winkyawaungFebruary 14, 20131min1145
ကျွန်တော်တို့ သရက်မြို့နယ်NLD ပါတီညီလာခံကို (၂)ကြိမ်ပြုလုပ်တဲ့ကိစ္စကို အများသိအောင်ပြောပါရစေ..။ ဇန်နဝါရီလ(၂၂)ရက်နေ့က သရက်မြို့နယ်NLDပါတီရုံးမှာ (ပထမ)အကြိမ် ပါတီညီလာခံကိုကျင်းပခဲ့ပါတယ်။ သရက်မြို့နယ် အတွင်း ရပ်/ကျေးအုပ်စု(၅၆) အုပ်စုရှိပါတယ်။ (၃၄) အုပ်စု မှ တက်ရောက်သူ ညီလာခံကိုယ်စားလှယ်များ(၁၂၉)ဦးနဲ့ မင်းတုန်းမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့က ကြီးကြပ်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ပြုလုပ် ခဲ့ပါတယ်။ ဒါကို မကွေးတိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယ အကြိမ် ပြန်လည်ကျင်းပခိုင်းပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမမှာ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပပါတယ်။ သရက်မြို့နယ်ပါတီရုံးမှာ ဘာကြောင့်မလုပ်ပါသလဲ။ သရက်မြို့နယ်တွင်းမှာက ရပ်/ကျေးအုပ်စု(၅၆) အုပ်စုပါတယ်။ ရပ်/ကျေးအုပ်စု(၁၄) အုပ်စုထဲက ဖိတ်ကြားထားသူ(၁၆၉) ဦးသာရှိတယ်သိရပါတယ်။ တက်ရောက်လာသူ ညီလာခံကိုယ်စားလှယ်(၁၀၆) ဦးတက်ရောက်ပြီး […]


winkyawaungFebruary 13, 20131min720
ဇန်နဝါရီ(၁၂) ရက်နေ့ နံနက်(၉း၃၀)နာရီ မှ နေ့လည်(၃း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမတွင် သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပကြောင်း မြန်မာပို့စ် မှသတင်းရရှိသည်။ အဆိုပါ ညီလာခံအား ကံမမြို့နယ် NLDပါတီ ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် တို့ အဖွဲ့က ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ကြီးကြပ်ရေးအဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးအေးမြင့်၊ ဒေါက်တာခင်မောင်အေး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် NLDပါတီ ဒု ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ သရက်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင် တို့အဖွဲ့ တက်ရောက်ကြောင်း သိရသည်။ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရာတွင် ညီလာခံသို့ […]

IMG_1254-600x450.jpg

winkyawaungFebruary 12, 20131min842
`မကွေးမြသလွန်စေတီတော် ဘုရားရင်ပြင်တော်တွင် (ပထမ)အကြိမ် အဖြစ် NGO အဖွဲ့ပေါင်းစုံမှ ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ´ ဖေဖော်ဝါရီ(၁၂) ရက်နေ့ ညနေ(၅)နာရီ မှ ည(၈)နာရီအချိန်အထိ မကွေးမြသလွန်စေတီတော် ရင်ပြင်တော်ပေါ် နှင့် မြသလွန်စေတီတော်ခြေတော်ရင်း သဲသောင်ပြင်တွင် မကွေးမြို့တွင်ရှိ NGO အဖွဲ့ပေါင်းစုံမှ လူထုများက မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ပန်း နှင့် ဆီမီးများ ပူဇော်၍ ဆုတောင်းကြကြောင်း သတင်းရရှိသည်။ ထိုပွဲကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ အဖြစ်ကျင်းပကြောင်း၊ ငြိမ်းချမ်းပါစေ မြန်မာမြေ စာတမ်းပါ တူညီဝတ်စုံ တီရှပ်များကို ဝတ်ဆင်ပြီး တိုင်းရင်းသား ညီအကိုမောင်နှမသားချင်းများ နှင့် ဆင်နွဲနေရသော ပြည်တွင်းစစ်များကို အမြန်ငြိမ်းချမ်းသာယာပါစေဟု ဆုမွန်ကောင်းများ တောင်းဆိုပူူဇော်ကြကြောင်း ၊ ဆုတောင်း ပူဇော်ရန်အတွက် စာတမ်း ကန်တော့်ချိုးအား မကွေးမြို့နယ် […]


