winkyawaungFebruary 10, 20121min501
` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´ စာရေးသူ ၂၀၁၂ ခုနှစ် ဇန်နဝါရီ(၂၆)ရက်နေ့တွင် စာရေးဆရာ အေးရွှေ(ကေတုမတီ) မှ တောင်ငူစာပေဟောပြောပွဲသို့ လာရောက်သတင်းယူရန် ဖိတ်ကြားပါသည်။ ထို့ကြောင့် မကွေးမြို့ သင်ကြားရေးဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာမြသောင်း (ခ) ကဗျာဆရာ သောင်းကေတု ၏ ကားကြုံဖြင့် တောင်ငူမြို့သို့ လိုက်ခဲ့ပါသည်။ (၂၆)ရက်နေ့ ည(၇)နာရီတွင် တောင်ငူမြို့သို့ ရောက်ပါသည်။ တောင်ငူစာပေဟောပြောပွဲမှာ (၂၆-၁-၂၀၁၂) နေ့ ညတွင် စတင်ကျင်းပရန် မူလက စီစဉ်ထားပါသည်။ သို့သော်လည်း ယင်းညမှာ စာပေဟောပြောပွဲကျင်းပရာ မိုင်နာဘောလုံးကွင်းထဲမှာ တရားပွဲ ရှိနေ၍ စာပေဟောပြောပွဲအား တစ်ရက်နောက်သို့ ဆုတ်ပေးလိုက်ရကြောင်း ကြားသိရပါ၏။ စာပေဟောပြောပွဲများကို (၂၇) ရက်နေ့မှ (၃၁-၁-၂၀၁၂) နေ့ အထိ (၅)ရက် ၊ […]


winkyawaungFebruary 6, 20121min1994
`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´ အောင်ဘာလေထီ ကို(၂၇ရကြိမ်)မှစ၍ သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆုသိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာလိုင်း (၃)လိုင်းထပ်တိုးတယ်။ (၂၇၆ကြိမ်)မှာ `က´ အက္ခရာမှ `မ´ အက္ခရာအထိ(၂၅)လုံးပါ။ (၂၇ရကြိမ်)ကစပြီး`က´မှ `လ´အက္ခရာထိ(၂၈)လုံးတိုးထားတယ်။ ယခင်ထက် အက္ခရာ(၃)လိုင်း တိုးလိုက်တော့ ထီစောင်ရေ(၂၇)သိန်းတိုးလာပါ တယ်။ ဝယ်အား(ထီထိုးအား)များလာရင်လည်း နောက်ထပ် အက္ခရာလိုင်းတွေကို ထပ်မံတိုးသွားမယ်လို့ ကြားသိရပါတယ်။ အစိုးရထုတ်ဈေးကတော့ ထီတစ်စောင်(၂၀၀)ကျပ်သာတဲ့။ အစိုးရက ထီဈေးနှုန်းမတက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားပြည်သူတွေကတော့ ထီဖွင့်ခါနီးရင် ထီတစ်စောင် (၄၀ဝိ/၅၀ဝိ)ကျပ် သေချာပေါက်ပေးပြီး ထိုးကြရမယ်ထင်ပါတယ်။ ယခုလဆန်းပိုင်းကို ထီတစ်စောင်(၃၀ဝိ/၃၅ဝိ)ထိုး နေရပါပြီ။ ထီဆိုင်သူဌေးကြီးများနဲ့ ထီလက်မှတ် ဝယ်ယူခွင့်ရထားသူ (အခွင့်ထူးခံ) လူတန်းစားများသာ ပိုပြီး […]


