ဆူးSeptember 24, 20101min852
ဂါရီရယ်လ်မိချောင်းမျိုးဟာ လက်ရှိ ကမာ္ဘပေါ်မှာ အကြီးဆုံးမိချောင်းမျိုးဖြစ်ပါတယ်။ သေးသွယ်ရှည်လျားပြီး သန်မာသော နှုတ်သီးရှိပြီး ငါးသေး လေးများကို ဖမ်းစီးစားသောက်တတ်ပါတယ်။ အကောင်ကြီးတဲ့ သားကောင်မျုားကိုတော့ ဖမ်းစီးစားသောက်မှု့မပြုနိုင်ပါဘူး။ ရေထဲမှာတော့ အလွန်လျင်မြန်တဲ့သတ္တဝါဖြစ်သလို ကုန်ပေါ်မှာတော့ သိပ်ပြီးရွေ့ရှားမှု့မပြုပါဘူး။ နေပူစာလုံဖို့နှင့် သဲသောင်တွေမှာရှိတဲ့ အသိုက်များသို့သွားဖို့အတွက်သာ ကုန်ပေါ်မှာ နေခြင်ဖြစ်ပါတယ်။ အရွယ်အစားအနေဖြင့် ပေ ၂ဝ အထိကြီးတတ်ပြီး အလေးချိန် ပေါင် ၂ဝဝဝ ခန့်ထိ ကြီးထွားတတ်ပါတယ်။ အဓိကအားဖြင့် ငါးကိုသာစားတတ်ကြပြီး ဖားများနှင့် သေးငယ်တဲ့ရေသတ္တဝါအချို့ကိုလဲ စားတတ်ကြပါသေးတယ်။ မိတ်လိုက်တဲ့ ရာသီကတော့ နိုင်ဘာလမှ ဇန်နဝါရီလအထိဖြစ်တတ်ကြပြီး မတ်လနှင့် မေလတို့မှာအသိုက်ဆောက်ကြပါတယ်။ ဥပေါင်း အလုံးရေ ၃ဝ မှ ၅ဝ အထိဥတတ်ကြပြီး ရက်ပေါင်း ၉ဝ ကြာတဲ့အခါမှာတော့ ဥများမှ အကောင်ပေါက်ဖွားလာပါတယ်။ သက်တန့်ချိုမှ ကူးယူဖော်ပြပါသည်။


ဆူးSeptember 22, 20101min500
လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ (၈) လွှာနေ ကွယ်လွန်သူ ဒေါ်မီမီအောင် အသက် (၃၉) နှစ်၏ ရုပ်အလောင်းအား ယနေ့ ၂၁.၉.၂၀၁ဝ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက် သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီ ပေးခဲ့ ပါသည်။ ကွယ်လွန်သူ ဒေါ်မီမီအောင်၏ ရုပ်အလောင်းအား သယ်ဆောင်ရာတွင် အထပ်မြင့် (၈) လွှာ အဆောက်အဦးမှ သယ်ယူရမည် ဖြစ်သည့်အတွက် ခန္ဓာကိုယ်အား ရေလုံဇစ်အိတ်ဖြင့် ထည့်ကာ ၂၀.၉.၂၀၁ဝ (တနင်္လာ) နေ့တွင် စင်ကာပူနိုင်ငံရောက် မြန်မာအလှူရှင်များမှ လှူဒါန်းပို့ဆောင်ခဲ့သော ရုပ်အလောင်းသယ်ဆောင်သည့် Body တင်ကဒ် (ထမ်းစဉ်)ဖြင့် ပွဲဦးထွက် စမ်းသပ် သယ်ဆောင် ခဲ့သည်။ ထိုသို့ Body […]


ဆူးSeptember 11, 20101min915
ကမာ္ဘ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. . နှလုံးကို အားကောင်းစေပါသလား အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂ဝက ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. […]


ဆူးSeptember 11, 20101min1408
ကျန်းမာချင်လို အာလူး စားပါဒီလို. . . အာလူးကို ချက်စားခြင်း၊ ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း ၊ ကြော်စားခြင်း များအနက်မှ ကျန်းမာရေးအတွက် ဘယ်ဟာ က အကောင်းဆုံးဆိုတာကို အကြံပြုရေးသားလိုပါတယ်. . . မနေ့ကတော့ အာလူးကြော်စားရင် ဘယ်လို ဆိုးကျိုးတွေရတယ်ဆိုတာကို ဖော်ပြပြီး ဖြစ်ပါတယ်. . . အာလူးမှာပါတဲ့ အာဟာရ တွေကတော့ ဘယ်လိုပဲ စားစား ဆုံးရှူံးမှုမရှိတော့ ကြိုက်သလိုစားလို့ရပါတယ်. . အာလူးစားတော့မယ်ဆိုရင် အောက်ပါအချက်များကို သတိထားစားသုံးပါ က ကျန်းမာရေးဖြင့် ညီညွတ် မည ်ဖြစ် ပါ သည်. . . ၁. အာလူးစားရင် အခွံကို ခွာပြီးစားတာ အနာ္တရာယ်ကင်းပါတယ် . . အထူးသဖြင့် […]