winkyawaungFebruary 10, 20131min1023
“ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းဝိုင်းထဲက မူကြိုကျောင်းလေးပြိုပျက်နေတာ (၂)နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကျောင်းလေးကို UNDP (ကမ္ဘာ့ကုလသမ္မဂ အဖွဲ့) က လွန်ခဲ့တဲ့(၈)နှစ်လောက်မှာ ဆောက်လုပ်ပေးခဲ့တာပါ။ ၂၀၁၃ ဖေဖော်ဝါရီ(၁)ရက်နေ့ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုတက်လာတော့ သူ့ကို လိုက်လံပြသ ပါတယ်။ ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေလုံးနဲ့ ယခင်မူလတန်းကျောင်းအုပ် ဦးသိန်းထွန်းတို့ရဲ့ ပစ်စလက်ခတ် ထားခဲ့တဲ့ မူကြိုကျောင်းပျက်လေးပါ။ ဒီလိုကြီး မပြုမပြင်ဘဲထားလာခဲ့တာ (၂)နှစ်ကျော်ကြာလာပါပြီ။ ဒါကြောင့် ယခု လျှောင်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုကို အားကိုးပါရစေ..။ လိုအပ်တဲ့ငွေကို ကျွန်တော်တို့ ကျေးရွာလူထုက ဝိုင်းဝန်းကူးညီပါ့မယ်။ မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပေးကြပါခင်ဗျာ..။´´ ဟု လျှောင်းတော်ဦးရွာသား လူငယ်တစ်ဦး မှ ပြောသည်။ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင်း ပစ္စည်းများနှင့် စုဆောင်းငွေများကိုလည်း […]


winkyawaungMarch 29, 20121min22914
မြန်မာပြည်မှာ နှစ်စဉ် လနှင့်ချီ၍ ရက်ရှည်ကျင်းပသော ပွဲတော်များထဲတွင် ရွှေစက်တော်ဘုရားပွဲတော်လည်း ပါဝင်နေပါသည်။ အညာဒေသ၊ အပူပိုင်းတွင် လူမျိုးပေါင်းစုံ လာရောက်၍ ရှစ်ခိုးပူဇော်ကြပြီး မန်းချောင်ရေကို အပန်းဖြေ အနားယူရေချိုးသော တစ်နေရာဖြစ်ပါ၏။ ထို့ကြောင့် မန်းချောင်းရေအား ကျန်းမာရေးနှင့်အညီ သန့်ရှင်းကြည်လင် အေးမြသာယာရေး၊ ဘုရားပွဲတော်ကျင်းပရာ မန်းချောင်းတစ်လျှောက်မှ ငါးလေးများကို ဘေးမဲ့ပေးရေးအတွက် အားလုံးမှာတာဝန်ရှိပါသည်။ ထိုကဲ့သို့ မဖြစ်စေရအောင် အပြုသဘောဖြင့် အမြင်မတော်သော သတင်းဓာတ်ပုံများကို ဖော်ပြလိုက်ရပါသည်။ မှတ်ချက် (မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် လုံးဝ (လုံးဝ)မရည်ရွယ်ပါ။)


winkyawaungMarch 24, 20121min1295
၂ ၂၃-၃-၂၀၁၂ နေ့ နံနက်(၇)နာရီမှစ၍ မကွေးမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ (NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းကြီးနှင့်ကြယ်ဖြူပါ) အလျားပေ(၂၀)၊ အမြင့် (၈) ပေရှိ ရွှေရောင်ခွပ်ဒေါင်းရုပ်ကြီး နှင့် အလျား(၈)ပေ၊ အမြင့်(၄)ပေရှိ ခွပ်ဒေါင်းရုပ်တင်ဆောင်ထားသော ကားနှစ်စီးဖြင့်အတူ မော်တော်ယာဉ်အစီး(၁၅)စီး၊ မော်တော်ဆိုင်ကယ်များအစီး(၃၀)ခန့် သည် မကွေးမြသလွန်ဘုရားသို့သွားရောက်ပူဇော်ကြသည်။ ထိုမှ မြို့ဟောင်းရပ်ကွက်၊ ဈေးလယ်စိုးရပ်ကွက်၊ ဆုံရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကံသာ၊ မြင်သာရပ်ကွက်၊ ရန်ပယ်ရပ်ကွက်များမှ လမ်းမကြီးများနှင့် မကွေးမြို့တွင်းသို့ NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းကြသည်။ မကွေးမြို့နယ်NLD ပါတီ မှ ကြားဖြတ်ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့် ဦးမြင့်သိန်း၏ ကိုယ်ရေးကျဉ်း ပန်းဖလက်များဝေငှခြင်း။ NLD ပါတီအောင်နိုင်ရေးသီချင်းခွေများ၊ တီရှပ်များ၊ စတေကာများ၊ ခေါင်းစည်းများ၊ NLD ပါတီတံဆပ်ပါ အလံ အမျိုးမျိုးတို့အား ရောင်းချဝေငှနေကြောင်း မြင်တွေ့ရ၏။ […]