winkyawaungDecember 25, 20111min939
`လွတ်ထွက်သွားခြင်း´ *ဘဝ+ပတ်ဝန်းကျင်=…လို့ ဆိုရတော့မှာလား အမေ..။ *အဖေနဲ့ အမေ သားကို မွေးဖွားပေးခဲ့တဲ့ သားရဲ့ ချက်မြုပ်ထားရာ ဇာတိကို တကယ် လာကြည့်ချင်နေတာပါ။ *အမေနဲ့ရွာကို သားမောင်လွမ်းလို့ တမ်းတမိတယ် အမေရယ်…ဆိုတဲ့ ဟင်္သာတ ကိုထွန်းရင်သီချင်းသံကြားလေတိုင်း သားငိုခဲ့ရပါတယ် အမေ..။ *ဒါမေမယ့် သားအတွက် ရောဂါ ဒုက္ခ ပြောရမှာတော့.. နားနဲ့မနာ ဖဝါးနဲ့နာပေးပါအမေရယ်.. သားကိုခွင့်လွတ်ပါလို့.. အကြိမ်ကြိမ်အခါခါ တောင်းပန်လိုက်ပါရစေ..။ *ယခုတော့ သားဘဝမှာလေ ဗိုလ်ထိုင်အိမ်သာ မရှိရင်မဖြစ်တော့လို့ အမေတို့ရွာနဲ့ ထာဝရ ဝေးကွာခဲ့ပါပြီ အမေရယ်….။ ။


winkyawaungNovember 19, 20111min27119
ခရီးသွား လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်ရွှေ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန် ရန်ကုန်၊ နိုဝင်ဘာ ၁၅ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ (MPT)၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ၎င်း စီစဉ်ကျင်းပသော ASEAN- Japan Business Meeting သတင်းအပါအဝင် ဝန်ကြီးများရုံးအား ထိန်းသိမ်း သင့်သည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် […]


winkyawaungNovember 15, 20111min19012
´´ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ […]


winkyawaungNovember 5, 20111min1308
“၆-လေးလုံး မုဆိုးမ- ဟောကိန်း´´ ကဗျာဆရာ။ အရှင်ဝိသေသ လင်္ကာရာဘိဝံသ(အင်းစိန်) *သူငယ်ချင်း……….. အသက်တွေကြီးပြီး ရှေ့ခရီးမှာငါ-ဥခွံထဲကထွက် ၂၀၁၂-ကို ခြင်္သေ့လည်ပြန်ကြည့်မိတယ် မြေပြင်ကိုနမ်းလို့ မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီ။ *ဟာ..စံဇာနည်ဘိုရဲ့ ရုပ်ပုံလွှာ မတုန်မလှုပ် ကျောက်ရုပ် ငုတ်တုတ်ထ ထိုင်နေပါပကော တခါတုန်းကပေါ့ ငါတို့ယောနယ်က ပျူလူမျိုး မင်းသမီး တောင်သားတို့ရဲ့ စန္ဒာဒေဝီ ဧကရီမလေး ဟောကိန်း ဗေဒင်ဘုတ်အုပ်ထဲမှာ ရေးဖူးတယ်။ *အို-`မှန်´ချက်ကတော့ သွေးထွက်သွားတယ် လား လား…… စံဇာနည်ဘို ဆိုတာ မျိုးနဲ့ရိုးနဲ့အကောင် ဂယောင်မကျတတ်ဘူး သူ့ဆရာ နှစ်ပါးကလဲ အာဂလူတွေ ဆာဂျင်ကလပ် အောင်ထွန်း(ခလရ) ဆာဂျာကလပ် တင်အောင်(မှတ်တမ်းရုံး) ဒါနဲ့ဘဝ မဆုံးသေးဘူး ဒေါက်တာ မင်းသိင်္ခလို့ ထင်ရှား ဒေါက်တာ စံတင်အောင်(ရွှေဘို)လို့ လူသိများ ဗေဒင် လက္ခဏာ […]


