ဆူးMay 25, 20111min1256
ပလန်းနက်ယူဇာမောင်နှမများစုပေါင်းလှူတဲ့ ပဉ္စမအကြိမ်ကထိန်အလှူပဲဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်ခင်းမယ့် ကျောင်းကတော့ ၁။ ပဓာန နာယကဆရာတော် ဘဒ္ဓန္တ ဉာဏ ( ဂိုဏ်းအုပ်ဆရာတော် မဟာဗောဓိဝိနည်းပြန်ဌာန ) ၂။ ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ (ပန်းပျိုးလက်) တည်နေရာ အမှတ် (၁၇) ၊ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း ကျောက်တန်းရွာ ၊ ပဲခူးမြို.နယ် ဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ ( ၆ – ၁၁ – ၂၀၁၁ ) မှာ ကထိန်အလှူကို ကျင်းပမှာဖြစ်ပါတယ်။ အရင်နှစ်တွေလိုပဲ အဝေးရောက်နေတဲ့ အွန်လိုင်းယူဇာတွေအတွက် ကထိန်အလှူငွေကို ဘဏ်မှသော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်းကောင်း ့အလှူငွေ လွဲနိုင်ရန်အတွက် အောက်ဖော်ပြပါ သက်ဆိုင်ရာယူဇာများ၏ အမည်၊မှတ်ပုံတင် နှင့် ဂျီတော့လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။ […]


ဆူးMay 20, 20111min1206
ရွှေပြည်ဟိန်း ကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ (ကျိုက္ကဆံ စူပါဝမ်း၊ တာမွေလေး၊ သံလမ်း အနီး) ဖုန်း ၅၄၁၄၉၃၊ ဝ၉၅၁၀၂၁၉၇။ မေလ ၂၁ ရက်နှင့် ၂၂ ရက်တွေမှာ စက္ခု ဝေဒနာရှင်များအား ဒါနပြု ခွဲစိပ် ကုသပေးမှာ ဖြစ်ပါတယ်။ သတင်းစာထဲမှာလည်း ပါတတ်ပါတယ်။ သိချင်ရင်တော့ လိပ်စာက ဖုန်းနံပါတ်ကိုသာ မေးမြန်းပြီး စုံစမ်းကြည့်ပါ။ အသိထဲမှာ မျက်စိ ဝေဒနာရှင် နွမ်းပါးသူများ အလကား ကုသပေးနေပါတယ်။ တနေ့က အလှူငွေ သွားလှူခဲ့တဲ့ အတွက် သတိတရ တင်ပေးလိုက်ပါတယ်။ နီးစပ်ရာ အတိဒုက္ခရောက်နေတဲ့ လူ ပုဂ္ဂိုလ် ရဟန်း စတာတွေကို တိုက်တွန်း နိုးဆော်ပေးကြပါအုန်း။


ဆူးMay 20, 20111min1479
တချိန်က စီမံကိန်း တခု အတွက် မြေကွက်တွေကို မဲနိုက်ပေးတာမျိုး ရှိခဲ့ဘူးပါတယ်။ မြေကွက် ၁ဝကွက် ကို မဲနှိုက်တဲ့ လူတွေကတော့ အများကြီးပါပဲ။ ထို အထဲမှာတော့ ဒေါ်ခင်တင့် တို့ မိသားစုက ပိုက်ဆံ ချမ်းသာပြီး အိုးလုပ်ငန်းတွေ လည်း လုပ်ကြပါတယ်။ ထိုမြေကွက်တွေကို အတွဲလိုက် လိုချင်ပါတယ်။ သူတို့ မြေကွက်နိုက်တဲ့ အခါ အကွက် နံပါတ် ၃ ၅ ၆ ဆိုပြီး ပေါက်ခဲ့တယ်။ ၄ တကွက်ကတော့ ဒေါ်တင်တင် ယောကျား ဦးမောင်အေး က ပေါက်သွားခဲ့တယ်။ ဖြစ်ချင်တော့ ထိုအချိန်မှာ ဦးမောင်အေးက မဲသွားနိုက်ဖို့ မေ့သွားပြီး အိပ်ပျော်နေပါတယ်။ မဲနိုက်ကြတာ ပိုင်ရှင် မပေါ်တဲ့ အဆုံး မဲနှိုက်ဖို့ ကျန်တဲ့ […]