winkyawaungMarch 15, 20121min11210
ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို ့နယ် အာဏာပိုင်များကတားမြစ်ထား ၁၃.မတ်လ ၂၀၁၂ Myanmar News Now မကွေးမြို့ ယင်းတိုက်နယ် ရှားပင်လှကျေးရွာတွင် ၁၃.မတ်လ.၂၀၁၂ မနက် ၅ နာရီခန့်အချိန်တွင် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၆လုံးမီးဘေးသင့်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်မကွေးမြို့မှ ပါရမီသွေး လူငယ် များဦးဆောင်ပြီး စေတနာရှင်များစုပေါင်းကာ လှူဒါန်းသော ဆန်အိတ် ၅ဝ နှင့် အစားအသောက် အဝတ်အစားများကို သွားရောက် ကူညီ လှူဒါန်းရာတွင် မီးဘေးသင့်ပြည်သူများ သို့လှူဒါန်းခွင့်မရခဲ့ပါ။ အဆိုပါ မီးလောင်မှု ဖြစ်ပွါးရာ ကျေးရွာသို ့ရောက်ရှိနေသောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင် မှ တိုက်ရိုက်လှူဒါန်းခွင့်မပေးပဲ ခဏစောင့်ခိုင်းပြီး အစည်းအဝေး ၂ နာရီ ခန့်လုပ်ပြီးမှ လှူဒါန်းသောပစ္စည်းများအား သူတို့အဖွဲ့ ထံတွင်သာ အပ်နှံထားခဲ့ရန်ပြောကြားခဲ့ပါသည်။ […]


winkyawaungMarch 9, 20121min1876
`မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၈၃)တွင် မကွေးတိုင်းဒေသကြီး မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့် တိုက်(၄) နှစ်ပြည့် စာပေဟောပြောပွဲအား ဒေါက်တာထွန်းလွင်(မိုလေဝသ/ဇလဗေဒဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) နှင့် အခြားစာရေးဆရာ၊ ဆရာမ(၄)ဦး တို့ ဟောပြောပွဲရန်စီစဉ်ထားကြသည်။ ဟောပြောပွဲကျင်းပမည့်နေ့ည မိနစ်ပိုင်းအလိုမှာ ` သက်ဆိုင်ရာမှ စာပေဟောပြော ခွင့် ပွဲမိန့် မရ၍ ´ဟု တားမြစ်ခံခဲ့ရ ပါသည်။ ဟောပြောကြမည့် စာရေးဆရာ၊ဆရာမများနှင့် ကြွရောက်နားထောင်ရန် လာရောက်ခဲ့ကြသော စာပေဟောပြောပွဲ ပရိတ်သတ်ကြီးတို့မှာ `ဟာ.ခနဲ.ဟင်..ခနဲ´ ဆိုပြီး ဝမ်းနည်း ပူဆွေ ငိုကြွေး သောကများကြရပုံ ဆောင်းပါးအား ဖတ်လိုက်ရပါ၏။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စာပေဟောပြောပွဲ အတွက် ဟောပြောခွင့်ပြုမိန့်များအား သက်ဆိုင်ရာမှ အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း […]