winkyawaungAugust 1, 20111min35028
`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေ ဈေးကြီးပေးပြီး ထီထိုးနေရပါတယ်..´ သမ္မတကြီး ဦးသိန်းစိန်အစိုးရတက်လာပြီး ဆင်းရဲ၊နွမ်းပါး၊မွဲတေမူလျှော့ချရေးအတွက် အထူးစီမံချက်များနဲ့ ဆောင်ရွက်နေတာကို ဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။ စာရေးသူတို့နယ်တွေမှာရော မြန်မာနိုင်ငံ အနှံ့မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး တွေ ကင်းစင်အောင် ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်များမှာ နေ့စဉ်လိုလို ဖတ်နေရပါတယ်။ ၂၀၁၁၊ ဇွန်လ ပိုင်းက စတင်ပြီးဆောင်ရွက်လာတာ အများအသိပါ။ ယခု ဇူလိုင်လမှာလည်း အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း ကြားသိရပြန်ပါတယ်။ အမှန်တကယ်လည်း အောင်မြင်နေတာကို တွေ့မြင်နေရပါတယ်။ ဘာကြောင့်အောင်မြင်နေပါသလဲဆိုရင်..၊ လူတိုင်း လူတို်င်း ချမ်းသာချင်ကြပါတယ်။ တစ်နေ့မှာ ချမ်းသာနိုးနိုးနဲ့ အိမ်ရှင်မရဲ့ မီးဖိုချောင်ဈေးဖိုပါမကျန် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေကိုသာ ဝိုင်းပြီးထိုးလာခဲ့ကြတာ အများအသိပါ။ ဒါကြောင့် လူဆင်းရဲ၊ လူမွဲတွေ များပြားလာကြောင်း နိုင်ငံတော်က ကြားသိရလို့ […]


winkyawaungApril 4, 20111min622
အခုတလော ငလျင်လှုပ်တာပဲ ကြားနေရတယ်။ မကြာခင်က နယူးဇီလန်၊ ပြီးတော့ ယူနန်ပြည်နယ် ရင်ကျန်းမြို့ (မြန်မာပြည်နယ်စပ်)၊ အဲဒီနောက် မတ် (၁၁) ရက်နေ့က အကြီးဆုံး ၉.ဝ ဂျပန်ငလျင်၊ ဟော မနေ့က (၂၄) ရက်မှာပဲ မြန်မာနိုင်ငံနယ်စပ်၊ မယ်ဆိုင် (ထိုင်းနိုင်ငံ) နဲ့ လာအိုနယ်စပ်ဘက်မှာ ၆.၈ ငလျင် ထပ်လှုပ်ပြန်ပြီတဲ့။ သဘာဝဘေးအန္တရာယ်ထဲမှာ ငလျင်ကလည်း ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ကတော့ ကံကောင်းနေကြသေးလို့ ကိုယ်တိုင်မကြုံဖူး မခံစားမိသေးဘူး။ အကယ်၍ ငလျင်လှုပ်ခဲ့ရင် ခုံအောက် ကုတင်အောက်ပဲ ပြေးပုန်းမှာလား၊ ဒါမှမဟုတ် တံခါးပေါက်ဝမှာပဲ ရပ်နေမှာလား? ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာလား? အဲဒီလို တွေးကြည့်စဉ်းစားမိကြပါသလား? အောက်ကစာကို ဆက်ဖတ်သွားကြည့်ပါ တစ်နေ့နေ့ ခင်ဗျားအသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်နာမည်က Doug […]


winkyawaungNovember 8, 20101min853
သတင်း လွတ်လပ်ခွင့် လုံးဝမရှိတဲ့ (၂၀၁၀) ရွေးကောက်ပွဲ ယနေ့ ၇-၁၁-၂၀၁ဝ မှာ မြန်မာပြည်ရွေးကောက်ပွဲ လုပ်ပါပြီ..။ သတင်းယူမယ့် အဖွဲ့များကို ပြန်ကြားရေးဝန်ကြီးဌါန၏ သက်ဆိုင်ရာမှ ခွင့်ပြုထားတဲ့ သတင်းထောက်များကို ခွင့်ပြုပေးထားတဲ့ နေရာမှာသာ သတင်းယူခွင့် ပြုပါကြောင်း၊ တစ်ဦး တစ်ယောက်ချင်း သွားလာခွင့်မရှိပါ။ အဖွဲ့လိုက်ကို သက်ဆိုင်ရာ ဒေသ တိုင်းကော်မရှင်မှ ဦးဆောင်ပြီး လိုက်လံ ပြသပေးပါတယ်။ ဒေသခံ မြို့နယ်များမှ စာနယ်ဇင်းအဖွဲ့များကိုလည်း သတင်းယူခွင့် မပေးပါ။ သတင်းဓာတ်ပုံရိုက်ခွင့်မပြုပါ။ သူတို့ခွင့်ပြုသူများကိုသာ ဓာတ်ပုံရိုက်ခွင့်ပေးမည် လို့သိရပါတယ်။ အခြားသတင်းထောက်များကိုတော့ မဲရုံ၏ ပေ(၁၅၀) မှ သတင်းယူရမည်ဟု သာ သိရပါတယ်။(မလာကြပါနဲ့ လို့ ပြောတဲ့သဘောပါပဲ)။ ခွင့်ပြုပေးထားတဲ့ သံတမန်အဖွဲ့ နှင့် သတင်းသမားများကိုလည်း သက်ဆိုင်ရာ ဒေသတွင်းက အကောင်းဆုံး […]