ဆူးMay 19, 20111min21811
ဘေးအိမ်က တချိန်က ညည တံခါးခေါက်ခံရတယ် နောက်ပိုင်း ဆရာ တယောက် လာပြီး ကူညီ ဖြေရှင်းပေးတဲ့ အတွက် ပြသနာ တခု အဆင်ပြေသွားခဲ့တယ်။ နောက်တော့ လူကြီးများ မေးမြန်းကြည့်တယ် ဒီဆရာကို ဘယ်လို နည်းနဲ့ သိခဲ့တာလည်း သူနဲ့ ပတ်သတ်တဲ့ ထူးခြားတဲ့ သိတာလေးတွေ ရှိရင် ပြောပါဆိုပြီး လူကြီး တယောက်ကို မေးခဲ့တယ်။ သူရဲ့ ပြောကြားချက်အရ ဆိုရင်တော့.. တချိန်က မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း ဂျပန် ဝင်တော့ ကင်ပေတိုင် စနစ်နဲ့ အုပ်ချုပ်မှုတွေ ရှိခဲ့တာ ကြားဖူးပါတယ်။ ကင်ပေတိုင် စခန်း လုပ်ပြီး လူတွေကို နိပ်စက်ဖို့ သိမ်းပိုက်ခံရတဲ့ အိမ် အကြောင်း ပြောပြပါတယ်။ အင်္ဂလိပ်ခေတ်တုန်းကတော့ […]


ဆူးMay 19, 20111min13911
ကွန်ပျုတာ တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား/သူများ၊ ကွန်ပျုတာ တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူများ၊ Software Engineer အဖြစ်အသက်မွေးဝမ်းကျောင်း ပြူလိုသူများ၊ ITကို စတင် လေ့လာ လုပ်ကိုင် လို သူများ မတက်မဖြစ် တက်ရောက် သင့်သော သင်တန်း ဖြစ်ပါသည်။ နိုင်ငံတကာရှိ Company ကြီး များတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသော C# Language ဖြင့် Programming Concept (Logic) ပိုင်း ကို ပိုင်ပိုင် နိုင်နိုင် ရှိစေရန်၊ မှန်ကန်စွာ စဉ်းစား တွေးခေါ် ရေးသား တတ်နိုင် စေရန်၊ Exercise များစွာ ဖြင့် Programming အခြေခံပိုင်း ကို နိုင်ငံခြားတက္ကသိုလ် များ တွင် […]


ဆူးMay 16, 20111min1246
မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စီစစ်ရေးအဖွဲ့ဟုဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော လျှပ်ပေါ်လော်လီဝတ်စားဆင်ယင်မှု၊ အမျိုးသားယဉ်ကျေးမှုကိုထိခိုက်စေမည့်ဝတ်ဆင်မှု၊ ယုတ်ရင်းကြမ်းတမ်းသောပြောဆိုမှု၊ အမိအဖ/သားသမီးမိသားစုများကြည့်ရှုရန် မသင့်လျော်သောပြကွက်များ၊ အမှုအရာများ၊ ကြောက်မက်ဖွယ်ရာရက်စက်မှုပြကွက်များ၊ ဘာသာသာသနာကိုထိခိုက်စော်ကားမှု ဖြစ်ပေါ်သောအပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ၊ အမျိုးသားရေးကိုထိခိုက်စေမည့်ပြကွက်၊ ပြောဆိုအမူအရာများ၊ အမျိုးသားရေးကိုလှုံ့ဆော်/ပုန်ကန်မှုကို ဖြစ်စေသောပြကွက်များ. . . စသည်စသည်တို့ကိုအများပြည်သူတို့အားမပြသသင့်၍ ပိတ်ပင်တားဆီးကန့်သတ်သတိပေးရသောအဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းဟုကျွန်တော်နားလည်မိပါသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခမျိုးစေ့ချပေးခဲ့သောနာရေးကူညီမှုအသင်း(ရန်ကုန်) အများပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသောနာရေးကူညီမှုအသင်း(ရန်ကုန်) လူသားချင်းစာနာစိတ်ထား၍ ကူညီပေးဆပ်နေသောနာရေးကူညီမှုအသင်း(ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှုများ၊ ကူညီဆောင်ရွက်ပေးမှုများပါရှိသောဗီဒီယို (DVD) အချပ်များကို (ကန့်သတ်) ဟုရေးသားရိုက်နှိပ်ကာအလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ကိုကျေးဇူးတင်သည့် အနေဖြင့်၎င်း၊ မုဒိတာပွားများနိုင်ရန်၎င်း၊ မြန်မာ့ယဉ်ကျေးမှု ဘာသာသာသနာကိုဦးထိပ်ထား၍၎င်း၊ လူငယ်များလူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်၎င်း ရည်ရွယ်ကာအလှူရှင်များအတွက် (အခမဲ့) […]