winkyawaungMarch 6, 20121min20214
မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော် ၂-၃-၂၀၁၂၊(သောကြာနေ့) တောင်သူလယ်မားနေ့ မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းစက်တော်ရာ ရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူးရောက်ရှိခဲ့ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များ ရုံးပိတ်ရက်(၃)ရက်ဆက်တိုက်ဖြစ်နေလို့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ အလွန်များပြားစည်ကားနေတာကို မြင်တွေ့ရပါတယ်။ ဒီဘုရားပွဲတော်ကြီးက တပို့တွဲလဆန်း(၅)ရက်မှ တပေါင်းလ၊ တန်ခူးလ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပတဲ့ မြန်မာပြည်က သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပါတယ်။ မန်းစက်တော်ဘုရား ပွဲတော်မှာ ဝါးခင်း၊ထရံကာ၊သက္ကယ်မိုးများနဲ့ ဆောက်လုပ်ထားတဲ့ သီးသန့်လုံးချင်းတည်းခိုဆောင်များနဲ့ တည်းခိုဆောင်( ဒေသအခေါ် တည်းကျောင်း) များရှိပါတယ်။ အဲဒီတည်းခိုခန်း (၁၁)ခန်းတွဲ တစ်တွဲစီကို တည်းခိုဆောင်တစ်လုံး အဖြစ်သတ်မှတ် နေရာချထားပြီး ဆောက်လုပ်ပေးထားပါတယ်။ တစ်ခန်းလျှင် လူ ခုနှစ်ဦးခန့်သာ အိပ်စက်နိုင်ပါတယ်။ အဲဒီတည်းခိုခန်း(၁)ခန်းကို ငှါးရမ်းခက ပုံမှန်ဈေးမရှိပါ။ တစ်ခန်းငှါးရမ်းခ(တစ်ညအိပ်)တစ်ရက်၊ […]


winkyawaungFebruary 16, 20121min14611
မိတ်ဆွေများခင်ဗျာ..။ ကျွန်တော်တို့ မြန်မာပြည်တွင်းက ယခင် စစ်အစိုးရလက်ထက်မှ လုပ်ကိုင်ခွင့်ပြုထားခဲ့တဲ့ စကို်င်းနက်(အင်တာနက်လိုင်း) မှာ အများပြည်သူများထံမှ ဈေးနှုန်းများကိုလည်း အများဆုံးယူထားပါတယ်။ ဝန်ဆောင်မှုပေးတော့ ဘလော့ပို့စ်များနဲ့ အခြား သတင်းမီဒီယာလိုင်းများကို ပိတ်ထားဆဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ကတောင် ဘလော့ပို့စ်တွေ နိုင်ငံခြားသတင်းဌာန များ အားလုံးကိုဖွင့်ပေးနေပါပြီ..။ ယခုတော့ သူတို့က ဈေးကလဲ အများကြီးယူထားတယ်..။ ဝန်ဆောင်မှုကိုတော့ အင်တာနက်သုံးစွဲသူများ စိတ်ချမ်းသာအောင် ဆောင်ရွက်မပေးပါ။ ဒေါင်းလုပ်နေနေသာသာ အင်တာနက်လိုင်း အားလုံးလောက် ကို ဘန်းထားပါတယ်။ ယခုလို ခေတ်ပြောင်းနေတဲ့ အချိန်မှာ စကိုင်းနက် အင်တာနက်လိုင်းကို အသုံးပြုသူများ စိတ်ချမ်းသာအောင် သက်ဆိုင်ရာ ကုမ္ပဏီများက အလေးထားဆောင်ရွက်ပေးသင့်ပါပြီ..။ ယခု လာမည့် ၂၀၁၂/၂၀၁၃ ဘတ်ဂျက်အမှီ စကိုင်နက် အင်တာနက်လိုင်းကို ခေတ်နဲ့အညီ ပိတ်ထားတဲ့ ဝက်ဆိုက်များကို […]


winkyawaungFebruary 14, 20121min82
`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´ ၄-၂-၂၀၁၂ နေ့ နံနက်(၁၁)နာရီအချိန်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး မှ ယခင် ၂၀၀၈ ခုနှစ် ထုတ်ပြန်ထားသော မြန်မာဂို(လ်)ဒင်းစတား (MGS) စိုက်ခင်းတာဝန်ခံ၏ တားမြစ်ထားသောစာ နှင့် ၂၀၁၁၊ ဇွန်လ(၂၇)ရက်နေ့တွင် ဆိပ်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံအစီရင်ခံတင်ပြ ထားသော စာ(၂) စောင်ကို တင်ပြလာပါသည်။ ထို့နောက် အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုသွားပါသည်။ ဤကိစ္စအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ အကူအညီဖြင့် အစိုးရအသစ် သမ္မတကြီး ဦးသိန်းစိန်ထံသို့ လည်း တင်ပြထားပြီးကြောင်း ပြောကြားပါသည်။ ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း၏ ပြောကြားချက်။ ကျွန်တော်တို့ရွာက […]


winkyawaungFebruary 12, 20121min1314
မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ စုစုပေါင်းအသိမ်းခံထားရသော မြေဧကမှာ(၃ဝ ဧက) ခန့်ဟုသိရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ(၂၀၁၁ ခု အောက်တိုဘာလ(၁၃)ရက်နေ့စွဲဖြင့် အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ […]