပြောချင်တဲ့ “ခိုးသူ” ကိုတော့ ကြောက်ရကောင်းမှန်း သိချင်မှ သိကြမယ်နော် ။ ပြောသာပြောရတယ်။ […]


who whoOctober 4, 20111min630
ဒီနေ့တော့ ရန်သူမျိုး (၅) ပါးထဲက (၃)ယောက်မြောက် ရန်သူတစ်ဦး အကြောင်း ပြောကြရအောင် ။ ရေ ၊ မီး ပြီးရင် အလှည့်ကျသူကတော့ “မင်း” ပဲပေ့ါ ။ ဘယ်တိုင်းပြည် ၊ ဘယ်နိုင်ငံ မှာမဆို သက်ဆိုင်ရာက တင်မြှောက်ထားတဲ့ မင်း အစိုးရကပဲ တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတယ်နော် ။ တစ်နိုင်ငံလုံးဟာ သူချမှတ်တဲ့ ဥပဒေ အတိုင်း ၊ အမိန့် အတိုင်း လိုက်နာ ရတယ် ။ အကယ်၍ သတ်မှတ်ထားသော ဥပဒေ ကို ကျူးလွန်ခဲ့မယ် ဆိုရင်တော့ ဒီကျူးလွန်သူကို ထောင်ချနိုင်တယ် ။ သေဒဏ်ထိပေးနိုင်တယ်နော် ။ တို့တွေအားလုံးဟာ ရောက်တဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ်ဆဲ ဖြစ်တဲ့ မင်း […]


who whoOctober 3, 20111min1043
“ဝေါ….ဝေါ…..တီတီ…ဝေါ…” နားထဲကိုဆူညံသောအသံတွေ တရစပ် ဝင်တိုက်နေကြပါပြီ။ ဘာသံများဖြစ်မလဲ?။ စဉ်းစားကြည့်ပါဦး။ ထုံးစံအတိုင်း…ကြားရသူတိုင်းကို အထိတ်တလန့် ဖြစ်စေသောအသံ။ မီးသတ်ကားသံပဲပေါ့။ “ ဒိတ်” ခနဲ ရင်ထဲမှာ ကြားလျှင်ကြားချင်း ဆိုသလိုပါပဲ auto နှလုံးအိမ်မှာ ထတ်လန့်မှု ဝေဒနာလေး တန်းပေါ်လာပါတယ် ။ အင်းဒီ့နောက်တော့ ဘာပြောကောင်းမလဲ။ အပေါ်ဆုံးထပ်ကို ပြေးတက်ရတဲ့ ကာယကံတွေ ဆက်ဖြစ်ရပြီလေ ။ ဟောမြင်ရပါပြီ ။ သိပ် မဝေးလှတဲ့ နေရာလေးက မီးခိုးလုံးတွေ တက်လာတာကို အပေါ်စီးကနေ ထင်းနေအောင်တွေ့ရပြန်ပြီ။ တစ်ချိန်တည်းလည်း မီးသတ်ကားသံတွေနဲ့ တရစပ် ဆူညံလို့ပေါ့ ။ ဪ “အားလုံးသတ္တဝါတွေ ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ” လို့သာတရစပ် စိတ်ထဲက မေတ္တာတွေ ဖြန်းပက် နေမိပါတယ် ။ ဪ […]


who whoOctober 2, 20111min483
မိုးတွေက အရှိန်ကောင်းစွာ ရွာနေဆဲ….။ လမ်းပေါ်မှာ စီးနေတဲ့ ရေသံက တဝေါဝေါ….။ ဂျာနယ်ကို ကောက်ကိုင်လိုက်တော့ ရေကြီးနေတဲ့ သတင်းဓါတ်ပုံတွေကို မျက်နှာဖုံးမှာ တန်းတွေ့ရပြန်တယ်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၊ ချင်းတွင်းဒေသများနှင့် ပဲခူးမြို့ပါမကျန် နေရာတော်တော်များများ မြန်မာ တစ်နိုင်ငံလုံးနီးပါး မှာ ရေကြီးနေပြီဆိုတဲ့ သတင်းတွေကို မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ တွေ့လိုက်ရတယ်။ မြင်ရတဲ့ မြင်ကွင်းနဲ့ ကြားရတဲ့ သတင်းတွေက မေ့နေပြီဖြစ်တဲ့ အချစ်တော်ရန်သူငါးယောက်ကို ဖြတ်ခနဲ သတိရသွားစေပါတယ်။ ခေါင်းထဲမှာ ဆက်စပ်အတွေးတို့က အစဉ်တန်းလို့ ထွက်ကျလာပါပြီ။ ဒီနေ့တော့ဖြင့် ရန်သူမျိုးငါးပါးထဲက “ရေရန်သူကြီး” အကြောင်းဖောက်သည်ချရပါ တော့မည်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကြောက်ရမယ့် ဘေးတွေထဲမှာ ရန်သူမျိုးငါးပါး ကတော့ အမာခံပါပဲ ။ “ရေ ၊ မီး ၊ […]