ဆူးSeptember 1, 20101min14912
ဒါကတော့ ဝင်ကြည် ့လိုမရတဲ့ဆိုဒ်တွေကိုကျော်ကြည့်လို ့ရတဲ့ဆော့ဝဲနဲ ့ကျော်လို ့ရတဲ့ဆိုဒ်တွေပါအသုံးတော်တော်တည် ့ပါတယ်.. သူကတော့ ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိန္ဒြေရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် . လုပ်နည်း * ဒီကို https://addons.mozilla.org/en-US/firefox/addon/3239 သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ . * Download Now နှိပ်ပါ။ ပြီးရင် install […]


ဆူးSeptember 1, 20101min632
ကျွှန်တော် အသက် ၄ဝ ဝန်းကျင်လောက် ရှိပြီလို့ သိထားပေးပါ။ ကျွှန်တော် ဂျပန်ဆိုတဲ့ နိုင်ငံ က မြို့တမြို့မှာ နေတယ်ပေါ့ဗျာ.. ကျွှန်တော် အလုပ်ကြိုးစားတဲ့ လူလို့ အလုပ်မှာကော ပတ်ဝန်းကျင်မှာပါ လူသိများပါတယ်။ သားသမီးတွေနဲ့ မိန်းမတော့ ရှိပါတယ်။ သားသမီးတွေကတော့ သူတို့ အိမ်ယာတွေနဲ့ ဆိုတော့ စိတ်ပူစရာတော့ မရှိဘူးပေါ့လေ.. ကျွှန်တော် အလုပ်ကို အရမ်းလုပ်သလို မိန်းမကိုလည်း ချစ်ခင်ကြင်နာတတ်ပါတယ်။ အလုပ်တွေ တောင်လို ပုံနေတဲ့ အချိန်မှာ မိန်းမက အားပေးသလို အနှောက်အယှက်မပေးဘဲ အလုပ်ကို ကြိုးစားနိုင်အောင် ပါရမီ ဖြည့်ဖက်ဖြစ်အောင် နေပေးလို့ ကျေနပ်ခဲ့ရပါတယ်။ တနေ့မှာတော့ အလုပ်က စီမံကိန်းတခု ကို ကျွှန်တော် တာဝန်ယူရပါတယ် ပြီးခဲ့ တဲ့ စီမံကိန်းတွေမှာလည်း နာမည်ကောင်းရလို့ […]


ဆူးAugust 31, 20101min14415
အသံဖိုင်ကိုတော့ မေးကနေ တဆင့်ရပါတယ် ဒီမှာ တင်ဖို့ ကြိုးစားတာတော့ မရဘူး ဖြစ်နေလို့ လိုချင်တဲ့လူ မေးကနေ တဆင့်ပို့ပေးမယ်။ ကိုယ်တိုင် နားထောင်ရတာ သဘောကျ နှစ်သက်တာလေးတွေ ရှိနေလို့ ပြန်တင်ပြချင်ပါတယ်။


ဆူးAugust 26, 20101min7912
ဘွဲ့နှင့် လျော်ညီသော အလုပ်အကိုင် ရရှိမှုများ ယခု နောက်ပိုင်းတွင် နည်းပါးလာပြီး တက္ကသိုလ်များ၌ နေ့ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိထားကြသူ လူငယ်အချို့သည် ပညာအရည်အချင်းများစွာ မလိုအပ်သော ယာဉ်နောက်လိုက်၊ လုံခြုံရေးဝန် ထမ်း၊ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အစရှိသည်တို့ကိုပင် လုပ်ကိုင်နေကြကြောင်း သတင်းရရှိပါသည်။ ယခင်ကမူ အလုပ်အကိုင် ရှာဖွေရာတွင် များသောအားဖြင့် ရရှိထားသည့် ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် ရရှိမှုများ ရှိခဲ့ကာ ယခု နောက်ပိုင်းတွင်မူ အလုပ်အကိုင် အတွေ့အကြုံ၊ အခြား ကျွမ်းကျင်မှုလက်မှတ်များ စသည်တို့ ပါရှိမှသာ အလုပ် လျောက်ထားနိုင်ခြင်း၊ အလုပ် ခန့်ထားနိုင်မှုများကလည်း အကန့်အသတ်ရှိလာခြင်း စသည်တို့က လူငယ်များအား အလုပ်ရွေးချယ်ခွင့် နည်းပါးမှုကို ကြုံတွေ့လာစေသည်ဟု သိရှိရသည်။ ”စီးပွားရေးတက္ကသိုလ်မှာ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ တစ်ယောက်ကို အထူးယာဉ်လိုင်းတစ်ခုမှာ ယာဉ်နောက်လိုက်အဖြစ် […]