ဆူးMay 11, 20111min26016
ကလေး အခွင့်အရေးတွေ ပြောနေကြတာနဲ့..သတိရမိတာ တခုရှိတယ်။ ၆တန်း ရတန်း လောက်တုန်းက (၁၉၉၇ဝန်းကျင်) ကျောင်းကားစီးရင် ကျောင်းကား ပတ်တဲ့ လမ်းမှာ အမြဲမြင်နေရတဲ့ အရူးမကြီး တယောက်ရှိတယ် ကလေးက ၂ယောက်တောင် ရှိတယ်။ အရူးမ ဆိုပေမဲ့ စိတ်ဖောက်တဲ့ အခါ တော်တော် ဆိုးပေမဲ့ သာမန်ဆိုရင် ကျပ်မပြည့် သလို ဖြစ်ယုံပါပဲ။ အရမ်းကြမ်းကြမ်း တမ်းတမ်းကြီး မဟုတ်တော့ ရပ်ကွက်က စောင့်ရှောက်ပေးထား ကြပါတယ်။ သူရဲ့ ကလေး ၂ယောက်က ၆ နှစ် ရနှစ်လောက် ရှိမဲ့ ကလေး က တစ်ယောက် နှင့် နောက်ကလေးတစ်ယောက်က ၁နှစ် ၂နှစ် ထက်မပိုဘူးထင်ပါတယ်။ လမ်းလျှောက်တတ်ပေမဲ့ အကြီးလေးက ချီလို့.. သူတို့ ဝမ်းရေး အတွက် […]


ဆူးMay 6, 20111min1236
တနေ့ နယ်ဘက်ကို ခရီးထွက်သွားတော့ တည်းခိုတဲ့ အိမ်က ဒေသခံ အဘိုးအိုတယောက်နဲ့ စကားလက်ဆုံ ကျရင်းနဲ့ အဖြစ်အပျက် တခု ကို သူပြောပြခဲ့တယ်။ အလုပ်တူပေမဲ့ ကံမတူတဲ့ အကြောင်းပါ။ အဲဒီ အဘိုးက အသက် ၈ဝ ကျော်နေပါပြီ။ သူပြောတာ နားထောင်တော့လည်း ပုံပြင် တပုဒ်လိုပါပဲ။ ထို အဘိုးရဲ့ နာမည်က ဦးစံကျော် သူရဲ့ မိတ်ဆွေ ရဲ့ နာမည်က ဦးခွန်လုံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီခတ် အချိန်အခါက သူတို့တွေ ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပေါ့။ အသက်ကလည်း ငယ်ငယ် လုပ်အားကလည်း အလွန်ရှိ အားကောင်းမောင်းသန် လူငယ်များဖြစ်ကြပါတယ်။ တနေ့မှာတော့ ဦးခွန်လုံ က ဧရာဝတီ မြစ်ကြောင်းကို စုန်ကာ ဆန်ကာ ပြုလုပ်ပြီး […]


ဆူးMay 6, 20111min20915
ခါတိုင်းတော့ မိုးတွင်း ရေကြီးမလား မကြီးဘူးလား သူတို့ကို ကြည့်ရတယ်။ အခုတော့.. မိုးတွေ အားကြီးရွာမှ.. ရုတ်ရုတ်သဲသဲ အိမ်ပြောင်းနေကြတယ်။ မိုးဇလ နဲ့ အဆက်အသွယ် ပြတ်နေလို့လား မသိဘူး။ ယနေ့ မိုးရွာပါသည်။ ရေအတော်များများပါသည်။ နွေအခါ မိုးရွာတာ နာဂစ် ပြီးတော့လည်း ရွာတယ်။ ဒီနှစ်လည်း ဒီအချိန် မိုးရွာတယ်။ မနှစ်ကလို မပူလို့ ကျေးဇူးတင်ရမယ်။


ဆူးMay 2, 20111min22111
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော် နှစ် ၂၃၅နှစ်မြောက် တွင် ပါတလိပုတ်ပြည် (ယခု အိန္ဒိယနိုင်ငံ ပတ္တနား) အာသောကာရုံ ကျောင်းတိုက်ကြီး ၌ သျှင်မောဂ္ဂလိပုတ္တတိဿ မဟာထေရ် အကြီး အမှူးပြု၍ ရဟနာ္တတစ်ထောင် ရွှေးချယ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ကိုးလတိုင်တိုင် တတိယ သင်္ဂါယနာတင်တော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်တော်မူကြသည်။ တတိယ သင်္ဂါယနာတင်ပြီးလျှင် သျှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် နောင် အခါ မစ္စန ္တရစ် အရပ်များတွင် သာသနာတော် တည်တံ့ပြန့်ပွားထွန်းကားမည့် အကြောင်းကို အနာဂတံသ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ သာသနာတော်နှစ် ၂၃၅နှစ် မြောက် တန်ဆောင်မုန်းလပြည့်နေ့၌ ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွတ်တော်မူသည်။ ကိုးတိုင်း ကိုးဌာန သာသနာပြု ကြွရာတွင် သုဝဏဘူမိ […]