who whoOctober 1, 20111min1277
ဒီနေ့တော့ တို့တွေ သချာင်္တွက်ပြီး ကံကောင်းဖို့ ကြိုးစားကြရအောင်နော်။ အားလုံး သိပြီးသားဖြစ်တဲ့ သုံးနဲ့လေးပေါင်းသော် ဘာရပါသလဲ။ ၃+၄= ? ၃ နဲ့ ၄ ပေါင်းရင် ဘာရလဲ ? “၇” ရတယ်နော် ။ ဒါဘယ်လိုရလာသလဲရှင်းကြည့်ကြရအောင်ပါ။ တို့တွေဟာ ဘဝတစ်ခု ရလာကြပြီ ဆိုတာနဲ့ ဘဝဝေစု လေးတွေကို ကောင်းတာလေးတွေရွေးပြီး စုတတ်ဖို့တော့လိုတာပေါ့နော်။ ဒါပေမယ့် လူတိုင်းကောင်းတဲ့ ဝေစုတွေ စုနိုင်သလားဆိုတော့ မစုနိုင်ကြပါဘူး။ ဘာကြောင့်လဲ သိလား။ စိတ်ကို အမြဲတမ်းပူလောင်စေတတ်၊ ပျက်စီးစေ တတ်တဲ့ ကိလေသာတွေကြောင့်ပေါ့။ ဒါဆို ဒီကိလေသာတွေကို အတတ်နို်င်ဆုံး နည်းနိုင်သမျှ နည်းအောင်ကြိုးစားနိုင်တဲ့သူသာ “ဘဝဝေစု ကောင်းတာစု” ဆိုတာလေးလို ကောင်းတဲ့ ဝေစုတွေများများစုနိုင်မှာပေါ့နော်။ အင်း ဒီလို ကိလေသာကို ဖယ်ရှားနိုင်ဖို့ကျတော့ […]


who whoSeptember 30, 20111min690
မြစ်ရေယဉ်က တစ်ဝေါဝေါနဲ့ အရှိန်ကောင်းစွာ စီးဆင်းနေဆဲ။ တစ်ချို့နေရာတွေမှာလည်း ဝဲကတော့တွေက စုပ်ယူဖို့ အဆင်သင့် စောင့်လို့ နေလေပြီ။ အန္တရာယ် ကတော့ အများသားပါလား။ ကူးခပ်နေရတာကလည်း မောလှပါပြီ။ စိုးရိမ်တထိတ်ထိတ်နဲ့ ။ ဘယ်အချိန်များ နှစ်သွားမှာပါလိမ့်လို့ ကြောက်လန့်စွာနဲ့ ကူးခတ်နေရပါပြီ။ ဝဲနဲ့တွေ့လို့ ရှောင်လာနိုင်ခဲ့ပေမယ့် ထပ် တွေ့ရဦးမှာတွေကို တွေးလို့ ကြောက်မိနေပါပြီ။ အော်…ရေနစ်သူအတွက်က တော့ ကောက်ရိုးတမျှင်သည်လည်း အားကိုးရာဖြစ်ရပါပြီ။ ခက်တာက ဒီမြစ်ထဲက ကမ်းပေါ်တက်နိုင်ဖို့ ဘာကိုများအားကိုးရပါ့ မလဲဆိုတာပါပဲ။ သံသရာ မြစ်ပြင်ကျယ်ကြီးထဲမှာ ကူးခတ်နေရတဲ့ သံသရာ ခရီးသည်တစ်ယောက်အဖို့ အားကိုးရှာရပါတော့မယ်။ အစကတော့ မိဘကို အားကိုးရာလို့ ထင်လို့ မိဘတွေကို မှီပြီး ဆွဲလိုက်ပါရော။ သူတို့ရှိရင်တော့ ငါ့အတွက် ပူစရာမလိုတော့ဘူးလို့ အားကိုးထားလိုက်တာ။ သူတို့ကလည်း ကမ်းနားသစ်ပင်လေ။ […]