winkyawaungNovember 2, 20101min741
ပြောရမယ်ဆိုရင် ကဗျာတွေကနေ စလိုက်ရအောင် … Posted by ဖုန်းမြင့် Sunday, June 28, 2009 at 4:06 AM ပြောရမယ်ဆိုရင် ကဗျာတွေကနေ စလိုက်ရအောင် … တုပ်ကွေးမိနေတဲ့ကမ္ဘာထဲ ကိုယ့်ဒူးခေါင်း ကိုယ်ပိုက် ငုတ်တုတ်ငိုက်နေတုန်း ကဗျာတွေက အုပ်ဖွဲ့ပျံသန်းကြတယ် ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ ကဗျာကတော့ ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့ ကဗျာနဲ့မိုးလင်း ကဗျာနဲ့မိုးချုပ် ရှင်သန်ခြင်းတွေ ရှိုက်သွင်းထားလိုက်ရတဲ့ ကဗျာတွေရှိတယ် တချို့ကဗျာတွေက ဆံပင်ရှည်ရှည်နဲ့ မြို့ကြီး ၊ ပြကြီး ဆန်ဆန် ကဖေးထဲမှာ အိန္ဒြေရရထိုင်လို့ တချို့ကဗျာတွေက အလွမ်းတွေဖူးနေအောင်ပန်ပြီး ညနေခင်းမှာ လမ်းသလားနေကြတယ် တချို့ကဗျာတွေက နာဇီအလံကို အကျႋီချုပ်ဝတ် စစ်သူကြီးဆန်ဆန်..ရဲရင့်လို့ တချို့ ကဗျာတွေက ဗြဟ္မာဘုံကဗြဟ္မာကြီးတွေလို ရုပ်သက်သက် […]


winkyawaungOctober 30, 20101min1206
ငါ..အရာရာကို ဘာကိုမျှ မကျေနပ် ဘာကိုမျှ အလိုမပြည့် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် ငါသိ ငါတတ် ဆရာကြီး..။ ဒါပေမဲ့ အသိပညာတွေကိုလည်း ထဲထဲဝင်ဝင် မရှိ… အတတ်ပညာတွေကိုလည်း ဇဝေ ဇဝါ.ဝိုးတိုးဝါးတား ဗေဒင်ဆရာရဲ့ ပါးစပ်မှာ လမ်းဆုံးထား..။ နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ.. ဘာသာရေး အသိုင်းအဝိုင်းမှာ.. လူမူရေးနယ်ပယ်မှာ.. သတင်း၊နည်းပညာကွန်ယက်မှာ.. အနုပညာအစုံ ရေလျင်ကြောမှာ.. ဆရာကြီး၊ ဆရာကြီးပါ….။ ဪ..ငါ..ငါ.. လူတွေက မသိကြလို့သာ.. ယခု သေခင်း သေဝရောက်တော့မှ ငါ..စဉ်းစားမိပါတယ်.. အမှန်တကယ် ထဲထဲဝင်ဝင် မြင်နေရတာ..အပါယ်ငရဲပါ..တကား။ (သူများ အရေးထက် ကိုယ့်အရေးကိုယ်သာ အားထုတ်နိုင်ကြပါစေ…) ကိုယ်တိုင်ရေး ကဗျာ (နောင်တ)