ဆူးAugust 6, 20101min1044
မနေ့က ဟင်းမချက်နိုင်ရင် စားဖို့ လွယ်လွယ်ကူကူ ဆတ်သားခြောက် မီးဖုတ်ဝယ်လာတယ် မနက် ဆွမ်းတော်ကပ်တော့ ထမင်းပူပူလေး ဟင်းမချက်တော့ စားဦးစားဖျား ကပ်လိုက်တယ် ထမင်း စားခါနီး ဆွမ်းတော်လေး စွန့်ပြီး စားဖို့ကြည့်တော့ ဆတ်သားခြောက် မီးဖုတ်က အရောင်လေးတွေ ထမင်းမှာ ပန်းရောင်တွေ ပေနေတယ်။ ဘယ်လို လုပ်မလဲ ဈေးကတော့ ဈေးကောင်းနဲ့ ပေးဝယ်ရတယ် စားရမှာလဲ သဲ တလျှပ်လျှပ် ပစ်ရမှာလည်း အဆီ တဝင်းဝင်း လူတွေ ကျန်းမာရေး အသိနည်းပုံများ လွန်လွန်းတယ်။ ကိုယ်ကျိုးဘဲ ကြည့်နေကြတယ် လူတွေကလည်း ငပိဆို ခရမ်းရောင် သန်းမှ မြှစ်ဆို ဝါမှ ဇီးထုတ်ဆို နီမှ စားချင်ကြတယ် အရောင်မပါဘဲ ဖြူလျော့လျော့က လည်း သူဟာသူ ကောင်းတယ်ဆိုတာ လူတွေ […]


ဆူးAugust 4, 20101min762
မျက်လုံးနှစ်လုံး၏ မျက်ခွံကို ပိတ်လိုက်ခြင်းဖြင့် အိပ်ရာထဲတွင် အိပ်နေပြီဟု သတ်မှတ်၍မရပေ။ နိစ္စဓူဝ လှုပ်ရှားနေကြသည့် လူသားများ၊ ညပိုင်းအိပ်ချိန်ရောက်သည်နှင့် အိပ်ကြသည်မှာ ထူးဆန်းသော အပြုအမူ မဟုတ်ပေ။ အိပ်မပျော်တာဘာအရေးလဲဟု ပေါ့ပေါ့ဆဆပြောနေကြသူများ ရှိ၏။ အိပ်ပျော်ခြင်း၊ မပျော်ခြင်းကို လူအများစုက အလေးမထားကြသော်လည်း အိပ်ပျော်ခြင်းကြောင့် ကျန်းမာရေးအတွက် အကျိုးရှိသည့် အချက် များကို သဘောပေါက် မည်ဆိုလျှင် အိပ်ချိန်နှင့် အိပ်ခြင်းကို ဂရုပြုကြပေမည်။ ထို့ကြောင့် အိပ်ပျော်ခြင်းနှင့် ဆက်စပ်သော အကြောင်းတို့ ကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါသည်။ အိပ်ပျော်ခြင်းဆိုင်ရာ ဇီဝကမ္မ အိပ်ပျော်နေသူတစ်ဦး၏ အိပ်ပျော်ခြင်းကို လေ့လာပါက အဆင့်(၅)ဆင့် ရှိ၏။ ၁။ အိပ်ပျော်စအချိန်မှ ပထမ ၁၀-မိနစ်သည် အိပ်ပျော်ခြင်းအဆင့်(၁)နှင့်(၂)ဖြစ်၏။ထိုအဆင့်၌ မျက်နှာရှိ ကြွက်သားများ အနားရခြင်း၊ မျက်နှာ၌ စိုးရိမ်မှုပုံရိပ်များ […]


ဆူးAugust 4, 20101min1035
ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်ဝဝ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမဝသည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမဝမှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။ သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမဝခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် […]