who whoSeptember 28, 20111min7711
ဒီနေ့တော့ ကိုယ့်ရဲ့ အလိမ်ခံထားရတဲ့ ဘဝလေးအကြောင်း မရှက်တမ်းပြောပြရပါတော့မယ်။ မွေးကတည်းက ခုထိ ဘာတွေများ အလိမ်ခံထားရပါလိမ့်မယ်ဆိုတာလေး စစ်တမ်းထုတ် ကြည့်မိနေလို့ပါပဲ။ အော်..ငါတော့ အလိမ်ခံနေရပါပေါ့လားဆိုတာ တွေးရင်းမှ ရေးရေး ပေါ်ပေါ်လာရပါပြီ။ ဘာတွေများ အလိမ်ခံနေရပါလိမ့်နော်။ စဉ်းစားကြည့်ကြပါဦး။ သူများတွေတော့မသိ၊ ကျနော်တော့ ဒါတွေ အလိမ်ခံနေရပါတယ်။ အမေ မွေးလို့ ပါလာတဲ့ မျက်လုံးနဲ့ မြင်နေ၊ သိနေရတာတွေကို ခိုင်တယ်မြဲတယ်လို့ ထင်ထားခြင်းသည်ပင် အလိမ်ခံနေရခြင်း မဟုတ်ပါလား။ တစ်ခါ ဒုက္ခကို ဒုက္ခပါလားလို့ မသိရှာတော့ ဆင်းရဲနေတာကိုပဲ ချမ်းသာတယ်လို့ ထင်ပြီး ကျေနပ်နေပြန်တယ်နော်။ ဒါလည်း အလိမ်ခံရတယ်ဆို မမှားပါဗျာ။ ဒါ့အပြင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ အပိုင်တွက် အတ္တကြီး ရှေ့တန်းတင်နေတာ ကရော? အလိမ်ခံရတာ မဟုတ်လို့ ဘာလဲ?။ […]


who whoSeptember 27, 20111min70
ဒီနေ့တော့ အမှီသဟဲ အကြောင်းပြောချင်ပါတယ် ။ လူရယ်လို့ ဖြစ်လာရင် တစ်ကိုယ်တည်း ထီးထီးရပ်တည်လို့ မရပါဘူး ။ ဘေးမှာက မှီရာ ၊ တည်ရာ ဆိုတာ လိုအပ်ပါတယ် ။ ကနာ္တရ ခရီးကြမ်းမှာ လျှောက်လှမ်းနေရတဲ့ ခရီးသည် တစ်ယောက်အတွက်တော့ သူအလိုချင်ဆုံးဟာ သစ်ပင်ရိပ်ပဲမလား ။ အေးမြမှုကို ပေးနိုင်တဲ့ သစ်ရိပ် ဝါးရိပ် ရှိမှသာ သူ့ဘဝဟာ အမောပြေပါလိမ့် မယ် ။ ဒါကြောင့် ဒီသစ်ပင်ရိပ်ဟာ သူရဲ့ မှီစရာလို့ပြောနိုင်တယ်နော် ။ ဒီ သဘောပါပဲ သားသမီး ရဲ့ မှီရာသည် မိဘဖြစ်သလို တပည့်ရဲ့မှီရာသည် ဆရာတွေပဲ မဟုတ်ပါလား ။ ဒီလိုပါပဲ အလုပ်ထဲမှာလည်း အလုပ်အလျှောက် ကိုယ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ လူတွေဟာ […]


who whoSeptember 26, 20111min1724
“ကောင်းကင်ပြာလေး ဘယ်မှာရပ်နားမလဲ လမ်းပေါ်မှာတွေး ခဏလေးပဲ……. …………………………………………….. တွေးရင်း လမ်းလျှောက်ရင်း တွေးရင်း ငေးရင်း ခဏလေးပါပဲ ………………………………………………. ……ခဏလေးတွေးရင်း………………ခဏလေးငေးရင်း……ခဏလေးဆွေးရင်း ခဏလေးပဲ……….ခဏလေးပဲ……… တွေး…..ရင်း ……..ဆွေး…..ရင်း………ခဏလေးပဲ…..ခဏလေးပဲ…..ခဏလေးပဲ။” စောစောစီးစီး လေးဖြူရဲ့ “ခဏလေးများ” သီချင်းသံက နားထဲ ရိုက်ခတ်လို့ ဝင်လာတယ်။ လှမ်းကြည့်လိုက်တော့ ထီသည်လှည်းမှ ဖွင့်သံဖြစ် နေတယ်။ ထုံးစံအတိုင်း အသံနဲ့ နားစည်နဲ့ တိုက်တဲ့အခိုက်မှာ ဖြစ်လာတဲ့ ကြားစိတ်မှသည် နှလုံးအိမ်ဆီမှ အဖြေတွေထုတ်နေပါပြီ။ စိတ်ကလေးလည်း အလုပ်ရနေပါပြီ။ အတွေးအလုပ်တွေပဲပေါ့။ ခဏလေးများ ဆိုတဲ့ လေးဖြူရဲ့ သီချင်းသံလေးနှင့်အတူ ကျနော့ အတွေးလေးများက အမြန်ဆုံး ချိတ်စရာရှာနေပြီလေ။ သိပြီးသား အကြောင်း အရာလေးတစ်ခုနှင့်ပေါ့။ ဒီနေရာမှာ ကွန်နက်ရှင်းက ကောင်းလိုက်သမှ ကြား တာနဲ့ တန်းချိတ် ပြီးသွားပါပြီ။ […]