winkyawaungOctober 29, 20101min995
တစ်နေ့လုပ်မှ တစ်နေ့စား ယောင်္ကျားက ဆိုက်ကားသမား မိန်းမက ဟင်းရွက်သည် သား၊သမီး ကလေးတွေ တစ်ကြိတ်နဲ့ အဖေ၊အမေပြန်မလာမီ တစ်ရေးအိပ်လို့စောင့်ကြရ။ အဖေမှာ ဆိုက်ကား အုံနာခ(၅၀၀)ကျပ်ကို အရင်ရှာ ပိုတဲ့ငွေ နဲ့ ဆန်ဝယ် ဆီဝယ် ညနေစောင်းလို့ အိမ်ကို အပြေးပြန်ခဲ့ရတယ်။ အမေဟင်းရွက်သည် နွမ်းလျှတဲ့ ကန်ဇွန်းရွက်ကို ရေလုံပြုပ်၊ ခေါင်းတစ်ရာသား ငါးအိုးကပ်ဟင်းကိုတည် အရင်း အနှီးငွေက တစ်ရာကို နှစ်ဆယ်အတိုးနဲ့ ဈေးဂေါင်းကတော် မစိန်ချယ်ဆီက နေ့ပြန်တိုး ချေးရပါတယ်။ အာဂ ဟင်းရွက်သည် သားသမီးတွေရှင်ပြုဖို့ တစ်ရက် ငွေငါးဆယ်နဲ့ နှစ်တော်တော်ကြာအောင် စုခဲ့တယ် တတ်အားသမျှ ဒါန သီလ ဘာဝနာကို လက်ကိုင်ပြုထားတယ် သာရေး၊နာရေး လူမှုရေးဆိုလည်း ပန်းကန်ဆေး၊ခွက်ဆေး ကူညီပါတယ်။ ဆိုက်ကားဆရာနဲ့ ဟင်းရွက်သည် သားရှင်ပြုတဲ့နှစ်မှာ […]


winkyawaungOctober 21, 20102min24125
မြန်မာပြည်က ဦးခေါင်းနှစ်လုံးနဲ့နွား အတိတ်နိမိတ်များ ကောင်းမှာလား ဆိုးမှာလား? မကွေးမြို့နယ် မကွေးမြို့ရဲ့ အရှေ့ဘက်(၃)မိုင်ကွာ ဆားတိုင်ကန်ရွာမှာ (၁၇-၁၀-၂၀၁၀) တနင်္ဂနွေနေ့၊ ညရနာရီ၁၅ မိနစ်အချိန် (မိထူး)ဆိုသော ဦးခေါင်း နှစ်လုံးပါတဲ့ ဒီနွားမလေးကို မွေးဖွားပါတယ်။ ပိုင်ရှင်အမည်တွေကတော့ ဦးကက်စိန်၊ ဒေါ်အမာတင်တို့ဖြစ်ပါတယ်။ နွားမကြီးက ဖရီရှန် နို့စားအမျိုးအစား နွာမကြီးပါ။ သူ့ကို မေထွန်း လို့နာမည်ပေးထားပါတယ်။ ယခုနွားကလေးနဲ့ဆိုရင် (၃)သား (၃)ခါ မွေးဖွားပြီးခဲ့ကြောင်း သိရပါတယ်။ နွားငယ်ကလေး ဦးခေါင်းနှစ်လုံးခွဲထွက်ရာ အလယ်တည့်တည့်မှာ မျက်စေ့တစ်လုံးသာ တွေ့ရပါတယ်။ ဦးခေါင်းနှစ်လုံးရဲ့ ဝဲ၊ယာဘက်တွေမှာ ကြည်လင်ထောက်ပနေတဲ့ မျက်လုံးနှစ်လုံး၊ ပါးစပ်။နားရွက်၊ နှာခေါင်းတွေ အစုံအလင်ပါ ပါတယ်။ ခလယ်(အတွင်းဘက်)က မျက်လုံးသာ တစ်လုံးထဲပါနေပါတယ်။ ဦးခေါင်းကြီးက နှစ်လုံးဆိုတော့ ခေါင်းကို ကောင်းကောင်းမထူနိုင်ပါဘူး။ နို့စို့တဲ့အခါ တစ်ဘက်ခေါင်းက […]