who whoSeptember 25, 20111min560
အမလေးနော် များလိုက်တဲ့ မျိုးစေ့တွေ။ ဘာမျိုးစေ့တွေများပါလိမ့် မယ်လို့ ဆက်တွေးကြည့်လိုက်တော့မှ အော…ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် ၁၂ဝ ကို အရောက်ပို့ပေးမယ့် မျိုးစေ့တွေဆိုတာ သိလိုက်ရပါတယ်။ တကယ်တော့ ပုထုဇဉ်လူသားတွေရဲ့ ဝမ်းထဲမှာ ဒီမျိုးစေ့တွေက ကိန်းအောင်းနေပါလား။ အတော်လည်း ကြောက်ဖို့ကောင်းနေပါလားနော်။ ဘယ်လိုကြောင့် ဒါတွေက ပွားလာရပါလိမ့်ဆိုတော့ အကုသိုလ်စိတ်တွေ ဖြစ်နေသမျှ ပွားနေပါတော့ တယ်။ အော်…တစ်နေ့ တစ်နေ့ ကုသိုလ်အလုပ်တွေကို ဦးအောင်မလုပ်မိသ၍ ကတော့ အကုသိုလ်တပ်ကြီးရဲ့ သိမ်းပိုက်မှုကို ခံနေရတာပါပဲလေ။ ဒါကြောင့်ပဲ ကုသိုလ်အလုပ်တွေကို အားချိန်တိုင်းမှာ လုပ်ဖြစ်အောင်လုပ်ဖို့ အမြန်ဆုံးကို plan ချထားမှသာ တော်ကာကျပါမယ်လေ။ အင်း…ကုသိုလ်အလုပ်ဆိုတာက လည်းလေ တကူးတကကို မဖြစ်ဖြစ်အောင် လုပ်ယူမှ အောင်မြင်တာမို့ တစ်နေ့တစ်နေ့ကို မပျက်အောင် သေသေချာချာလေး အားချိန်တိုင်းမှာ ပြေး လုပ်နိုင်အောင်ကိုကုသိုလ်အလုပ်တွေကို […]


who whoSeptember 24, 20111min906
ခုတလော အလွန်ခေတ်စားနေသော အအေးလှိုင်းဖြတ်မယ် ဆိုတဲ့ သတင်းကို ဂျာနယ်တွေထဲမှာပါ သတိပေးလို့ ရေးထားတာကို ဖတ်လိုက်ရပါ တယ်။ အင်း…အပူလှိုင်းကတော့ ၂၀၁ဝ မေလပိုင်းလောက်တုန်းက ကိုယ်တွေ့ ကြုံခဲ့ပြီးသားမို့ တော်တော်ဆိုးတာ သိနေပါပြီ။ ထိသမျှ အရာတိုင်းမှာ အပူဓါတ်တွေ ထုတ်ပေးနေတာကြောင့် လူတိုင်းလိုလို ဒီဒုက္ခကို အကြီး အကျယ်ကို ခံခဲ့ကြရပါတယ်။ တစ်ချို့ သဘာဝကို အန်တုလို့ လေအေးပေး စက်တွေနဲ့ ပြုပြင်ရင်းက ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ဒဏ်ကို မခံနိုင်ပဲ ဦးနှောက် သွေးကြောပြတ်တဲ့အထိ ဆိုးရွားစွာ အသက်နဲ့လဲသွားခဲ့ရတာတွေ လည်း ကြားဖူးကြမှာပါနော်။ အင်း ဘာလှိုင်းပဲလာလာ လန့်နေကြရတဲ့ အနေ အထားတောင် ရောက်နေပါပြီ။ ဒီထဲကမှ တစ်ရက်တည်း အတွင်း အအေးရော အပူလှိုင်းပါ ပြုံကျမယ်ဆိုရင်တော့ ဘာပြောကောင်းပါ့မလဲနော်။ ဒါပေမယ့် […]


who whoSeptember 23, 20111min704
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]